အပိုင်း ၃၀၀
Vol. 20 Ch. 300
မော့ယန် သူ့ခလုတ်ခုံထဲတွင် သိမ်းထားတဲ့ အစားအစာတွေ အများကြီးရှိသည်။ သို့ပေမယ့် သူလည်း နျဉ်ယွိယွင်ရဲ့တိုက်ခန်းမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက နေနေခဲ့တာကြောင့် ဝိုင်းဝိုင်းတို့ကို မေ့သွားခဲ့သည်။
"ဒီတော့၊ ဝိုင်းဝိုင်းတို့တွေ ရက်နည်းနည်းလောက် ဘာမှမစားခဲ့ရဘူးပေါ့?"
“အာဝူးး –” ဟုတ်တယ်! ဒီသခင်လေးက တကယ်ကို သနားဖို့ကောင်းတာ!
ကြီးစိုးခြယ်လှည်တတ်သည့် သားရဲ၏ အသွင်အပြင်ကို လုံးဝဆုံးရှုံးသွားပြီးနောက် ဝိုင်းဝိုင်းမှာ မော့ချူးရင်ခွင်ထဲတိုးဝင်ကာ သူ့မျက်နှာနဲ့ ပွတ်သပ်လိုက်သည်။ 'နှစ်သိမ့်မှုတွေ၊ ထိတွေ့ပေးမှုတွေကိုရှာတယ်' ဆိုတဲ့ စကားလုံးတွေကို သူ့မျက်နှာအနှံ့ တွင်ရေးထားသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" မော့ယန်က ဝိုင်းဝိုင်းရဲ့သရုပ်ဆောင်မှုတွေကို ဖော်ထုတ်လိုက်သည်။ ဝိုင်းဝိုင်းရဲ့ဗိုက်ပေါ်က အိတ်နှစ်လုံးက အလှဆင်ဖို့သပ်သပ်ဘဲလား? အရင်တုန်းက သူအဲ့ဒီထဲမှာ စိတ်ဝိညာဉ်အသီးအနှံတွေ အများကြီးဖွက်ထားတာလေ။ ဒါ့ပြင် ဝိုင်းဝိုင်းရဲ့ အစားကြီးတဲ့ပုံစံအရဆို သူ အငတ်ခံမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား?
'ထွက်သွား!' ဝိုင်းဝိုင်း သူ့ခေါင်းကို လှည့်လိုက်ကာ သူ့မျက်လုံးတွေကနေ မော့ယန်ဆီ ဓားမြှောင်တွေ ရှင်းရှင်းလင်းလင်း ပစ်ပေးလိုက်သည်။ သူက မော့ယန်ကို အော်သံခပ်တိုးတိုးလေးတောင် ပေးလိုက်သေးသည်။
ဒါကိုမြင်လိုက်ရတော့ မော့ချူး နှုတ်ခမ်းထောင့်ကွေးတက်သွားတာ အပြုံးတစ်ခုပေါ်လာသည်။ ဒီလို ရင်းနှီးနေတဲ့ မြင်ကွင်းက သူမကို တကယ်ကို ပျော်ရွှင်စေသည်။
“အာ!” မော့ချူး မျက်ခုံးပေါ်က အပြုံးတွေ မမှေးမှိန်သွားခင် သူမ ရုတ်တရက် ထအော်လိုက်သည်။ ဒါကမော့ယန်နဲ့ ဝိုင်းဝိုင်းကို အကြီးအကျယ် လန့်သွားစေတော့သည်။ နှစ်ယောက်သား သူမကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။
"ဘာဖြစ်လို့လဲ?"
“အာဝူး –”
တစ်ချိန်တည်းမှာဘဲ လူတစ်ယောက်နဲ့ သားရဲတစ်ကောင်ရဲ့ စိုးရိမ်နေတဲ့အသံတွေ ထွက်ပေါ်လာသည်။
"အစ်ကို၊ ဒီရက်ပိုင်းမှာ ညီမလေး နတ်ဘုရားစုန့်ကို ဆက်သွယ်ဖို့ မေ့နေတယ်!" မော့ချူး တံတွေးမျိုချလိုက်သည်။ သူမသည် ချက်ချင်းဆိုသလို ခလုတ်ခုံကိုဖွင့်ကာ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ၏ ရှေ့စာမျက်နှာကို ဖွင့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့်၊ သူမ ယခင်က မြေခွေးပျံလေးအား တစ်ပတ်စာ ဆေးဖက်ဝင်အစားအစာများကို တစ်ကြိမ်ပို့ပေးခိုင်းခဲ့သည်။ မဟုတ်ပါက ဒီတစ်ခါတော့ ဒုက္ခရောက်လိမ့်မှာပင်။
မက်ဆေ့ခ်ျဘောက်ကိုဖွင့်ကာ သီးသန့်မက်ဆေ့ခ်ျတွေကို သေချာစစ်ဆေးကြည့်လိုက်ရင်း မော့ချူး မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
မက်ဆေ့ခ်ျဘောက်ထဲတွင် နတ်ဘုရားစုန့်၏ နေ့စဉ်ဆေးစစ်ချက်တွေကို အချိန်နှင့်တပြေးညီ ပေးပို့ထားသည်။ မိုချူးက ပြန်မဖြေပေမယ့် နတ်ဘုရားစုန့်ကတော့ သိပ်ဂရုမစိုက်ပါချေ။
ဒီအချိန်မှာ မော့ချူးသည် လူတိုင်း၏စိတ်ထဲ၌ ကြီးကျယ်ခမ်းနားသည့် ဉာဏ်ကြီးရှင် 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' အဆင့်သို့ တိုးမြှင့်သွားသည်ကို သူမ မသိသေးပါချေ။ ထိုသို့သောလူအတွက်၊ သူတပါးအား ရံဖန်ရံခါ လျစ်လျူရှုခြင်းဟာ သာမန်သာဖြစ်သည်။ အမှန်တော့၊ သူဟာ ပါရမီရှင်တစ်ဦးဖြစ်တာကြောင့် သူ့တွင်လုပ်ပိုင်ခွင့်ရှိသည်။
နတ်ဘုရားစုန့်၏ ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်ရလဒ်ကို ဂရုတစိုက်ဖတ်ကြည့်ပြီးနောက် မော့ချူးရဲ့ မျက်ခုံးတွေ ပြေလျော့သွားသည်။ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာသည်။ ဆေးဖက်ဝင်ဟင်းလျာတွေက တကယ်အလုပ်လုပ်သည့်ပုံပင်။
"ဘယ်လိုနေလဲ?" မော့ယန် သူမကို ရေတစ်ခွက်ကမ်းပေးကာ သိချင်စိတ်ဖြင့် မေးလိုင်သည်။
“အကျိုးသက်ရောက်မှုက မဆိုးဘူး" မော့ချူးရဲ့ နှုတ်ခမ်းတွေ အနည်းငယ် ကွေးတက်သွားကာ သူမရဲ့မျက်လုံးတွေကလည်း တောက်ပလာသည်။ “ဒါပေမဲ့ အရင်တစ်ခေါက်က ဆေးဖက်ဝင်ဟင်းလျာတွေကို ပြန်ပြုပြင်ရမယ်။ နောက်ကျ သူ့အတွက် ညီမလေးလုပ်ပေးပါ့မယ်"
မော့ချူး ချက်ပြုတ်တော့မယ်ဆိုတာကိုကြားတော့ ဝိုင်းဝိုင်း ချက်ချင်း စိတ်လှုပ်ရှားလာသည်။ သူက သူမကို မျှော်လင့်ချက်အပြည့်နဲ့ စိုက်ကြည့်နေသည်။ အသီးအနှံတွေကိုဘဲ ရက်အတော်ကြာ စားသုံးခဲ့ရတဲ့ မြေခွေးပျံလေးလည်း မနေနိုင်ဘဲ တက်ကြွလာသည်။
အစက ဒီဟာတွေကို မှော်ဒေသများတွင်သာ စားရလေ့ရှိသည်။ သို့သော်လည်း မော့ချူးဆီမှ အချိန်အတော်ကြာ စားသောက်ခဲ့ရပြီးတဲ့နောက်၊ ဒီအသေးလေးနှစ်ကောင်ဟာ 'ချွေတာစားရတာမှ အလွန်အကျွံစားရတာကနေ၊ အလွန်အကျွံစားရတာမှ ချွေတာစားရခြင်း' ဆီ ပြောင်းသွားခဲ့ရသည်။ ဒီအခိုက်အတန့်မှာ သူတို့တွေ အရမ်းကို အစားကြူးနေကြသည်!
“ကောင်းပြီ၊ စိတ်မပူပါနဲ့” ဒီမျှော်လင့်နေတဲ့ မျက်လုံးလေးတွေကိုကြည့်ပြီး မော့ချူး မထိန်းနိုင်ဘဲ တိုးတိုးလေး ရယ်လိုက်မိသည်။ သူမ မတ်တပ်ရပ်ကာ မီးဖိုချောင်ဆီ မသွားခင် ဆေးဖက်ဝင်ဟင်းလျာအတွက် ချက်ပြုတ်နည်းတချို့ သူမစိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ "အားလုံးအတွက် ချက်ပြုတ်ပေးမယ်!"
မော့ချူးရဲ့ ကတိစကားကို ကြားလိုက်ရတော့ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့မှာ ပိုလို့တောင် ပျော်ရွှင်လာကြသည်။ သူတို့တွေ စိတ်လှုပ်ရှားစွာဖြင့် ဆိုဖာပေါ်တက်ခုန်လိုက်သေးသည်။ တစ်ယောက်က မြင့်သွားလိုက်၊ တစ်ယောက်က နိမ့်သွားလိုက်နှင့် သူတို့ ဒါကိုကစားရတာကို ဘယ်တော့မှ ငြီးငွေ့လိမ့်မှာ မဟုတ်ဘူးလို့ ထင်ရသည်။
တစ်ဖက်မှာတော့ မော့ယန်က သူ့နဖူးကို ကူကယ်ရာမဲ့စွာနဲ့ ပွတ်လိုက်သည်။ "တဆိတ်လောက်၊ ဒါက တတိယမြောက်ဆိုဖာ ဖြစ်နေပြီနော်။ မင်းတို့ပြဿနာအိုးနှစ်ယောက် နည်းနည်းလောက် အာရုံစိုက်ပေးလို့ရမလား?"
မော့ချူးကတော့ မီးဖိုချောင်တွင် အလုပ်များနေပြီဖြစ်သည်။