← Chapters

အပိုင်း ၃၀၂

Vol. 21 Ch. 302

အပိုင်း ၃၀၂

Vol. 21 Ch. 302

"မဆိုးဘူး! “ မော့ချူး သဘောတကျဖြင့် ဝိုင်းဝိုင်းခေါင်းကိုပုတ်လိုက်သည်။ သူမ ပန်းကန်ပြားကို ယူလိုက်ကာ ဒုတိယဟင်းတချို့ကို သူ့ပန်းကန်လုံးထဲထည့်ပေးလိုက်ပြီး အချို့ကို မြေခွေးပျံလေးကဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ "ကောင်းပြီ၊ မြန်မြန်စား!"

သူ့ပန်းကန်လုံးထဲက နံရိုးတွေကို မြင်လိုက်ရတော့ ဝိုင်းဝိုင်းရဲ့ မျက်နှာက အရင်ကနဲ့မတူတော့ဘဲ ပြောင်းလဲသွားတော့သည်။ သူ့မျက်လုံးတွေက တောက်ပလာကာ သြူပန်းကန်လုံးနဲ့ ချက်ချင်းရန်ဖြစ်တော့သည်။ ဝိုင်းဝိုင်းနဲ့ ယှဉ်ပါက မြေခွေးပျံလေးက ပိုပြီးတော့ညင်သာသည်။

“ ဟင်းချိုလည်းချက်ထားတယ်” မော့ယန် မော့ချူးကို ပြုံးပြလိုက်ကာ ဟင်းချိုတစ်ခွက် လှမ်းယူလိုက်သည်။ "ချူးလေး ပင်ပန်းသွားရပြီ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" မော့ချူး ရယ်မောလိုက်ကာ ဟင်းချိုတစ်ငုံသောက်လိုက်သည်။ အင်း၊ ဒီ ဂန္ဓမာပန်းသီးရိုင်း နံရိုးစွတ်ပြုတ်အရသာက တကယ်မဆိုးဘူးပဲ။ ခပ်ပေါ့ပေါ့နှင့် ချိုမြမြလေးပင်။ နံရိုးရဲ့မွှေးရနံ့တို့ပါ ပေါင်းထည့်လိုက်တော့ ပိုစားချင်စရာကောင်းသွားသည်။ “ညီမလေးက ဒီလိုလုပ်ရတာကို အရမ်းသဘောကျတာ။ ပင်ပန်းတယ်လို့ လုံးဝမခံစားရပါဘူး”

"ကိုယ်တိုင်လဲ အာဟာရရှိအောင် များများစားအုံး" မော့ယန်က သဘာဝအလျောက် သူမကို ပိုစားစေချင်သည်။

“ကောင်းပါပြီ”

နာရီဝက်လောက်ကြာတော့ စားသောက်ပြီးသွားသည်။

ဝိုင်းဝိုင်း၊ ဒီကောင်လေးကတော့ ဗိုက်သေးသေးလေးဖြင့် ဆိုဖာပေါ်တွင် လှဲနေသည်။ သူ့မျက်နှာမှာ ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်နေသည်။ မြေခွေးပျံလေးကတော့၊ သူ့ရဲ့ 'ပစ္စည်းပို့သမား' အလုပ်ကို စလုပ်နေသည်။

တစ်ဖက်တွင်၊ ဆေးဖက်ဝင်ဟင်းလျာကို လက်ခံရရှိလိုက်တဲ့ စုန့်ချင်းစုန့်မှာ မတတ်နိုင်ဘဲ စိတ်လှုပ်ရှားနေမိသည်။

ရက်အနည်းငယ်သာ ကြာသေးသော်လည်း ဆေးဖက်ဝင်ဟင်းလျာ၏ အကျိုးသက်ရောက်မှုကို သူယောင်ဝါးဝါးခံစားလာရသည်။

အစကတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကြောင့်လို့ ထင်ခဲ့သည်။ သို့ပေမယ့်၊ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ဟာ သူ့အတွက် ဆေးဖက်ဝင်ဟင်းလျာကို ပြောင်းလဲပေးလာတာ မြင်တော့ မနေနိုင်ဘဲ သူရင်အနည်းငယ် ခုန်သွားမိသည်။ ဒါက သူ့အခြေအနေ တကယ်တိုးတက်လာပြီလို့ ဆိုလိုတာမလား?

အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် စုန့်ချင်းစုန့် မေးလိုက်သည်။ သူက 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ရဲ့ အဖြေကို အလွန်အမင်းစိတ်ရှုပ်ထွေးစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ပေါ်လာတဲ့သတင်းစကားက ရိုးရိုးရှင်းရှင်း စကားလုံးနှစ်လုံးပဲဖြစ်သည်။ သို့ပေမယ့်၊ အဲ့ဒါက သူ့နှလုံးကိုခုန်ပေါက်လာစေသည်။ [ဟုတ်တယ်!]

"အရမ်းကောင်းတယ်!" ဦးလေးဝမ့်လည်း ဘေးနားမှာ ရပ်နေသည်။ ဒီအချိန်မှာ သူ့မျက်နှာက တောက်ပစွာပြုံးနေသည်။ သူ့အသံက စိတ်လှုပ်ရှား ပျော်ရွှင်မှုတွေနဲ့ ပြည့်နေသည်။ "ကြည့်ရတာ၊ သခင်လေးရဲ့ ရောဂါက သေချာပေါက် ပျောက်တော့မယ့်ပုံပဲ!"

သခင်လေးကို နှစ်သိမ့်ပေးလိုက်ပေမယ့် ဦးလေးဝမ့်ရဲ့နှလုံးဟာလည်း အမှန်တကယ်ကို ခုန်ပေါက်နေသည်။ မည်သို့ပင်ဆိုဆို ဒီ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ပေါ်လာတာဟာ အချိန်တိုလေးသာရှိသေးကာ သူမည်မျှစွမ်းရည်ရှိကြောင်း အတိအကျမသိရပေ။ သို့ပေမယ့် အခုကြည့်လိုက်တော ဦးလေးဝမ့် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ သူတို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်နိုင်ပြီ။

သူ့ရင်ထဲက မျှော်လင့်ချက်တွေအတွက် တောင်ပံပေါက်လာမယ့်အချိန်ရောက်လာတဲ့ပုံပင်။ ဝှီးခနဲ၊ အချိန်တွေကုန်လွန်သွားသည်။

တစ်လခွဲအကြာ၌

သူ့လက်ထဲက စွမ်းအင်ရှာဖွေစက်ကို အံ့အားသင့်စွာ ကြည့်ရင်း စုန့်ချင်စုန့်ရဲ့ မျက်လုံးတွေနီရဲလာကာ သူ့နှုတ်ခမ်းတွေလည်း ပြင်းပြင်းထန်ထန် တုန်ရီလာသည်။ "အလယ်အလတ်... အဆင့် ၅!"

မှန်တယ်! သူ့ဒြပ်စင်အဆင့်က ကျဆင်းမသွားဘဲ အရင်အခြေအနေအတိုင်းသာ ရှိနေသည်။

ဒါက စုန့်ချင်းစုန့်အတွက် အိပ်မက်တစ်ခုလိုပင်။

သူ့လက်ထဲမှ စွမ်းအင်ရှာဖွေစက်ကို စိုက်ကြည့်ရင်း၊ စုန့်ချင်းစုန့်ဟာ ရုတ်တရက် လွတ်ငြိမ်းသက်သာခွင့်ရလိုက်တဲ့ အကျဉ်းသားတစ်ဦးနှင့်တူသွားသည်။ ခြောက်သွေ့နေသော နှလုံးသားအောက်ခြေမှ မျှော်လင့်ချက်တွေဟာ စမ်းရေလိုမျိုး ပွက်ပွက်ထလာသည်။

“သခင်လေး၊ အချိန်ကျပြီ။ ထွက်သွားသင့်…” ဦးလေးဝမ့် တံခါးခေါက်လိုက်သော်လည်း တုံ့ပြန်မှုမရှိလာပေ။ ဦးလေးဝမ့် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ တံခါးလက်ကိုင်ကို ကိုင်ကာ အသာလှည့်လိုက်သည်။

နီးကပ်လာတဲ့အခါ ဦးလေးဝမ့်မှာ စုန့်ချင်းစုန့်၏ အသက်မဲ့နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရသည်။ သူ မတတ်နိုင်ဘဲ ထိတ်လန့်သွားမိသည်။ "သခင်လေး၊ နေလို့မကောင်းလို့လား? ကျွ-ကျွန်တော် ချက်ခြင်း အထူးကု ဆရာဝန်ကို ခေါ်လိုက်မယ်နော်။ သခင်လေးစောင့်...!”

"ဟင့်အင်း၊ မလိုဘူး!" နောက်ဆုံးတော့ စုန့်ချင်းစုန့်သတိပြန်ဝင်လာသည်။ သူ ဦးလေးဝမ့်လက်ကို တင်းတင်းဆုပ်ကိုင်ကာ သူ့လက်ထဲက စွမ်းအင်ရှာဖွေစက်ကိုပေးလ်ိုက်သည်။ သူ့မျက်လုံးတွေထဲ စိတ်အားတက်ကြွမှုတွေဖြင့် ပြည့်နှက်နေသည်။ "ဦးလေးဝမ့်၊ ကျွန်‌တော့်ရဲ့အဆင့်တွေ မကျသွားဘူး။ အလယ်တန်းအဆင့် အဆင့်၅မှာပဲ ရှိနေသေးတယ်!"

All Chapters