အပိုင်း ၃၀၃
Vol. 21 Ch. 303
စုန့်ချင်းစုန့် တစ်ချိန်က သည်းခံခဲ့ရသည့်နာကျင်မှုကို အခြားသူတွေမသိကြပါချေ။
သူဟာ ကောင်းကင်ဘုံရဲ့ဂုဏ်ယူဖွယ်ရာ သားတော်ဖြစ်မှန်း ထင်ရှားသော်လည်း၊ တစ်ခဏချင်းမှာဘဲ ကောင်းကင်ပေါ်မှ နွံအိုင်ထဲသို့ ကျသွားခဲ့ရသည်။ ယင်ကောင်အသေးလေးတွေဟာ သူ့အပေါ်ကိုရက်ရက်စက်စက် နင်းရဲပေမယ့် သူ့မှာ လက်တုံ့ပြန်ဖို့အစွမ်းအစ မရှိခဲ့ပေ။ အချိန်အတော်ကြာ နာကျင်မှုထဲနစ်မြုပ်နေခဲ့ပြီး သူ နောက်ဆုံးမှာတော့ မျှော်လင့်ချက်ကို မြင်နေရပြီ! ဒါက သူ့ကို ဘယ်လိုလုပ် စိတ်ချမ်းသာအောင်မလုပ်နိုင်ရမှာလဲ?
“အလယ်အလတ်အဆင့် အဆင့်၅…” ဦးလေးဝမ့်မှာ စွမ်းအင်ရှာဖွေစက်ပေါ်က စကားလုံးတွေကိုမြင်လိုက်ရပြီး သူ့မျက်လုံးတွေ ချက်ချင်း စိုစွတ်လာတော့သည်။ သူပျော်ကာ စိတ်လှုပ်ရှားလာသည်။ ရလဒ်အနေနဲ့ သူ့မျက်နှာတစ်ခုလုံး အနည်းငယ် တွန့်ရှုံ့လာကာ ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။ "မှန်တယ်၊အလယ်အလတ်အဆင့် အဆင့် ၅ ပဲ၊ တကယ်ကောင်းလိုက်တာ!"
စုန့်ချင်းစုန့်နဲ့ အတူရှိနေခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်တဲ့ ဦးလေးဝမ့်အနေဖြင့် ဒီနှစ်တွေ တစ်လျှောက်လုံး သူဘယ်လို သည်းခံခဲ့ရလဲဆိုတာ သူ့မျက်လုံးတွေနဲ့ သက်သေပြနိုင်သည်။ အခြားသူတွေ တစ်နေ့ ငါးနာရီ၊ခြောက်နာရီလောက် ကျင့်ကြံလေ့ရှိသော်လည်း သခင်လေးဟာတော့ အခြားသူတွေထက် အချိန်နှစ်ဆပိုသုံးတတ်ကာ၊ တစ်ခါတစ်ရံတွင် ရုပ်ရှင်ရိုက်ကူးရေးနှင့် ပရိုဂရမ်များတွင်ပါဝင်ရပါက အိပ်ချိန်ကိုပင် လွှတ်လိုက်တတ်သည်။
သို့သော် သူ လုံးဝကြိုးစားအားထုတ်သော်လည်း သူရဲ့ ကျင့်ကြံမှုဟာ ကျဆင်းနေဆဲဖြစ်ခဲ့သည်။ တခါတရံ သခင်လေးရဲ့ပုံစံကို သူမြင်ရတဲ့အခါ ကြီးကြီးမားမားကို ရင်နာမိသည်!
သို့ပေမယ့်၊ အခုတော့… နောက်ဆုံးတော့ သူကောင်းလာပြီ!
အချိန်အတော်ကြာပြီးနောက်၊ နောက်ဆုံးမှာတော့ စုန့်ချင်းစုန့် တုံ့ပြန်လာသည်။ သူ ခလုတ်ခုံကို အမြန်ဖွင့်ကာ သူ့အခြေအနေနဲ့ ပတ်သက်တဲ့ အရာအားလုံးကို 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ဆီ ပြောပြလိုက်သည်။
"မဆိုးဘူး! ဒီဆေးဖက်ဝင်ဟင်းလျာရဲ့ အကျိုးသက်ရောက်မှုက တော်တော်ကောင်းပုံရတယ်" နတ်ဘုရားစုန့်မှ ပေးပို့လာတဲ့ မက်ဆေ့ချ်ကို ကြည့်ပြီး မော့ချူး မပြုံးဘဲမနေနိုင်တော့ပေ။
"ဘာမဆိုးတာလဲ?" မော့ယန်က လေ့ကျင့်ရေးခန်းကနေ ပြန်လာကာ တစ်ဝက်တစ်ပျက်ကိုသာ ကြားလိုက်ရသည်။ သူ စိတ်ဝင်တစား မေးလိုက်သည်။
"ဒီမှာလေ" မော့ချူးက ဘာကိုမှဖုံးကွယ်မထားဘဲ စခရင်ကိုချဲ့ပြလိုက်သည်။ "ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်!"
မော့ယန် လည်ပင်းဆန့်လိုက်သည်။ “နတ်ဘုရားစုန့်ရဲ့ မျိုးရိုးဗီဇပြိုလဲတာက ပြန်ကောင်းလာပြီလား?” သူစာကြောင်းအနည်းငယ်ကိုသာ ဖတ်ကြည့်ရသေးပေမယ့် အံ့ဩပြီးမအော်ဘဲမနေနိုင်တော့ပေ။
"တစ်ဝက်ပါ!" သူ့အစ်ကိုကြီးရဲ့ မျက်နှာပေါ်က စိတ်လှုပ်ရှားနေတဲ့ အမူအရာကို မြင်လိုက်ရတော့ မော့ချူးမနေနိုင်ဘဲ မျက်လုံးတွေကို မှေးကျဉ်းလိုက်မိသည်။
ဒါကိုမြင်တော့ မော့ယန်က ချက်ချင်းထထိုင်ကာ ထပ်ခါတလဲလဲမေးလိုက်သည်။ “တစ်ဝက်ဆိုတာက ဘာကိုပြောချင်တာလဲ?"
“အရင်က ဆေးဖက်ဝင်ဟင်းလျာတွေ အခုမှအာနိသင်ပြလာတာ။ နတ်ဘုရားစုန့်ရဲ့ ကိုယ်ကလွတ်ပေါက်တွေကို ပြန်ကုသပြီးပြီ" မော့ချူးက ရှင်းပြလာသည်။ "သူ့ရဲ့ ကျင့်ကြံစွမ်းတွေလည်း ဒီထက်ပိုပြီး ကျဆင်းသွားတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သူသာသာမန်လူတစ်ယောက်လို ကျင့်ကြံချင်တယ်ဆိုရင် ပြန်ကောင်းလာဖို့ကို အချိန်တစ်ခုတော့ယူရလိမ့်မယ်"
"ဒါဆို ဘယ်လောက်ကြာမှာလဲ?" မော့ယန် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး မေးလိုက်သည်။
“အင်းးး…” မော့ချူး ခဏလောက် စဉ်းစားလိုက်သည်။ "နတ်ဘုရားစုန့်ရဲ့ လက်ရှိတိုးတက်ပုံအရဆို၊ နောက်ထပ် တစ်လခွဲလောက်ဆို ပုံမှန်အတိုင်း ပြန်ကောင်းလာလိမ့်မယ်လို့ ခန့်မှန်းရတယ်"
"အရမ်းကောင်းတယ်!" ဒါကိုကြားတော့ မော့ယန်က စိတ်လှုပ်ရှားစွာနဲ့ လက်သီးဆုပ်လိုက်သည်။ "ဒါဆို ညီမလေးသူ့ကို ဒီသတင်းမြန်မြန်ပြောလိုက်တာ ပိုကောင်းမယ်"
သူ့ရဲ့idolဟာ ပလ္လင်ပေါ်မှာ တစ်ဖန်ပြန်ရပ်တည်နိုင်တော့မယ်လို့ တွေးမိလိုက်တဲ့အခါ မော့ယန်မှာ ရင်ခုန်စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။
"ညီမလေး သိပါတယ်" မော့ချူး ခေါင်းညိတ်လိုက်သည်။ သူ့အစ်ကိုကြီးရဲ့ 'အမာခံပရိတ်သတ်' ပုံစံကိုကြည့်ပြီး သူမ မပြုံးဘဲ မနေနိုင်ပါချေ။ သို့ပေမယ့် နတ်ဘုရားစုန့်ဆီ စာပြန်ဖို့ကိုလည်း သူမ မမေ့ပါချေ။
ဒီကိစ္စ ပြီးသွားတဲ့အခါ မော့ယန်လည်း သူ့ရဲ့ တည်ငြိမ်ပြီး ချောမောတဲ့ အခြေအနေကို ပြန်ရောက်သွားတော့သည်။ သူက မော့ချူးကို မျက်ခုံးပင့်ပြလိုက်သည်။ "လာ၊ အစ်ကို့ကိုပြော၊ ဒီတလော နျဉ်ယွိယွင် ညီမလေးကို လာရှာသေးလား?"
အဲ့ဒီလူကိုပြောမိတာနဲ့ မော့ယန်ဗိုက်ထဲမှာ ဒေါသတွေပြည့်လာတော့သည်။
အဲ့ဒီလူက တော်တော် အသားအရေထူတဲ့အတွက် ပြောလို့မရပေ။ ချူးလေး ပြန်ပေးဆွဲခံရတဲ့ကိစ္စ မပြီးပြတ်သေးတာကို ကျမ်းကျိန်တာနဲ့ပတ်သတ်ပြီး မေးရဲသေးသည်။ သူတကယ်ဘဲ အထိုးခံချင်နေတာလား? သေချာပေါက်၊ ဒီလိုအသေးအမွှားကိစ္စကို ချူးလေး သိဖို့မလိုဘူး။
"တွေ့တာလား? ဟင့်အင်း" မော့ချူးက ရိုးရိုးသားသား ခေါင်းခါလိုက်သည်။ သို့ပေမယ့်၊ အဲ့ဒီသူဟာ သူမဆီဗီဒီယိုမက်ဆေ့ဂျ်တွေကို အခါတိုင်းလိုလို ပို့လေ့ရှိသည်။ ဒါပေမယ့်… အစ်ကိုဖြစ်သူရဲ့ တည်ငြိမ်နေတဲ့အမူအရာကို မြင်တော့ မော့ချူးပညာရှိရှိနဲ့ ပါးစပ်ပိတ်ထားလိုက်သည်။