အပိုင်း ၂၉၁
Vol. 20 Ch. 291
ဒါက…?
ချင်ယွဲ့နဲ့ တခြားသူတွေရဲ့ သံသယတွေကို အမြန်ဖြေရှင်းနိုင်လိုက်သည်။
"ဒါက ချောင်းရှန်" နျဉ်ယွိယွင် ခြေလှမ်းအနည်းငယ်လှမ်းကာ သူမအား သူတို့နှင့် မိတ်ဆက်ပေးလိုက်သည်။ “သူက တရားရေးရာဌာနက။ ဒီတစ်ခေါက် ချူးလေးရဲ့ ပြန်ပေးဆွဲမှုကို စုံစမ်းဖို့ ဒီကိုရောက်လာတာ"
"ဟုတ်တယ်" လူတိုင်းက မတုံ့ပြန်လာခင် ချောင်းရှန်က သူတို့ကို ခေါင်းညိတ်ပြလိုက်ကာ မော့ချူးဆီ တည့်တည့်လျှောက်သွားလိုက်သည်။ သူမ မော့ချူးရှေ့မှာ ရပ်လိုက်ကာ မျက်လုံးတွေကို ကြည့်ရင်းမေးလာသည်။ "တဆိတ်လောက်၊ ဒီမှာထိုင်လို့ရမလား?"
မော့ချူး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ရပါတယ်"
"ကျေးဇူး" ခပ်တိုတိုစကားလုံးတွေ ထွက်လာသည်။ ချောင်းရှန် မော့ချူးကို ဂရုတစိုက်ကြည့်ကာ သူမရဲ့အမူအရာက ပြောင်းလဲသွားတော့သည်။ “ မာရှယ်နျဉ်က မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ အာလာပသလ္လာပစကားတွေ ပြောစရာမလိုတော့ဘူးပေါ့။ အဓိကအချက်ကိုဘဲ တန်းသွားရအောင်၊ ဘယ်လိုလဲ?"
"ချူးလေး လုပ်ပေးနိုင်လား?" နျဉ်ယွိယွင်လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ကျွန်မ မေးခွန်းမေးနေချိန်မှာ ဘယ်သူမှ အနှောင့်အယှက် မပေးလောက်ဘူးလို့ မျှော်လင့်ပါတယ်" ချောင်းရှန်သည် နျဉ်ယွိယွင်အား အေးစက်စက်စိုက်ကြည့်ကာ သူ့ကို လုံးဝမျက်နှာသာမပေးပါချေ။ ထို့နောက် သူမ မော့ချူးကို ပြန်ကြည့်လိုက်သည်။ "ဆောရီး။ ငါမြင်သလောက်ဆို မင်းအခု ပြန်သက်သာလာပြီ မဟုတ်လား?"
“ဟုတ်တယ်"
"ကောင်းတယ်" ဒါကိုကြားတော့ ချောင်းရှန် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဒါဆို ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို တရားဝင်စပါတော့မယ်။ ကျေးဇူးပြုပြီး ငါ့မေးခွန်းတိုင်းကို စိတ်ထက်ထက်သန်သန်နဲ့ ရိုးရိုးသားသားဖြေပေးပါ”
“ကောင်းပါပြီ” မော့ချူးက အပြုံးမပျက် ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ချောင်းရှန်ရဲ့ နှုတ်ခမ်းတွေ အနည်းငယ် ကော့တက်သွားသည်။ သူမတစ်ဖက်လှည့်လိုက်ကာ စီးပွါးရေးလုပ်တဲ့ပုံစံကို ပြောင်းလိုက်သည်။ သူမသည် ခလုတ်ခုံမှ အသံဖမ်းစက်နှင့် အသံသွင်းကိရိယာများကို ထုတ်လိုက်ကာ မော့ချူးကို စိုက်ကြည့်လိုက်သည်။ “မင်း ပြန်ပေးဆွဲခံရပြီး လေလံအိမ်မှာ ရောင်းစားခံခဲ့ရတဲ့ အဖြစ်အပျက်ကို အရင်ဆုံး ပြန်စဉ်းစားပေးပါ။ အတတ်နိုင်ဆုံး အသေးစိတ်ဖော်ပြနိုင်ရင်တော့ အကောင်းဆုံးပဲ"
မော့ချူး အနည်းငယ် အံ့အားသင့်သွားပေမယ့် ခပ်တိုးတိုးပြန်ဖြေလာသည်။ "မနေ့ချစ်သူများနေ့တုန်းက နျဉ်ယွိယွင်နဲ့ ကျွန်မ လမ်းလျှောက်ရတာမောလာလို့ ဟိုတယ်တစ်ခုမှာ အနားယူဖို့သွားတယ်၊ နောက်တော့ ..."
"ဒါပဲလား?" မော့ချူးရဲ့ဖော်ပြချက်ကို နားထောင်ပြီးနောက် ချောင်းရှန် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ မော့ချူးရဲ့ စကားတွေကိုအခြေခံကာ လိုက်နိုင်သည့်သဲလွန်စတွေကို သူမရှာမတွေ့ပါချေ။
ချောင်းရှန်ရဲ့လက်က စားပွဲပေါ်ကို အသာခေါက်လိုက်ကာ 'ဒေါက် ဒေါက်' ဆိုတဲ့အသံကို ထွက်ပေါ်လာစေသည်။ "မင်းငါ့ကို မပြောခဲ့တဲ့ တခြားအသေးစိတ်အချက်အလက်တွေရောရှိသေးလား?"
မော့ချူးရဲ့ ရှုပ်ထွေးနေတဲ့ မျက်လုံးတွေကိုကြည့်ကာ ချောင်းရှန်သူမကို သတိပေးလိုက်သည်။ “ဥပမာ၊ အနက်ရောင်ဝတ်ထားတဲ့ အမျိုးသားရဲ့ပုံစံကို မင်းမြင်ခဲ့လား? ဒါမှမဟုတ် သူ့မှာ ထူးခြားတဲ့အင်္ဂါရပ်တွေ ရှိလား?"
မော့ချူး မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။ "ဟင့်အင်း"
"ဒါဆို မင်းလေလံအိမ်ဆီ ပို့ခံရပြီးတော့ အဝတ်အစားလဲခံခဲ့ရသေးလား?"
စက္ကန့်ဝက်လောက် တိတ်ဆိတ်သွားပြီးနောက် ချောင်းရှန် ရုတ်တရက် မေးခွန်းထပ်မေးလာကာ မော့ချူးကို ဖိအားပေးလိုတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
“ဟုတ်တယ်"
"သူတို့ မင်းကို ဘာဝတ်ပေးခဲ့လဲ?"
“…” မော့ချူး နှုတ်ခမ်းကို ကိုက်ကာ ပြန်ဖြေလိုက်သည်။ “အဖြူရောင် အဝတ်ပိုင်းလေး"
"လေလံအိမ်က လူတွေကို မှတ်မိသေးလား?"
“သူတို့အားလုံး မျက်နှာဖုံးတွေ တပ်ထားတာမို့…” မော့ချူး ခေါင်းခါလိုက်သည်။
"မင်းကို ဝယ်ခဲ့တဲ့လူကရော? မင်း သူနဲ့ နီးနီးကပ်ကပ် အဆက်အဆံရှိခဲ့တယ်လေ။ သူ့မှာ ထူးခြားတဲ့ လက္ခဏာတွေ ရှိလား၊ မှတ်မိနိုင်လောက်တဲ့ အမှတ်အသားတွေရော ရှိလား?"
"မင်းနဲ့ သူ့ကြားမှာ အတိအကျဘာပြောခဲ့? အသေးစိတ်ပြောပြလို့ရမလား?"
မုန်တိုင်းနဲ့တူတဲ့ မေးခွန်းများစွာဟာ မော့ချူးကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။ သူ ခေါင်းမော့လိုက်တော့ ဖိအားတွေ ပြည့်နေတဲ့ ချောင်းရှန်ရဲ့ မျက်လုံးတွေနဲ့ဆုံသွားကာ သူမရဲ့ မျက်ခုံးတွေ တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားပြီး သူမ အသိစိတ်ကနေ နောက်တွန့်သွားမိသည်။
"မစ်မော့" မော့ချူးရဲ့ အခြေအနေကို မြင်လိုက်ရတော့ ချောင်ရှန်း မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားကာ သူမရဲ့အသံက အရေးတကြီးဖြစ်လာသည်။ “အဲဒီတုန်းက အခြေအနေကို ပြန်သတိရဖို့ မင်းအစွမ်းကုန် ကြိုးစားပေးလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ ဖြစ်နိုင်ရင်…”
"ကောင်းပြီ! ပါးစပ်ပိတ်လိုက်တော့!" နျဉ်ယွိယွင် သည်းမခံနိုင်တော့ဘဲ အသံတိုးတိုးဖြင့် အော်လိုက်သည်။