← Chapters

အပိုင်း ၂၉၃

Vol. 20 Ch. 293

အပိုင်း ၂၉၃

Vol. 20 Ch. 293

ဒီအချက်နဲ့ပတ်သက်ပြီး မော့ချူးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အနည်းငယ် ပြင်ဆင်ထားသည်။

ပြောဖို့တောင်မလိုပေ၊ ဤအရာဟာ ဂလက်ဆီနှစ်ခုနှင့် ပတ်သက်သည့် ကိစ္စဖြစ်သည်။

ဒါကို မော့ချူးသိပေမယ့် သူမရဲ့ရင်ထဲမှာ နာကျည်းမှုတွေနဲ့ ပြည့်နှက်နေသေးကာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။

“စိတ်မပူပါနဲ့” နျဉ်ယွိယွင် လက်လှမ်းကာ သူမရဲ့မျက်ခုံးထောင့်တွေကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။ သူ့လေသံဟာ နူးညံ့သိမ်မွေ့နေပေမယ့် ရက်စက်တဲ့အရိပ်အယောင်တွေ ရှိနေသေးသည်။ "ဒီကိစ္စအတွက် ကိုယ်ရှိသေးတယ်!"

အမှန်ပင်။ အခုလေးတင် စိတ်ပူနေခဲ့ကြတဲ့ ကျုံးဝမ်နဲ့ ကျောလင်တို့လည်း မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူတို့ရဲ့ ဘော့စ်ရဲ့ ကာကွယ်တတ်တဲ့အကျင့်နဲ့ဆို ဒီကောင်ကို လွှတ်ပေးလိုက်တာက ထူးဆန်းနေအုံးမည်။

သို့ပေမယ့် ယခုတစ်ကြိမ် လှုပ်ရှားဖို့က နျဉ်ယွိယွင်ရဲ့အလှည့်မဟုတ်ပေ။ ချန်ပိုင်က အရင်လှုပ်ရှားနေပြီဖြစ်သည်!

သူသည် ဓာတ်ခွဲခန်းတွင်သာ တနေကုန်နေခဲ့သည်။ ဒီသတင်းကို သူသိလိုက်တဲ့အချိန်က လေးရက်မြောက်နေ့ဖြစ်နေပြီဖြစ်သည်။

သူတင်မက စတားနက်ပေါ်က အင်တာနက်သုံးစွဲသူတွေတောင် ဒီကိစ္စရဲ့ တိုးတက်မှုအပေါ် အလွန်အမင်း စိုးရိမ်ခဲ့ကြသည်။

အဖွဲ့ချုပ်မှ ပြည်သူတွေရဲ့ ကြီးမားတဲ့ ဆန္ဒပြမှုတွေနဲ့ ဆန္ဒပြပွဲတွေအပြီးတွင် အစိုးရက သက်ဆိုင်ရာ အရေးယူမှုများကို ပြုလုပ်နေပြီဖြစ်သည်။ ဒီကိစ္စရဲ့ နောက်ကွယ်က တရားခံအစစ်အမှန်ကို စုံစမ်းဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ လူထုကိုတောင် အသိပေးစာ ထုတ်ပြန်ထားပြီးပြီဖြစ်သည်။

သို့ပေမယ့် လူတိုင်း ဒေါသတွေငြိမ်းပြီး နှစ်ရက်အကြာတွင်တော့ အစိုးရက ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ အမြင်စူးရှတဲ့ အင်တာနက်သုံးစွဲသူအချို့က သူတို့အရင်က စေလွှတ်ထားခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြန်ဆုတ်ဖို့ အမိန့်ပေးထားတယ်ဆိုတာကို ရိပ်မိကြသွားကြသည်။ ဘာလို့လဲ? ဒီကိစ္စကို မဖြေရှင်းဘဲ ထားထားတော့မလို့လား?

သတင်းရဲ့ ရှေ့တန်းမှအင်တာနက်သုံးစွဲသူများက စတားနက်တွင် ဒေါသထွက်နေတဲ့ မက်ဆေ့ချ်တွေကို ချန်ထားခဲ့ကြကာ အစိုးရက ဒီကိစ္စကိုအကြောင်းတစ်စုံတစ်ရာကြောင့် ခေတ္တဆိုင်းငံ့ထားသည်ဟု ဆိုလာသည်။ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့ မသိရသေးပါချေ။

ဒီစကားတွေပြောပြီးချိန်မှာ အင်တာနက်သုံးစွဲသူတွေအားလုံး ပေါက်ကွဲသွားတော့သည်။

သေစမ်း၊ ဘာလဲဟ?

… ဆိုင်းငံ့ထားမယ်?

ငါ့ဖင်ကြီးကို ဆိုင်းငံ့ထား!

အရှက်ကွဲခဲ့ရတဲ့ အဖွဲ့ချုပ်က နိုင်ငံသားတွေဟာ ချက်ချင်း ဒေါသထွက်လာကြသည်။ 'နင်တို့အားလုံး ငါတို့နဲ့ လာကစားနေတာလား?! အမှန်တရားကို စုံစမ်းဖို့ ငါတို့တွေ သဘောတူထားပေမဲ့ မင်း ငါတို့တွေကို ဘယ်ကတည်းက ဆန့်ကျင်နေတာလဲ? ဒါ့ပြင် ဒီကိစ္စမှာ မော့ချူးလိုမျိုး လူထုပုံရိပ်ကပါ ပါဝင်ပတ်သက်နေသည်။ အစိုးရက ဒီလောက် ဝတ်ကျေတမ်းကျေနိုင်နေရင်၊ ငါတို့သာ ဖြစ်ရင်တော့ လုံးဝကူကယ်ရာမဲ့ ဖြစ်ရတော့မှာဘဲ မဟုတ်လား?'

ရုတ်တရက်ဆိုသလိုပဲ ကြီးမားတဲ့ ဆန္ဒပြပွဲအမျိုးမျိုးက အရှိန်အဟုန်နဲ့ စတင်လာကာ ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။

သို့ပေမယ့် မမျှော်လင့်ထားစွာနဲ့ အဖွဲ့ချုပ်အစိုးရဟာ ယခုအချိန်ထိ တုံ့ပြန်မှုမရှိခဲ့ပေ။ စတားနက် မှာပြောခဲ့တဲ့စကားတွေကို သူတို့လုံးဝ သဘောတူလိုက်တာပင်။

"ဘာလဲ? ငါတို့ ဒါကို ဒီတိုင်းလွှတ်ထားရမှာလား?” ချန်ပိုင်လည်း ဒီကိစ္စကို သိလိုက်ရသည်။ သူ ဒေါသထွက်လွန်းလို့ တုန်ရီလာသည်။ မော့ချူးဟာ သူ့တပည့်ကောင်းတစ်ဦးဖြစ်သော်လည်း တစ်စုံတစ်ဦးထဲမှ ပြန်ပေးဆွဲခြင်းခံခဲ့ရသည်။ နောက်ဆုံးတော့ အထက်လူကြီးတွေဆီမှာ ဘာတုံ့ပြန်မှုမှ မရှိတော့ဘူးလား?

“ကောင်းပြီ၊ စိတ်ပူစရာ မလိုပါဘူး” စစ်ထူရှို့က ချန်ပိုင်ရဲ့ပခုံးကို ပုတ်လိုက်ကာ ခေါင်းကို ကူကယ်ရာမဲ့စွာ ယမ်းလိုက်သည်။ “ငါသိသလောက်ပြောရရင် ဒီကိစ္စက တခြားဂလက်ဆီတွေက လူတွေနဲ့ တစ်ခုခုသက်ဆိုင်နေနိုင်တယ်။ မင်းသိတဲ့အတိုင်း 'ကြယ်စင်စုကြားတိုက်ပွဲ' က မကြာခင်မှာ ရောက်လာတော့မှာ၊ပြီးတော့ ငါတို့အဖွဲ့ချုပ်က အိမ်ရှင်လေ။ ဒါကြောင့် မော့ချူးနဲ့ပတ်သက်တဲ့ ဒီကိစ္စကို လောလောဆယ် ဖိနှိပ်ထားရုံဘဲရှိ...."

"အလိမ်အညာတွေ!" ချန်ပိုင် ဒေါသအရမ်းထွက်လာကာ မျက်နှာက ဖြူဖျော့လာသည်။ သူ အံကိုကြိတ်ကာ ပြောလာသည်။ “ငါ့တပည့်ကို ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ အနိုင်ကျင့်ခွင့်ပေးရမှာလဲ?"

နှစ်အတော်ကြာအောင် သူငယ်ချင်းဖြစ်ခဲ့သည့်အလျောက် စစ်ထူရှို့အနေနှင့် သူ့ကို ဒီလိုမျိုး ပထမဆုံးအကြိမ် မြင်ဖူးတာပင်။ သူ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။ "မင်းဘာလုပ်ဖို့စီစဉ်နေတာလဲ? ငါ မင်းကိုပြောမယ်၊ မလုပ်..."

ချန်ပိုင်က သူ့ကို စိတ်မရှည်စွာနဲ့ ဖြတ်ပြောလာသည်။ "Green Hope ကို အောင်အောင်မြင်မြင်နဲ့ တီထွင်နိုင်ခဲ့ပြီ"

"ဟေ့ ငါ မင်းကို အကောင်းပြောနေတာ!" စစ်ထူရှို့ သူ့လက်ကို ကူကယ်ရာမဲ့စွာ ဝှေ့ယမ်းလိုက်သည်။ "Green Hope အကြောင်း မင်းဘာပြောလိုက်တာ? ငါ…ဘာ! မင်းဘာပြောလိုက်တာလဲ?!"

ချန်ပိုင်ဟာ သူ့ရဲ့သာမာန်အစိမ်းရောင်အပင်တွေကို Green Hope ဆိုတဲ့ နာမည်ပေးခဲ့ကြောင်း သဘာဝအလျောက် စစ်ထူရှို့သိသော်လည်း သူ့စကားနောက်ကွယ်က အဓိပ္ပါယ်ကတော့ တကယ်ကို ထိတ်လန့်စရာပင်။

ချန်ပိုင်ရဲ့အမူအရာမှာ မပြောင်းလဲဘဲ ထပ်ပြောသည်။ "ချူးလေး ပြန်ယူလာပေးတဲ့ 'ပန်းပင်' ကြောင့် Green hopeကို အောင်‌အောင်မြင်မြင်နဲ့ စိုက်ပျိုးပြီးသွားပြီ။ အခု ဓာတ်ခွဲခန်းမှာ ရောက်နေပြီ"

စစ်ထူရှို့ ပါးစပ်အကျယ်ကြီး ပွင့်သွားတော့သည်။ ဒီလို ပေါက်ကွဲစေနိုင်တဲ့သတင်းကနေ သူသတိပြန်မဝင်နိုင်သေးပေ။ "ဒါဆို၊ ဒါဆို မင်း ပြင်ဆင်ထားသင့်..."

အမြဲတမ်း နူးညံ့သိမ်မွေ့နေတတ်တဲ့ ချန်ပိုင်ဟာ ရှားရှားပါးပါး ပြင်းထန်တဲ့ သဘောထားကို ထုတ်ဖော်လာသည်။ သူ့အကြည့်တွေက အေးစက်သွားသည်။ "သာမန်အပင်တစ်ပင်ကို အောင်အောင်မြင်မြင် စိုက်ပျိုးခဲ့တဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ မော့ချူးကို ဒီလိုမျိုးဆက်ဆံဖို့ ဘာအခွင့်အရေးရှိလို့လဲ?"

"အစိုးရဘက်က ငါတို့ကို ရှင်းပြရမယ်!"

သူ့သူငယ်ချင်းအိုရဲ့ မျက်နှာပေါ်က ဆုံးဖြတ်ထားပုံကို ကြည့်ရင်း စစ်ထူရှို့တစ်ယောက် သူ့တံတွေးကို မျိုချရုံမှလွဲပြီး မတတ်နိုင်တော့ပေ။ ဒီကိစ္စနဲ့ဆို မော့ချူးတော့ အဝေးကြီး သွားရအုံးမှာဘဲ!

All Chapters