← Chapters

လူသားတာအို

Vol. 196 Ch. 2938

လူသားတာအို

Vol. 196 Ch. 2938

တောကောင်တာအိုသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲက တစ်ခုဖြစ်ပြီး အဲဒါက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သို့သော်လည်း ဆူဇီမိုသည် တောကောင်တာအိုမှာ သီးသန့်စကြာဝဠာတစ်ခုရှိပြီး အဲဒီမှာ မဟာဧကရာဇ်ပညာရှင်တစ်ဦးရှိသည်ကို သိရှိထားသသည့်အတွက် သူမက အံ့အားသင့်သွားခြင်းဖြစ်သည်။

ဆူဇီမိုက ပြုံးပြလိုက်သည်။

“ငါက တောကောင်တာကို သိရုံတင်မကဘူး… မင်းက တမလွန်ဘုံကိုသွားပြီး အဲဒီမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု စတင်ခဲ့တယ်ဆိုတာလည်း ငါသိတယ်”

တျဲယွဲ့က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် တမလွန်ဘုံမှ သက်ရှိများကလွဲလျှင် အခြားမည်သူမဆို ဤအကြောင်းအရာကို သိရှိထားဖို့ မဖြစ်နိုင်ပေ။

တျဲယွဲ့က ပြောလိုက်သည်။

“ကြည့်ရတာ နင်က တက်လှမ်းလာပြီးတဲ့နောက် အတွေ့အကြုံတွေအများကြီးရထားတဲ့ပုံပဲ”

သူတို့နှစ်ယောက်က အစိမ်းရောင်ကျောက်တုံးပေါ်မှာ စကားများစွာပြောခဲ့ကြသည်။ သို့သော်လည်း တျဲယွဲ့သည် နောက်ပိုင်း သူ့ပခုံးပေါ်မှာ အိပ်ပျော်သွားပြီး သူက ဆက်လက်၍ မပြောဆိုဖြစ်ခဲ့ပေ။

“အရင်တုန်းက မဟာအရိုင်းကမ္ဘာမှာ ဘာဖြစ်သွားခဲ့တာလဲ”

ဆူဇီမိုက မေးလိုက်သည်။

တျဲယွဲ့က ပြန်ပြောင်းစဉ်းစားနေသောအမူအရာတစ်ခုနှင့်အတူ အဝေးတစ်နေရာကို ငေးကြည့်နေ၏။ ခဏနေပြီးနောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အပြာရောင်အဖွဲ့ အရင်ဆုံးပေါ်လာတုန်းက သူတို့ဘက်မှာ အထွတ်အထိပ်ဧကရာဇ်တချို့ရှိတယ်ဆိုပေမဲ့ သူတို့ရဲ့ စွမ်းအားက အခုထက်အများကြီးနိမ့်ကျတယ်”

“ငါတို့တွေက အကြိမ်ရေအနည်းငယ်တိုက်ခိုက်ပြီး နောက်ဆုံးမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့တယ်… အဲဒီတိုက်ပွဲမှာ အပြာရောင်အဖွဲ့က ပြင်းထန်တဲ့ပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ပြီး ဧကရာဇ်ပညာရှင်တချို့ကို ဆုံးရှုံးခဲ့ရတယ်… ကျန်တဲ့သူတွေကလည်း ဒဏ်ရာအပြင်းအထန်နဲ့နောက်ဆုတ်သွားပြီး ငါကလည်း ဒဏ်ရာရခဲ့တယ်”

“အဲဒီအချိန်တုန်းက ငါက အဖြူရောင်ရစ်ငှက်ကို တွေ့မြင်ခဲ့တယ်”

အဖြူရောင်ရစ်ငှက်၏ ပေါ်ထွက်လာမှုသည် ဧကရီဆိုးယုတ်၏ ပေါ်ထွက်လာမှုကို ရည်ညွှန်းလေသည်။

ဆူဇီမိုက မေးလိုက်သည်။

“မင်းလည်း အဲဒီအိပ်မက်ထဲကို ဆွဲခေါ်ခံလိုက်ရတာလား”

တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့ ငါက အဖြူရောင်ရစ်ငှက်ရဲ့ အိပ်မက်ထဲမှာ ဆယ်နှစ်ကြာပြီးတဲ့နောက် တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိပြီး သူ့ရဲ့အိပ်မက်ကနေ ရုန်းထွက်လာနိုင်ခဲ့တယ်”

ဆူဇီမိုက မှင်တက်သွားသည်။

တျဲယွဲ့က အဲဒါကို အေးအေးဆေးဆေးပြောဆိုနေသော်လည်း ထိုသို့ပြုလုပ်ဖို့ ဘယ်လောက်ခက်ခဲသလဲ သူသာလျှင် သိရှိထားသည်။

သူ၏ တာအိုနှလုံးသားနှင့်ပင် သူသည် အဖြူရောင်ရစ်ငှက်၏ အိပ်မက်ထဲ ကျဆင်းသွားပြီးနောက် ရုန်းထွက်မလာနိုင်ခဲ့ပေ။

ဒါ့အပြင် ဤသည်မှာ ဧကရီဆိုးယုတ်ဖန်တီးထားသော အိပ်မက်တစ်ခုဖြစ်သည်။ တျဲယွဲ့အနေဖြင့် ထိုထဲကနေ ရုန်းထွက်လာနိုင်ခဲ့သည်မှာ သူမက ဘယ်လောက်အစွမ်းအစရှိသလဲ သိသာစေသည်။

တျဲယွဲ့က ပြောလိုက်၏။

“ငါက အဲဒီအိပ်မက်ထဲကနေ ရုန်းထွက်လာခဲ့ပေမဲ့ ငါက မဟာအရိုင်းကမ္ဘာမှာမရှိတော့ဘူးဆိုတာကို တွေ့လိုက်ရတယ်… အဲဒီအစား ငါက အရမ်းကိုစိမ်းသက်တဲ့ကမ္ဘာတစ်ခုကို ရောက်နေတယ်… အဲဒီမှာ မျက်လုံးနီနီနဲ့သတ္တဝါတွေက ဝိုင်းပတ်ထားတယ်… သူတို့က အရမ်းကို ရန်လိုခက်ထန်ကြတယ်”

“တောကောင်တာအိုလား”

ဆူဇီမိုက မေးလိုက်သည်။

တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။

“အဲဒီမျက်လုံးနီနီနဲ့ သတ္တဝါတွေက လူမဆန်ကြဘူး… သူတို့တွေက တောရိုင်းတိရစ္ဆာန်တွေလိုပဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ကို ဆိုးယုတ်စိတ်ဝိညာဉ်တွေလို့ ခေါ်ကြတယ်”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည်။

တျဲယွဲ့က ဆက်ပြောလိုက်သည်။

“ဧကရီဆိုးယုတ်က ပေါ်ထွက်လာပြီး မဟာဧကရာဇ်တွေ.. ရင်းမြစ်ချီနဲ့ မဟာကမ္ဘာတစ်ထောင်လောကနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့ကို ငါ့ကိုပြောပြခဲ့တယ်”

“နောက်ပိုင်း သူက ငါ့ကို ရွေးချယ်စရာနှစ်ခု ပေးခဲ့တယ်.. ပထမတစ်ခုက ငါက အနာဂတ်မှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာမယ်ဆိုရင် ငါက သူ့ကို ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ကူညီပေးရမယ်… ငါသဘောတူမယ်ဆိုရင် သူက ငါ့ကို မဟာအရိုင်းကမ္ဘာဆီ ချက်ချင်းပြန်ပို့ပေးလိမ့်မယ်”

“သူ့ကို ကူညီပေးစေချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ သူက ထိန်ချန်ထားတဲ့ပုံပဲ… သူက အဲဒါကို ရှုင်းရှင်းလင်းလင်း မပြောဆိုခဲ့ဘူး”

“ဒုတိယရွေးချယ်စရာကတော့ ငါ့ဘာသာငါ ကိုယ့်အသက်ကို ကြံဖန်မွေးဖို့ပဲ”

တျဲယွဲ့အပေါ် ဆူဇီမိုနားလည်ထားသလောက် သူမသည် သေချာပေါက် အပေးအယူလုပ်လိမ့်မယ်မဟုတ်ပေ။ သူမက တခြားသူများ၏ ထိန်းချုပ်မှုကို ခံယူလိမ့်မည်မဟုတ်ပေ။

ဆူဇီမိုက ပြောလိုက်သည်။

“မင်းက ဒုတိယလမ်းကိုရွေးချယ်ခဲ့တာဖြစ်ရမယ်”

တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်သည်။

“တောကောင်တာအိုက တောကောင်တွေ… ဆိုးယုတ်စိတ်ဝိညာဉ်တွေနဲ့ ပြည့်နှက်နေတာ.. အပြင်လူတစ်ယောကအနေနဲ့ မင်းက အဲဒီနေရာမှာ သေချာပေါက်ခက်ခဲမှာပဲ”

တျဲယွဲ့က ပြောလိုက်သည်။

“အဲဒီဆိုးယုတ်စိတ်ဝိညာဉ်တွေက ငါ့အတွက်ဘာမှမဟုတ်ဘူး… ဒါပေမဲ့ မဟာဧကရာဇ်တစ်ပါးရဲ့ စွမ်းအားမရှိဘဲ ငါက တောကောင်တာအိုရဲ့ လောကအဟန့်အတားကိုချိုးဖျက်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားဖို့က မဖြစ်နိုင်ဘူး”

“အဲဒါကြောင့် မင်းက တမလွန်ဘုံကို ဝင်ရောက်ခဲ့တာပေါ့”

ဆူဇီမိုက မေးလိုက်သည်။

တျဲယွဲ့က ခေါင်းညိတ်ပြလိုက်သည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ထပ်မေးလိုက်သည်။

“ယေဘုယျအားဖြင့်ဆိုရင် တောကောင်တာအိုနဲ့ တမလွန်ဘုံကြားမှာ လောကအဟန့်အတားတစ်ခု ရှိတယ်… မင်းအဲဒါကို ဘယ်လိုချိုးဖျက်ခဲ့လဲ”

အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် ငရဲတာအိုကနေ တမလွန်ဘုံသို့ဝင်ရောက်ခဲ့သည်မှာ ငရဲအဝါရောင်စိမ့်စမ်းသည် တမလွန်ဘုံနှင့် ချိတ်ဆက်ထားပြီး ထိုနေရာမှာရှိသော လောကအဟန့်အတားက အတော်လေးအားနည်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် သူက‌ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

တျဲယွဲ့က ပြောလိုက်သည်။

“တောကောင်တာအိုမှာ အပေါ်ကနေ တန်းပြီးကျဆင်းနေတဲ့ ရေတံခွန်တစ်ခုရှိတယ်… ရေစီးကြောင်းကိုဆန်ပြီး ရေတံခွန်အတိုင်း လိုက်ပါသွာမယ်ဆိုရင် သူတို့တွေက လျှို့ဝှက်ဆန်းကြယ်တဲ့မြစ်တစ်ခုထဲကို ဝင်ရောက်နိုင်တယ်”

ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ခုပေါ်ထွက်လာပြီး သူက လွှတ်ခနဲပြောလိုက်၏။

“တမလွန်မြစ်”

တျဲယွဲ့၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ ခဏနေပြီးနောက် သူမက ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ပဲ… အဲဒါက တမလွန်မြစ်”

ငရဲတာအိုမှာတုန်းက လေဟာနယ်ယက္ခနှင့် ငရဲအရှင်ခါးသက်စိမ့်စမ်းသည် တမလွန်မြစ်နှင့်ပတ်သက်သည့် ဒဏ္ဍာရီတချို့ကိုပြောပြခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာက ထိုမြစ်ထဲသို့ စိမ့်ဝင်ထိုးဖောက်ဖို့ပင် ကြိုးစားခဲ့သည်။

သို့သော်လည်း သူက သိပ်ကြာကြာတောင့်မခံနိုင်ဘဲ ပြန်လည်းဆုတ်ခွာလာခဲ့ရသည်။

ငရဲ၏ စိမ့်စမ်းကိုးခုသည် ထူးဆန်း၍ စွမ်းအားကြီးမားသော စွမ်းအားအမျိုးမျိုးကို ပိုင်ဆိုင်ထားလေသည်။ စိမ့်စမ်းကိုးခု၏ အရင်းအမြစ်က တမလွန်မြစ်ဖြစ်သည်။

တစ္ဆေတာအိုမှာ ဗြဟ္မာတစ္ဆေမိခင် နေထိုင်ရာဘဝမြစ်လည်းရှိလေသည်။

ဘဝမြစ်၏ အရင်းအမြစ်သည်လည်း တမလွန်မြစ်ဖြစ်သည်။ ထို့ကြောင့် တောကောင်တာအိုမှာ ပြောင်းပြန်စီးဆင်းနေသော ရေတံခွန်ရှိသည်ကို တျဲယွဲ့ထံမှာ သူကြားသိရသောအခါ သူက တမလွန်မြစ်ကို ချက်ချင်းပင်တွေးမိသွားခဲ့သည်။

ထိုကိစ္စမှာ တမလွန်မြစ်မှာ တမလွန်ဘုံ၏ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နှင့် ချိတ်ဆက်ထားသော မြစ်လက်တက်ခုနှစ်ခု ရှိနေဖို့ ဖြစ်နိုင်ခြေများလေသည်။

တျဲယွဲ့က တစ်စုံတစ်ရာကို အမှတ်ရသွားပုံရပြီး စိုးရိမ်ပူပန်သော အမူအရာနှင့်အတူ သူမ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။

“တမလွန်မြစ်ရဲ့အဆုံးမှာ တကယ့်ကြောက်မက်ဖွယ်ရာတစ်ခုရှိတယ်.. နင်သတိထားရမယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

တျဲယွဲ့ပင်လျှင် စိုးရိမ်ပူပန်ရသည်ဆိုလျှင် တမလွန်မြစ်၏ အဆုံးမှာ ဘာရှိနေတာလဲ။

ခဏနေပြီးနောက် တျဲယွဲ့က ဆက်ပြောလိုက်၏။

“ငါက တမလွန်မြစ်နောက်လိုက်ပါပြီး တမလွန်ဘုံကို ဝင်ရောက်ခဲ့တယ်”

တမလွန်ဘုံမှာ သူ့ကိုယ်ပိုင်လောကစည်းမျဉ်းရှိလေသည်။

ဝိညာဉ်များသာလျှင် တမလွန်ဘုံသို့ ဝင်ရောက်နိုင်ကြသည်။

တျဲယွဲ့ကဲ့သို့ အသွေးအသားခန္ဓာကိုယ်နှင့် တည်ရှိမှုတစ်ခုသည် တမလွန်ဘုံသို့ အတင်းအကျပ်ဝင်ရောက်မည်ဆိုလျှင် တမလွန်ဘုံမှ ပညာရှင်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုနှင့် ဟန့်တားနှောက်ယှက်မှုကို သေချာပေါက် ကြုံတွေ့ရပေလိမ့်မည်။ ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ပွားလာဖို့က မလွဲဧကန်ပင်။

တျဲယွဲ့၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲလက်လာပြီး သူမက မှင်သေသေဖြင့်ပြောလိုက်၏။

“အဲဒီမှာရှိတဲ့ တစ္ဆေဧကရာဇ်အုပ်စုက ရိုင်းရိုင်းပျပျပြောဆိုပြီး ငါ့ကို တမလွန်ဘုံမှာ ထာဝရထိန်းထားချင်တယ်… အဲဒါကြောင့် ငါလည်း သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ခဲ့ရတယ်”

တျဲယွဲ့က အဲဒါကို သာမန်ကာလျှံကာ ပြောဆိုနေသော်လည်း သူမသည် တစ်ခါက တမလွန်ဘုံ၏ ဧကရာဇ်ဆယ်ပါးကျော်ကို သတ်ဖြတ်ခဲ့ပြီး သူတို့ထဲမှ တစ္ဆေဧကရာဇ်ငါဦးပင်ပါဝင်သည်ကို ဆူဇီမိုက သိရှိထားသည်။

တစ္ဆေဧကရာဇ်ငါးဦးစလုံးက အထွတ်အထိပ်ဧကရာဇ်များဖြစ်ကြသည်။

တျဲယွဲ့က ပြောလိုက်၏။

“နောက်ပိုင်း ငါက ပေါဒူတောင်ဆီ သတ်ဖြတ်ခြင်းနဲ့လမ်းဖောက်ပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့ ဝင်ပေါက်ကို တွေ့မြင်ခဲ့တယ်”

“ငါက တမလွန်ဘုံက တစ္ဆေဧကရာဇ်တချို့ကို သတ်ဖြတ်ပြီး ဒဏ်ရာရရှိလာခဲ့ပေမယ့် ငါက လူသားတာအိုထဲကို ခုန်ချခဲ့တယ်”

ထိုနေရာအရောက်မှာ တျဲယွဲ့သည် ခဏမျှရပ်တန့်ပြီး ဆူဇီမိုကို ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

“ငါနိုးထလာတဲ့အချိန်မှာ နင်ကငါ့ကိုပွေ့ချီသွားခဲ့ပြီ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ကြက်သေသေနေ၏။

ဤကိစ္စသည် သူမျှော်လင့်ထားသည်ထက် လုံးဝကို ကျော်လွန်နေ၏။

တျဲယွဲ့သည် ဤကဲ့သို့သော နည်းလမ်းကနေတစ်ဆင့် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာခဲ့သည်။

လမ်းခြောက်သွယ်ကို ကောင်းကင်ဘုံတာအို၊ လူသားတာအို၊ အဆူရာတာအို၊ တောကောင်တာအို၊ တစ္ဆေတာအိုနှင့် ငရဲတာအိုဟူ၍ ခွဲခြားထားသည်။

လူသားတာအိုက ထျန်ဟွမ်ကုန်းမြေတိုက်ကို ဦးတည်နေတာလား။

သို့မဟုတ် လူသားတာအိုသည် ကမ္ဘာငယ်တစ်ထောင်လောကဆီကို ဦးတည်နေတာလား။

သို့သော်လည်း တိုက်ဆိုင်သောကံကြမ္မာကြောင့် တျဲယွဲ့သည် ဘီလီယံနှင့်ချီသော ကမ္ဘာငယ်တစ်ထောင်လောကများထဲမှ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်ရောက်ရှိလာခဲ့သည်။

ရုတ်တရက် ဆူဇီမိုက အခြားတစ်စုံတစ်ရာကို တွေးမိသွား၏။

သူမသည် ထျန်ဟွမ်ကုန်မြေတိုက်မှ ပါရမီပန်းတစ်ပွင့်ကို ရရှိထားခဲ့သောကြောင့် သူမသေဆုံးပြီးနောက် သူမ၏ ယခင်ဘဝမှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်ခဲ့သည်ဟု ကြင်ယာတော်ယုက ပြောခဲ့ဖူးသည်။

သို့သော်လည်း ပါရမီပန်းသည် တမလွန်ဘုံရှိ အဝါရောင်စိမ့်စမ်းလမ်း၏ တစ်ဘက်တစ်ချက်စီမှသာ ပေါက်ရောက်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ ရှိမနေသင့်ပေ။

တျဲယွဲ့ကတော့ သူမသည် တမလွန်ဘုံ၏ လူသားတာအိုကနေတစ်ဆင့် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာခဲ့သည်။

“မင်း တမလွန်ဘုံနေ ထွက်ခွာလာခဲ့တုန်းက ပါရမီပန်းတစ်ပွင့်ကို ခူးယူခဲ့သေးလား”

ဆူဇီမိုက အလိုလိုမေးလိုက်သည်။

တျဲယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ခဏမျှစဉ်းစားတွေးတောပြီးနောက် ပြောလိုက်သည်။

“ငါ… အဲလိုမျိုး လုပ်ခဲ့တဲ့ပုံပဲ… အဲဒီအချိန်တုန်းက ငါက လမ်းဘေးမှာပေါက်နေတဲ့ အနီရောင်တောက်တောက်ပန်းတချို့ကို တွေ့မြင်ခဲ့တယ်.. အဲဒါက ငါ့ရဲ့ အဝတ်အစားအရောင်နဲ့ဆင်တူတယ်… အဲဒါကြောင့် ငါက သာမန်ကာလျှံကာ ခူးယူလာခဲ့တယ်”

“ဒါပေမဲ့ ငါနိုးထလာတဲ့အချိန်မှာ အဲဒီပန်းက မရှိတော့ဘူး… ငါလည်း အဲဒါကို ရှာမနေတော့ဘူး။”

All Chapters