အပိုင်း ၂၉၇
Vol. 20 Ch. 297
ဒီစကားတွေကို ဖြောင့်ဖြောင့်မတ်မတ်ဖြင့် ပြောဆိုလိုက်တာဖြစ်သည်။ သို့ပေမယ့်၊ လူတိုင်းက ဂရုမစိုက်ကြတဲ့အခါ၊ အကြီးအကဲနျဉ်မှာ အောက်က နျဉ်ယွိယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရုံကလွဲပြီး မတတ်နိုင်တော့ပေ။ 'ကြည့်၊ ဒါတွေအားလုံး မင်းကြောင့်ပဲ! အခုတော့ ငါ့မှာဘာမှပြောဖို့ ယုံကြည်ချက်မရှိတော့ဘူး! '
“မှန်ပါတယ်၊ အကြီးအကဲစုန့်ရဲ့ စကားတွေက နည်းနည်းတော့ ကျိုးကြောင်းဆီလျော်ပါတယ်” တခြားအဆင့်မြင့် အစိုးရအရာရှိတစ်ဦးက စဉ်းစားသလို ပြောလာသည်။ “ကြည့်လေ၊ အဓိကအချက်ကတော့ လေလံအိမ်ထဲကိုဝင်လာခဲ့တဲ့လူက ဘယ်ဂလက်ဆီကလဲ၊ သူ့အထောက်အထားက ဘာလဲဆိုတာကို ကျွန်တော်တို့ အခုထိ မသိရသေးဘူးလေ။ ကမူးရှူးထိုးလုပ်ဖို့ဆိုတာ အဓိပ္ပါယ်မရှိဘူးလေ"
ဒီစကားတွေဟာ လူအများရဲ့ လက်ခံသဘောကိမှုကို ဆွဲဆောင်နိုင်လိုက်သည်။
“ဒါပေမယ့်၊ ပြည်သူတွေရဲ့ မကျေမနပ်မှုတွေက ပိုပိုပြီး ကြီးထွားလာတယ်လေ" နျဉ်ယွိယွင် ရုတ်တရက် ခေါင်းမော့လာသည်။ သူ့မျက်လုံးတွေဟာ ဓားအိမ်ထဲမှထုတ်ထားသည့် ဓားတစ်လက်လို ထက်ရှနေကာ ထိုထဲတွင် အေးစက်မှုအရိပ်အယောင်တွေ ရှိနေသည်။ "အချိန်မီ အဖြေမရှာနိုင်ရင် ဒီအခြေအနေက ပိုဆိုးသွားမှာကို စိုးရိမ်မိပါရဲ့"
“ပြီးတော့” နျဉ်ယွိယွင်က ရပ်လိုက်သည်။ “အဆင့်မြင့်ချန်ပိုင် တီထွင်ထားတဲ့ အစိမ်းရောင်အပင်က ဒီ'ကြယ်စင်စုကြားတိုက်ပွဲ' မှာတောက်ပလာအုံးမှာ။ ဒါပေမယ့် ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်ဘဲ သူ့ကိုမကျေမနပ်ဖြစ်အောင် လုပ်လိုက်မိရင်တော့ အဲဒါကမထိုက်တန်တော့ဘူးလေ"
နျဉ်ယွိယွင်ဟာ ဤကဲ့သို့သော စစ်ရေးတွေ့ဆုံပွဲများတွင် ပြောဆိုခဲသည်ကြောင့် ယနေ့ပြောလာသည့်စကားတွေဟာ အရှည်ဆုံးပင်။ ဒါ့အပြင်၊ စကားလုံးတိုင်းဟာ ကျိုးကြောင်းဆီလျော်ကာ ချေပနိုင်သည့်အချက်ကို မည်သူမျှ ရှာမတွေ့ပါချေ။
"ဒါဆို မင်းဘယ်လိုထင်လဲ?" ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာ အကြီးအကဲနျဉ်က အရမ်းကိုအားပေးထောက်ခံနေဆဲပင်။
"ဘာလို့ ဒီကိစ္စကို ကျွန်တော့်လက်ထဲ ထည့်လိုက်ရင်ရော? ဒီ ကြယ်စင်စုကြားတိုက်ပွဲမှာ သူ့ရဲ့အထောက်အထားကို ရှာဖွေဖော်ထုတ်ဖို့ ကျွန်တော်တာဝန်ယူပါတယ်။ ကြယ်စင်စုကြားတိုက်ပွဲ ပြီးသွားတဲ့အခါကျရင်၊ ဂလက်ဆီတရားရုံးမှာ တရားဝင်တရားစွဲမယ်" နျဉ်ယွိယွင် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ သူ့မျက်လုံးတွေထဲ ယုံကြည်မှုတွေအပြည့်နဲ့ပင်။ ဒီလူကို သူကိုယ်တိုင်ဖမ်းပြီး 'မချိမဆံ့နာကျင်ရတယ်' ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နားလည်အောင် လုပ်ပေးမယ်။
"ဟမ်?" စုန့်ထျန်းချန်က ရယ်မောလိုက်သည်။ နျဉ်ယွိယွင်နေရာမှဆို သူ့အား အကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်လို့ရသည်။ “မင်းပြောတာကို နားထောင်ကြည့ပါအုံး။ မင်းက တကယ်ပဲသံသယတွေကို မရှောင်နေဘူးပဲ"
နျဉ်ယွိယွင် သူ့အား အေးစက်စက် စိုက်ကြည့်လိုက်သည်။ "ဒါပေါ့၊ ကျွန်တော့်မိန်းကလေးကို ကျွန်တော်ကိုယ်တိုင်က ကာကွယ်ပေးသင့်တယ်!"
ဒီစကားတွေ သူ့ပါးစပ်က ထွက်လာတာနဲ့ စုန့်ထျန်းချန်ရဲ့ တည်ငြိမ်တဲ့အမူအရာက ချက်ချင်း ကွဲအက်သွားတော့သည်။
အဲ့ဒီနှစ်တုန်းက၊ သူနှင့်သူ့ဇနီးတို့ အပြင်တွင် အန္တရာယ်ကြုံခဲ့ကာ စုန့်ထျန်းချန်တစ်ယောက် သူမအား မကာကွယ်ခဲ့ဘဲ၊ သူအသက်ရှင်နိုင်ဖို့အတွက် အခွင့်အရေးအားလဲလှယ်ကာ သူမကို ကျားပါးစပ်ထဲ တွန်းပို့ခဲ့၏။
ဤကိစ္စသည် မူလက လျှို့ဝှက်ထားသော်လည်း မည်သည့်အကြောင်းကြောင့်သော်မသိ နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင်၊ အသိုင်းအဝိုင်းထဲရှိ လူတိုင်းက စုန့်ထျန်းချန်အား အထင်သေးသလို ကြည့်လာကြသည်။ အမှန်တော့၊ ဒီလိုအပြုအမူမျိုးဟာ အဖွဲ့ချုပ်ပြည်သူတွေရဲ့ ရင်ထဲတွင် ရိုးရိုးရှသ်းရှင်းကို ရူးသွပ်မိုက်မဲလှသည်။ နောက်ပိုင်းတွင် သူသည် စုန့်မိသားစု၏ အကြီးအကဲရာထူးကို တက်လှမ်းနိုင်ရန်အတွက် ရက်စက်သည့်နည်းလမ်းများကို အသုံးပြုခဲ့သည်။ နောက်တော့ သူ ဒီကိစ္စကိုဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ အခုချိန် သူထထွက်သွားလျှင် တခြားသူတွေဆီကနေ အထင်သေးသလို အကြည့်ခံရမည်မှန်း သူတွက်မိသည်။
နျဉ်ယွိယွင်ရဲ့ စကားလုံးတွေဟာ သူ့အဆုတ်ထဲထိတိုင် တိုက်ရိုက်ထိုးဖောက်သွားသလိုပင်။
"ဒါဆို မာရှယ်နျဉ်က အဲ့ဒီလူရဲ့အထောက်အထားကို ရှာမတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ?" စုန့်ထျန်းချန်က မျက်ခုံးပင့်လိုက်ပြီး သူ့စကားတွေထဲတွင် လက်စားချေလိုသည့်အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ ယမ်းမှုန့်နံ့က ချက်ခြင်းဆိုသလိုလောင်ကျွမ်းလာသည်။
“ဒါဆို… စုန့်မိသားစုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဘယ်လိုထင်ပါသလဲ?” နျဉ်ယွိယွင်က မဖြေဘဲ ပြန်မေးလိုက်သည်။
“ဟားဟား!” စုန့်ထျန်းချန်က ရယ်မောလိုက်သည်။ "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါတို့ရဲ့မာရှယ်နျဉ်သာ ဒီလိုပြဿနာသေးသေးလေးကို မဖြေရှင်းနိုင်ရင် ဒီလိုမာရှယ်ရာထူးမှာ ဘယ်လိုလုပ် တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေနိုင်ပါ့မလဲ?"
ဒီစကားတွေဟာ နျဉ်ယွိယွင်၏ မာရှယ်ရာထူးကို တိုက်ရိုက်ရည်ရွယ်တာဖြစ်သည်။
"မင်းဘာပြောဖို့ ကြိုးစားနေတာလဲ?" အကြီးအကဲနျဉ်က မျက်မှောင်ကြုတ်ကာ ဒေါသတကြီး မေးလာသည်။ “ဘာ…”
သူ့စကားမဆုံးခင်မှာဘဲ နျဉ်ယွိယွင်က သူ့အဘိုးကို မျက်စိမှိတ်ပြလိုက်သည်။ ထို့နောက် စုန့်ထျန်းချန်အား လှည့်ကြည့်လိုက်ကာ အကြောင်းအရာကို အတင်းအကြပ် ချုပ်ကိုင်လိုက်သည်။ “စုန့်မိသားစုရဲ့ အကြီးအကဲက ကျွန်တော့်အပေါ်မှာ ဒီလောက်မျှော်လင့်ချက် ကြီးကြီးမားမား ထားထားမှတော့၊ ကျွန်တော့်ဘက်ကလဲ အကြီးအကဲကို စိတ်မပျက်စေရပါဘူး။ ဒါပေမဲ့ ကျွန်တော်သာ အဲ့ဒီလူကို အောင်အောင်မြင်မြင်နဲ့ ရှာတွေ့နိုင်ခဲ့ရင် အကြီးအကဲအနေနဲ့ ပြစရာမလိုဘူးလား? အကြီးအကဲဘက်က ဆုချရမှာပေါ့၊ မဟုတ်ဘူးလား?"