အပိုင်း ၂၈၈
Vol. 20 Ch. 288
ဘာ?
မော့ချူးကို ပြန်ပေးဆွဲပြီး လေလံအိမ်မှာ ရောင်းချခဲ့တယ်?
ဟားဟား၊ လာနောက်နေတာလား? — အစကတော့ လူတိုင်းက ဒီသတင်းဟာ လုံးဝကို အဓိပ္ပါယ်မရှိဘူးလို့ ထင်ခဲ့ကြသည်။
သို့ပေမယ့် ခေါင်းစဉ်ကိုကြည့်လိုက်တဲ့အခါ သူတို့ရဲ့အမူအရာတွေဟာ ထပ်ခါထပ်ခါ ပြောင်းလဲသွားတော့သည်။ သတင်းဖြန့်တဲ့သူက ဒီကိစ္စတစ်ခုလုံးကို အသေးစိတ်ကျကျနဲ့ တကယ်ပြောနေတာကို တွေ့လိုက်ရတော့ သူတို့ အံ့သြသွားကြသည်။ အောက်တွင်ပုံတစ်ပုံပါ တွဲပါနေသည်။ အဲဒါကို ကြည့်ရတာ အခြေအမြစ်မရှိတဲ့ ကောလဟာလလို့ မထင်ရပေ။
ဒီအတွက်ကြောင့် လူတိုင်းရင်ထဲမှာ မနေနိုင်ဘဲ လှိုင်းထန်သွားကြသည်။
[ဒီ... ဒီသတင်းက အမှန်လို့ ထင်ကြလား?]
[ငါတော့ အမှန်ပဲလို့ခံစားရတယ်! ပို့စ်တင်တဲ့သူ ပြောထားတာကိုကြည့်လေ။ သူ့မှာ နှာခေါင်းနဲ့ မျက်လုံးတွေပါတယ်။ တကယ်လို့ သူသာလုပ်ကြံပြောရင် ဒီလောက်ထိ အသေးစိတ် အချက်အလက်တွေ ပါမှာမဟုတ်ဘူး!]
[ဒါဆို ကံကောင်းတဲ့ကြယ်လေးက တကယ်ကြီး လေလံအိမ်မှာ လေလံဆွဲခံခဲ့ရတာလား? F*ck ဒါက အရမ်းကြောက်စရာကောင်းတာပဲ!]
ဒီမေးခွန်းတွေထွက်လာတာနဲ့ မရေမတွက်နိုင်တဲ့လူတွေရဲ့ အာရုံကို ချက်ခြင်းဆွဲဆောင်လိုက်သည်။
အဖွဲ့ချုပ်တွင် အမျိုးသမီးဦးရေ နည်းပါးခြင်းကြောင့် အမျိုးသမီးကိစ္စအပေါ် လူတိုင်းရဲ့ အာရုံစိုက်မှုဟာ အလွန်ပြင်းထန်ကြောင်း သိထားရမည်ပင်။
ပတ်ဝန်းကျင်တစ်ခုလုံးဟာ အမျိုးသမီးတွေကို အတိုင်းအတာတစ်ခုအထိ ဦးစားပေးဆက်ဆံကြသော်လည်း၊ နှစ်စဉ် အမျိုးသမီးအချို့ သို့မဟုတ် ဒါဇင်ပေါင်းများစွာ ပြန်ပေးဆွဲရောင်းချခြင်း ခံနေရဆဲဖြစ်သည်။ အမှန်တော့၊ ထိုနေရာတွင် အမျိုးသမီးဦးရေ နည်းလေလေ အကျိုးအမြတ်အတွက် နေရာပိုရလေလေ ဖြစ်သည်။ ပြီးတော့ ဒီလိုကြီးမားတဲ့ အကျိုးအမြတ်ဟာ အမျိုးသမီးတွေအပေါ် လျှို့ဝှက်ဖမ်းဆီးကာ ရာဇ၀တ်မှုကျူးလွန်သူတွေအား လုံလုံလောက်လောက် ဆွဲဆောင်နိုင်သည်။
ယခုနှစ် ပထမနှစ်ဝက်တွင် အဖွဲ့ချုပ်ရှိအစိုးရသည် ထိုသို့သော ဖြစ်ရပ်များအတွက် ကြိုတင်ကာကွယ်မှု နှင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ နောက်ဆုံးတွင်တော့၊ သိပ်မကြာခင်မှာဘဲ မော့ချူးဟာ အမှန်တကယ်ကို သားကောင်ဖြစ်ခဲ့ရသည်။
ဒီရာဇ၀တ်ဂိုဏ်းက နည်းနည်း သောင်းကျန်းလွန်းနေတာမဟုတ်ဘူးလား?!
ဒီလိုတွေးမိတာနဲ့ အင်တာနက်သုံးစွဲသူတွေအားလုံး သွေးထိုးလှုံ့ဆော်ခံလိုက်ရသည်။ အစတုန်းကတော့ မော့ချူးကို စိတ်ပူကာ ဂရုဏာသက်ကြသည်။ နောက်ဆုံးတော့ ဒီရာဇ၀တ်မှုကျူးလွန်သူကို ဖမ်းဆီးကာ သေဒဏ်ပေးရန် အစိုးရကို တက်ကြွစွာနဲ့ တောင်းဆိုလာကြတော့သည်။
[သူတို့ကို မိန်းကလေးတွေကို တကယ်ကြီး ပြန်ပေးဆွဲပြီး ရောင်းစားရဲကြတယ်။ ဒီလူယုတ်မာတွေ ကမ္ဘာပေါ်မှာ ဘာလုပ်နေကြတာလဲ? တယောက်ပြီးတယောက် သေဒဏ်ပေးသင့်တယ်!]
[မှန်တယ်။ ဒီနည်းနဲ့မှ သူတို့တွေ စနိုးစနောင့်ဖြစ်ကြမှာ မဟုတ်လို့ရှိရင် ဒီလိုဖောက်လွဲဖောက်ပြန် လမ်းကြောင်းက ပိုပိုသတ္တိရှိလာပြီး သောင်းကျန်းလာကြမှာ!]
ကိစ္စက ပိုကြီးလာသည်။
တစ်ညတာတိုလေးအတွင်းမှာဘဲ စတားနက်တွင် 'ပြန်ပေးဆွဲသူများနှင့် လူကုန်ကူးသူများကို ပြင်းထန်စွာအရေးယူရန်' ဆန္ဒပြအဖွဲ့ကို အလိုအလျောက် ဖွဲ့စည်းလာကြသည်။ အဖွဲ့တွင်ပါဝင်သူ အရေအတွက်ဟာ တစ်သန်းကျော်ပင်ရှိခဲ့သည်။ ထို့အပြင်၊ ဝါဒဖြန့်စကားလုံး အမျိုးအစားအားလုံးဟာ အဓိကဖိုရမ်များနှင့် ဝဘ်ဆိုက်များအားလုံးတွင် လျင်မြန်စွာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။
ဒါတင်မကဘဲ၊ ဒီလမ်းကြောင်းဟာ စတားနက်ကနေ အပြင်ဘက်ကမ္ဘာအထိတောင် ပျံ့နှံ့သွားတော့သည်။
လူတော်တော်များများက ဆန္ဒပြဖို့ ချီတက်လာကြသည်။ အစိုးရရုံးရှေ့တွင် ထိုင်နေတဲ့သူတွေတောင် မှင်တက်သွားကြသည်။ အဲဒီအထဲတွင် သွေးပူနေကြသည့် ကျောင်းကိုယ်စားပြုကျောင်းသားတစုက အစိုးရရုံးအဝင်ဝတွင် သူတို့ရဲ့အလံတွေကို လေထဲမှာလွှင့်ထူကာ လူထုဆန္ဒပြပွဲလုပ်ကြတော့သည်။
မော့ချူးလို မိန်းကလေးတစ်ယောက်က ဒီလိုလှုပ်ရှားမှုမျိုးဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါချေ။ မီးမြှိုက်လိုက်သည်နှင့် ချက်ချင်းပင် ကြီးမားသည့် ပေါက်ကွဲသံကို ဖြစ်ပေါ်လာစေတော့သည်။
"သေစမ်း!" ဒီသတင်းကိုကြားတော့ ချင်ယွဲ့တစ်ယောက် နျဉ်ယွိယွင်ရဲ့တိုက်ခန်းဆီ ချက်ချင်း အပြေးသွားတော့သည်။ သူက မော့ယန်ရဲ့ပခုံးကို 'ဘတ်' ခနဲမြည်အောင်ရိုက်ချလိုက်သည်။ “ကောင်စုတ်လေး၊ ဒီလိုကြီးကြီးမားမားဖြစ်ခဲ့တာကို ငါ့ကို ဘာလို့ စောစောမပြောတာလဲ? ငါ ဒီမနက် စတားနက်ထဲကိုဝင်မှ သိရတာ!"
မော့ယန် ဘာမှ ပြန်မပြောပေ။ သို့ပေမယ့် ချင်ယွဲ့တစ်ယောက် သူမအစ်ကိုကို ဒေါသတကြီးစိုက်ကြည့်နေတာကို မြင်တော့ မော့ချူး မနေနိုင်ဘဲ ပါးစပ်ဖွင့်ကာ ကာကွယ်ပေးလာသည်။ "ချင်ယွဲ့၊ စိတ်မပူပါနဲ့။ မနေ့ညက ပြန်ရောက်တော့ ဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့လို့ပါ။ အစ်ကိုက ရှင် စိတ်ပူနေမှာစိုးလို့ မပြောလိုက်တာနေမယ်"
"ဟမ့်! ငါ့ကို ဘယ်လိုလုပ် ဖုံးကွယ်ထားနိုင်ရတာလဲ? မင်းက ငါ့ရဲ့ညီအစ်ကို ဟုတ်သေးရဲ့လား?" ချင်ယွဲ့ မော့ယန်က်ု စိုက်ကြည့်လိုက်ကာ မော့ချူးဆီ အကြည့်ရောက်သွားပြီး သူမကိုဂရုတစိုက် စစ်ဆေးလိုက်သည်။ "ဘယ်လိုနေလဲ? မင်းအဆင်ပြေရဲ့လား? မသက်မသာဖြစ်သလို ခံစားရသေးလား?"