← Chapters

ပိုးစုန်းကြူးတစ်ကောင်ရဲ့အလင်း

Vol. 196 Ch. 2929

ပိုးစုန်းကြူးတစ်ကောင်ရဲ့အလင်း

Vol. 196 Ch. 2929

သူတို့သည် ထိုအသံကိုကြားသောအခါ ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့က ဆတ်ခနဲတုန်ယင်သွားပြီး ခဏတာ ငေးမောမှင်တက်နေကြသည်။

တကယ်ဆို သူတို့သည် ထိုလူပြောလိုက်သော စကားကိုပင် မကြားနိုင်ပေ။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် မမြင်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူတို့က ထိုအသံနှင့် အရမ်းကို ရင်းနှီးနေဆဲဖြစ်သည်။

သို့သော်လည်း အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူတို့သည် ထင်ယောင်ထင်မှား မြင်နေကြသည်ဟုပင် သူတို့သုံးယောက်က သံသယရှိနေကြသည်။

ဘာကြောင့်ရယ်မသိ သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီး အတန်ကြာသည်အထိ နောက်ဘက်ကို လှည့်မကြည့်ရဲပေ။

အဲဒါက ထင်ယောင်ထင်မှား ခံစားချက်တစ်ခုဖြစ်သည်ဆိုလျှင်တောင် သူတို့သုံးယောက်သည် ထိုထင်ယောင်ထင်မှားခံစားချက်ကို နောက်ထပ် ခဏကြာ ဆက်ရှိနေစေချင်သည်။

အခြားသော သားရဲစစ်ဗိုလ်များနှင့် သားရဲဘုရင်ကိုင်ယွီက အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေပေ။ သူတို့က အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်ပြီး ငွေရောင်မျက်နှာဖုံးတစ်ခုတပ်ထားသည့် ခရမ်းရောင်ဝတ်အမျိုးသားတစ်ဦး ခန်းမထဲသို့ လျှောက်လှမ်းဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရသည်။

တစ်ချက်ကြည့်ရုံနှင့် ဤလူက ကြောက်စရာကောင်းသော မည်သည့်အော်ရာကိုမှ ထုတ်ဖော်မထားပေ။

သားရဲဘုရင်ကိုင်ယွီက မျက်တောင်တစ်ချက်မခတ်ဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး ခရမ်းရောင်ဝတ်အမျိုးသားကို အကြိမ်ရေအနည်းငယ် စစ်ဆေးကြည့်သော်လည်း သူက မည်သည့်အရာကိုမှ ရှာမတွေ့နိုင်ပေ။

“သူက သားရဲဘုရင်တစ်ဦးဖြစ်လောက်တယ်”

သားရဲဘုရင်ကိုင်ယွီက စိတ်ထဲကနေ ရေရွတ်လိုက်၏။

သူသည် မဟာအရိုင်းကမ္ဘာမှာ ဧကရာဇ်နယ်ပယ်ပညာရှင်များကို မတွေ့မြင်ဖူးလျှင်တောင် သူက သူတို့၏ အကြောင်းကို ကြားဖူးထားလေသည်။

သို့သော်လည်း သူသည် ဤကဲ့သို့သော ဝတ်စားဆင်ယင်ပုံနှင့် ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦးကို တစ်ခါမှမကြားဖူးခဲ့ပေ။

ထိုသူက သားရဲဧကရာဇ်တစ်ပါး မဟုတ်လျှင် အဲဒါသည် သားရဲဘုရင်တစ်ဦး ဖြစ်နိုင်ခြေရှိလေသည်။

သူက သားရဲစစ်ဗိုလ်တစ်ဦးသာဖြစ်ပြီး ဤနေရာသို့ စတင်ဝင်ရောက်လာရဲသည်ဆိုလျှင် သူက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာ ဖြစ်ပေလိမ့်မည်။

တကယ်တော့ ခရမ်းရောင်ဝတ်အမျိုးသားနှင့် စောစောက သုံးယောက်သည် အစကတည်းက ညီအစ်ကိုမောင်နှမများဖြစ်ပြီး သစ္စာတရားကို တန်ဖိုးထားသည်ဆိုလျှင် ထိုသူသည် စိတ်လိုက်မာန်ပါနဲ့ အသေခံရဖို့ မဆင်မခြင် ဝင်ရောက်လာခြင်းပင်ဖြစ်နိုင်သည်။

“မင်းဘယ်သူလဲ”

သားရဲဘုရင်ကိုင်ယွီက ဝေဖန်ဆန်းစစ်ပြီးနောက် သူက ယုံကြည်မှုရှိလာပြီး ဖြည်းဖြည်းချင်းမေးလိုက်သည်။

တစ်ဖက်သူက သားရဲဘုရင်တစ်ပါးဖြစ်မည်ဆိုလျှင်တောင် သူ့အနေဖြင့် အသတ်ခံရဖို့က မဖြစ်နိုင်ပေ။

သူသည် အရှေ့ဘက် အရိုင်းနယ်မြေမှာ တိုင်းပြည်တစ်ခုကို အုပ်စိုးလာနိုင်ခဲ့သည်မှာ သူသည် ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို ကျင့်ကြံခဲ့ပြီဖြစ်ပြီး အထွတ်အထိပ်သားရဲဘုရင်တစ်ပါး ဖြစ်လာသောကြောင့်ပင်။

တစ်ဖက်သူ၏ တိုက်ခိုက်ရည်ခွန်အားက သူ့အထက်မှာ ရှိနေသည်ဆိုလျှင်တောင် သူက ထွက်ပြေးလွတ်မြောက်နိုင်ဆဲဖြစ်သည်။

သူက ခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက သားရဲဘုရင်ကိုင်ယွီကို တစ်ချက်မကြည့်ပေ။

သူ၏ အကြည့်က တစ်ချိန်လုံး သူ့ကိုကျောပေးကာ ရပ်နေသည့် သားရဲသုံးဦးပေါ်မှာ ရောက်ရှိနေသည်။

သူတို့သုံးယောက်၏ လက်များက အနည်းငယ်တုန်ယင်နေ၏။

သူတို့က ထိုအခိုက်အတန့်တွင် အလွန်တရာ စိတ်လှုပ်ရှားနေသည်မှာ သိသာလေသည်။

သားရဲဘုရင်ကိုင်ယွီ၏ မေးခွန်းကိုတော့ သိုင်းတာအိုပင်မခန္ဓာက အရေးလုပ်မနေပေ။ သူသည် အဲဒါကို မကြားရသည့်အလား ကျားနှင့် အခြားနှစ်ယောက်ကိုသာ ကြည့်ပြီး မေးလိုက်၏။

“မင်းတို့သုံးယောက်က အဲဒီနေရာမှာ ဝါးလုံးတိုင်တွေလို ရပ်နေမှာလား… မင်းတို့က မင်းတို့ရဲ့အစ်ကိုကြီးကိုတောင်မှ မခေါ်ချင်တော့ဘူးလား”

ထိုစကားကို ကြားသောအခါ ကျားနှင့်အခြားနှစ်ယောက်၏ မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်မှုက ပေါ်ထွက်လာပြီး သူတို့က ချာခနဲလှည့်လိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသော်လည်း ကျားနှင့်အခြားသူများက တစ်ချက်ကြည့်ရုံနှင့် သူ့ကို မှတ်မိကြလေသည်။

“အစ်ကိုကြီး”

“အစ်ကိုကြီး”

ကျားက ဝမ်းသာအားရဖြစ်နေပြီး အရင်ဆုံး ရှေ့သို့ခုန်ဝင်ကာ သိုင်းတာအိုပင်မခန္ဓာကို ပွေ့ဖက်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ရွှေခြင်္သေ့နှင့် ချင်ချင်ကလည်း ဝင်ရောက်လာခဲ့သည်။

ကျင့်ကြံရေးလောကမှာ ညီအစ်ကိုများနှင့် မိတ်ဆွေကောင်းများကြား ပေါင်းသင်းဆက်ဆံရေးက ဘယ်လောက်ပင် နက်ရှိုင်းသည်ဖြစ်စေ… သူတို့က အရူးအမူးဖြစ်နေကြလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့သော အပြုအမူက အနည်းငယ် လွန်ကဲရာကျနေသည့်ပုံပင်။

သိုင်းတာအိုပင်မခန္ဓာက ဤကဲ့သို့သောပုံစံနှင့် ပို၍ပင် ကွဲလွဲဆန့်ကျင်နေသည်။

ကျင့်ကြံသူအများစု၏ မျက်လုံးထဲမှာ မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် အမြဲတမ်းအေးစက်ပြီး နှလုံးသားကင်းမဲ့သည့် ကြောက်စရာကောင်းသော ပညာရှင်တစ်ဦးဖြစ်သည်။

ယက္ခဘုရင်အကြောက်တရား၏ မျက်လုံးထဲမှာပင် သိုင်းတာအိုပင်မခန္ဓာက သူ့ကို ကြောက်ရွံ့ထိတ်လန့်စေသည့် တစ်စုံတစ်ယောက်ဖြစ်သည်။

သို့သော်ယခု သိုင်းတာအိုပင်မခန္ဓာသည် ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့၏ ပွေ့ဖက်မှုကို တွန်းဖယ်ထုတ်ခြင်း မရှိပေ။ ထို့အစား သူက ရှားရှားပါးပါး နွေးထွေးမှုနှင့် ဝမ်းသာပျော်ရွှင်မှုကို တွေ့ကြုံခံစားနေသည်။

ထိုအခိုက်အတန့်မှာ သူတို့လေးယောက်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ လရောင်ငိုကြွေးတောင်ကို အတူစိုးမိုးခြယ်လှယ်ခဲ့စဉ်က အချိန်များသို့ ပြန်လည်ရောက်ရှိသွားသည့်ပုံပင်။

ဤကဲ့သို့သော စိတ်ခံစားချက်များ၏ စိတ်ရင်းမှန်ကန်မှုနှင့် စိတ်အားထက်သန်မှုကို သိုင်းတာအိုပင်မခန္ဓာပင်လျှင် ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

တကယ်တော့ သူတို့လေးယောက်မှာ ပြောစရာစကားများစွာ ရှိနေသည်။ သုံးရက်သုံးညပင်လျှင် လုံလောက်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့လေးယောက် ပြန်လည်ဆုံစည်းမိစဉ် မည်သည့်စကားကိုမှ မလိုအပ်တော့သည့်အလားပင်။

စကားများသော ကျားပင်လျှင် ထိုအခိုက်အတန့်မှာ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ သူ၏ နှုတ်ခမ်းက အနည်းငယ်တုန်ယင်နေပြီး သူ၏ မျက်လုံးများက နီရဲလာသည်။

တကယ်ဆို ကျားသည် သူ့ကိုယ်သူ အနည်းငယ်ရှက်စရာကောင်းသည်ဟုပင် ခံစားရပြီး အဲဒါကို ချုပ်တည်းထားဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။ သို့သော်လည်း သူက ချုပ်တည်းထားစဉ်မှာပင် မျက်ရည်များက သူ့မျက်နှာပေါ်သို့ စီးကျလာသည်။

“လခွမ်းတဲ့မှ… တော်တော်ရှက်ဖို့ကောင်းတာပဲ”

ကျားက ငိုကြွေးရင်း သူ့ကိုယ်သူ ကျိန်ဆဲလိုက်၏။

ချင်ချင်၏ မျက်လုံးများကလည်း နီရဲနေ၏။

ရွှေခြင်္သေ့က မငိုသော်လည်း သူက တစ်ချိန်လုံး ရူးသွပ်စွာဖြင့် သွားဖြီးနေလေသည်။

ချင်ချင်က ကျားကို တစ်ချက်စွေကြည့်ပြီးနောက် လှောင်ပြောင်လိုက်၏။

“နင်က ငိုရအောင် ဘယ်အသက်အရွယ်ကို ရောက်နေပြီလဲ… နင့်ရဲ့ စကောလောက် မျက်နှာနဲ့ နင်ငိုတာနဲ့က လုံးဝကို မလိုက်ဖက်ဘူး… တော်တော်ရှက်ဖို့ကောင်းတယ်”

“မပြောပါနဲ့တော့”

ကျားက မျက်ရည်များ နှပ်ရည်များထွက်လာပြီး တောင်းပန်လိုက်လေသည်။

“ဟားဟား”

ခန်းမထဲကနေ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာ၏။

သားရဲဘုရင် ကိုင်ယွီက ရယ်မောလိုက်လေသည်။

အစက သိုင်းတာအိုပင်မခန္ဓာက ဤမျှအထိ တည်ငြိမ်ပြီး ကောင်းမွန်သော ရည်ရွယ်ချက်နှင့် ရောက်လာခြင်း မဟုတ်သည်ကို သူတွေ့မြင်ရသောအခါ ထိုသူသည် ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မည်ဟု သူကတွေး ပြီး အနည်းငယ်ပင် စိုးရိမ်ပူပန်နေခဲ့သည်။

သို့သော် ယခု သူတို့လေးယောက်က ရူးသွပ်စွာ ပွေ့ဖက်၍ ငိုလိုက်ရယ်လိုက်ဖြစ်နသည်ကို တွေ့မြင်ရသောအခါ သားရဲဘုရင် ကိုင်ယွီက သူအတွေးလွန်နေခဲ့သည်ကို နားလည်သဘောပေါက်သွားသည်။

“ငါထင်တာ မှန်နေတဲ့ပုံပဲ… နဂါးတွေက မြွေတွေနဲ့ အတူမနေဘူး… ဖီးနစ်တွေက ကြက်တွေနဲ့ အတူမကခုန်ဘူး”

သားရဲဘုရင် ကိုင်ယွီက မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်၏။

“မင်းတို့သုံးယောက်နဲ့ သွေးသောက်ညီအစ်ကိုမောင်နှမဖွဲ့ထားတဲ့ဆိုတဲ့လူက ဒါပဲလား”

“သူက မင်းတို့ကို သတ်ချင်နေတာလား”

သိုင်းတာအိုပင်မခန္ဓာက သားရဲဘုရင် ကိုင်ယွီကို လျစ်လျူရှုထားဆဲဖြစ်ပြီး ကျားနှင့် အခြားနှစ်ယောက်ကို မေးလိုက်လေသည်။

ထိုစကားကို ကြားချိန်မှာ သူတို့သုံးယောက်က ရင်တစ်ထိတ်ထိတ်ဖြစ်လာပြီး သူတို့ကိုယ်သူတို့ အလျင်အမြန် ဣန္ဒြေဆယ်လိုက်၏။

လက်ရှိအန္တရာယ်ကို သူတို့က မဖြေရှင်းရသေးပေ။

ကျားက အသံတစ်ခုကို အလောတကြီး ပို့လွှတ်ပြီး သတိပေးလိုက်၏။

“အစ်ကိုကြီး… ဒီလူက ရက်စက်ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်ပဲ… သူက အထွတ်အထိပ်သားရဲဘုရင်တစ်ပါး… ခင်ဗျားရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”

သိုင်းတာအိုပင်မခန္ဓာက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မင်းတို့ရဲ့ တွက်ချက်ပုံနည်းလမ်းအရဆိုရင်တော့ ငါကလည်း အထွတ်အထိပ်ဘုရင်တစ်ပါးဖြစ်လိမ့်မယ်”

သူ၏ သိုင်းပိုင်နက်နယ်မြေနယ်ပယ်နှင့် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို ပကတိအဆင့်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်သည်။

ကျင့်ကြံရေးလောက၏ အခေါ်အဝေါ်အရ သူက တကယ်ပင် အထွတ်အထိပ်ဘုရင်တစ်ပါးဖြစ်သည်။

“အထွတ်အထိပ်ဘုရင်တစ်ပါးက နောက်ထပ်အထွတ်အထိပ်ဘုရင်တစ်ပါးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်သူနိုင်မလဲ ပြောဖို့ခက်တယ်”

ကျားက သူ့မေးခွန်းကို ပိုပြီး ဂရုတစိုက် မေးလိုက်၏။

“အစ်ကိုကြီး… နောက်ပြီးကျရင် ခင်ဗျား ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကျုပ်တို့တွေ အရင်ဆုံး နောက်ဆုတ်ပေးထားရင် ကောင်းမလား”

ဖြောင်း…

ကျား၏ စကားမဆုံးသေးခင် ချင်ချင်က သူ့ကို နာရင်းအုပ်လိုက်၏။

“ငါက စနေတာပါ”

ကျားက အထစ်ထစ်အငေါ့ငေါ့နှင့် အလောတကြီး ပြန်ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

“သူ့ကိုသတ်ဖို့က လွယ်ပါတယ်”

သူ့စကားမဆုံးသေးခင် သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ချောင်းကို ညင်သာစွာ တောက်ထုတ်လိုက်၏။

စိမ်းညို့ရောင်မီးတောက်တစ်ခုက သားရဲဘုရင် ကိုင်ယွီထံသို့ လွင့်မျောသွားလေသည်။ အဲဒါက မြန်ဆန်ခြင်းမရှိဘဲ အပူချိန်ကလည်း မမြင့်မားပေ။ ထို့ကြောင့် သူတို့က ၎င်း၏ စွမ်းပကားကို အာရုံမခံနိုင်ကြပေ။

ဝုန်း…

သားရဲဘုရင် ကိုင်ယွီ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ သူက သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို မြှောက်တင်ပြီး စိမ်းညို့ရောင်မီးတောက်ကို ဖိနှိမ်ကာ အော်ဟစ်လိုက်၏။

“ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းပဲ… မင်း ဘယ်လိုတောင်… အား…”

သားရဲဘုရင် ကိုင်ယွီက စကားဆုံးအောင် မပြောရသေးခင် သူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သာမန်ပုံစံ စိမ်းညို့ရောင်မီးတောက်က သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို အပေါက်တစ်ပေါက်အဖြစ် လောင်ကျွမ်းစေလိုက်၏။ သူ့သွေးချီ၏ ဆေးကြောမှုအောက်မှာ မီးတောက်က ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာပြီး ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာသည်။

သူ၏ ကောင်းကင်လိုဏ်ဂူတစ်ခုလုံးက စိမ်းညို့ရောင်မီးတောက်များဖြင့် ဝိုင်းပတ်ခံလိုက်ရပြီး အဲဒါကို ငြှိမ်းသတ်၍ မရနိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် သိုင်းပိုင်နက်နယ်မြေနှင့် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို ပြီးပြည့်စုံစေပြီးနောက် တမလွန်တစ္ဆေမီး၏ စွမ်းအားကလည်း တိုးလာခဲ့သည်။

သူတို့သည် တမလွန်တစ္ဆေမီးကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်လျှင် အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါးကို မပြောနှင့်… ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များပင်လျှင် မီးတောက်များကြားမှာ သေဆုံးရပေလိမ့်မည်။

တမလွန်တစ္ဆေမီးက သွေးချီကို လောင်ကျွမ်းစေသည်။

သားရဲဘုရင် ကိုင်ယွီ ထုတ်ဖော်လိုက်သောသွေးချီသည် တမလွန်တစ္ဆေမီး၏ စွမ်းအားကို ပို၍ပင် တိုးလာစေလေသည်။

တခဏချင်းမှာပင် သားရဲဘုရင် ကိုင်ယွီ၏ ပကတိကောင်းကင်လိုဏ်ဂူက ဇကာပေါက်ဖြစ်သွားပြီး လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။

သူကိုယ်တိုင်ပင်လျှင် အရိုးစုတစ်ခုအဖြစ် လောင်ကျွမ်းခံလိုက်ရပြီး စိမ်းညစ်ညစ် မီးတောက်များက ဖြာထွက်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားများက လျင်မြန်စွာ ပျော်ကျသွားပြီး တမလွန်တစ္ဆေမီးအတွက် အားဖြည့်လောင်စာ ဖြစ်လာခဲ့လေသည်။

All Chapters