← Chapters

မဟာအရိုင်းကမ္ဘာဆီသို့

Vol. 196 Ch. 2926

မဟာအရိုင်းကမ္ဘာဆီသို့

Vol. 196 Ch. 2926

ယန်လောရှုသည် ဓားကမ္ဘာသို့ မဝင်ရောက်သော်လည်း သံသရဖူဆောင်းအဖိုအိုသည် သူ့အား အဖိုးတန်သော ဓမ္မပညာရပ်နှစ်ခုကို သင်ကြားပေးလိုက်ဆဲဖြစ်သည်။

“စီနီယာ…”

ယန်လောရှုက ခဏကြာသည်အထိ ဘာပြောရမှန်း မသိတော့ပေ။

ထိုအခိုက်အတန့်မှာ သူ၏ စိတ်ခံစားချက်များကို ဖော်ပြနိုင်သည့် ကျေးဇူးတင်စကားမရှိတော့သည့်ပုံပင်။

သံသရဖူဆောင်းအဖိုးအိုက ယန်လောရှု၏ စိတ်သဘောထားကို ဖမ်းမိလိုက်ပုံရပြီး သာမန်ကာလျှံကာ လက်ကာပြကာ လွတ်လပ်ပေါ့ပါးသောပုံစံဖြင့် ပြောလိုက်၏။

“ဒီနေ့ကိစ္စပြီးရင် ငါတို့တွေ ရေစက်ပါရင် ထပ်ဆုံကြရလိမ့်မယ်.. အခွင့်အရေးရှိမယ်ဆိုရင် ဓားကမ္ဘာကို လာခဲ့ဦးပေါ့”

ထိုသို့ပြောရင်း သံသရဖူဆောင်းအဖိုးအိုက လှည့်ထွက်ကာ လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

သံသရဖူဆောင်းအဖိုးအို ထွက်ခွာသွားပြီးနောက် တက္ကသိုလ်မှ ယခင်တပည့်ဂိုဏ်းသားတချို့က ပြန်လည်ရောက်ရှိလာကြသည်။

လူတိုင်းသည် တွေဝေရှုပ်ထွေးသော အမူအရာများနှင့် ရောထွေးနေသော စိတ်ခံစားချက်များနှင့်အတူ သူတို့ရှေ့မှ အပျက်အစီးပုံများကို ကြည့်နေ၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၊ ကောင်းကင်အဆင့်အဖွဲ့အစည်းတစ်ခု၊ မဟာအင်မော်တယ်ဂိုဏ်လေးဂိုဏ်းထဲမှ တစ်ဂိုဏ်းသည် တစ်ရက်တည်းနှင့် အပျက်အစီးပုံဘဝ ကျရောက်သွားခဲ့ပြီဖြစ်သည်။

ဤသည်က ဧကရာဇ်ပညာရှင်တစ်ဦး၏ စွမ်းအားဖြစ်သည်။

ကောင်းကင်အဆင့် အဖွဲ့အစည်းတစ်ခုကို ချေမှုန်းဖို့က လက်ဖဝါးတစ်ဖက်ကို မှောက်လှန်လိုက်သကဲ့သို့ လွယ်ကူရိုးရှင်းလေသည်။

သံသရဖူဆောင်းအဖိုးအိုသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့ခြင်းမရှိဘဲ တက္ကသိုလ်တပည့်ဂိုဏ်းသားအများစုက ရှင်သန်နိုင်ခဲ့သော်လည်း မည်သို့ပင်ဆိုစေ ပြန်လည်ရောက်ရှိလာသော ကျင့်ကြံသူများက အနည်းအကျဉ်းမျှသာရှိသည်။

တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ဒဏ်ရာအပြင်းအထန်ရရှိသွားသော အကြီးအကဲများမရှိဘဲ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် အမည်ခံမျှသာရှိတော့သည်ကို တက္ကသိုလ်၏ ဂိုဏ်းသားများအားလုံးက သိရှိထားကြပြီဖြစ်သည်။

တစ်ရက်မပြည့်ခင်မှာပင် ဤသတင်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်နန်းတော်ထိ ပျံ့နှံ့သွားပေလိမ့်မည်။

အင်မော်တယ်နိုင်ငံသုံးနိုင်ငံ၊ အခြားသော အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းနှင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကပင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ပိုင်နက်နယ်မြေများကို ခွဲဝေယူဖို့ ပေါ်ထွက်လာကြပေလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမှာ ဘယ်သူက ပြန်လည်ရောက်ရှိလာလိုပါ့မလဲ။

အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းသည် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာအတွက် အကောင်းဆုံးနားခိုရာဖြစ်လာပေလိမ့်မည်။

“စီနီယာအစ်ကိုယန်… စီနီယာအစ်မမိုချင်.. ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ဦးက မေးလိုက်သည်။

ယန်လောရှုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

မိုချင်ကလည်း နှုတ်ဆိတ်နေ၏။ သူတို့မှာ မည်သည့်အစီအစဉ်မှ မရှိကြပေ။

ထိုစဉ်မှာပင် ဆံပင်များဖြူဖွေးနေသည့် အဖိုးအိုတစ်ဦးက ရုတ်တရက်ပေါ်ထွက်လာ၏။

သူ့နောက်မှာ ဖြူဖွေး၍ ပြောင်ချောနေသော မျက်နှာနှင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူတစ်ဦးရှိနေသည်။

လူအိုကြီးရွှမ်။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက အဖိုးကြီးကို အလျင်အမြန်မှတ်မိသွားကြသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ လူအိုကြီးရွှမ်သည် အပေါ်ယံမှာကြည့်လျှင် ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်တစ်ခု၏ တံခါးစောင့်ဖြစ်ပြီး တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများအားလုံးက သူ့ကိုသိရှိထားကြသည်။

တကယ်တော့ လူအိုကြီးရွှမ်၏ ကျင့်ကြံမှုကို ဘယ်သူကမှ မဖတ်နိုင်ကြပေ။

ဒါ့အပြင် အကြီးအကဲ-၁၀ အဖြစ် သူ၏ သရုပ်သကန်ကိုလည်း မည်သူကမှ မသိရှိကြပေ။

သို့သော်လည်း လူအိုကြီးရွှမ်သည် တက္ကသိုလ်မှာ အလွန်တရာအတွေ့အကြုံကြွယ်ဝပြီး တက္ကသိုလ်ရှိ တပည့်ဂိုဏ်းသားအားလုံးက သူ့ကိုလေးစားကြသည်။

“ယန်လောရှု”

လူအိုကြီးရွှမ်က ပြောလိုက်သည်။

“မင်းတို့တွေမှာ သွားစရာနေရာမရှိဘူးဆိုရင် မင်းတို့တွေ ကောင်းကင်နှင့်မြေကြီးကို ပြန်တည်ဆောက်ပြီး တက္ကသိုလ်ကို ပြန်တည်ထောင်ကြပါလား”

“ကောင်းကင်နှင့်မြေကြီးကို ပြန်တည်ဆောက်ပြီး တက္ကသိုလ်ကို ပြန်တည်ထောင်ဖို့..”

ယန်လောရှုက တီးတိုးရေရွတ်ပြီး အလိုလိုမေးလိုက်၏။

“ဒါပေမဲ့ အဲဒါကို ဘယ်သူကလုပ်မှာလဲ… တက္ကသိုလ်ရဲ့ အရင်အကြီးအကဲတွေအားလုံးကလည်း ထွက်ပြေးသွားကြပြီ… အင်မော်တယ်ဘုရင်တွေကလည်း လူစုခွဲထွက်ခွာသွားကြပြီ… သူတို့က ပြန်လာမှာ မဟုတ်လောက်တော့ဘူး”

“မင်းပေါ့”

လူအိုကြီးရွှမ်က ယန်လောရှုကို လက်ညှိုးထိုးပြလိုက်သည်။

“မင်းကသာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ပြန်လည်တည်ဆောက်ဖို့ အဆင့်မီတဲ့သူပဲ”

“စီနီယာအစ်ကိုယန်… လုပ်လိုက်ပါ.. ကျုပ်ခင်ဗျားကို လေးစားတယ်”

ရှုယဲ့က အရင်စတင်သဘောတူလိုက်သည်။

“အမှန်ပဲ.. စီနီယာအစ်ကိုယန် ကျုပ်လည်း ခင်ဗျားကို အထင်ကြီးလေးစားတယ်”

“စီနီယာအစ်ကိုယန်… စောစောက သူတို့တွေက ခင်ဗျားကို အခက်တွေ့အောင် လုပ်ခဲ့တုန်းက ကျုပ်က ဘာစကားမှ မပြောရဲခဲ့ဘူး… ဒါပေမဲ့.. တကယ်တော့ ကျုပ်က ခင်ဗျားမှန်တယ်ဆိုတာ ယုံတယ်”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်ပြောဆိုလာကြသည်။

“ငါအဲဒါကို ဘယ်လိုလုပ်လုပ်နိုင်ပါ့မလဲ”

ယန်လောရှုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ငါ့ရဲ့ ကျင့်ကြံမှုက အခုချိန်မှာ ပျက်စီးနေပြီ… ခွန်အားအရဆို ငါက စီနီယာအစ်မမိုချင်ကို မယှဉ်နိုင်ဘူး… အတွေ့အကြုံနဲ့ အရည်အချင်းအရဆိုရင် ငါက လူအိုကြီးရွှမ်ကို မယှဉ်နိုင်…”

လူအိုကြီးရွှမ်က လက်ကာပြပြီး ယန်လောရှု၏ စကားကို ဖြတ်ပြောလိုက်၏။

“မင်းက မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားတယ်… မင်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ မျှော်လင့်ချက်ပဲ”

“မင်းကပဲ.. လောကအတွက် နှလုံးသားတစ်ခုနဲ့ လူတွေအတွက် ဘဝတစ်ခုကို တည်ဆောက်ပေးမယ့် မဟာမျှော်လင့်ချက်ကို ပခုံးထမ်းပေးနိုင်မယ်.. အတိတ်ကာလတုန်းက အဆုံးစွန်နည်းစနစ်တွေကို အမွေဆက်ခံလိုတဲ့သူတွေနဲ့ ခေတ်အဆက်ဆက်မှာ တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတဲ့သူတွေအတွက် အကောင်းဆုံးနားခိုရာဖြစ်လာရမယ်”

“အဲဒါက တက္ကသိုလ်ရဲ့ မူလရည်ရွယ်ချက်ပဲ”

ယန်လောရှုကဲ့သို့ စိတ်သဘောထားကြီးမားသော သူရဲကောင်းတစ်ဦးကသာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို တက္ကသိုလ်ဂိုဏ်းချုပ်အဖြစ် မှန်ကန်သောလမ်းကြောင်းအပေါ် ထိန်းထားပေးနိုင်သည်ကို လူအိုကြီးရွှမ်က သိရှိထားလေသည်။

ယန်လောရှုက ဘေးပတ်လည်ရှိ အပျက်အစီးပုံများကို တစ်ချက်ကြည့်ပြီးနောက် ခါးသက်စွာပြုံးလိုက်၏။

“ကျုပ်က တက္ကသိုလ်ကို ပြန်လည်တည်ဆောက်ချင်တယ်ဆိုရင် ကျုပ်တို့တွေက တည်နေရာကို ပြောင်းလဲရလိမ့်မယ်… ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်ချီကို ဟိုစီနီယာက ဖြတ်တောက်သွားခဲ့ပြီ.. ဒီနေရာမှာ ကျင့်ကြံဖို့က ခက်ခဲလာတော့မယ်”

“ရတယ်လေ… ကျုပ်တို့တွေက အနာဂတ်မှာ အတူကျင့်ကြံနိုင်သရွေ့ အဲဒါက ကျုပ်တို့အတွက် တက္ကသိုလ်အသစ်ပဲ”

တက္ကသိုလ်အသစ်ကို ပြန်လည်တည်ဆောက်ဖို့က သေချာပေါက် ခက်ခဲမည်ကို လူတိုင်းက သိရှိထားကြသည်။

တက္ကသိုလ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့် အင်မော်တယ်ဘုရင်များရှိမနေသည့်အတွက် သူတို့သည် သာမန်အဆန်ဆုံး ကမ္ဘာမြေအဆင့် အဖွဲ့အစည်းတစ်ခုသာ ဖြစ်နေပေလိမ့်မည်။ သူတို့သည် ဆင်းရဲဒုက္ခများစွာကို တွေ့ကြုံရနိုင်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် စိတ်အားမာန်နှင့် မျှော်လင့်ချက်အသစ်များနှင့် ပြည့်နှက်နေကြသည်။

“လူအိုကြီးရွှမ်… ကျုပ်ကရော ဘယ်လိုလဲ”

လင်းရွှမ်ကျီသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပြီး မျှော်လင့်စောင့်စားစွာဖြင့် မေးလိုက်သည်။

“ကျုပ်ရဲ့ ကျင့်ကြံမှုက သိပ်ပြီး အားမနည်းဘူး.. ကျုပ်က ခင်ဗျားရဲ့ လက်ရင်းတပည့်ပဲ… ကျုပ်က အနည်းဆုံးတော့ တက္ကသိုလ်မှာ အကြီးအကဲတစ်ဦးဖြစ်လာမယ်မလား”

“ဘယ်ကသာ အကြီးအကဲလဲ”

လူအိုကြီးရွှမ်က ရက်ရက်စက်စက်ပြစ်တင်ပြောဆိုလိုက်၏။

“ငါ့ရဲ့ မျိုးဆက်ကို အမွေဆက်ခံပြီးတဲ့နောက် မင်းက နေ့အလင်းရောင်ကို မတွေ့မြင်ရဖို့ ကံပါလာခဲ့ပြီ… မင်းက တိတ်တဆိတ်ပဲ ကျင့်ကြံရမယ်… အဲဒါမှပဲ မင်းရဲ့ သရုပ်သကန်ကို ဖုံးကွယ်နိုင်ပြီး တက္ကသိုလ်ရဲ့ အမွေအနှစ်ကို ကာကွယ်ပေးနိုင်မယ်”

“ချီးတဲ့မှပဲ”

လင်းရွှမ်ကျီသည် သူ့လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အံကိုကြိတ်ကာပြောလိုက်၏။

“အဖိုးကြီး… ကျုပ်ခင်ဗျားရဲ့ ထောင်ချောက်ထဲမှာ ကျဆင်းသွားခဲ့တာပဲ”

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကမ္ဘာတုန်လောက်ဖွယ်ရာတိုက်ပွဲပြီးဆုံးသွားခဲ့သည်မှာ နှစ်ငါးရာကျော် ကြာသွားခဲ့ပြီဖြစ်သည်။

အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျော်ကို တစ်ဦးတည်းသတ်ဖြတ်ခဲ့သည့် ဓားကမ္ဘာမှ နဝမမြောက်တောင်ထွတ်သခင်၏ ကြောက်စရာကောင်းသော တိုက်ပွဲမှတ်တမ်းက ယခုအချိန်ထိကို အမျိုးမျိုးသော ကမ္ဘာများ၏ ပကတိဧကနယ်ပယ်များကြားမှာ ပြောစမှတ်တွင်နေဆဲဖြစ်သည်။

တကယ်တော့ ကြယ်တာရာကောင်းကင်ထဲမှာ သေဆုံးခဲ့သော ဘုရင်များစွာသည် ထင်မြင်ယူဆချက်များစွာကို ပေါ်ထွက်လာစေသည်။

နှစ်ငါးရာကျော်ကြာပြီးနောက် ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများကို ဘယ်သူသတ်ခဲ့သလဲ ဘယ်သူကမှ မသိကြရပေ။

ဤနှစ်များအားလုံးမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် တည်ငြိမ်အေးချမ်းမှု ရှိမနေခဲ့ပေ။

အပြစ်သားကုန်းမြေဆယ်ခုထဲမှ တစ်ခုက ကြေမွပျက်စီးသွားပြီး မရေမတွက်နိုင်သော ယက္ခိုသ်များက ထွက်ပြေးလွတ်မြောက်သွားသည်။ သူတို့၏ ဘယ်ဆီဘယ်ဝယ်ကို မသိရဘဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဆုကြေးထုတ်ပြန်ထားခဲ့ပြီဖြစ်သော်လည်း သူတို့သည် မည်သည့် သဲလွန်စကိုမှ ရှာမရပေ။

ကမ္ဘာကြီးများကြား ပဋိပက္ခများကလည်း မကြာခဏဖြစ်ပွားလာတတ်သည်။

ဥပမာအားဖြင့် နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာ၊ ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာတို့သည် မကြာသေးခင်နှစ်များအတွင်း မီးနှင့်ရေကဲ့သို့ ဖြစ်လာကြပြီး ကမ္ဘာများကြား စစ်ပွဲများက အချိန်မရွေးပေါ်ထွက်လာနိုင်သည်။

ထိပ်တန်းကမ္ဘာကြီးများကြား စစ်ပွဲတစ်ခု ပေါ်ထွက်လာသည်နှင့် အဲဒါသည် အဆင့်မြင့်ကမ္ဘာများ၊ အလယ်အလတ်ကမ္ဘာများနှင့် အဆင့်နိမ့်ကမ္ဘာများကိုပင် သေချာပေါက် တိုက်ခတ်လာပေလိမ့်မည်။

ကမ္ဘာတချို့အတွင်း တိုက်ခိုက်မှုများနှင့် ပဋိပက္ခများကလည်း ပြင်းထန်ကြမ်းတမ်းစွာ ဖြစ်ပွားလာနေသည်။

ဥပမာအားဖြင့် ကောင်းကင်ဘုံကမ္ဘာနှင့် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၏ ဦးဆောင်မှုအောက်တွင် အင်မော်တယ်မဟာနယ်မြေသုံးခု ရှိလာခဲ့ပြီဖြစ်သည်။

မဟာအရိုင်းကမ္ဘာကလည်း တိုက်ပွဲများနှင့် ပြည့်နှက်နေဆဲဖြစ်သည်။

အပြာရောင်ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခုက နေရာတိုင်းမှာ လိုက်လံတိုက်ခိုက်နေပြီး သူတို့ကို ရပ်တန့်တားဆီး၍ မရနိုင်ပေ။ ထိုအဖွဲ့သည် မဟာအရိုင်းကမ္ဘာ၏ ပိုင်နက်နယ်မြေထက်ဝက်ကျော်ကို သိမ်းပိုက်ထားခဲ့ပြီဖြစ်ပြီး ခုခံဆန့်ကျင်သော အင်အားစု အနည်းငယ်သာကျန်ရှိတော့သည်။

ဤနေ့မှာ ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်အမျိုးသားတစ်ဦးက ရှေးဟောင်းကြယ်တစ်စင်းပေါ်ရှိ လိုဏ်ဂူခန်းဝါထဲကနေ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့သည်။

နှစ်ငါးရာကျော်ကြာ ကျင့်ကြံပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းမှာပါဝင်သော ဓမ္မတာအိုကို သိုင်းတာအိုငရဲခန်းထဲသို့ ထည့်သွင်းပေါင်းစည်းပြီး ကောင်းကင်လိုဏ်ဂူများစွာကို သန့်စင်မွမ်းမံကာ သူတို့ကို အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲသို့ ထည့်သွင်းပေါင်းစည်းနိုင်ခဲ့သည်။

သိုင်းပိုင်နက်နယ်မြေနှင့် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် နောက်ဆုံးမှာ အဆင့်ချိုးဖျက်တက်လှမ်းပြီး ပြီးပြည့်စုံသော ပကတိအဆင့်သို့ နောက်ဆုံးမှာဝင်ရောက်လာကြသည်။

သိုင်းပိုင်နက်နယ်မြေအကြီးအဆင့်မှာတုန်းက သူသည် ဧကရာဇ်တစ်ပိုင်းပညာရှင်များကို သန့်စင်မွမ်းမံနိုင်ခဲ့ပြီဖြစ်သည်။

ယခု သိုင်းပိုင်နက်နယ်မြေက ပြီးပြည့်စုံသော ပကတိအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ရှေးဟောင်းခေတ်များမှ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များစွာကို သန့်စင်မွမ်းမံထားလေသည်။

တကယ်ဆို ထိုထဲမှာ တဗူးဂမ္ဘီရကျင့်စဉ်များပင် ပါဝင်နေသည်။

ပကတိသိုင်းတာအိုငရဲခန်းသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သော ဧကရာဇ်နယ်ပယ်ပညာရှင်များကိုပင် သန့်စင်မွမ်းမံနိုင်မည်ဟု သိုင်းတာအိုပင်မခန္ဓာက ခန့်မှန်းချက်ထုတ်ထားသည်။

တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ငရဲဖိနှိမ်မီးဖိုမရှိလျှင်တောင် သိုင်းတာအိုပင်မခန္ဓာက သူ့ကိုတိုက်ခိုက်နိုင်မည်ဖြစ်သည်။

“ကဲ… အချိန်ကျပြီ”

သိုင်းတာအိုပင်မခန္ဓာက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် သူက မဟာအရိုင်းကမ္ဘာဘက်သို့ကြည့်ကာ အသက်ပြင်းပြင်တစ်ချက်ရှိုက်ပြီး ထွက်ခွာသွားလေသည်။

All Chapters