← Chapters

ဧကရီဆိုးယုတ်

Vol. 196 Ch. 2937

ဧကရီဆိုးယုတ်

Vol. 196 Ch. 2937

ခုနှစ်ယောက်နှင့် တစ်ယောက်…။

ဒါ့အပြင် ထိုသူများသည် ထိပ်သီးအထွတ်အထိပ်ဧကရီများဖြစ်ကြသည်။ ဤသည်က တျဲယွဲ့၏ ခွန်အားဖြစ်လေသည်။

“အပြာရောင်အဖွဲ့ရဲ့ နောက်ခံကဘာလဲ”

ဆူဇီမိုက မေးလိုက်သည်။

“ငါသေချာမပြောတတ်ဘူး”

တျဲယွဲ့က ပြောလိုက်သည်။

“အစကတော့ သူတို့က အရေအတွက်အများကြီးမရှိပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အရမ်းကိုသန်မာတယ်… သူတို့က မဟာအရိုင်းကမ္ဘာကို ဆင်းသက်လာပြီးတဲ့နောက် သူတို့က အကြောင်းအရင်းမရှိဘဲ နေရာတိုင်းမှာ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်… မဟာအရိုင်းကမ္ဘာက မရေမတွက်နိုင်တဲ့သက်ရှိတွေက သူတို့ရဲ့ ချေမှုန်းသုတ်သင်ခြင်းခံခဲ့ရတယ်”

“အပြာရောင်အဖွဲ့ဆီမှာ အညံ့မခံသရွေ့ ဘယ်အဖွဲ့အစည်း… ဘယ်မျိုးနွယ်ကမှ မရှင်သန်နိုင်ဘူး… သူတိုက ခုခံဆန့်ကျင်မယ်ဆိုရင် သူတို့က သတ်ဖြတ်သုတ်သင်ခံရလိမ့်မယ်”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

အပြာရောင်အဖွဲ့၏ ပေါ်ထွက်လာမှုသည် မဟာအရိုင်းကမ္ဘာအတွက် မကျရောက်သင့်သော ကပ်ဘေးတစ်ခုကဲ့သို့ဖြစ်သည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မဟာအရိုင်းကမ္ဘာမှာ ပုံမှန်အတိုင်း ရှင်သန်နေထိုင်ကြသည်။

ဤကဲ့သို့သောပညာရှင်တစ်အုပ်စုက ရုတ်တရက်ပေါ်ထွက်လာပြီး နေရာတိုင်းမှာ လိုက်လံသတ်ဖြတ်နေသည်မှာ ကျိုးကြောင်းဆီလျော်မှုမရှိပေ။ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ရွေးချယ်စရာမရှိဘဲ ခုခံဆန့်ကျင်ရသည်။

တျဲယွဲ့က ပြောလိုက်သည်။

“ဧကရာဇ်ပညာရှင်တွေက သူတို့ရဲ့ အခြေခံအုတ်မြစ်ထိခိုက်ပြီး သူတို့စုဖွဲ့ထားတဲ့ လောက လှုပ်ခတ်သွားတာနဲ့ အဲဒါကို ပြန်လည်ကုသဖို့က ခဲယဉ်းလိမ့်မယ်… သူတို့တွေက ရင်းမြစ်ချီပမာဏများစွာကို လိုအပ်လိမ့်မယ်”

“အပြာရောင်အဖွဲ့က ဧကရာဇ်ပညာရှင်တွေက ထိခိုက်ဒဏ်ရာရသွားတိုင်း သူတို့က ဘာမှန်းမသိရတဲ့ နေရာတစ်ခုဆီကို ဆုတ်ခွာပြီး ပျောက်ကွယ်သွားကြတယ်… ဒါပေမဲ့ သူတို့တွေက အလျင်အမြန်သက်သာပျောက်ကင်းပြီး သိပ်မကြာခင်တစ်ကြော့ပြန်လာကြလိမ့်မယ်… အဲဒါက အပြာရောင်အဖွဲ့နဲ့ပတ်သက်ပြီး ကိုင်တွယ်ရခက်ခဲတဲ့ တစ်စိတ်တစ်ပိုင်းပဲ”

ဆူဇီမိုက ပြောလိုက်သည်။

“ပြောရမယ်ဆိုရင် အပြာရောင်အဖွဲ့မှာ နောက်ခံပေးထားတဲ့ ရင်းမြစ်ချီပမာဏများစွာကို ထောက်ပံ့ပေးနိုင်တဲ့ နေရာတစ်ခု ရှိနေတာပေါ့… အဲဒါက သူတို့ရဲ့ ကြေမွသွားတဲ့လောကတွေကို မြန်မြန်ဆန်ဆန်ကုသပေးနိုင်တာပဲ”

တျဲယွဲ့က ခေါင်ညိတ်ပြလိုက်သည်။

ရုတ်တရက်ဆူဇီမိုက မေးလိုက်သည်။

“အပြာရောင်အဖွဲ့ရဲ့ ပညာရှင်တွေကြားမှာ သရုပ်သကန်တံဆိပ်ပြားတွေလိုမျိုး ထူးခြားတဲ့ အမှတ်သင်္ကေတတွေရှိလား”

“အင်း”

တျဲယွဲ့က ပြောလိုက်သည်။

“အပြာရောင်အဖွဲ့က သက်ရှိတိုင်းမှာ ထူးခြားတဲ့ပစ္စည်းတစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ တံဆိပ်ပြားတစ်ခုစီရှိကြတယ်… အဲဒီပေါ်မှာ အပြာရောင်ဆိုတဲ့စာလုံးကိုရေးထားပြီး သူတို့ရဲ့ခါးမှာ ချိတ်ဆွဲထားကြတယ်”

“အပြာရောင် စာလုံးလား”

ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ နောက်ထပ်တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး တျဲယွဲ့ထံ အဲဒါကို ကမ်းပေးလိုက်သည်။

“ဒီလိုတံဆိပ်ပြားမျိုးလား”

တျဲယွဲ့က တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“တံဆိပ်ပြားကို ပြုလုပ်ထားတဲ့ပစ္စည်းက အတူတူပဲ… ဒါပေမဲ့ အဲဒီပေါ်က စာလုံးတွေကတော့ ကွာခြားနေတယ်”

ဆူဇီမိုထုတ်ပြလိုက်သောတံဆိပ်ပြားပေါ်မှာ မီးတောက်ဟူသောစာလုံးရှိနေသည်။ သူသည် ၎င်းကို တမလွန်ကိုးဘုံအပြစ်သားကုန်းမြေတွင် သူ့လက်ထဲမှာသေဆုံးခဲ့သော လူငယ်အမျိုးသားထံမှ ရရှိထားခဲ့သည်။

သူက ခဏမျှစဉ်းစားတွေးတောပြီးနောက် ရုတ်တရက်မေးလိုက်သည်။

“မင်း… ကောင်းကင်ဘုံခုံရုံးကို ကြားဖူးလား”

“ကောင်းကင်ဘုံခုံရုံးလား”

တျဲယွဲ့က ခေါင်းခါပြလိုက်သည်။

ဆူဇီမိုသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှာ သူကြုံတွေ့ခဲ့သည့်အရာကို အကြမ်းဖျင်းပြန်ပြောလိုက်သည်။

တျဲယွဲ့က ပြောလိုက်၏။

“ဧကရာဇ်ပညာရှင်အများစုက အပြာရောင်အဖွဲ့ရဲ့နောက်ကွယ်မှာ ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုရှိနေတယ်ဆိုတာကို အာရုံခံမိကြတယ်… ကြည့်ရတတော့ အဲဒါက ကောင်းကင်ဘုံခုံရုံးဖြစ်လောက်တယ်”

ဆူဇီမိုက သူ၏ ထင်မြင်ယူဆချက်ကို ပြောလိုက်သည်။

“အပြာရောင်အဖွဲ့ကလည်း ကောင်းကင်ဘုံခုံရုံးက လာတာဖြစ်လောက်တယ်”

သို့သော်လည်း တံဆိပ်ပြားများပေါ်ရှိ အပြာရောင်နှင့် မီးတောက်ဟူသော စာလုံးများက မည်သည့်အရာကို ဆိုလိုသည်ကို သူစဉ်းစားကြည့်လို့မရပေ။

အဲဒါသည် ကောင်းကင်ဘုံခုံရုံးမှ အဖွဲ့အစည်းတစ်ခုဖြစ်နိုင်မလား။

“ကောင်းကင်ဘုံခုံရုံးက ဘယ်နေရာမှာရှိတာလဲ”

တျဲယွဲ့သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်မေးလိုက်၏။

“နင်က တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို ခြေမွှဖျက်ဆီးပြီး နင့်ရဲ့လက်ဖဝါးပေါ်မှာ မီးတောက်အမှတ်အသားတစ်ခုရှိလာခဲ့တာမလား… အဲဒါဆိုရင် နင်က ကောင်းကင်ဘုံခုံရုံးရဲ့ အမဲလိုက်တာကိုသေချာပေါက်ခံရမှာပဲ… နင် အန္တရာယ်ကနေ ဘယ်လိုလွတ်မြောက်နိုင်ခဲ့လဲ”

“အခု အဲဒါကို ပြန်စဉ်းစားကြည့်မှပဲ… ငါ့နောက်ကို အမဲလိုက်ခဲ့တဲ့ ပညာရှင်က အထွတ်အထိပ်ဧကရာဇ်တစ်ပါးဖြစ်လောက်တယ်”

ဆူဇီမိုက ပြောလိုက်သည်။

“ငါ့ရဲ့ ခွန်အားနဲ့ အထွတ်အထိပ်ဧကရာဇ်တစ်ပါးကို လုံးဝမတိုက်ခိုက်နိုင်ဘူး… ဒါပေမဲ့ ငါထွက်ပြေးနေတဲ့အချိန်မှာ အရမ်းကိုထူးဆန်းတဲ့အရာတစ်ခုဖြစ်သွားတယ်”

“ကြယ်တာရာကောင်းကင်ထဲမှာ ငါက အဖြူရောင်ရစ်ငှက်တစ်ကောင်ကို ရုတ်တရက်တွေ့မြင်လိုက်ရတယ်”

“ဟမ်”

ထိုစကားကိုကြားသောအခါ တျဲယွဲ့၏ အမူအရာက ပြောင်းလဲသွားသည်။ သူမက ဆူဇီမိုကို စေ့စေ့စပ်စပ်ကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။

“နင်… နင် သူနဲ့တွေ့ခဲ့တာလား”

“သူက ဘယ်သူလဲ”

ဆူဇီမိုက မေးလိုက်သည်။

“ဧကရီဆိုးယုတ်”

တျဲယွဲ့သည် အတန်ကြာအောင် ငြိမ်သက်နေပြီးနောက် ညင်သာစွာပြောလိုက်၏။

“ဧကရီဆိုးယုတ်လား”

ဆူဇီမိုက သေသေချာချာပြန်လည်စဉ်းစားကြည့်လိုက်၏။

“အဲဒီအဖြူရောင်ရစ်ငှက်ကို တွေ့မြင်ပြီးတဲ့နောက် ငါက နောက်ထပ်လောကတစ်ခုထဲကို ဝင်ရောက်သွားတဲ့ပုံပဲ…. အဲဒီလောကမှာ အနက်နဲ့အဖြူက ပြောင်းပြန်ဖြစ်ပြီး မိုက်မဲမှုက ကြီးစိုးနေတယ်… ငါက အဲဒီမှာ အာရှဲ့လို့ခေါ်တဲ့ မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တာကို ခပ်ရေးရေးမှိတ်မိသေးတယ်”

“သူက ဧကရီဆိုးယုတ်များ ဖြစ်နိုင်မလား”

တျဲယွဲ့က တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“သူ့ရဲ့ အစစ်အမှန်ပုံစံက အဖြူရောင်ရစ်ငှက်လား”

ဆူဇီမိုက ထပ်မေးလိုက်သည်။

တျဲယွဲ့က ခေါင်းခါပြလိုက်သည်။

“အဲဒါက သူဖန်တီးထားတဲ့ အိပ်မက်တစ်ခုပဲ… အဖြူရောင်ရစ်ငှက်နဲ့ ကြုံတွေ့ရတဲ့ ဘယ်သူမဆို နိမိတ်ဆိုးဘေးဒုက္ခတွေနဲ့ ကြုံတွေ့ရလိမ့်မယ်… နင်တွေ့ကြုံခဲ့တဲ့အရာရာတိုင်းက သူဖန်တီးထားတဲ့ အိပ်မက်ထဲမှာပဲ”

“အဲဒါကြောင့်နင်နိုးလာတဲ့အခါ အဲဒီမှာ နင်ရှင်းရှင်းလင်းလင်းမမှတ်မိနိုင်တဲ့ ကိစ္စများစွာရှိနေလိမ့်မယ်... အဲဒါက အိပ်မက်တစ်ခုရဲ့ သွင်ပြင်လက္ခဏာတွေထဲက တစ်ခုပဲ”

“နောက်ပြီး အဲဒီအိပ်မက်ထဲမှာ နင်က အစစ်အမှန်လား အိပ်မက်လားဆိုတာကို ခွဲခြားနိုင်မှာမဟုတ်ဘူး”

“အဲဒီအိပ်မက်ထဲမှာ ဘယ်လောက်ထူးဆန်းတဲ့အရာတွေပဲဖြစ်ဖြစ် နင်က အိပ်မက်ထဲမှာ မူမမှန်မှုတစ်ခုခုကို သတိထားမိမှာ မဟုတ်ဘူး… နင်က အိပ်မက်ကနေ နိုးထလာပြီးမှပဲ အဲဒါက ထူးဆန်းပြီး အခြေအမြစ်မရှိဘူးလို့ ခံစားရလိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့သည်။

တျဲယွဲ့ပြောသောအရာရာတိုင်းက သူဖြစ်ပျက်ခဲ့သည့်အရာနှင့် ကိုက်ညီလေသည်။

သူသည် ထိုဘဝမှာ သူ၏ အတွေ့အကြုံများကို ဘယ်လိုပင်ကြိုးစားကာ ပြန်စဉ်းစားကြည့်သည်ဖြစ်စေ သူသည် မှတ်ဉာဏ်အပိုင်းအစတချို့ကိုသာ ပြန်လည်စဉ်းစားကြည့်နိုင်လေသည်။

ထူးဆန်း၍ အခြေအမြစ်မရှိသော နားလည်ရခက်သည့် ကိစ္စများစွာက ထိုလောကမှာ ဖြစ်ပွားနေခဲ့သည်မှာ မထူးဆန်းတော့ပေ။ သို့သော်လည်း ထိုအချိန်တုန်းက သူသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိမထားမိခဲ့ပေ။

သူသည် ထိုလောကမှာ မကျင့်ကြံနိုင်ဘဲ သိုင်းတာအိုကိုလည်း အမှတ်မရခဲ့ပေ။

အလိမ်အညာနှင့် အမှောင်ထုဖြင့် ပြည့်နှက်နေသော ထိုလောကမှာ သူသည် ဘယ်တုန်းကမှ အညံ့မခံခဲ့ပေ။ သူသည် ထိုနေရာနှင့် ကွဲလွဲဆန့်ကျင်နေပြီး ရှင်သန်ဖို့ခက်ခဲနေခဲ့သည်။ သို့သော်လည်း သူက တစ်ဘဝလုံးစာ ရှင်သန်နေထိုင်ခဲ့သည်။

ထိုအိပ်မက်ကနေ သူနိုးထလာပြီးနောက် အဲဒါက အိပ်မက်တစ်ခုဖြစ်သည့်အလား အရာရာတိုင်းက စိတ်ကူးယဉ်ဆန်နေသည်ဟု ခံစားရသည်။

“ဧကရီဆိုးယုတ်လား”

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“သူက ဘယ်သူလဲ… သူက ဒီလိုအိပ်မက်တစ်ခုကို ဘာလို့ဖန်တီးပြီး ငါ့ကိုဆွဲခေါ်သွင်းခဲ့တာလဲ… အဲဒီအိပ်မက်ထဲမှာ ငါ့နောက်ကိုလိုက်လာခဲ့တဲ့ ကောင်းကင်ဘုံခုံရုံးက အထွတ်အထိပ်ဧကရာဇ်ကို ငါတွေ့လိုက်သလိုပဲ… ဒါပေမဲ့ ငါနိုးထလာတဲ့အချိန်မှာ အထွတ်အထိပ်ဧကရာဇ်က မရှိတော့ဘူး”

“သူက ထပ်ပြီးပေါ်လာတော့မှာ မဟုတ်ဘူး”

တျဲယွဲ့က ခေါင်းခါပြလိုက်သည်။

“သူသေသွားတာလား”

တျဲယွဲ့က အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။

“အဲဒါကို သေတယ်လို့မဆိုနိုင်ဘူး… ဒါပေမဲ့ အဲဒါက သေတာထက်ပိုဆိုးတဲ့ ကံကြမ္မာပဲ”

“စောစောတုန်းက မဟာဧကရာဇ်တွေနဲ့ မဟာကမ္ဘာတစ်ထောင်လောကအကြောင်း ငါ့ကိုတစ်ယောက်ယောက်က ပြောခဲ့တယ်လို့ ငါနင့်ကိုပြောခဲ့တယ်လေ… အဲဒီသူက ဧကရီဆိုးယုတ်ပဲ”

တျဲယွဲ့က ပြောလိုက်သည်။

“အစကတော့ ငါက ဒီကိစ္စနဲ့ နင့်ကို မထိတွေ့စေချင်ခဲ့ဘူး… အခုတော့ နင်က သူနဲ့တွေ့ပြီးခဲ့ပြီပဲ”

“တကယ်တော့ နင်ကြုံတွေ့ခဲ့တဲ့ အဖြူရောင်ရစ်ငှက်ရဲ့ အိပ်မက်က နင့်အတွက် စမ်းသပ်ချက်တစ်ခုလိုပဲ”

“နင်က အဲဒီအိပ်မက်ကမ္ဘာမှာရှိတဲ့ အမှောင်ထုရဲ့ စိုးမိုးခြင်းခံရပြီး အလိုက်သင့်နေထိုင်မယ် အညံ့ခံမယ်ဆိုရင် နင်က အဲဒီအိပ်မက်ကနေ ဘယ်တော့မှ ရုန်းထွက်လာနိုင်မှာ မဟုတ်တော့ဘူး”

“နင်က အဲဒီထဲမှာ ထာဝရပိတ်မိသွားပြီး အထဲမှာရှိတဲ့ တောကောင်တွေထဲက တစ်ကောင်ဖြစ်လာလိမ့်မယ်”

“ဧကရီဆိုးယုတ်ရဲ့ အပြုအမူက အရမ်းကို ထူးခြားတယ်… တစ်ယောက်ယောက်က သူ့ရဲ့ရွေးချယ်တာကို ခံရမယ်ဆိုရင် အဲဒါက ဘယ်သူပဲဖြစ်ဖြစ် သူတို့တွေက စမ်းသပ်ခံရမဲ့ အိပ်မက်ထဲကို ဆွဲခေါ်ခံရလိမ့်မယ်”

“နင်က အဲဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မယ်ဆိုရင် နင်က ရှင်သန်နိုင်မယ်… နင်မဖြတ်ကျော်နိုင်ဘူးဆိုရင် နင်ကတောကောင်တစ်ကောင်အဖြစ်လျှောကျပြီး သေတာထက်ပိုဆိုးတဲ့ဘဝနဲ့ အဲဒီကမ္ဘာမှာ ထာဝရပိတ်မိနေလိမ့်မယ်”

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အာရှဲ့ပြောခဲ့သည့် တစ်စုံတစ်ရာကို ရုတ်တရက်အမှတ်ရသွားသည်။

သူတို့တွေက တောကောင်တစ်အုပ်စုပဲ…

ရုတ်တရက်ဆိုသလို ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။ အလွန်တရာအရေးကြီးသော သတင်းအချက်အလက်တစ်ခုက ပေါ်ထွက်လာသည့်အလားပင်။

“တောကောင်… တောကောင် ဆိုတော့...”

ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဧကရီဆိုးယုတ်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲက တောကောင်တာအိုရဲ့ မဟာဧကရီဖြစ်လောက်တယ်”

ထိုစကားကိုကြားသောအခါ တျဲယွဲ့က ဆူဇီမိုကို အံ့အားသင့်စွာဖြင့်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

“နင်က တောကောင်တာအိုကို တကယ်ပဲ သိထားတာလား”

All Chapters