← Chapters

အပိုင်း ၂၉၂

Vol. 20 Ch. 292

အပိုင်း ၂၉၂

Vol. 20 Ch. 292

အေးစက်စက်မျက်လုံးတစ်စုံက ချောင်းရှန်ရဲ့ အကြည့်တွေနဲ့ ဆုံသွားသည်။ “မမေ့လိုက်နဲ့၊ ချူးလေးက နစ်နာသူ တရားခံမဟုတ်ဘူး၊ ကျေးဇူးပြုပြီး မင်းရဲ့တရားရေးဌာနက နည်းလမ်းတွေကို ထုတ်မသုံးနဲ့!”

“ဒါ့ပြင်” နျဉ်ယွိယွင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ချူးလေးဘက်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြထားပြီးသား။ တခြားစုံစမ်းမေးမြန်းရမှာက မင်းရဲ့တာဝန်။ မင်းစစ်ဆေးမေးမြန်းတာကို နားထောင်ဖို့ မော့ချူးမှာ တာဝန်မရှိဘူး!"

“မာရှယ်နျဉ်!” ချောင်းရှန် မျက်မှောင်ကြုတ်ကာ ခိုင်မာတဲ့ သဘောထားနဲ့ ပြန်ပြောလာသည်။ “အရင်ကတည်းက မစ်မော့ရဲ့ စိတ်အခြေအနေကို ကျွန်မအပြည့်အဝ ထည့်သွင်းစဉ်းစားထားပြီးသား။ မဟုတ်ရင် သူ့ကို ဒီမှာစစ်ဆေးမေးမြန်းနေမှာတောင် မဟုတ်ဘူး။ အဲဒီအစား သူ့ကို တရားရေးဌာနဆီ ဖိတ်လိုက်တာ ကြာပြီ။ ပြီးတော့ လက်ရှိမှာ ကျွန်မက တရားဝင်တာဝန်တွေကို ထမ်းဆောင်နေတာ။ ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့။ မဟုတ်ရင် 'တရားစီရင်မှုကို နှောင့်ယှက်တယ်' ဆိုပြီး အဖွဲ့ချုပ်တရားရုံးကနေ တရားစွဲရလိမ့်မယ်!”

"မင်းစမ်းကြည့်လိုက်လေ!" နျဉ်ယွိယွင်ရဲ့ အမူအရာဟာ အေးစက်နေ၏။

သူတို့နှစ်ယောက် စကားများ ရန်ဖြစ်တော့မှာကို မြင်တော့ မော့ချူးရုတ်တရက် လက်ထုတ်ကာ နျဉ်ယွိယွင်ရဲ့ အင်္ကျီစကို ဆွဲလိုက်သည်။ သူမခေါင်းကို အနည်းငယ်ခါကာပြောလိုက်သည်။ "မေ့လိုက်ပါ၊ ကျွန်မ အဆင်ပြေတယ်"

ဒီလိုအသေးအမွှားအပြုအမူကြောင့် စောစောက အေးစက်စက် အမူအရာနဲ့ နျဉ်ယွိယွင်မှာ ရုတ်တရက် သိမ်မွေ့လာသည်။ မော့ချူးကိုကြည့်တဲ့ သူ့အကြည့်တွေက ရေလိုမျိုး သိမ်မွေ့နေသည်။ “ကောင်းကောင်းနေ၊ မကြောက်နဲ့။ ကိုယ်ရှိတယ်!"

“အင်း" မော့ချူး ခေါင်းညိတ်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ "ဟုတ်သားဘဲ၊ ကျွန်မမှာ ပြောစရာတစ်ခုရှိတယ်"

သူမကို စိုက်ကြည့်နေတဲ့ ချောင်းရှန်ဆီ လှည့်ကြည့်လာတဲ့အခါ မော့ချူးရဲ့ အမူအရာက ပြောင်းလဲသွားသည်။ "ကျွန်မကို ဝယ်ခဲ့တဲ့သူက အဖွဲ့ချုပ်ကမဟုတ်ဘူးလို့ သံသယရှိတယ်"

ထို့နောက် မော့ချူးသည် သူတို့နှစ်ဦးကြားက စကားဝိုင်းတစ်ခုလုံးကို ပြန်ပြောပြသည်။

"ဘာလို့ အခုမှပြောတာလဲ?! မင်းဘယ်လိုနေလဲ? သူ မင်းကို နာကျင်အောင်လုပ်ခဲ့သေးလား?" ထိုစကားကိုကြားတဲ့အခါ နျဉ်ယွိယွင်ရဲ့အမူအရာက ချက်ခြင်းစိုးရိမ်တကြီးဖြစ်သွားခဲ့သည်။

အကယ်၍ သူတို့သာ မြန်မြန်မရှာတွေ့ခဲ့ပါက ထိုသူသည် မော့ချူးကို အခြားဂလက်ဆီသို့ ခေါ်ဆောင်သွားလောက်ဖြစ်ကြောင်း တွေးကြည့်နိုင်သည်။ ဒီရလဒ်ကို တွေးကြည့်လိုက်တော့ နျဉ်ယွိယွင်စိတ်ထဲကနေ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

"အဆင်ပြေပါတယ်" မော့ချူး နှာခေါင်းကို ထိလိုက်ကာ အနည်းငယ် ရှက်သွားသည်။ "ဒါပေမယ့် ကျွန်မအခု အဲ့ဒါတွေကိုပဲ မှတ်မိသေးတယ်"

တစ်ညလုံး အိပ်မောကျခဲ့ပြီးနောက် သူမနိုးလာသည့်အခါအေးချမ်းမှု လုံးဝခံစားခဲ့ရသည်။ အစောပိုင်းက ချောင်းရှန်ရဲ့ မေးခွန်းကြောင့်သာ မဟုတ်ရင် ဒီကိစ္စကို သူမ မေ့သွားလိမ့်မှာပင်။

ကျုံးဝမ်နဲ့ တခြားသူတွေ အကြည့်ချင်း ဖလှယ်လိုက်ပြီးတဲ့နောက် နျဉ်ယွိယွင် ဒီကိစ္စကို မကြာမီဖြစ်ပျက်လာနိုင်မည့် 'ကြယ်စင်စုကြားတိုက်ပွဲ' နှင့် အမြန်ချိတ်ဆက်မိလိုက်သည်။

သူတို့ရဲ့ အဖွဲ့ချုပ်တည်ရှိရာ ဂြိုဟ်ကလွဲလို့ ဒီဂလက်ဆီထဲတွင် တခြားဂလက်ဆီတွေက လူတွေလည်း ရှိသည်။

နှစ်တစ်ရာတိုင်း သူတို့သည် ချစ်ကြည်ရေးအမည်ခံ စုရုံးကြသော်လည်း လက်တွေ့တွင်တော့ သူတို့သည် ပြိုင်ဆိုင်ဖို့ကို ကြံရွယ်ထားကြကာ ဤ 'ကြယ်စင်စုကြားတိုက်ပွဲ' မဖြစ်လာမီ တစ်နှစ်ထက်မနည်း ကျန်နေသေးသည်။ ဒီလူပေါ်လာသည့်အချိန်ဟာ လုပ်ထားသလိုပင်။

ချောင်းရှန်လည်း ဒါကိုသဘောပေါက်ကာ ချက်ချင်း ထရပ်ပြီး ပြတင်းပေါက်ဘက်ဆီ လျှောက်သွားလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ?" မော့ယန် ချောင်းရှန်ရဲ့ကျောပြင်ကို စိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါကို အထက်လူကြီးတွေဆီ သတင်းပို့ဖို့ လိုမယ်" နျဉ်ယွိယွင်လည်း လက်သီးတွေဆုပ်ထားသည်။ ဒါဟာ တခြားဂလက်ဆီများမှ လူတွေနှင့် ပတ်သက်နေသည့်အတွက် မော့ချူး၏ ကိစ္စဟာလည်း ဖြေရှင်းရန် လွယ်ကူတော့မည်မဟုတ်ပေ။

"ကောင်းပြီ သိပြီ" တစ်ဖက်တွင်၊ ချောင်းရှန် ခလုတ်ခုံကို ချလိုက်ပြီး သူမရဲ့ပစ္စည်းတွေကို ပြန်သိမ်းလိုက်သည်။

" ဆက်မမေးတော့ဘူးလား?" မော့ချူး အံ့ဩသွားသည်။ သူမက အမှန်တရားကို ဖော်ထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သည့်ပုံပင်။ ဗီဒီယိုကောတစ်ခုပြောပြီးသွားတော့ သူဘာလို့ ရပ်လိုက်တာလဲ?

“ဟုတ်တယ်" ချောင်းရှန် မော့ချူးကို ခေါင်းညိတ်ပြလိုက်သည်။ "ဆောရီး၊ မင်းရဲ့ကိစ္စက တခြားအဆင့်ကိုတိုးသွားတော့ ဒါက ငါစုံစမ်းရမယ့်နေရာမဟုတ်တော့ဘူး။ သွားတော့မယ်"

“ဟမ်…” ဒီအခိုက်အတန့်တွင် ပုံမှန်အားဖြင့် တုံ့ပြန်မှုနှေးကွေးတဲ့ ချင်ယွဲ့တောင် တစ်ခုခုကို အနံ့ခံမိလိုက်သည်။ သူ့အမူအရာက ရုတ်တရတ်ပြောင်းသွားသည်။ "ဒါဆို သူဆိုလိုတာက ငါတို့မော့ချူးက ဒီဆုံးရှုံးမှုကို မျိုသိပ်ထားရမှာလား?"

All Chapters