← Chapters

သားရဲဧကရာဇ်ကျူးရှူ

Vol. 196 Ch. 2931

သားရဲဧကရာဇ်ကျူးရှူ

Vol. 196 Ch. 2931

“သားရဲဧကရီသွေးလိပ်ပြာက ဘယ်တောင်ကြောရိုးမှာနေတာလဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။

တျဲယွဲ့သည် အထက်ဘုံလောကမှာ သူမ၏ နာမည် တျဲယွဲ့ကို သိရှိထားသည့်သူ လူငါးယောက်ထက် ပိုမရှိဟု သူ့ကိုပြောခဲ့ဖူးသည်။ ထို့ကြောင့် ကျားနှင့်အခြားနှစ်ယောက်၏ ရှေ့မှာ သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့ကို သူမ၏ ဧကရာဇ်ဘွဲ့အတိုင်း ခေါ်ဆိုလိုက်ခြင်းဖြစ်သည်။

ချင်ချင်က ပြောလိုက်သည်။

“သာားရဲဧကရီသွေးလိပ်ပြာက လိပ်ပြာတောင်ကြားလို့ခေါ်တဲ့ တောင်ကြားတစ်ခုထဲမှာရှိတယ်... အဲဒါက တောင်ကြောရိုးကိုးခုထဲမှာ မပါဘူး”

“လိပ်ပြာတောင်ကြားက သိပ်ပြီးတော့မကြီးမားဘူး... လိပ်ပြာမျိုးနွယ်က အဲဒီမှာမှီတင်းနေထိုင်ပြီး ကျင့်ကြံကြတယ်”

သိုင်းတာအိုပင်မခန္ဓာသည် ကျားနှင့် အခြားနှစ်ယောက်ကို အာကာသဥမင်ထဲသို့ ခေါ်ဆောင်လာပြီး သူတို့က အလွန်တရာလျင်မြန်စွာဖြင့် ခရီးသွားနေကြသည်။ သိပ်မကြာခင် သူတို့သည် ထိုက်အာတောင်ကြောရိုး၏ အနက်ဆုံးအပိုင်းထဲသို့ ရောက်ရှိလာကြခဲ့သည်။

ခပ်လှမ်းလှမ်းတောင်ထွတ်ပေါ်မှာ ဧရာမနန်းတော်တစ်ခုကို တောင်တစ်လုံးပေါ်မှာ ဆောက်လုပ်ထားလေသည်။ အဆောက်အအုံများက ခံညားသောအော်ရာတစ်ခုနှင့်အတူ အဆင့်ဆင့်ထပ်နေသည်။

“ဟမ်...”

သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်လာစဉ် သူက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ထိုက်အာတောင်ကြောရိုးမှာ သားရဲဧကရာဇ်တစ်ပါးပဲရှိတာလား”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဟုတ်တယ်”

ကျားက ခေါင်းညိတ်ပြလိုက်သည်။

“အရှေ့ဘက်အရိုင်းနယ်မြေတစ်ခုလုံးမှာ သားရဲဧကရီသွေးလိပ်ပြာအပါအဝင် ဧကရာဇ်ဆယ်ပါးပဲရှိတယ်... သားရဲဧကရီသွေးလိပ်ပြာရဲ့ ကောင်းကင်ဘုံကိုဖီဆန်တဲ့ တိုက်ခိုက်ရည်ခွန်အားကြောင့်မဟုတ်ရင် အရှေ့ဘက်အရိုင်းနယ်မြေက တောင့်မခံနိုင်တော့တာ ကြာခဲ့ပြီ... အစ်ကိုကြီး ဘာများဖြစ်လို့လဲ”

သိုင်းတာအိုပင်မခန္ဓာက ရှင်းပြမနေပေ။ ခဏမျှစဉ်းစားတွေးတောပြီးနောက် သူက ကျားနှင့်အခြားနှစ်ယောက်ကို ခေါ်ဆောင်ပြီး အထပ်ထပ်ချထားသော အစောင့်များကို ဖြတ်ကျော်ကာ ရှေ့တည့်တည့်အဆောက်အအုံများကြားရှိ အကြီးမားဆုံးနန်းတော်ရှေ့သို့ တိုက်ရိုက်ဆင်းသက်လိုက်သည်။

သူ၏ စိတ်ဝိညာဉ်အသိစိတ်အရ နန်းတော်ထဲမှာ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦး၏ အော်ရာများကို သူက အလွယ်တကူထောက်လှမ်းနိုင်သည်။

ထိပ်ဆုံးမှာထိုင်နေသော ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးအပြင် အောက်ဘက်ရှိ နန်းတော်၏ တစ်ဘက်တစ်ချက်စီမှာ မတူညီသောပုံသဏ္ဌာန်များနှင့် သားရဲဘုရင်များစွာရှိနေသည်။

သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်လာသည့်ခဏမှာပင် နန်းတော်ထဲရှိ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးက စကားပြောနေခြင်းကိုရပ်တန့်ပြီး လှည့်ကြည့်လာခဲ့သည်။

“အဲဒါဘယ်သူတွေလဲ”

သူတို့က သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသုံးယောက် ခန်းမထဲသို့ ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ ဘေးတစ်ဘက်တစ်ချက်စီမှာရှိသော သားရဲဘုရင်များက စိမ်းသက်သောအမူအရများဖြင့် အော်မေးလိုက်၏။

“မင်္ဂလာပါသားရဲဘုရင်တို့”

ကျားက အလောတကြီးရှေ့သို့ထွက်ပြီး သားရဲဘုရင်များကို ဦးညွှတ်ကာ ရှင်းပြလိုက်သည်။

“ကျုပ်တို့တွေက တစ်ဘက်တည်းသားတွေပါပဲ”

“ကျုပ်တို့သုံးယောက်က ကိုင်ယွီတိုင်းပြည်က သားရဲစစ်ဗိုလ်တွေပါ... ဒါက ကျုပ်တို့ရဲ့သွေးသောက်ညီကို သူကလည်း အရှေ့ဘက်အရိုင်းနယ်မြေကို ကူညီဖို့ရောက်လာတာပဲ”

ထိုစကားကိုကြားသောအခါ ဘေးပတ်လည်မှာရှိသော သားရဲဘုရင်များက ထူးဆန်းသောအမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာ သူတို့က စိတ်ကိုလျှော့ချပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသုံးယောက်ကို ခပ်ယဲ့ယဲ့အပြုံးများနှင့်အတူ ကြည့်နေကြသည်။

ကျားက သားရဲဘုရင်များ ဆက်လက်၍ရန်မလိုတော့သည်ကို တွေ့ရသောအခါ သူက စိတ်သက်သာစွာ သက်ပြင်းချပြီး ပြုံး၍ပြောလိုက်၏။

“ကျုပ်က ဟူပါးထျန်ပါ... ကျုပ်က သားရဲဧကရာဇ်ထျန်ဝူကို အရိုအသေပေးဖို့ ဒီကိုရောက်လာတာ... ကျုပ်မှာ သူ့ကိုအစီအရင်ခံတင်ပြစရာရှိပါတယ်”

“ငါပဲ”

ခန်းမ၏ အပေါ်ဘက်မှာ ဘယ်ဘက်တွင်ရှိသောအမျိုးသားက ဖြည်းဖြည်းချင်းပြောလိုက်သည်။

ကျားက အားတက်သရောရှိလာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သားရဲဧကရာဇ်ထျန်ဝူ... သားရဲဘုရင်ကိုင်ယွီက အခုပဲ အရှေ့ဘက်အရိုင်းနယ်မြေကို သစ္စာဖောက်ပြီး အပြာရောင်အဖွဲ့ထံ အညံ့ခံသွားခဲ့ပြီ... သူက တခြားသားရဲစစ်ဗိုလ်တွေကို ခြိမ်းခြောက်ဖို့နဲ့ ကျုပ်တို့ကို အတူတူအညံ့ခံစေဖို့အတွက် သားရဲဘုရင်တချို့ကိုတောင်မှ သတ်ဖြတ်ခဲ့တယ်”

“​ဪ.... ဟုတ်လား”

သားရဲဧကရာဇ်ထျန်ဝူက မျက်ခုံးအနည်းပင့်ပြီး အံ့အားသင့်စွာဖြင့်မေးလိုက်၏။

“အဲလိုမျိုးအရာ တကယ်ပဲဖြစ်သွားတာလား”

ထိုသို့ပြောရင်း သားရဲဧကရာဇ်ထျန်ဝူက သူ့ဘေးမှာရှိသောအမျိုးသားကို ကြည့်လိုက်သည်။

ထိုအမျိုးသားမှာ ထူးဆန်းသောရုပ်ရည်သွင်ပြင်နှင့် သူ၏ လည်ပင်းပေါ်မှာ သားရဲဦးခေါင်းနှစ်လုံးရှိနေလေသည်။ သူ၏ ခန္ဓာကိုယ်က သားရဲချီဖြင့် ပြည့်နှက်နေပြီး သူ၏ အကြည့်က ကြမ်းကြုတ်ခက်ထန်နေသည်။ ခေါင်းနှစ်လုံးမူကွဲတောကောင်နှင့် သားရဲဧကရာဇ်ထျန်ဝူက အကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းမှာ ပြုံးလိုက်ကြသည်။

ကျားက ဆက်ပြောလိုက်သည်။

“ကျုပ်တို့ညီကိုမောင်နှမလေးယောက်က အန္တရာယ်ကိုစွန့်စားပြီး ဒီကိုရောက်လာခဲ့တယ်ဆိုတာ ထိုက်အာတောင်ကြောရိုးမှာ ဘက်ပြောင်းသွားတာက ကိုင်ယွီတိုင်းပြည်တစ်ခုတည်းမကဘူးလို့ ခန့်မှန်းမိလို့ပဲ... အဲဒီမှာပုန်ကန်နေတဲ့တခြားတိုင်းပြည်က သားရဲဘုရင်တွေလည်း ရှိနေနိုင်ပါတယ်... ကျေးဇူးပြုပြီး အဲဒါအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ပေးပါ သားရဲဧကရာဇ်”

“မင်းတို့ကရော ဘယ်လိုရှင်သန်လာခဲ့တာလဲ”

ရုတ်တရက်သားရဲဧကရာဇ်ထျန်ဝူက မေးလိုက်သည်။

“အဲဒီအမှိုက်ကောင်ကိုင်ယွီက မင်းတို့တွေကို မသတ်ခဲ့ဘူးလား”

“ကျုပ်တို့က...”

ကျားက ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။

သားရဲဧကရာဇ်ထျန်ဝူ၏ စကားက တစ်နည်းတစ်ဖုံလွဲမှားနေသည်ကို သူကခပ်ရေးရေးအာရုံခံမိလာသည်။

သားရဲဧကရာဇ်ထျန်ဝူသာလျှင် မဟုတ်ပေ။ ဘေးပတ်လည်မှာရှိသော သားရဲဘုရင်များကလည်း ထူးဆန်းစွာ ပြုမူလာကြသည်။

ယခုတင် သူပြောလိုက်သောသတင်းမှာ သားရဲဘုရင်များစွာက အံ့အားသင့်မသွားရုံသာမက သူတို့၏ မျက်လုံးများက လှောင်ပြောင်သရော်လိုသော အငွေ့အသက်တစ်ခုကိုပင် ထုတ်ဖော်လာကြသည်။

သိုင်းတာအိုပင်မခန္ဓာက ခန်းမထဲသို့ ဝင်ရောက်လာသည့်အချိန်မှာ သူက စကားမပြောခဲ့ပေ။ ထိုအခိုက်အတန့်မှာတော့ နောက်ဆုံးသူက မေးခွန်းတစ်ခုမေးလိုက်သည်။

“သားရဲဧကရာဇ်ထျန်ဝူ... မင်းဘေးကလူက ဘယ်သူလဲ”

သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရာဇ်ထျန်ဝူနှင့် ခန်းမ၏ အပေါ်ဘက်မှာရှိသော တခြားလူကိုစိုက်ကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။

“ငါလား”

ရုတ်တရက် ခေါင်းနှစ်လုံးမူကွဲတောကောင်က သွားဖြီးပြလိုက်၏။

“ဟားဟားဟားဟား... မင်းတို့တွေက ငါ့ကိုတောင်မသိဘဲ ဒီအထိရောက်လာပြီး မင်းတို့ကိုယ်မင်းတို့ ဉာဏ်ကောင်းတယ် ထင်နေတယ်ပေါ့”

“ငါ့ရဲ့ဧကရာဇ်ဘွဲ့က ကျူးရှူပဲ”

ခေါင်းနှစ်လုံးမူကွဲတောကောင်က စကားကိုတစ်လုံးချင်းပြောလိုက်၏။

ဧကရာဇ်ဘွဲ့...။

နောက်ထပ်သားရဲဧကရာဇ်တစ်ပါး။

ကျားက ထိတ်လန့်သွားပြီး သူ၏ မျက်လုံးများက ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုကာ သူ့ကိုယ်သူဣန္ဒြေဆယ်ဖို့ အတတ်နိုင်ဆုံးကြိးစား၍ ပြုံးပြပြီး ချီးကျူးလိုက်၏။

“ဝိုး... ထိုက်အာတောင်ကြောရိုးက နောက်ထပ်သားရဲဧကရာဇ်တစ်ပါးကိုရလာခဲ့ပြီပဲ... ဂုဏ်ယူပါတယ်”

“ကျုပ်တို့ညီကိုမောင်နှမတွေ စိုးရိမ်နေတာက တကယ်မလိုအပ်ခဲ့ဘူးနဲ့တူတယ်... သားရဲဧကရာဇ်တို့ ကျုပ်တို့ခင်ဗျားတို့ကိုနှောက်ယှက်မိပြီ... ကျုပ်တို့အခုချက်ချင်းပြန်ပါတော့မယ်”

ထိုသို့ပြောရင်း ကျားက ရွှေခြင်္သေ့ကို မျက်စိမှိတ်ပြလိုက်၏။

သူတို့သည် သူတို့၏ အဆင့်အတန်းအရ သားရဲဧကရာဇ်ကျူးရှူကို တစ်ခါမှမတွေ့မြင်ဖူးခဲ့သော်လည်း သူ၏အမည်ကိုတော့ ကြားဖူးထားလေသည်။

သားရဲဧကရာဇ်ကျူးရှူသည် အစက တောင်ဘက်အရိုင်းနယ်မြေ၏ သားရဲဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်။

သို့သော်လည်း အပြာရောင်အဖွဲ့သည် တောင်ဘက်အရိုင်းနယ်မြေကို သိမ်းပိုက်ပြီးနောက် သားရဲဧကရာဇ်ကျူးရှူသည် အပြာရောင်အဖွဲ့၏ လက်အောက်မှ သားရဲဧကရာဇ်တစ်ပါးဖြစ်လာခဲ့သည်။

ထိုအခိုက်အတန့်မှာ သားရဲဧကရာဇ်ကျူးရှူက ထျန်ဝူနန်းတော်ထဲမှာ ပေါ်ထွက်လာပြီး သားရဲဧကရာဇ်ထျန်ဝူနှင့် ​ဘေးချင်းယှဉ်ထိုင်နေခြင်းသည် ကိစ္စများစွာကို ရည်ညွှန်းဖော်ပြနေ၏။

ကျားက ရင်ထဲမှာနင့်ခနဲဖြစ်သွား၏။

ထိုအခါမှသာ သူက နားလည်သဘောပေါက်လာခဲ့သည်။

သားရဲဘုရင်ကိုင်ယွီ၏ ပုန်ကန်မှုက လုံးဝတိုက်ဆိုင်မှု မဟုတ်ခဲ့ပေ။

ထိုက်အာတောင်ကြောရိုးတစ်ခုလုံးက အပြာရောင်အဖွဲ့၏ လက်အောက်သို့ ရောက်ရှိသွားပြီးလောက်လေပြီ။

သားရဲဧကရာဇ်ထျန်ဝူက အရှေ့ဘက်အရိုင်းနယ်မြေကို သစ္စာဖောက်ပြီးသွားတာဖြစ်ဖို့ အခွင့်များလေသည်။

ယခု သူတို့လေးယောက်က ထျန်ဝူနန်းတော်ကို ရောက်ရှိလာပြီး သားရဲဧကရာဇ်ထျန်ဝူကိုပင် သတင်းပေးပို့ကာ သူတို့က သေမင်းတံခါးဝကို ကိုယ်တိုင်ရောက်ရှိလာခြင်းဖြစ်သည်။

ချင်ချင်နှင့် ရွှေခြင်္သေ့တို့၏ အမူအရာပျက်ယွင်းနေကြသည်။

သားရဲဧကရာဇ်ထျန်ဝူက ညင်သာစွာပြုံးပြလိုက်၏။

“မင်းတို့တွေ ဒီကိုရောက်လာပြီဆိုမှတော့ ပြန်မနေနဲ့တော့”

ရွှစ်... ရွှစ်... ရွှစ်....

သားရဲဘုရင်များစွာက ရိပ်ခနဲပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသုံးယောက်ကိုဝိုင်းပတ်ကာ သူတို့၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့လိုက်ကြသည်။

“ငါ့လခွမ်းတဲ့မှ... သေစမ်းကွာ”

ကျားက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

သူတို့ညီကိုမောင်နှမလေးဦးသည် ယခုတင်ပြန်လည်ဆုံဆည်းခါစဖြစ်သည်။ သူတို့က ပြန်လည်ဆုံစည်းဖို့အတွက် သိပ်ကြာကြာဝမ်းမသာနိုင်ခင် သူတို့က အန္တရာယ်ကျရောက်လာလေသည်။

ရယ်လွန်းလျှင် ငိုရတတ်သည်။ ဤသည်က အကောင်းဆုံးဥပမာဖြစ်လေသည်။

ကျားသည် မကောင်းသောမျက်လုံးများနှင့်အတူ သူတို့ကို ငမ်းငမ်းတက်မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် သားရဲဘုရင်များကို ကြည့်လိုက်၏။ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူက အသံနှိမ့်၍ မေးလိုကိ၏။

“အစ်ကိုကြီး... ခင်ဗျားလိုမျိုး အထွတ်အထိပ်ဘုရင်တစ်ဦးက အဲဒါကို ရင်ဆိုင်နိုင်လား”

ထိုစကားကိုမေးလိုက်ချိန်မှာ ကျားသည် သူ့ဘာသာသူပင် ယုံကြည်မှုမရှိပေ။

ကောင်းကင်လိုဏ်ဂူနယ်ပယ်နှင့် ဧကရာဇ်နယ်ပယ်ကြား ကွာဟချက်က မိုးနှင့်မြေလိုဖြစ်သည်။

အထွတ်အထိပ်ဘုရင်များကို မပြောနှင့် ဧကရာတစ်ပိုင်းအဆင့် ပညာရှင်များပင် အစစ်အမှန်ဧကရာဇ်တစ်ပါး၏ ရှေ့မှာ မည်သည့်အရာကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ကျားက ပြောလိုက်သည်။

“အစ်ကိုကြီး ဒီတစ်ခေါက် ခင်ဗျားအရင်ဆုံးထွက်ပြေးပါလား... နောက်မှကျုပ်တို့သုံးယောက်အတွက် လာပြီးလက်စားချေပေါ့”

“ငါက ဘာလို့ထွက်ပြေးရမှာလဲ”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တည်ငြိမ်နေပြီး သူ၏ ဘေးပတ်လည်မှ ဘုရင်များစွာကို လျစ်လျူရှုထားသည်။

သူက သားရဲဧကရာဇ်ထျန်ဝူနှင့် သားရဲဧကရာဇ်ကျူးရှူကို သာကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ထွက်ပြေးရမဲ့သူက ငါတို့တွေ မဟုတ်ဘူး”

သူသည် ပကတိသိုင်းပိုင်နက်နယ်မြေနယ်ပယ်သို့ တက်လှမ်းလာပြီးနောက် သူသည် ဧကရာဇ်ပညာရှင်တစ်ဦးနှင့် ယခုအချိန်ထိ မတိုကိခိုက်ရသေးပေ။

သူ့ရှေ့မှ သားရဲဧကရာဇ်နှစ်ပါးနှင့်အတူ ပကတိသိုင်းတာအိုငရဲခန်းက စွမ်းအားလောက်များများကို ထုတ်ဖော်နိုင်မလဲ သူက စမ်းသပ်ကြည့်နိုင်ပေမည်။

All Chapters