အပိုင်း ၂၉၄
Vol. 20 Ch. 294
အဖွဲ့ချုပ် စစ်တက္ကသိုလ် ညီလာခံခန်းမတွင်
ကောင်းကောင်းမွန်မွန် ဝတ်စားထားသည့် ရာပေါင်းများစွာသော သတင်းထောက်များသည် စင်မြင့်ပေါ်သို့ စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။ မှိတ်တုတ်မှိတ်တုတ်မီရောင်များနှင့် ကင်မရာတန်းတွေဟာ စင်္ကြံနှစ်ဖက်စလုံးတွင် ပြည့်နေသည်။
"ဘာတွေဖြစ်နေတာလဲ? အဆင့်မြင့်ချန်ပိုင်က သတင်းစာ ရှင်းလင်းပွဲတစ်ခုလုပ်ဖို့ ဘာလို့ရုတ်တရက်စဉ်းစားမိတာလဲ? အတွင်းအချက်အလက် တစ်ခုခု ရခဲ့လို့လား?"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါတို့လဲ အသိပေးစာကို ရတုန်းက ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားတာ!" သတင်းထောက်တချို့က အချင်းချင်း တီးတိုးပြောနေကြသည်။
အဆင့်မြင့်ချန်ပိုင်ရဲ့ဂုဏ်သတင်းမှာ အမှန်တကယ်ကို အရေးပါသော်လည်း သူဟာအရမ်းကို သိုသိုသိပ်သိပ်နေတတ်သည်။ ပြင်ပကမ္ဘာက လူတော်တော်များများဟာ သူဘယ်လိုပုံစံလဲဆိုတာတောင် မသိကြပေ။ ယခုတစ်ခေါက် သတင်းစာရှင်းလင်းပွဲကို ရုတ်တရက် ကျင်းပလာလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။ ထို့ကြောင့် အသိပေးစာကို လက်ခံရရှိသည့် သတင်းမီဒီယာသမားတွေဂာ သတင်းကြားကြားခြင်း ပြေးလာကြတော့သည်။ တစ်ယောက်ချင်းစီဟာ ဟော်မုန်းတွေထွက်လာလုနီးပါး စိတ်လှုပ်ရှားနေကြသည်။
ဒါဟာ အဆင့်အမြင့်ဆုံး အကောင်အကြီးကြီးပင်။ သူသာ သတင်းအချက်အလက် တစ်ခုလေးကို မထုတ်ပြောခဲ့ရင်တောင် ဒီလိုရှားပါးတဲ့ အခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်ခံနိုင်ရမှာလဲ?
“ဟင်းး၊ ဟင်းး၊ စကားပြောနေတာရပ်တော့။ တစ်ယောက်ယောက်ထွက်လာပြီ!"
အချင်းချင်း သတင်းရယူနေကြတဲ့ သတင်းထောက်တွေဟာ စကားတွေကိုရပ်ကာ စင်ပေါ်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။
"သေစမ်း!" ထွက်လာတဲ့သူကိုမြင်တော့ သတင်းထောက်တော်တော်များများ မျက်လုံးပြူးသွားကြသည်။ "အဆင့်မြင့်ချန်ပိုင်က အသက် ၁၅၀ ကျော်လောက် ရှိလောက်ပြီ မဟုတ်ဘူးလား? ဘာလို့ဒီလောက်ထိငယ်နေသေးတာလဲ?"
"ဒါက ရုပ်ရည်ကို ထိန်းသိမ်းတဲ့ အနုပညာပဲ!" သူ့ဘေးနားက သတင်းထောက်တစ်ယောက်က ကြားဖြတ်ပြောလာသည်။ သူက ချန်ပိုင်ကို သဘောတကျကြည့်လိုက်သည်။ "ငါတို့လို သေမျိုးတွေက တိတ်တိတ်လေး ကြည့်နေသင့်တယ်!"
ချန်ပိုင်သည် အဖြူရောင်suit ကို ၀တ်ဆင်ထားသည်။ သူ့တွင် ချောမောလှပသည့် မျက်နှာအသွင်အပြင်နှင့် သဘာဝကျတဲ့ စိတ်နေစိတ်ထားရှိသည်။ သူ့လှုပ်ရှားမှုတွေက ပေါ့ပေါ့ပါးပါးနှင့် သွက်လက်လှသည်။ သူက စင်မြင့်အလယ်တွင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်လိုက်သည်။
"အရင်ဆုံး ရောက်လာကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်" စစ်ထူရှို့ မတ်တပ်ရပ်လိုက်ကာ စကားစပြောလာသည်။ သူ့မျက်နှာပေါ်က အပြုံးဟာ သူ့ကို ပိုလို့တောင် ချစ်ဖို့ကောင်းလာစေသည်။ “ဒီနေ့တော့ စကားသိပ်အများကြီး မပြောချင်ပါဘူး။ ဒီနေ့ အားလုံးကို ဒီနေရာဖိတ်လိုက်ရတာကတော့ ပရော်ဖက်ဆာချန်ပိုင်မှာ အားလုံးကို မျှဝေချင်တဲ့ ပျော်စရာကိစ္စလေးရှိလို့ပါ။ သူ့ကိုလွှဲပေးလိုက်ပါ့မယ်"
ဒီစကားကိုပြောပြီးတာနဲ့ လူတိုင်းရဲ့ကင်မရာက ချန်ပိုင်ဆီ ဦးတည်လာကြသည်။
"အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်က ချန်ပိုင်ပါ"
တိုတိုတုတ်တုတ် မိတ်ဆက်ပြီးနောက်၊ သူက အဓိကအချက်ဆီကိုသာ တန်းသွားလိုက်သည်။
“ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော် သာမန်အပင်တွေကို ဇောက်ချ သုတေသနလုပ်ခဲ့ပါတယ်” ချန်ပိုင်ရဲ့ မျက်လုံးတွေက စူးရှကာ သူ့စကားတွေဟာလည်း ကျယ်လောင်ပြတ်သားလှသည်။ "ကျွန်တော်တို့ရဲ့ ဓာတ်ခွဲခန်းမှာ တီထွင်ခဲ့တဲ့ Green Hope ကို အောင်အောင်မြင်မြင်နဲ့ စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဒီနေ့ တရားဝင်ကြေငြာလိုက်ပါတယ်"
ရိုးရှင်းတဲ့ ဒီစကားလုံးတွေဟာ ပရိသတ်ကို ရူးသွပ်သွားစေတော့သည်။
"ဘုရားရေ! ငါနားကြားမှားတာလား? အဆင့်မြင့်ချန်က ပုံမှန်အပင်တစ်ပင်ကို ပြန်ပြီးတီထွင်နိုင်ခဲ့တယ်လို့ ပြောခဲ့တာလား?" သတင်းထောက်တစ်ယောက်က တံတွေးကိုမျိုချကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
“ဒါက လုံးဝကို ပေါက်ကွဲသွားစေနိုင်တဲ့ သတင်းပဲ! ဒါက ထိပ်တန်းခေါင်းစဉ်သုံးခုနေရာကို သေချာပေါက် သိမ်းနိုင်လိုက်မှာပဲ!"
“ငါ သဘောကျတဲ့ အဆင့်မြင့်ချန်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အသံတစ်စက်မှ မထွက်ဘဲ ဒီလိုကြီးကျယ်တဲ့ အောင်မြင်မှုမျိုးကို သူလုပ်နိုင်ခဲ့တယ်"
"ကောင်းပြီ၊ ခဏလောက် တိတ်တိတ်နေပေးကြပါ" စစ်ထူရှို့က သူ့လက်ဖဝါး အောက်ဖိချလိုက်သည်။ "ဒီမေးခွန်းနဲ့ပတ်သက်ပြီး မေးစရာတွေရှိရင် ဒီအချိန်မှာ မေးလို့ရပါတယ်"
အန္တရာယ်အားလုံးကို ကျော်လွှားခဲ့ပြီး နောက်ဆုံးမှာတော့ မေးခွန်းတစ်ခုမေးခွင့်ရလိုက်တဲ့ သတင်းထောက်တစ်ယောက်က မတ်တပ်ရပ်လိုက်သည်။ သူက ရှုပ်ပွနေတဲ့ သူ့ဆံပင်တွေကို သပ်လိုက်ကာ မေးလာသည်။ "မင်္ဂလာပါ အဆင့်မြင့်ချန်ပိုင်၊ ဒီသာမန်အပင်က အခုဘယ်မှာလဲဆိုတာ မေးလို့ရမလား?"
သေစမ်း! ဒီတဇောက်ကန်းကောင်က ဘယ်ကရောက်လာတာလဲ?
သူ့နောက်က သတင်းထောက်တွေက ရှုတ်ချလိုတဲ့မျက်နှာနဲ့ သူ့ကို စိုက်ကြည့်နေကြသည်။ ဒါက ရှားရှားပါးပါး မေးခွန်းတစ်ခုမေးခွင့်ရတဲ့ အခွင့်အရေးတစ်ခုပဲ။ အဲ့ဒါကို ဒါပဲ မေးလိုက်တာလား? ပေါက်ကွဲစေနိုင်တဲ့ဘာအချက်မှကိုမရှိဘူး၊ ဟုတ်ပြီလား?
"Green Hope က အခုစစ်တက္ကသိုလ်ရဲ့ ဓာတ်ခွဲခန်းထဲမှာ ရှိနေပါတယ်" ချန်ပိုင်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။