← Chapters

အပိုင်း ၂၉၀

Vol. 20 Ch. 290

အပိုင်း ၂၉၀

Vol. 20 Ch. 290

ဘော့၊ မြန်မြန်လုပ်လေ! မော့ချူးကို အခုလွှတ်ပေးလိုက်ရင်နောင်ကျ သေချာပေါက် နောင်တရနေလိမ့်မယ်!

ဒါကိုကြားတော့ နျဉ်ယွိယွင်ရဲ့ အမူအရာလည်း ပြောင်းသွားတော့သည်။ အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် သူ မော့ချူးဘေးနားကို လျှောက်သွားကာ ခေါင်းအသာငုံ့လိုက်သည်။ သူ့လေသံက တောင်းဆိုနေသလိုပင်။ "ချူးလေး၊ မင်း...မသွားလို့ရမလား?"

အမျိုးသမီးများကို အကာအကွယ်ပေးရန်မှာ အဖွဲ့ချုပ်ရှိ အမျိုးသားတိုင်း ယုံကြည်လက်ခံထားသည့် အရာဖြစ်သည်။

အထူးသဖြင့် သူတို့ချစ်တဲ့ လူတွေအတွက်ဆို ဒါက မှန်ကန်သည်။ သူတို့တွင် ကာကွယ်စောင့်ရှောက်လိုစိတ် ပြင်းပြလှသည်။ သို့ပေမယ့် နျဉ်ယွိယွင်ကတော့ တစ်ရက်မှာ မော့ချူးကို သူ့မျက်စိအောက်ကနေ ပြန်ပေးဆွဲခွင့်ပြုပေးလိုက်ရမယ်လို့ အမှန်တကယ် မထင်ထားခဲ့ပါချေ။ သူမဟာ လေလံအိမ်မှာတောင် ရောင်းစားခံခဲ့ရကာ သူ့အား အကျပ်အတည်း ဖြစ်သွားစေခဲ့သည်။

ဒီကိစ္စက ပြီးသွားပေမယ့် ပြန်တွေးမိပါက သူ့နှလုံးသားမှာ နာကျင်နေဆဲပင်။ ဒါက ခွင့်လွှတ်လို့မရတဲ့ အမှားတစ်ခုပင်။

ယင်းကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူ မော့ချူးနှင့် ရင်မဆိုင်ရဲခဲ့ပေ။

ချူးလေးက စိတ်ပျက်ပြီး ကဲ့ရဲ့ရှုတ်ချလိုတဲ့အကြည့်တွေနဲ့ သူ့ကို ဘယ်လိုကြည့်လာမလဲဆိုတာကို တွေးမိပါက နျဉ်ယွိယွင်မှာ အရမ်းစိတ်မသက်မသာဖြစ်သလို ခံစားခဲ့ရသည်။ ဒီအချိန်မှာ သူခေါင်းတောင်မထောင်ရဲပေ။

"... ရှင် ဘာဖြစ်နေတာလဲ?" မော့ချူးလည်း နျဉ်ယွိယွင် မူမမှန်တာကို ခံစားမိကာ မနေနိုင်ဘဲ ခပ်တိုးတိုးမေးလိုက်သည်။

အလုံပိတ်ထားသည့် အခန်းထဲတွင် ၁၅ နှစ်ကြာ လှဲလျောင်းခဲ့ရပြီးနောက် မော့ချူးက အဖွဲ့ချုပ်၏ အမျိုးသမီးများအပေါ် အရေးပေးသည့် အတိုင်းအတာကို မသိခဲ့ပေ။ ဤအခိုက်အတန့်တွင် သူမ နျဉ်ယွိယွင်ရဲ့ အတွေးတွေကို နားမလည်နိုင်ပေ။

အဆုံးမှာ သူမအဲ့ဒီလိုပြောလာတော့ မူလက နောင်တတွေ၊ ကိုယ့်ကိုယ်ကိုယ် ရှုံ့ချခြင်းတွေ ပြည့်နှက်နေတဲ့ နျဉ်ယွိယွင်တစ်ယောက် ရုတ်တရက် ခေါင်းမော့လာသည်။ သူ့မျက်လုံးတွေထဲ မယုံကြည်မှုတွေနဲ့ ပြည့်နှက်နေသည်။ ချူးလေး သူ့ကို အပြစ်မတင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား?

သူ သေချာကြည့်လိုက်တဲ့အခါ မော့ချူးရဲ့ ကြည်လင်သန့်စင်နေတဲ့ အနက်ရောင် မျက်လုံးတစ်စုံဟာ အရင်တုန်းကအတိုင်းရှိ‌နေသည်။ သူ့အပေါ် ရွံရှာစက်ဆုပ်မှုတွေ နည်းနည်းလေးတောင်မရှိပေ။

နျဉ်ယွိယွင် သူ့မျက်လုံးတွေကိုတောင် မယုံနိုင်ပေ။

"မင်း...ကိုယ့်ကို အပြစ်မတင်ဘူးလား?" အမြဲတမ်းယုံကြည်မှုရှိနေတဲ့နျဉ်ယွိယွင်တောင်မှ ဒီကိစ္စနဲ့ရင်ဆိုင်ရတဲ့အခါ စိတ်မသက်မသာ မဖြစ်ဘဲ မနေနိုင်ခဲ့ပါချေ။ သူ မော့ချူးကို မျက်တောင်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

မော့ချူး မျက်မှောင်ကြုတ်လိုက်သည်။

နျဉ်ယွိယွင်ရဲ့ရင်ထဲ မတတ်နိုင်ဘဲ မည်းမှောင်သွားတော့သည်။

"ဒီကိစ္စက ရှင့်ကို ဘာလို့အပြစ်တင်ရမှာလဲ?" မော့ချူး သံသယဖြင့် မေးလိုက်သည်။ သူ့ကို အပြစ်တင်လို့မှမရတာ။ တကယ်တော့ ဒီကိစ္စက အစကတည်းက မတော်တဆမှုတစ်ခုပင်။ ဘယ်လိုလုပ် နျဉ်ယွိယွင်ကို အပြစ်တင်ရမှာလဲ? ဒါက ဘယ်လိုလောဂျစ်လဲ?

ဒီစကားလေးတစ်‌ခွန်းကြောင့် နျဉ်ယွိယွင်မှာ ငရဲကနေ ကောင်းကင်ဘုံကို ပျံသန်းသွားသလို ခံစားလိုက်ရသည်။

"တကယ်လား? မင်း ကိုယ့်ကို တကယ်အပြစ်မတင်ဘူးလား?"

နျဉ်ယွိယွင် ထိတ်လန့်သွားတာကို မပြောနဲ့၊ သူတို့ဘေးမှာရှိနေတဲ့ ချင်ယွဲ့နဲ့ ကျုံးဝမ်တောင် မော့ချူးက အရမ်းစိတ်ကောင်းလွန်းတယ်လို့ ခံစားလိုက်ရသည်။ ဒီကိစ္စသာ တခြားမိန်းမတွေမှာဖြစ်ခဲ့ရင် ကြီးကြီးမားမား ရန်မရှာတာကတင် အံ့သြဖို့ကောင်းနေတော့မည်!

သေသေချာချာ စဉ်းစားပြီးနောက် မော့ချူးရဲ့အတွေးတွေနဲ့ အကျင့်စရိုက်မှာ အမြဲတစေ အလွန်ထူးခြားကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။ အများအားဖြင့် ထိန်းမနိုင်သိမ်းမရနှင့် တစ်ဇွတ်ထိုးဆန်သည့် အဖွဲ့ချုပ်ရှိ အမျိုးသမီးများနှင့် ယှဉ်ပါက သူမ၏ ကျော့ရှင်းမှုနှင့် နူးညံ့သိမ်မွေ့မှုဟာ အရိုးထဲကနေတောင် စိမ့်ထွက်နေသလိုပင်။

သို့ပေမယ့်…. ကျောလင် အံသြသွားကာ မျက်ခုံးပင့်လိုက်မိသည်။ သူ့အကြည့်က သူ့ဘေးနားရှိ မော့ယန်ဆီရောက်သွားသည်။ ယုတ္တိဗေဒအရပြောရရင် ဒီလိုညီမကိုချစ်တဲ့အစ်ကိုတစ်ယောက်နဲ့ဆို မော့ချူးရဲ့စရိုက်က သာမန်လူတွေထက်တောင် ပိုမောက်မာပြီး ရိုင်းစိုင်းသင့်တာ။ ဒီလိုမျိုး ကျိုးကြောင်းသင့်တဲ့အကျင့်မျိုး ဘယ်လိုလုပ်ရှိနေတာလဲ?

ထို့နောက် သူ နျဉ်ယွိယွင်ဆီ တစ်ချက်လှည့်ကြည့်လိုက်သည်။ အမ်း... ဘော့စ်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့အကြိုက်က တကယ်ကောင်းတာပဲ၊ တစ်ခါထဲနဲ့ ဒီလိုလူကောင်းတစ်ယောက်ကို ရွေးမိသွားတာ!

"ဒါဆို မင်းဆိုလိုတာက ကိုယ်တို့ရဲ့ ကျမ်းကျိန်သစ္စာပြုပွဲကို....." နျဉ်ယွိယွင်စကား မဆုံးခင်မှာဘဲ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ အိုး၊ ဘာလဲဟ! ဒီလို အရေးကြီးတဲ့ အချိန်မှာမှ။ ဘယ်သူ ပြဿနာလာရှာတာလဲ?

ကျောလင် လေးလေးပင်ပင်လှမ်းကာ တံခါးကို ဖွင့်လိုက်သည်။

"ဘယ်သူလဲ?" ကျောလင် စူးစမ်းလိုစိတ်နဲ့ ခေါင်းပြူကြည့်လိုက်သည်။ မာရှယ်နျဉ်ရဲ့ နေအိမ်ကို လာနိုင်တဲ့သူက အကောင်ကြီးကြီးပဲဖြစ်ရမယ်! သူတော့ စောင့်မျှော်နေပြီ!

ရိုက်ပုတ်သံနှင့်အတူ နူးညံ့သိမ်မွေ့တဲ့ မျက်နှာအသွင်အပြင်ရှိသော်လည်း လေးနက်နေသည့်အမူအရာဖြင့် အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။ သူမသည် အလုပ်တက်သည့် အနက်ရောင်ယူနီဖောင်းဝတ်စုံကို ဝတ်ဆင်ထားကာ ထိုဝတ်စုံက သူမအား တင်းတင်းကျပ်ကျပ် ဖြစ်နေစေသည်။ သူမရဲ့ သပ်ရပ်လှတဲ့ ဆံပင်တိုတိုနဲ့ ရိုးရှင်းတဲ့ မိတ်ကပ်ပုံစံကြောင့် သူမရဲ့ စည်းကမ်းတင်းကျပ်တဲ့စရိုက်ကို ပေါ်လွင်စေသည်။

All Chapters