← Chapters

အပိုင်း ၂၉၆

Vol. 20 Ch. 296

အပိုင်း ၂၉၆

Vol. 20 Ch. 296

"ကောင်းပါပြီ၊ ဒီနေ့ သတင်းစာရှင်းလင်းပွဲက ဒီမှာပဲ ပြီးဆုံးပါပြီ။ ရောက်လာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” သူ့စကားရဲ့ အဓိပ္ပါယ်က အရမ်းရိုးရှင်းသည်။ ဒီသတင်းစာရှင်းလင်းပွဲတွင် သူရရှိလိုသည့် အကျိုးသက်ရောက်မှုကို မကြာမီတွင်ထုတ်ဖော်ပြသခံရတော့မှာပင်။

ဒါကြောင့် အနည်းငယ် ဗြောင်းဆန်နေသေးတဲ့ သတင်းထောက် အုပ်စုတွေဟာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခန်းမထဲမှ တည်ငြိမ်စွာ ထွက်ခွာသွားကြသည်။

နောက်နေ့အတွက် သတင်းကို စောင့်မနေတော့ဘဲ မီဒီယာ တော်တော်များများက နေ့လယ်က သတင်းစာရှင်းလင်းပွဲက အကြောင်းအရာတွေကို အလျင်စလို ပုံနှိပ်ကြတော့သည်။ အချို့သောလူတွေက အဆိုပါဗီဒီယိုကို စတားနက်တွင်ပါ တိုက်ရိုက်တင်ခဲ့ကြကာ အကျိုးသက်ရောက်မှုမှာ နောက်ဆုံးထွက်သတင်းနှင့် လုံးဝမခြားနားပါချေ။

အင်တာနက်သုံးစွဲသူတွေအားလုံး ရူးသွပ်သွားကြတော့သည်။ ဒီလို အံ့သြဖွယ်ရာအလှည့်အပြောင်းကို ဘယ်သူမှ မမျှော်လင့်ထားကြပေ။

[မော့ချူးက တကယ်အဆင့်မြင့်ချန်ရဲ့ တပည့်လား? တကယ်? တကယ်လား?]

[နင်မြင်ခဲ့တယ် မဟုတ်ဘူးလား?] ထိုလူဟာ မော့ချူးကို အစစ်အမှန်သဘောကျတဲ့ အမာခံပရိတ်သတ်ဖြစ်သည်မှာ သိသာလှကာ သူ့ရဲ့ တုန်ရီနေတဲ့အသံက လိုင်းတွေကြားမှာပြည့်လျှံနေသည်။ [ငါ့ရဲ့ ကံကောင်းတဲ့ကြယ်လေးက ဘယ်လောက်တောင် တော်လိုက်သလဲ? အနှစ်တစ်ရာအတွင်း တပည့်လက်မခံခဲ့တဲ့ အဆင့်မြင့်ချန်ပိုင်ကတောင် ခြွင်းချက်ထားခဲ့တာ!]

[အဆင့်မြင့်ချန်ပိုင်က ဒီလို အသံတိတ် လွှမ်းမိုးတတ်တဲ့လူတစ်ယောက်လို့ ခံစားရတယ်။ ဒီလို အကာအကွယ်ပေးတဲ့ အပြုအမူမျိုးက ငါ့ရင်ကို ထိစေတယ်။ သူ့ကို ငါ့ရဲ့ idol အဖြစ် ထပ်ထည့်လိုက်မယ်!]

[အဆင့်မြင့်ချန်က ငါ့ရဲ့စိတ်နှလုံးထဲမှာ အမြဲရှိနေတဲ့ နတ်ဘုရားပဲ။ သူ့ရဲ့စကားကြောင့် မော့ချူးရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်လာဖို့ ငါဆုံးဖြတ်လိုက်ပြီ!]

အင်တာနက်တွင် အမျိုးမျိုးသော မှတ်ချက်တွေ ပေါ်ထွက်လာခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအထိ၊ လူအများရဲ့အာရုံစူးစိုက်မှုမှာ မကြုံစဖူး မြင့်မားလာခဲ့သည်။

သေချာပေါက်၊ အဆင့်မြင့်ချန့်ရဲ့ အထူးတလည် အထောက်အထားကြောင့်၊ ဒီအကြောင်းအရာကို အာရုံစိုက်နေကြတဲ့ စတားနက်ပေါ်က အင်တာနက်သုံးစွဲသူတွေကိုလည်း ကန့်သတ်မထားခဲ့ပါချေ။ အစိုးရအဆင့်မြင့်အရာရှိတွေဟာလည်း ယင်းကိစ္စကို လျှော့မတွက်ရဲတော့ဘဲ ထိုကိစ္စရပ်အား ဖြေရှင်းရန်အတွက် အရေးပေါ်အစည်းအဝေးကို ချက်ချင်းခေါ်လိုက်သည်။

မူလက သာမန်အပင်တွေကို သုတေသနပြုခြင်းရဲ့ အောင်မြင်မှုဟာ ၎င်းတို့အား ပျော်ရွှင်စေခဲ့သည်။ နောက်ဆုံးမှာတော့ ဒီအရာဟာ နဂါးငွေ့တန်းတစ်ခုလုံးမှာ ထူးခြားလှသည်။ သတင်းသာဖြန့်လိုက်မယ်ဆိုပါက ဂုဏ်ယူစရာကိစ္စဖြစ်လာမှာပင်။

နောက်ဆုံးတော့ ခေါင်းစဉ်က ပြောင်းသွားပြီး မော့ချူးဆီရောက်သွားသည်။ ဒါက နည်းနည်းတော့ ဒုက္ခရောက်ရသည်။

"အားလုံးပဲ၊ ပြောကြပါ၊ ကျွန်တော်တို့ ဒါကိုဘယ်လိုဖြေရှင်းကြမလဲ?" အကြီးအကဲနျဉ်က ပထမဆုံးစကား စပြောလာသည်။ သူ့တွင် မော့ချူးအပေါ် အမြင်ကောင်းမရှိသော်လည်း စစ်သားတစ်ဦးအနေဖြင့် အခြားဂလက်ဆီမှလူများကို မျက်နှာသာမပေးနိုင်ပါချေ!

သူ့အကြံအတိုင်း လိုက်နာရင် ဒီကိစ္စကို စုံစမ်းရမည်။ စုံစမ်းဖို့သာမက စေ့စေ့စပ်စပ်ကို စုံစမ်းရမှာ! အဖွဲ့ချုပ်က နိုင်ငံသားတွေကို အနိုင်ကျင့်ဖို့လွယ်တယ်လို့ မထင်လိုက်နဲ့! ဒါက သူတို့ကို ခွန်အားပြဖို့ အခွင့်ကောင်းပဲ!

“ 'ကြယ်စင်စုကြားစစ်ပွဲ' စတော့မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီအခိုက်အတန့်မှာ ဘာပြဿနာမှမရှိတာ အကောင်းဆုံးပဲ။ အားလုံးပဲ ငြိမ်းချမ်းရေးက အရေးကြီးဆုံးပါ” စုန့်ထျန်းချန်က ပြုံးပြုံးလေးပြောလာသည်။ သူ့ရင်ထဲ မနေနိုင်ဘဲ အထင်အမြင်သေးသလို ခံစားလိုက်ရသည်။ မော့ချူးဟာ ဒီတိုင်း ကလေးမလေးတစ်ယောက်သာသာပင်။ သူမက ဘာဒဏ်ရာမှမရခဲ့တာကို ဘာလို့အခုထိ တွယ်ကပ်နေရတာလဲ?

"ဟက်!" လူအိုကြီးနျဉ်က သူတို့ရဲ့ ကျောရိုးမရှိတဲ့ အပြုအမူကို သည်းမခံနိုင်ပေ။ အေးစက်တဲ့ နှာချေမှုတ်သံနဲ့အတူ သူက ပြင်းပြင်းထန်ထန်ပြောလာသည်။ "လေလံအိမ်မှာ ပြန်ပေးဆွဲရောင်းစားခံခဲ့ရတဲ့သူက မင်းရဲ့စုန့်မိသားစုထဲကမှ မဟုတ်တာ။ မဟုတ်ရင် ဘယ်လို ဒီလောက်ခပ်လွယ်လွယ်ပြောနိုင်မှာလဲ?"

ဒါကိုကြားတော့ စုန့်ထျန်းချန်က ဒေါသမထွက်ပါချေ။ ရာထူးနှင့် လုပ်နိုင်စွမ်းအရ၊ သူဟာ အကြီးအကဲနျဉ်နှင့် တူညီသည့် အဆင့်တွင်မရှိကြောင်း သူသိသည်။ သူ့အနေဖြင့် အပြုံးအရိပ်အယောင်နဲ့အတူ အကြောင်းအရာကိုပြောင်းရုံသာ တတ်နိုင်တော့သည်။ "ကြည့်ပါအုံး၊ ဒီမော့ချူးက နျဉ်မိသားစုထဲကိုတောင် မဝင်ရသေးဘူး။ အကြီးအကဲနျဉ်က သူ့ကို ကာတောင် ကာကွယ်ပေးနေပြီလား?"

ဤအသိုင်းအဝိုင်းတွင် မော့ချူးအား အကြီးအကဲနျဉ် သဘောမကျဘူးဆိုတာ လူတိုင်းသိကြသည်။

အမှန်တော့ သူတို့ နားလည်တာပဲလေ။ မော့ချူးတစ်ယောက် ဘယ်လောက်ပဲထူးချွန်နေပါစေ သူမရဲ့အဆင့်အတန်း၊ ကြီးပြင်းလာမှုနဲ့ မျိုးရိုးဗီဇအဆင့်တွေဟာ မယိမ်းယိုင်နိုင်သည့် အချက်အလက်တွေပင်။ မိသားစုနှစ်ခုကြားက ကွာဟချက်ဟာ အရမ်းကြီးသည်။

စုန့်ထျန်းချန်ရဲ့ စကားတွေဟာ အကြီးအကဲနျဉ်အား ပါးပါးနပ်နပ်ဖြင့် လှောင်ပြောင်လိုက်တာဖြစ်သည်။

ခင်ဗျားပဲ ဒီကောင်မလေးကို မကြိုက်ဘူးလို့ ပြောနေတာလေ၊ အခုကျ ဘာလို့ သူ့အစားဒီလောက်ထိ ပြောပေးနေရတာလဲ? ဒါက အားထုတ်မှုတွေကို ဖြုန်းတီးလိုက်တာ မဟုတ်ဘူးလား?

သူ့ဘေးနားကလူတွေရဲ့ အကြည့်ကိုမြင်တော့ အကြီးအကဲနျဉ်က ကိုယ်ကို မတ်မတ်ထားကာ အသံခပ်ကျယ်ကျယ်ဖြင့် ပြောလာသည်။ “ကျွန်တော်က အမှန်တရားကိုပြောရုံပဲ။ ပိုပြီးရည်မှန်းချက်ထားကြပါ"

All Chapters