အပိုင်း ၂၉၅
Vol. 20 Ch. 295
ကြည့်အုံး၊ ဒီမေးခွန်းက ဘာတန်ဖိုးရှိလို့လဲ? မင်းက ငတုံးလား? သတင်းထောက်တွေမှာ မျက်ရည်ကျလုမတတ်ပင်။
သို့ပေမယ့် အဆင့်မြင့်ချန်ပိုင်ကတော့ သူတို့ကို မမျှော်လင့်ထားတဲ့ အံ့ဩစရာတစ်ခုပေးလာသည်။ သူရဲ့ သွယ်လျတဲ့လက်ချောင်းတွေနဲ့ ခလုတ်ပေါ်ညင်သာစွာ ပွတ်ဆွဲလိုက်ကာ ဆန့်ကျင်ဘက်ဘက်ရှိ စရင်အကြီးကြီးအား မော့ကြည့်လိုက်သည်။ "လူတိုင်းပဲ Green Hope ရဲ့ပုံစံကို ဒီကနေ ကြည့်လို့ရပါတယ်"
လူတိုင်းရဲ့မျက်လုံးတွေ ရုတ်တရက် တောက်ပလာကာ ထိုအသံကိုကြားတော့ အားလုံးမော့ကြည့်လိုက်ကြသည်။
အလင်းဖန်သားပြင်ပေါ်တွင်၊ ဖောက်ထွင်းမြင်ရသည့်မှန်လုံဓာတ်ခွဲခန်းတွင် အစိမ်းရောင် အပင်တစ်ပင်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တည်ရှိနေ၏။ ၎င်းတွင် သာမန်မှော်အပင်များ၏ အစွယ်များနှင့် ချွန်ထက်သည့်လက်သည်းများ မရှိပါချေ။ ၎င်း၏ ပုံစံဟာ တိတ်ဆိတ်အေးချမ်းလှပပြီး ၎င်း၏ စိမ်းလန်းတဲ့အရွက်တွေဟာ အားကောင်းသည့် အသက်ဝင်တက်ကြွပုံကို ပေါ်လွင်စေကာ ၎င်းအားကြည့်ရုံမျှဖြင့် လူများကို စိတ်အေးချမ်းစေနိုင်သည်။
ဒါက သာမန်အပင်တဲ့လား?
ဆူညံနေတဲ့ ခန်းမကြီးဟာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ လူတိုင်းဟာ ဘေးဘက်ရှိ အလင်းဖန်သားပြင်ကိုသာ တစ်ပုံစံတည်း ကြည့်နေကြသည်။ သူတို့မှာ မျက်တောင်တောင် မခတ်ရဲကြပေ။
ဒါကတကယ်ကို... အရမ်းလှတာပဲ!
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လူအချို့မှာ သတိပြန်ဝင်လာကာ သူတို့ရဲ့ ခလုတ်ခုံတွေဖြင့် ဓာတ်ပုံရိုက်ကြသည်။
“ဒီနေရာမှာ လူတစ်ယောက်ကို ကျေးဇူးတင်ရမယ်။ သူ့အကူအညီသာမရှိရင် ဒီ Green hope က ဒီနေ့အထိ ပေါ်လာလောက်မှာ မဟုတ်ဘူး” ချန်ပိုင်က လူတိုင်းကို ဆင်ခြေပေးပြီးနောက် အေးအေးဆေးဆေးပြောလာကာ သူ့မျက်လုံးတွေထဲမှာလည်း စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေသည်။ "အဲ့ဒီလူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော တပည့်လေးပါ"
"တပည့်?" သေစမ်း! ဘယ်တုန်းက ချန်ပိုင်တပည့်ခေါ်လိုက်တာလဲ?
ဒီသတင်းကိုကြားတော့ သတင်းထောက်တွေ စိတ်လှုပ်ရှားသွားပြန်သည်။ သူတို့မျက်နှာတွေ နီရဲလာကာ မျက်လုံးတွေလည်း တောက်ပလာသည်။ ဒီနေ့ရဲ့ ပေါက်ကွဲသံတွေကတော့ တစ်ခုပြီးတစ်ခု ထွက်လာနေတဲ့ပုံပဲ!
"ဒါပေမယ့်၊ ကျွန်တော့်ကို ဝမ်းနည်းပြီး ဒေါသဖြစ်စေတာကတော့....." ချန်ပိုင်က လူအုပ်ကို မေးခွန်းထုတ်ဖို့ အခွင့်အရေးမပေးပါချေ။ သူ့လေသံက တက်လိုက်ကျလိုက်ဖြစ်နေကာ သူ့မျက်လုံးတွေထဲ ပြင်းထန်သည့် ဒေါသတွေဖြင့် ပြည့်နှက်နေသည်။ "ဒီလို အရည်အချင်းရှိတဲ့ ကလေးက တကယ်ပဲ ထိခိုက်နစ်နာခဲ့ရပေမယ့် အစိုးရက ဒါကို မျက်ကွယ်ပြုခဲ့တယ်။ ဒါက လုံးဝကို နားမလည်နိုင်စရာပဲ!"
ဟမ်? ဒီစကားတွေထဲက လူကို ဘာလို့နည်းနည်းရင်းနှီးနေတာပါလိမ့်?
ဉာဏ်ကောင်းသည့် သတင်းထောက်အချို့ဟာ အဆင့်မြင့်ချန်ပိုင်သည် ဒီတစ်လော နာမည်ကြီးနေသည့် မော့ချူးကို ပြောနေမှန်း သဘောပေါက်သွားကြသည်။ သူတို့ မတတ်နိုင်ဘဲ တုန်လှုပ်သွားမိကြတော့သည်။ ဘုရားရေ၊ ဒီလောက်ထိတော့ မတိုက်ဆိုင်နိုင်လောက်ဘူးမလား?
“အစိုးရမှာသာ ဒီလိုသဘောထားရှိတယ်ဆိုရင်” ချန်ပိုင်ရဲ့မျက်နှာက အေးစက်နေသည်။ "ဒါဆို အဲ့ဒါက ငါတို့အားလုံးကို စိတ်ပျက်အောင်လုပ်လိုက်တာပဲ!"
အဆင့်မြင့်ချန်ပိုင်ရဲ့ ဆွဲဆောင်နိုင်မှုက သူထင်ထားတာထက် များစွာ ကြီးမားနေသည်။ ဒီစကားတွေကို သူပြောပြီးတာနဲ့ သတင်းထောက်တော်တော်များများရဲ့ သဘောထားဟာလည်း ပြောင်းသွားတော့သည်။
အချိန်အတော်ကြာပြီးသည့်နောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူ့ကို ငေးစိုက်ကြည့်ကာ ပါးစပ်ပွင့်လာသည်။ "အမ်၊ ချန်ပိုင်၊ ခင်ဗျားရဲ့တပည့်က...."
"မှန်ပါတယ်" ချန်ပိုင်က ခေါင်းညိတ်ပြလိုက်ကာ သူ့မျက်လုံးတွေထဲ ဂုဏ်ယူမှုတွေနဲ့ ပြည့်နေသည်။ "ကျွန်တော့်တပည့်က မော့ချူးပါ!"
မှန်းဆချက်တွေဟာ မှန်းဆထားရုံ သက်သက်သာဖြစ်သော်လည်း မှန်းဆချက်များကို အမှန်တရားအဖြစ် ကြေညာလိုက်သည့်အခါ သတင်းထောက်တွေအားလုံး တုန်လှုပ်သွားကြတော့သည်
ဒီနေ့ သတင်းစာရှင်းလင်းပွဲဟာ တကယ့်ကို အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေသည်။
အဆင့်မြင့်ချန်ဟာ သူ့ရဲ့အဖိုးမဖြတ်နိုင်တဲ့ အစိမ်းရောင်အပင်ကို ပြလိုသည်ဟု မူလက ထင်ခဲ့ကြသော်လည်း၊ သူ့တပည့်ကို ထုတ်ဖော်ပြောလာလိမ့်မယ်လို့ ဘယ်သူထင်မှာတဲ့လဲ? ဒါ့အပြင်၊ ဒီတပည့်ဟာ လွန်ခဲ့တဲ့နှစ်ရက်က သတင်းခေါင်းစီးမှာဖော်ပြခံခဲ့ရတဲ့ မော့ချူးကလွဲပြီး အခြားသူ မဟုတ်ပါချေ။ ဒါက နည်းနည်း ဆန်းကြယ်လွန်းသည်။
တုံ့ပြန်တာမြန်တဲ့ သတင်းထောက်တချို့က သတိအမြန်ဝင်လာသည်။ ဒီသတင်းစာရှင်းလင်းပွဲဟာ Green Hope ရဲ့အောင်မြင်မှုကို ပြသလိုတယ်ဆိုတာထက် အဆင့်မြင့်ချန်မှ သူရဲ့တပည့်အတွက် တရားမျှတမှုကိုရှာလိုသည့်ပုံစံနဲ့ ပိုတူသည်။
ဘုရားရေ! လူတိုင်းက မော့ချူးကို 'ကံကောင်းတဲ့ကြယ်လေး'လို့ ခေါ်ကြတာ အံ့ဩစရာမဟုတ်တော့ဘူး။ ဒါက အရမ်းကိုကြီးမားတဲ့ ကောင်းချီးပဲမဟုတ်ဘူးလား။ ပထမဆုံး၊ သူ့ကို ကာကွယ်ပေးဖို့ မာရှယ်နျဉ် ရှိတယ်၊ အခုကျ အဆင့်မြင့်ချန်ပိုင်ကပါ ပေါ်လာတယ်။ ဒါက ရိုးရိုးရှင်းရှင်းကို အံ့သြစရာပဲ!
လက်ရှိ သတင်းထောက်တွေ အားလုံးဟာ စောစောကတစ်ယောက်ထက် ဉာဏ်ပိုကောင်းကြသည်။ ယနေ့ အဆင့်မြင့်ချန်ပိုင်ရဲ့ လုပ်ရပ်ကိုကြည့်ရုံဖြင့် မော့ချူးရဲ့ဒီကိစ္စဟာ သေချာပေါက် ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေသေးတာပင်!