← Chapters

ဆိုးယုတ်မိစ္ဆာ

Vol. 196 Ch. 2939

ဆိုးယုတ်မိစ္ဆာ

Vol. 196 Ch. 2939

တကယ်ပင်။

ပါရမီပန်းကို တမလွန်ဘုံကနေ ထျန်ဟွမ်ကုန်းမြေတိုက်သို့ တျဲယွဲ့ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တိုက်ဆိုင်မှုတချို့ဖြင့် ထိုအရာကို ကြင်ယာတော်ယုက ရရှိသွားခဲ့သည်။

ကြင်ယာတော်ယု တက်လှမ်းလာပြီးနောက် သူမ၏ ဝိညာဉ်သည် တမလွန်ဘုံသို့ ကျဆင်းပြီး အဝါရောင်စိမ့်စမ်းရေဖြင့် ဆေးကြောသန့်စင်ခြင်းခံရသည်။ သို့သော်လည်း သူမသည် ပါရမီပန်းကို ယူဆောင်လာခဲ့သောကြောင့် သူမ၏ ယခင်ဘဝမှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်ပြီး ငရဲမှာ ပြန်လည်မွေးဖွားလာခဲ့သည်။

ယခု ကိစ္စများစွာကို တွေးတောရင်း ဆူဇီမို၏ ရင်ထဲမှာ ပိုမိုကြီးမားသော သံသယတစ်ခုပေါ်ထွက်လာသည်။

“လူသားတာအို… ထျန်ဟွမ်ကုန်းမြေတိုက်”

ဆူဇီမိုက အနည်းငယ်မျက်မှောင်ကြုတ်ပြီး အလေးအနက်စဉ်းစားတွေးတောနေ၏။

တကယ်တော့ တျဲယွဲ့သည် လူသားတာအိုကနေတစ်ဆင့် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာပြီးမှ တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်သည်။

သို့သော်လည်း ထိုသို့ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

ထျန်ဟွမ်ကုန်းမြေတိုက်သည် ဘီလီယံနှင့်ချီသော ကမ္ဘာငယ်တစ်ထောင်လောကများထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းသည် အခြားသောကမ္ဘာငယ်တစ်ထောင်လောကများနှင့် တကယ်ပင်ကွာခြားနေသည်။

ကမ္ဘာငယ်တစ်ထောင်လောကတိုင်းမှာ အထက်ဘုံမှဆင်းသက်လာသောရတနာအချို့ အနည်းနှင့်အများဆိုသလို ရှိနေပေလိမ့်မည်။

အဲဒါက ယုတ္တိတန်နေသေးသည်။

သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှရတနာအချို့သည် အထက်ဘုံကနေသာလာခြင်း မဟုတ်ပေ။

ကြည့်ရသည်မှာ သူရရှိထားသည့် ဖန်တီးခြင်းကြာပဒုမ္မာသည် မဟာတစ်ထောင်လောကကနေလာဖို့ ဖြစ်နိုင်ခြေများသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာရရှိထားသည့် တမလွန်မီးရောင်ကျောက်တုံးနှင့် မီးပဒေသာကျောက်တုံးတို့ကတော့ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့နှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို ရှာမတွေ့ပေ။ သူတို့သည်လည်း မဟာတစ်ထောင်လောကကနေလာခြင်း ဖြစ်နိုင်သည်။

ထျန်ဟွမ်ကုန်းမြေတိုက်က ဘာလို့အဲလောက်ထိ ထူးခြားနေရတာလဲ။

ဆူဇီမိုက ခဏကြာသည်အထိ အဲဒါကို စဥ်းစားကြည့်လို့မရပေ။ အတန်ကြာစဥ်းစားတွေးတောပြီးနောက် သူက ပြောလိုက်သည်။

“ငါအခုပဲ... တစ်ခုခုကို ပုံဖော်မိတယ်... အစကတော့ မွန်​မြတ်ကောင်းကင်ဘုံကမ္ဘာကပြောတဲ့ ဆိုးယုတ်မိစ္ဆာတွေက သီးခြားအရာတစ်ခုကို ရည်ညွှန်းတာဖြစ်မယ်လို့ တွေးနေခဲ့တာ.... ကြည့်ရတာတော့ ဆိုးယုတ်မိစ္ဆာတွေဆိုတာ ဧကရီဆိုးယုတ်နဲ့ မိစ္ဆာအရှင်ကို ရည်ညွှန်းတာဖြစ်ရမယ်”

“ဒါပေမဲ့ မိစ္ဆအရှင်ရဲ့နောက်ခံက ဘာပါလိမ့်”

“ဧကရီဆိုးယုတ်ရဲ့လက်အောက်မှာရှိတဲ့ တောကောင်တွေကို ဆိုးယုတ်စိတ်ဝိညာဥ်တွေလို့ခေါ်တယ်ဆိုမှတော့.... ယေဘုယျအားဖြင့်ပြောရရင် မိစ္ဆာအရှင်ရဲ့လက်အောက်မှာလည်း မိစ္တာတစ်အုပ်စုရှိနေတာပဲ”

တျဲယွဲ့က ပြောလိုက်သည်။

“အဆူရာတွေက မိစ္ဆာတွေပဲ”

“အဆူရာမျိုးနွယ်က မနာလိုစိတ်ရှိတယ်… သူတို့မှာ အမျက်ဒေါသနှလုံးသားလည်းရှိတယ်… သူတို့က ရက်စက်ကြမ်းတမ်းကြတယ်… ပြီးတော့ တိုက်ခိုက်နိုင်ကြတယ်.. အဆူရာရဲ့အရှင်က မိစ္ဆာအရှင်ပဲ”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့သည်။

သူ၏ ရင်ထဲမှာ လွှမ်းခြုံထားသည် မြူခိုးများစွာက တဖြည်းဖြည်းပျက်ပြယ်လာခဲ့လေသည်။

ဆူဇီမိုက ပြောလိုက်သည်။

“ပြီးခဲ့တဲ့ ခေတ်ဆယ်ခေတ်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို တိုက်ခတ်ပြီ သက်ရှိတွေအားလုံးကို သက်ရောက်စေခဲ့တဲ့ ကြီးကြီးမားမား ကစဉ့်ကလျားအခြေအနေတွေ အတော်များများရှိခဲ့တယ်… ကြည့်ရတာတော့ အဲဒီကစဉ့်ကလျားအခြေအနေတွေမှာ တစ်ဘက်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို နောက်ခံပေးထားတဲ့ ကောင်းကင်ဘုံခုံရုံးဖြစ်ပြီး အခြားတစ်ဘက်က မိစ္ဆာအရှင်နဲ့ ဧကရီဆိုးယုတ်ပဲ”

“အဲဒီမှာ တမလွန်ဘုံအရှင်.. တစ္ဆေတာအိုအရှင်နဲ့ ငရဲအရှင်တို့လည်းပါတယ်”

တျဲယွဲ့ကလည်း ခေါင်းညိတ်ပြလိုက်သည်။

“ဧကရီဆိုးယုတ်က ငါ့ကိုအရင်တုန်းက ကူညီပေးစေချင်ခဲ့တယ်ဆိုတာ သူက ကောင်းကင်ဘုံခုံရုံးကို စိန်ခေါ်မလို့ဖြစ်ဖို့များတယ်”

“မင်းဘယ်လိုသဘောရလဲ”

အဖွဲ့အစည်းနှစ်ခုသည် တဖြည်းဖြည်းသိသာရှင်လင်းလာခဲ့ပြီဖြစ်သည်။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးအပါအဝင် တျဲယွဲ့နေထိုင်ရာ မဟာအရိုင်းကမ္ဘာသည် အလယ်တွင်ညက်နေသည်။

ကောင်းကင်ဘုံခုံရုံးသည် အပြာရောင်အဖွဲ့ကို နောက်ခံပေးထားသည့်အတွက် တျဲယွဲ့သည် ကောင်းကင်ဘုံခုံရုံးနှင့် အတိုက်အခံဖြစ်နေခဲ့လေပြီ။

သို့သော်လည်း တျဲယွဲ့နှင့် ဧကရီဆိုးယုတ်ကလည်း ဆက်ဆံရေးကောင်းမွန်သည့်ပုံမရှိပေ။

တျဲယွဲ့သည် ဒဏ်ရာအပြင်းအထန်ရရှိပြီး ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျဆင်းခဲ့သည်မှာ မည်သို့ပင်ဆိုစေ ဧကရီဆိုးယုတ်၏ ပေါ်ထွက်လာမှုကြောင့်ဖြစ်သည်။

“မပြောတတ်ဘူး”

တျဲယွဲ့က သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ငါက အခုချိန်ထိတော့ ကောင်းကင်ဘုံခုံရုံးနဲ့ တမလွန်ဘုံကြားတိုက်ပွဲမှာ မပါဝင်ချင်သေးဘူး”

“ငါတစ်နေ့မှာ တိုက်ခိုက်ရမယ်ဆိုရင်တောင် အဲဒါက ငါ့အကြောင်းနဲ့ငါပဲဖြစ်ရမယ်... တခြားသူတွေရဲ့ ဖိအားပေးမှုကြောင့် မဖြစ်ရဘူး”

ဆူဇီမိုက တျဲယွဲ့ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်သည်။

ကောင်းကင်ဘုံခုံရုံးဖြစ်စေ၊ တမလွန်ဘုံဖြစ်စေ သူတို့သည် ထိုအဖွဲ့အစားများအကြောင်း များစွာသိရှိမထားကြပေ။

တကယ်ဆို ထိုအဖွဲ့အစည်းနှစ်ခုက ဘာ့ကြောင့်တိုက်ခိုက်နေသည်ဆိုတာကိုပင် သူတို့မသိကြပေ။

ယခုအချိန်မှာ တျဲယွဲ့သည် မည်သည့်ဘက်ကိုမှ ကူညီပေးနေခြင်းမဟုတ်ပေ။ အနာဂတ်မှာ သူမက ကောင်းကင်ဘုံခုံရုံးဘက်ကနေ ကူညီပေးသည်ဖြစ်စေ၊ တမလွန်ဘုံကိုကူညီပေးသည်ဖြစ်စေ အဲဒါက သူမ၏ ရွေးချယ်မှုသာဖြစ်ပေလိမ့်မယ်”

တျဲယွဲ့က ပြောလိုက်သည်။

“ငါကနင့်ကို အရင်တုန်းက ဧကရီဆိုးယုတ်ရဲ့သရုပ်သကန်အကြောင်း မပြောပြချင်ဘူးဆိုတာ ငါက နင့်ကို ဒီကပ်ဘေးမှာ မပါဝင်စေချင်လို့ပဲ”

“ငါ... ဒီအရှုပ်ထုပ်ထဲမှာ ဝင်ပါပြီးနေပြီထင်တယ်”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ငါ့မှာ နောက်ထပ်သရုပ်သကန်တစ်ခုရှိသေးတယ်... ငါက ငရဲအရှင်ပဲ”

“ဟမ်...”

တျဲယွဲ့က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ဘာတွေဖြစ်သွားခဲ့တာလဲ”

ဆူဇီမိုသည် သူတက်လှမ်းလာပြီးနောက် ကြုံတွေ့ခဲ့ရသည့်အရာများကို တျဲယွဲ့ထံ ဆက်လက်၍ပြောပြလိုက်သည်။

အဲဒီမှာ သူသည် မဟာဧကရာဇ်အနန္တ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ပုံ၊ သူ့ကို သင်္ချိုင်းစောင့်က ရှေးဟောင်းရေတွင်းထဲသို့ တွန်းချပြီး သူက ငရဲတာအိုသို့ ကျဆင်းသွားပုံ၊ သူသည် တမလွန်ဘုံသို့ အတင်းအကျပ်တိုးဝင်ကာ ထို့နောက် တစ္ဆေတာအိုကို ဝင်ရောက်ပြီးမှ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်လည်ရောက်ရှိလာပုံတို့ ပါလေသည်။

“ဒီလိုမျိုးကိစ္စတစ်ခုဖြစ်သွားခဲ့တာလား”

တျဲယွဲ့က အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ကြည့်ရတာ သင်္ချိုင်းစောင့်က နင့်ကိုတမလွန်ဘုံဘက်မှာရှိစေချင်ပြီး နင့်ကိုချည်နှောင်ထားချင်တဲ့ပုံပဲ... အဲဒါကြောင့် သူကနင့်ကို ငရဲဆီတွန်းပို့ခဲ့တာပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“နင်ဘယ်လိုထင်လဲ.... နင်တမလွန်ဘုံကို ကူညီပေးချင်လား”

တျဲယွဲ့က မေးလိုက်သည်။

ဆူဇီမိုက ခေါင်းခါပြလိုက်သည်။

“အခုချိန်ထိ ဘာမှန်းမသိရသေးတဲ့အရာတွေအများကြီးပဲ... ငါက ဘယ်ဘက်မှာမှ မနေချင်သေးဘူး.... နောက်ပြီး အခုချိန်မှာ ငါ့ရဲ့ခွန်အားက မလုံလောက်သေးဘူး”

ဆူဇီမိုက ခဏမျှရပ်တန့်ပြီးနောက် တျဲယွဲ့ကို အလေးအနက်ကြည့်လိုက်၏။

သူတို့နှစ်ယောက်သည် တစ်ချိန်လုံး တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြသည်။ သူတို့က သူတို့၏ လက်များကို အတူတူမြှောက်ပြီး ပြုံးလိုက်ကြသည်။

“ငါက တစ်ဘက်ဘက်ကို ရွေးချယ်ရမယ်ဆိုရင် ငါက မင်းရှိတဲ့ဘက်ကိုပဲ ရွေးချယ်မယ်”

“ဒါပေါ့”

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြသည်။

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်သည်။

“ဧကရီဆိုးယုတ်က ဘယ်လိုလူမျိုးလဲ”

ထိုအခိုက်အတန့်မှာ သူ၏ မှတ်ဉာဏ်ထဲရှိ သေးသေးသွယ်သွယ်နှင့် သနားစဖွယ်ကောင်းသောမိန်းကလေးကို တောကောင်တာအို၏ အရှင်နှင့် သူက ဆက်စပ်ကြည့်၍ မရနိုင်ပေ။

တျဲယွဲ့က မည်သို့မည်ပုံဖော်ပြရမလဲ စဥ်းစား​နေသည့်အလား အတန်ကြာအောင်တုံ့​ဆိုင်းနေ၏။

“သူက ထူးခြားတယ်”

တျဲယွဲ့က ပြောလိုက်သည်။

“သူက လူကောင်းလားလူဆိုးလား ခွဲခြားဖို့ခက်တယ်....သူ့ရဲ့လောကထဲမှာ သက်ရှိနှစ်မျိုးပဲရှိတယ်... အဲဒါက လူသားသက်ရှိနဲ့ တောကောင်တွေပဲ”

“ဘယ်နောက်ခံ... ဘယ်မျိုးနွယ်... ဘယ်ကျင့်ကြံမှုမှာမဆို နင်က သူဖန်တီးထားတဲ့ အိပ်မက်လောကထဲကို ဝင်ရောက်သွားတာနဲ့ နင်က အထဲမှာရှိတဲ့အမှောင်ထုတ်ရဲ့ စိုးမိုးခြင်းမခံရမှပဲ ရှင်သန်နိုင်မယ်”

“အဲဒီအိပ်မက်ထဲမှာ လူတွေက တစ်ယောက်ယောက်ဒုက္ခရောက်တာကို တွေ့မြင်တဲ့အခါ သူတို့တွေက လှောင်ပြောင်ထေ့ငေါ့မယ်... ထပ်ပြီးတော့ ထိခိုက်အောင်စော်ကားကြမယ်... အဲဒီအူမြူးအားရတဲ့သူတွေက တောကောင်တာအိုမှာကျဆင်းပြီး တခြားတောကောင်တွေရဲ့ ကိုက်ခဲမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ထပ်တလဲလဲတွေ့ကြုံခံစားရတယ်... အဲဒါက သေတာထက်ဆိုးတဲ့ဘဝပဲ”

“မကောင်းမှုဒုစရိုက်သမားတွေအားလုံးက တောကောင်တာအိုမှာကျဆင်းသွားလိမ့်မယ်”

ဧကရီဆိုးယုတ်က အဲဒီလူတွေကို အခြားသူတွေအပေါ် သူတို့ပြုလုပ်ခဲ့တဲ့အတိုင်း တောကောင်တာအိုထဲမှာ ထပ်တလဲလဲတွေ့ကြုံခံစားစေတယ်... အဲဒါကသူပြောတဲ့ဝဋ်လည်ခြင်းပဲ”

“သူက ဒီလောကမှာ ကောင်းကင်ဘုံတာအိုရဲ့ ပြန်လည်ဝင်စားခြင်းနဲ့ မကောင်းမှုဒုစရိုက်ရဲ့ ဝဋ်လည်ခြင်းကို လက်ခံယုံကြည်ထားတယ်... တစ်ယောက်ယောက်က မကောင်းမှုကိုကျူးလွန်ပြီး တန်ပြန်ဒဏ်ခတ်မခံရဘူးဆိုရင် သူက အဲဒီသူတွေကို တောကောင်တာအိုထဲကို ဆွဲခေါ်သွားလိမ့်မယ်”

“မင်း သူ့ကို အပြစ်မမြင်ဘူးလား”

ဆူဇီမိုက မေးလိုက်သည်။

အရင်တုန်းက တျဲယွဲ့သည် အဖြူရောင်ရစ်ငှက်၏ အိပ်မက်ထဲသို့ ကျဆင်းသွားပြီး တောကောင်တာအိုမှာ ပိတ်မိနေခဲ့သည်မှာ ဧကရီဆိုးယုတ်ကြောင့်ဖြစ်သည်။ နောက်ပိုင်း သူမသည် တမလွန်ဘုံကိုဖြတ်သန်းပြီး လူသားတာအိုသို့ ဝင်ရောက်ကာ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျဆင်းပြီးမှ မဟာအရိုင်းကမ္ဘာသို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့သည်။

တျဲယွဲ့က သူမ၏ ခေါင်းကို ညင်သာစွာ​ခါပြလိုက်၏။

“တကယ်တော့... အရင်တုန်းက ငါနဲနဲတော့မကျေမချမ်းဖြစ်နေခဲ့တယ်... ဒါပေမဲ့ ပင်ယန်းမြို့မှာ သုံးနှစ်နေပြီးတဲ့နောက် ငါတဖြည်းဖြည်း နားလည်သဘောပေါက်လာတယ်... တကယ်တော့ သူက ငါ့အပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိခဲ့ဘူး”

“သူသာ ငါ့ကိုတောကောင်တာအိုမှာ တကယ်ပဲထိန်ထားချင်တယ်ဆိုရင် ငါက လွတ်မြောက်လာနိုင်မှာ မဟုတ်ဘူး... တကယ်ဆို သူက ငါ့ကို သူ့ရဲ့အိပ်မက်ထဲမှာ ထာဝရကျဆင်းနေချင်တယ်ဆိုရင် ငါကလွတ်မြောက်နိုင်စရာအကြောင်းမရှိဘူး”

“ငါက သူ့ရဲ့အိပ်မက်တွေထဲက အလွှာတစ်လွှာကိုပဲ ချိုးဖျက်နိုင်ခဲ့တာ... ဒါပေမဲ့ သူဖန်တီးထားတဲ့အိပ်မက်ကို အလွှာပေါင်းများစွာနဲ့ အထပ်ထပ်ဆင့်ထားတယ်”

“ငါက တမလွန်ဘုံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ပြီး မဟာဧကရာဇ်တစ်ပါးကို ဆွဲဆောင်မိခဲ့တယ်... အဲဒါက တမလွန်ဘုံရဲ့အရှင်ဖြစ်လောက်တယ်... ဒါပေမဲ့နောက်ပိုင်းမှာ တမလွန်ဘုံရဲ့အရှင်က မတိုက်ခိုက်ခဲ့ဘူး... အဲဒါက သူနဲ့တစ်နည်းတစ်ဖုံပတ်သက်နေရမယ်”

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် သူ၏ သိုလှောင်အိတ်ထဲကနေ အဖြူရောင်ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်၏။

“ငါအဲဒီအိပ်မက်ကနေ နိုးထလာပြီးတဲ့နောက် ငါ့လက်ဖဝါးထဲမှာ ဒီကျောက်စိမ်းဆွဲသီးလေး ရောက်နေတယ်”

“အို... ဟုတ်လား”

တျဲယွဲ့က အနည်းငယ်အံ့အားသင့်သွား၏။ သူမက ကျောက်စိမ်းဆွဲသီးကို ယူကြည့်ပြီးနောက် ထူးခြားမှုတစ်စုံတစ်ရာကို ရှာမတွေ့ဘဲ ဆူဇီမိုကို ပြန်ပေးလိုက်၏။

“ဒီကျောက်စိမ်းဆွဲသီးက သူ့အတွက် အရမ်းကိုအရေးပါတာ ငါမှတ်မိတယ်... သူကနင့်ကို ဒီကျောက်စိမ်းဆွဲသီးပေးထားတယ်ဆိုတော့ သူ့ရဲ့ နင့်အပေါ်ပြုမူဆက်ဆံပုံက တခြားသူတွေအပေါ်မှာထက် သိသိသာသာ ကွဲပြားခြားနားတယ်... အဲဒါကို သေချာဂရုစိုက်ထား”

All Chapters