အပိုင်း ၂၉၉
Vol. 20 Ch. 299
သူတို့နောက်ဆုံးတွေ့ခဲ့ရတာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။ မော့ချူးမှာ အခုမှ အိမ်ပြန်ရောက်တော့သည်။ သူမ တံခါးဖွင့်လိုက်တာနဲ့ ဝိုင်းဝိုင်းဆီမှနေ နွေးထွေးသည့် ဝက်ဝံပွေ့ဖက်မှုဖြင့် နှုတ်ဆက်ခံလိုက်ရသည်။ သူ့ရဲ့ မျက်နှာပြည့်ပြည့်လေးဟာ မော့ချူးရဲ့ မျက်နှာကို ပွတ်နေပြီး အနီရောင်တောက်တောက် မျက်လုံးနှစ်လုံးဟာလည်း သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
ဟမ့်! အကြင်နာမရှိတဲ့သူ၊ နောက်ဆုံးတော့ ပြန်လာပြီ!
"ဘာဖြစ်လို့လဲ?" မော့ချူးက ဝိုင်းဝိုင်းကို သူမရင်ခွင်ထဲ လှမ်းဆွဲထည့်လိုက်သည်။ ခံစားချက်က အရင်အတိုင်းပင်။ သူမ သူ့မျက်နှာကို အနမ်းခပ်ကြီးကြီး ပေးလိုက်သည်။ " ငါ့ကို လွမ်းနေတာလား?"
“အာဝူးး–” အစက ကြီးစိုးခြယ်လှယ်တတ်တဲ့မျက်နှာရှိတဲ့ ဝိုင်းဝိုင်းမှာ မော့ချူးဆီမှ အနမ်းခံရပြီးတဲ့နောက် တစ်စက္ကန့်အတွင်းမှာဘဲ ကြောင်အသွားသည်။ ထို့နောက် တစ်ကိုယ်လုံး နီရဲလာကာ ပူလာတော့သည်။ သူ့ရဲ့ အမွေးထူထူလေးတွေ ဖုံးထားလို့သာ မဟုတ်ပါက 'သွေးအလင်းသားရဲ' အဖြစ် ပြောင်းသွားတယ်လို့ လူတွေ ယုံကြမှာပင်။ ဒါ့အပြင် သူ့မျက်လုံးနှစ်လုံးဟာ မယုံကြည်နိုင်သလို ပြူးကျယ်သွားသည်။ ထိုမျက်လုံးအတွင်း၌ ရှက်ရွံ့နေသည့် ရိပ်အယောင်ကိုတောင် ဖျတ်ခနဲမြင်လိုက်ရသည်။
ဝိုင်းဝိုင်းရဲ့ ကြောင်တောင်တောင်ပုံစံကို မြင်ရတာရှားသည်။
ဒီမြင်ကွင်းကိုမြင်တော့ မော့ယန်က မစာမနာဖြင့် ရယ်မောလိုက်သည်။
နောက်ဆုံးတော့၊ စူးရှတဲ့ နားနဲ့မျက်လုံးတွေရှိတဲ့ ဝိုင်းဝိုင်းမှာ ဒီရယ်သံကို ချက်ချင်း ဖမ်းမိသွားသည်။ သူ့ရဲ့ခေါင်းကိုလှည့်ကာ မော့ယန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ မော့ယန်ရဲ့ စနောက်ချင်တဲ့အကြည့်ကိုမြင်တော့ သူက မတတ်နိုက်ဘဲ အေးစက်စက်နှာမှုတ်လိုက်ကာ မာနကြီးသလိုဖြင့်သူ့ခေါင်းကို မော့ချူးပုခုံးနှင့် အနည်းငယ်ခွာလိုက်သည်။ သို့ပေမယ့် သူ့ရဲ့လက်ပြည့်ပြည့်လေးနှစ်ချောင်းကတော့ မော့ချူးရဲ့အင်္ကျီလက်တွေကို တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်ကာ မည်သို့ပင်ဖြစ်စေ လွှတ်ပေးရန်ငြင်းဆန်နေဆဲပင်။
မြေခွေးပျံလေးကတော့ အရင်အတိုင်းပဲ ရှက်နေသေးသည်။
ဤအခိုက်အတန့်တွင် မနီးမဝေး၌ရပ်ကာ စိုစွတ်နေသည့် မျက်လုံးများဖြင့် သူတို့ကို ငေးကြည့်နေသည်။ သူ့ရဲ့ တောင့်တနေမှုတွေက မျက်လုံးထဲတွင် ပေါ်နေသည်။
သူမမြေခွေးလေးကို ပြုံးပြလိုက်သည်။ အသေးလေးရဲ့ မျက်လုံးတွေက ချက်ချင်းပင် တောက်ပလာသည်။ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက်တွင် သူတို့ဆီ ပြေးလာတော့သည်။
မော့ချူးက ဝိုင်းဝိုင်းကိုချီထားကာ မော့ယန်က မြေခွေးပျံလေးကို ချီလိုက်သည်။ သူတို့တွေ အထဲကို တစ်ပြိုင်တည်း လျှောက်ဝင်သွားလိုက်သည်။
နည်းနည်လောက် လမ်းလျှောက်လိုက်ပြီးတဲ့နောက် ဆိုဖာပေါ်ထိုင်လိုက်လိုက်ကာ မော့ချူး မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
အင်းး... အိမ်မှာနေရတာက ပိုပြီး သက်သောင့်သက်သာရှိလိုက်တာ။ သို့ပေမယ့် နျဉ်ယွိယွင်သာ ဒါကိုသိပါက သူထပ်ပြီးငြင်းဦးမှာပင်။ 'ကိုယ့်တိုက်ခန်းကရော အဆင်မပြေလို့လား? အဆင်မပြေရင်...မင်းလိုချင်တာပြောလိုက် ကိုယ်ချက်ချင်း ပြောင်းလိုက်မယ်'
“အာဝူး အာဝူး –” ဝိုင်းဝိုင်း အသံခပ်တိုးတိုးထုတ်လိုက်ကာ သူ့ရဲ့လက်နှစ်ချောင်းက မော့ချူးလည်ပင်းကို တင်းတင်းကျပ်ကျပ်စွာ ရစ်ပတ်ကာ ဖက်ထားလိုက်သည်။ သူ့ရဲ့ခေါင်းကြီးက အသာယမ်းနေကာ သူ့ရဲ့ကိုယ်သည်လည်းအတူ ယိမ်းနေသည်။ ဒီမြင်ကွင်းကို 'ချစ်စရာကောင်းတယ်' ဆိုတဲ့စကားလုံးဖြင့်သာ ဖော်ပြနိုင်သည်။
မော့ယန် ဆက်မကြည့်နေနိုင်တော့ဘဲ ခေါင်းငုံ့လိုက်သည်။ အကြိမ်တစ်ထောင်လောက်၊ ဒီသွေးအလင်းသားရဲဟာ သန္ဓေပြောင်းသားရဲဟု သူသေချာပေါက် ခံစားခဲ့ရသည်!
သူသာ ချူးလေးဆီကနေ ဒီလိုမျိုးဆက်ပြီးတော့ အလိုလိုက်ခံနေရပါက အနာဂတ်မှာ သူ့တွင် ကလူသလိုမြူသလို လုပ်တတ်တာနဲ့ လောဘတကြီးစားသောက်တတ်တဲ့ အရည်အချင်း နှစ်ခုသာ ကျန်လိမ့်မယ်လို့ သူတွေးမိသည်။
နာရီဝက်ကျော်ကြာပြီးနောက် ဝိုင်းဝိုင်းမှာ သူ့ရဲ့အကမုဒ်ကို ရပ်လိုက်သည်။ ထို့နောက် ကိုယ်ကိုဆန့်ကာ ညည်းညူလာသည်။ သူ့လက်လေးတွေက မော့ချူးရဲ့လက်ကို ဆွဲလိုက်ကာ ဝမ်းနည်းတဲ့အမူအရာနဲ့ သူ့ရဲ့ဗိုက်ကို အသာလေး ပွတ်ခိုင်းလိုက်သည်။
"အာဝူး အာဝူး-" ကြည့်ပါအုံး၊ ဒီသခင်လေး ဝိတ်မကျသွားဘူးလား?
အယ်?
ဝိုင်းဝိုင်း ဒီမေးခွန်းကို ပြောလာတဲ့အခါ မော့ချူးလည်း ရုတ်တရက် တုံ့ပြန်လိုက်သည်။ နောက်တော့ သူမအစ်ကိုကို လှည့်ကြည့်လိုက်သည်။ " ဟုတ်သား ဝိုင်းဝိုင်းတို့တွေ ဒီရက်ပိုင်း ဘာစားကြလဲ?"
ဒီတစ်လော မော့ချူးတစ်ယောက် ကံမကောင်းနေသည့်ပုံပင်။ သူမကို လေလံအိမ်တွင် ပြန်ပေးဆွဲရောင်းစားခံခဲ့ရသည်။ သူမအတွက် ရူးသွပ်စရာ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ခဲ့သည်။ သူမကိုယ်တိုင်ကိုတောင် ဂရုမစိုက်နိုင်ခဲ့ကာ ဝိုင်းဝိုင်းနဲ့ကျန်သူတွေကို ဂရုမစိုက်နိုင်ခဲ့တာလည်း သဘာဝပင်။
မော့ချူး ဒီလိုပြောလာတဲ့အခါ မော့ယန်လည်း သိသိသာသာကိုကြောင်သွားသည်။
သူဘာမှပြန်မပြောရသေးခင် ဝိုင်းဝိုင်းက စပြီးချေပလာသည်။ သူ့အမူအရာက သနားစရာကောင်းကာ ဝမ်းနည်းကြေကွဲနေသည်!
မဟုတ်ဘူး! ဒီလူက ငါတို့ကို အသေသတ်ဖို့ လုပ်နေတာ၊ ဒီမကောင်းတဲ့လူက!
“အမ်…” မော့ယန်မှာ ဝိုင်းဝိုင်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ ဒီကောင်လေးက ချူးလေးရှေ့မှာ သရုပ်ဆောင်တာ တကယ်ကောင်းတာပဲ!
အသာချောင်းဟန့်ပြီးနောက် မော့ယန်က ဆက်ပြောလာသည်။ “ မေ့သွားတာ။ သူတို့အတွက် စားစရာပြင်ပေးဖို့ချိန်ရောက်ပြီလို့ထင်တယ်"