← Chapters

တစ်ညတာ

Vol. 196 Ch. 2936

တစ်ညတာ

Vol. 196 Ch. 2936

“ကျင့်ကြံရေးအကြောင်းပြောတာကို ရပ်လိုက်ကြရအောင်”

တျဲယွဲ့က​ ပြောလိုက်သည်။

“နင့်အကြောင်းကို ​ပြောပါဦး....ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ မြို့ငယ်လေးကနေ စလိုက်ကြတာပေါ့... ဒီအဆင့်ထိရောက်လာဖို့ ပြီးခဲ့တဲ့နှစ်တွေအားလုံးမှာ နင်ဘာတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ... ငါအရမ်းကိုသိချင်နေပြီ”

တျဲယွဲ့သည်လည်း သာမန်နောက်ခံတစ်ခုကနေလာပြီး လက်ရှိဧကရာဇ်ပညာရှင်ဖြစ်လာသည့်အထိ အားနည်းသောမျိုးနွယ်စုကနေ ခရီးလမ်းတစ်လျှောက်ကျင့်ကြံခဲ့ရလေသည်။

ကျင့်ကြံရေးလမ်းတစ်လျှောက်မှာ သူမကြုံတွေ့ခဲ့သည့် အခက်အခဲများက ဘယ်လောက်များပြားခဲ့သလဲ သူမကောင်းကောင်းသိထားခဲ့သည်။

ဆူဇီမိုသည် ကမ္ဘာငယ်တစ်ထောင်လောကကနေလာလေသည်။

သူက အထက်ဘုံလောကသို့ တက်လှမ်းလာသည့်အချက်ကပင် အရမ်းကို ရှားရှားပါးပါးဖြစ်နေလေပြီ။

ယခု သူသည် မဟာအရိုင်းကမ္ဘာသို့ ရောက်လာပြီး သူမရှေ့မှာရပ်နိုင်သည့် ဤအဆင့်ထိ ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်သည်။

သူမက ဆူဇီမိုကို တွေ့မြင်ချိန်မှာတောင် တျဲယွဲ့က အဲဒါကို မယုံကြည်နိုင်သေးပေ။

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြီး သူ့စတင်ကျင့်ကြံခဲ့ကတည်းက သူတွေ့ကြုံခဲ့ရသည့်အရာရာတိုင်းနှင့် သူတွေ့ဆုံခဲ့သည့် လူတိုင်းအကြောင်း တျဲယွဲ့ကို ပြောပြလိုက်သည်။

တျဲယွဲ့က အဲဒါကို နားထောင်နေသရွေ့ ဆူဇီမိုက သူမနှင့်အတူ အဲဒါကိုမျှဝေလိုလေသည်။

သူသည် ဤအဆင့်ထိ ရောက်ရှိလာနိုင်ခဲ့သည်မှာ တစ်ခါက တျဲယွဲ့သည် သူ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သောကြောင့်ဖြစ်သည်။

ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်နှင့် သူ၏ အင်မော်တယ်နှင့်သားရဲ နှစ်ထွေကျင့်ကြံမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များကို ပြောပြလေသည်။ ဤသည်မှာ သူမ မတက်လှမ်းခင် တျဲယွဲ့မျှော်လင့်ထားပြီးသားဖြစ်သော အခြေအနေဖြစ်သည်။

သူသည် မဟာကျိုးအင်ပါယာ၊ ရှန်းမန်ကျီ၊ ရှေးဟောင်းတိုက်ပွဲနယ်မြေ၊ နဂါးသင်္ချိုင်းတောင်ကြားနှင့် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ တျဲယွဲ့ချန်ထားခဲ့သည့် စာကြောင်းနှစ်ကြောင်းကို ပြောပြခဲ့သည်။

သူသည် လူတိုင်းထံ သိုင်းတာအိုကို ဖြန့်ဝေခဲ့ပုံ၊ ခွန်လွင်အပျက်အစီးဒေသ၊ ကိုယ်တော်တာမင်းနှင့် တာအိုအရှင်သွေးမိစ္ဆာတို့အကြောင်း ပြောပြခဲ့သည်။

ဆူဇီမိုက မည်သည့်အန္တရာယ်နှင့် ကြုံတွေ့ရသည်ဖြစ်စေ တျဲယွဲ့သည် ဘေးကနေ တိတ်တဆိတ်သာ နားထောင်နေသည်။

ဆူဇီမိုက သူမရှေ့ကို ရောက်ရှိလာခဲ့ပြီဆိုမှတော့ သူသည် ထိုအန္တရာယ်များကနေ ရှင်သန်နိုင်ခဲ့သည်ကို သိရှိထားလေသည်။

သို့သော်လည်း ဆူဇီမို အထက်ဘုံသို့တက်လှမ်းလာစဥ် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ဘုရင်ယွင်ရိုက စောင့်ကြိုတိုက်ခိုက်ခဲ့သည်ကို သူမကြားရသောအခါ သူမသည် အေးစက်စက်အမူအရာတစ်ခုနှင့် မျက်မှောင်ကြုတ်လိုက်ဆဲဖြစ်သည်။

တျဲယွဲ့၏ သတ်ဖြတ်လိုစိတ်က နှိုးဆွခံလိုက်ရသည်။

ဘုရင်ယွင်ရို၏ ကိုယ်ပွားကို သူမဖျက်ဆီးခဲ့သည်။

ဤလုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှု၏ အကြောင်းအရင်းသည် သူမနှင့် အတော်လေးဆက်စပ်နေလေသည်။

သို့သော်လည်း သူမ၏ သရုပ်သကန်ကို သိရှိထားတာတောင် ဘုရင်ယွင်ရိုသည် ဆူဇီမိုကို ထိပါးရဲခဲ့ဆဲဖြစ်သည်။

“အဲဒါက ဘာမှမဖြစ်ပါဘူး”

တျဲယွဲ့၏ စိတ်ဆန္ဒကို အာရုံခံမိနိုင်သည့်အလား ဆူဇီမိုက အေးစက်တည်ငြိမ်စွာပြောလိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်က ငါ့လက်ချက်နဲ့ဒဏ်ရာအပြင်းအထန်ရသွားတယ်... သူ့ရဲ့ခြေရာလက်ရာတွေကို ဖျောက်ဖျက်သွားခဲ့ပြီ... သူကပေါ်ထွက်လာရဲမှာ မဟုတ်တော့ဘူး”

“ဘုရင်ယွင်ရိုကိုတော့... ငါသူ့ကိုသွားရှာမှာပါ... အလောတကြီးလုပ်နေစရာမလိုပါဘူး”

ဆူဇီမို၏ ရင်ထဲမှာ ဘုရင်ယွင်ရိုသည် သိုင်းတာအိုပင်မခန္ဓာကိုယ်တိုင်တိုက်ခိုက်ရဖို့ မထိုက်တန်ပေ။

အရင်တုန်းက ဘုရင်ယွင်ရိုသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို သတ်ဖြတ်လိုခဲ့သည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံခဲ့ရပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် ပေါင်းစည်းခဲ့ကာ ဤရန်ကြွေးကို သူကိုယ်တိုင်ဖြေရှင်းရပေလိမ့်မည်။

တျဲယွဲ့က ခေါင်းညိတ်ပြီး တခြားမည်သည့်စကားကိုမှ မဆိုတော့ပေ။ သူမက ပင်ပန်းနေသည့်အလား သူမ၏ နှာရောင်ကိုသာ ပွတ်သပ်နေသည်။

“မင်းကိုကြည့်ရတာ နဲနဲပင်ပန်းနေတဲ့ပုံပဲ... အနားယူလိုက်ပါလား”

တျဲယွဲ့ထံမှ မူမမှန်မှုတစ်ခုကို ဆူဇီမိုကပြောနိုင်ပြီး သူက ညင်သာစွာ ပြောလိုက်သည်။

တျဲယွဲ့က တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။

ဤနှစ်များအားလုံးမှာ သူမသည် အပြာရောင်အဖွဲ့၏ သိမ်းပိုက်မှုကို တွန်းလှန်ဆန့်ကျင်ရင်း ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဆန့်ကျင်တိုက်ခိုက်ကာ အရှေ့ဘက်အရိုင်းနယ်မြေတစ်ခုလုံးကို တစ်ယောက်းတည်းလိုလို ထိန်းထားရသည်။

ဤနေရာမှာ တောင်ကြောရိုးကိုးခုနှင့် သူမနောက်ကိုလိုက်နေသည့် သားရဲဧကရာဇ်ကိုးပါးရှိသော်လည်း သူမကသာလျှင် တစ်ဘက်အဖွဲ့၏ အထွတ်အထိပ်ဧကရာဇ်များနှင့် အမှန်တကယ်တိုက်ခိုက်နိုင်လေသည်။

သို့သော်လည်း တျဲယွဲ့သည် အခြားသူများရှေ့မှာ သူမ၏ အားနည်းမှုကို ပြသဖို့နေနေသာ သူမ၏ ပင်ပန်းနွမ်းလျမှုကိုပင် ဘယ်တုန်းကမှ ထုတ်ဖော်မပြသခဲ့ပေ။

ဆူဇီမို၏ ရှေ့မှာသာ သူမက စိတ်ကိုလျှော့ချနိုင်လေသည်။

အဲဒါက ပင်ယန်းမြို့မှာကဲ့သို့ပင်။ အချိန်ကာလက တိုတောင်းသော်လည်း အဲဒါသည် သူမအတွက် ရှားရှားပါးပါး စိတ်လက်ပေါ့ပါးစွာနေထိုင်ခဲ့ရသော အတွေ့အကြုံတစ်ခုဖြစ်ခဲ့သည်။

ထိုနေရာမှာ မည်သည့်သွေးထွက်သံယို၊ ရှင်သန်ဖို့အတွက် မည်သည့်ဖိအား၊ စွမ်းအားကြီးမားသောရန်သူများ သို့မဟုတ် အဆုံးမဲ့တိုက်ပွဲများနှင့် သတ်ဖြတ်ခြင်းများ မရှိပေ။

ပင်ယန်းမြို့က မကြီးမားသော်လည်း သူမအတွက် အရာရာတိုင်းကို လွှတ်ချထားနိုင်သည့် သုခဘုံတစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။

“ငါတကယ်ပဲ ပင်ပန်းနေပြီ”

တျဲယွဲ့က သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ်စောင့်ငဲ့ပြီး သူမ၏ ပါးပြင်ကို ဆူဇီမို၏ ပခုံးပေါ် ညင်သာစွာမှီကာ ရေရွတ်လိုက်၏။

“အထက်ဘုံကို နင်တက်လှမ်းလာပြီးတဲ့နောက် ဖြစ်ခဲ့တာတွေ ငါ့ကိုဆက်ပြောပြပါဦး”

တျဲယွဲ့က မှီထားလိုက်စဥ် ဆူဇီမိုက ရက်တထိတ်ထိတ်ခုန်လာပြီး သူ၏ ခန္ဓာကိုယ်က တောင့်တင်းလာလေသည်။

လေအဝေ့မှာ တျဲယွဲ့၏ အနက်ရောင်ဆံဆများက လူးလွင့်သွားပြီး သူ၏ မျက်နှာကို​လာရောက်ထိခတ်နေ၏။

ဘေးကနေခပ်​ဖျော့​ဖျော့မွှေးရနံ့က ပျံ့လွင့်လာပြီး သူ၏ စိတ်ကို တွေဝေယစ်မူး​လာစေသည်။

ဆူဇီမိုသည် နှစ်ပေါင်းများစွာကျင့်ကြံလာခဲ့သော်လည်း သူက မည်သို့ပင်ဆိုစေ ယောင်္ကျားတစ်ယောက်ဖြစ်နေဆဲပင်။ ထိုအခိုက်အတန့်မှာ သူ၏ အတွေးရိုင်းများက ထိန်းချုပ်မရဘဲ ပေါ်ထွက်လာလေသည်။

သူက ဘေးမှာရှိသောအမျိုးသမီးကို တစ်ချက်ကြည့်ပြီးနောကိ ရုတ်တရက်မှင်တက်သွားသည်။

တျဲယွဲ့က အိပ်ပျော်နေပြီဖြစ်သည်။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်အရ အိပ်စက်ခြင်းကို မဖြစ်မနေ မလိုအပ်တော့ပေ။ တကယ်ဆို သူတို့သည် နှစ်ပေါင်းထောင်ချီကြာအောင်ပင် အသိစိတ်ကို ထိန်းထားနိုင်ကြသည်။ သို့သော်လည်း သူတို့က လူသားများဖြစ်နေသရွေ့ သူတို့က မည်သည့်ကျင့်ကြံမှုနယ်ပယ်မှာ ရောက်ရှိနေသည်ဖြစ်စေ သူတို့သည် မှေးစက်ခြင်းကို သဘောကျပြီး တည်ငြိမ်အေးချမ်းခြင်းကို ခံစားလိုကြဆဲဖြစ်သည်။

ဥပမာအားဖြင့် ကျင့်ကြံရေးလောကမှာ နိုးထဝိညာဥ်အဆင့်ထိ ကျင့်ကြံထားသူများသည် အာဟာရသိဒ္ဓိပီးသော အခြေအနေမှာရှိပြီး စားသောက်ခြင်းများကို မဖြစ်မနေ မလိုအပ်တော့ပေ။

သို့သော်လည်း မူလနတ္ထိတာအိုအရှင်များဖြစ်စေ၊ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်စေ အထက်ဘုံလောက၏ ပကတိအင်မော်တယ်များ သို့မဟုတ် အင်မော်တယ်ဘုရင်များဖြစ်စေ သူတို့သည် အရသာရှိသောအရာတချို့၊ ဝိုင်နှင့် စားသောက်ဖွယ်ရာများကို သုံးဆောင်ခံစားလိုကြဆဲဖြစ်လေသည်။

အဲဒါက အဆာပြေစေဖို့အတွက်မဟုတ်ဘဲ လောက၏ ရသာမွန်များကို ခံစားဖို့သက်သက်သာဖြစ်သည်။

အိပ်​စက်နေသောတျဲယွဲ့ကိုကြည့်ရင်း ဆူဇီမို၏ ပျံ့လွင့်နေသောအတွေးများအားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ထိုအစား သူက သူမကို သနားဂရုဏာသက်လာခဲ့သည်။

တျဲယွဲ့အနားမယူခဲ့ရသည်မှာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီ မသိရပေ။ သူမအနေဖြင့် ဤကဲ့သို့သောအချိန်တိုအတွင်းမှာ အိပ်မောကျသွားစေဖို့ သူမက မည်မျှကြီးမားသည့်ဖိအားအောက်မှာ ရောက်ရှိနေသလဲ။ သူမ၏ စိတ်ပိုင်းဆိုင်ရာက ဘယ်လောက်တောင် ပင်ပန်းနွမ်းလျနေမလဲ စဥ်းစားကြည့်နိုငိလေသည်။

ဒါ့အပြင် တျဲယွဲ့သည် သူ့ဘေးမှာသာ အိပ်စက်နိုင်လေသည်။

ဤသည်က အချက်တစ်ချက်ကိုလည်း သက်သေပြပေးနေသည်။ သူမက သူ့ကို လုံးလုံးလျားလျားယုံကြည်ထားသည်။

သူ့ဘေးမှာ တျဲယွဲ့သည် သူမ၏ သတိကို လုံးလုံးလျားလျားလျှော့ချပြီး စိတ်လက်ပေါ့ပါးစွာ အနားယူနိုင်သည်။

ဆူဇီမိုသည် တျဲယွဲ့နိုးသွားမည်ကိုစိုးပြီး လွန်လွန်ကျူးကျူးမည်သည့်အရာကိုမှ မပြုလုပ်ရက်နိုင်တော့ပေ။

သူက ထိုနေရာမှာသာ တိတ်တဆိတ်ထိုင်ပြီး သူမကို အဖော်ပြုပေးနေသည်။

ကျားနှင့်အခြားနှစ်ယောက်နှင့်အတူ ဆူဇီမိုရောက်ရှိလာချိန်မှာ ညအချိန်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ညကတဖြည်းဖြည်းကုန်ဆုံးသွားသည်။

မနက်နေထွက်လာပြီး မနက်ခင်းအလင်းရောင်ခြည်က ဖြန်းပက်ကျဆင်းလာမှသာ တျဲယွဲ့က နိုးထလာခဲ့သည်။

တျဲယွဲ့နိုးထလာစဥ် သူမသည် လောကကို အထက်စီးကနေကြည့်သူတစ်ယောက်၏ စီးပိုးခြယ်လှယ်တတ်သော အမူအရာ သူမမှာ မရှိပေ။ သူမသည် သာမန်အမျိုးသမီးတစ်ဦးကဲ့သို့ဖြစ်ပြီး ဆူဇီမို၏ ပခုံးထက်ကနေ သူမ၏ ဦးခေါင်းကို ကြွလိုက်၏။

သူမ၏ အနက်ရောင်ဆံပင်များက အနည်းငယ်ရှုပ်ပွနေပြီး သူမမှာ ဗလာကျင်းနေသောအမူအရာတစ်ခုရှိနေသည်။

သူမက ဆူဇီမိုကို ခဏကြာငေးကြည့်နေပြီးနောက် တဖြည်းဖြည်းတစ်စုံတစ်ရာကို နားလည်သဘောပေါက်လာခဲ့သည်။

တျဲယွဲ့က ခေါင်းမော့ပြီး သူမ၏ နှင်းဖြူရောင်လည်တိုင်ကို ပေါ်လွင်စေကာ ညင်သာစွာ အကြောဆန့်လိုက်၏။ သူမ၏ ကျယ်ပြန့်သောအနီရောင်ဝတ်ရုံကပင် သူမ၏ ကြော့ရှင်းသောသွင်ပြင်ကို ဖုံးကွယ်မထားနိုင်ပေ။

တစ်ညလုံးအိပ်စက်ပြီးနောက် တျဲယွဲ့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေက ယခင်ကထက် သိသိသာသာများစွာပိုမိုကောင်းမွန်လာခဲ့သည်။

သိပ်မကြာခင် တျဲယွဲ့၏ မျက်နှာပေါ်ရှိ တွေဝေရှုပ်ထွေးမှုက လျင်မြန်စွာပျက်ပြယ်သွားပြီး သူမ၏ တိတ်တဆိတ်ပြောင်းလဲကာ ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။

“ငါဒီလိုမျိုးအနားမယူရတာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ”

တျဲယွဲ့က သူမဘာသာသူမ တီးတိုးရေရွတ်လိုက်၏။

ဆူဇီမိုက တျဲယွဲ့ကိုကြည့်ရင်း ဖြည်းဖြည်းချင်းမေးလိုက်၏။

“မင်းဒဏ်ရာရထားတာလား”

တျဲယွဲ့က တစ်ညလုံးအိပ်စက်နေခဲ့၏။

ဆူဇီမိုသည် ဘေးကနေစောင့်ကြည့်ပြီး သူမကို တစ်ညလုံးအဖော်ပြုပေးနေခဲ့လေသည်။

တစ်ညတာအပြီးမှာ တျဲယွဲ့၏ ရံဖန်ရံခါပင်ပန်းနွမ်းလျမှုသည် သူမက အချိန်ကာလကြာမြင့်စွာ အနားမယူရသောကြောင့်သာလျှင် မဟုတ်ဘဲ သူမက ဒဏ်ရာရရှိထားသောကြောင့်လည်းဖြစ်သည်ကို သူက ထောက်လှမ်းနိုင်ခဲ့သည်။

မဟုတ်ပါက တျဲယွဲ့၏ ကျင့်ကြံမှုအရ ဆူဇီမိုဆင်းသက်လာသည့်ခဏမှာပင် သူမက အဲဒါကိုအာရုံခံမိနိုင်ပေလိမ့်မည်။

ဒါ့အပြင် သူသည် ထိုက်အာတောင်ကြောရိုးမှာ သားရဲဧကရာဇ်နှစ်ဦးနှင့်ပင် တိုက်ခိုက်ခဲ့သည်။

“အင်း”

တျဲယွဲ့က ခေါင်းညိတ်ပြီး တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်း မရှိပေ။

သူမအနေဖြင့် ဆူဇီမိုထံမှ မည်သည့်အရာကိုမှ ဖုံးကွယ်ထားစရာ မလိုအပ်ပေ။

“အဲဒါ ဧကရာဇ်မိုးပြာရောင်မီးတောက်ရဲ့လက်ချက်လား”

ဆူဇီမိုက မေးလိုက်သည်။

“သူတစ်ယောက်တည်းက ငါ့ကိုထိခိုက်အောင် မလုပ်နိုင်ဘူး”

တျဲယွဲ့က ခေါင်းခါပြလိုက်သည်။

“သူ့ဘက်မှာ တခြားအထွတ်အထိပ်ဧကရာဇ်ပညာရှင်ခုနှစ်ဦးရှိတယ်... သူတို့ကို ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်တွေလို့ခေါ်တယ်... အထွတ်အထိပ်ဧကရာဇ်တွေကြားမှာတောင် သူတို့က ထိပ်သီးပညာရှင်တွေပဲ”

တျဲယွဲ့ကို ထိခိုက်ဒဏ်ရာရရှိစေနိုင်ခဲ့သည့်အချက်က သူတို့၏ ခွန်အားကို သက်သေပြပေးနေသည်။

သို့သော်လည်း တျဲယွဲ့က ဒဏ်ရာရရှိထားသည်ဆိုမှတော့ ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အပြာရောင်အဖွဲ့သည် အရှေ့ဘက်အရိုင်းနယ်မြေကိုသိမ်းပိုက်ဖို့ အခွင့်အလမ်းကို ဘာ့ကြောင့်ချိန်ဆမလာရတာလဲ။

ဆူဇီမို၏ သံသယကို ပြောနိုင်သည့်အလား တျဲယွဲ့က အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

“သူတို့က ငါ့ကိုထိခိုက်အောင်လုပ်နိုင်ခဲ့တယ်ဆိုရင်တောင် သူတို့ကလည်း မထိမခိုက်လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

All Chapters