← Chapters

အပိုင်း ၃၀၅

Vol. 21 Ch. 305

အပိုင်း ၃၀၅

Vol. 21 Ch. 305

တစ်ဖက်မှာတော့၊ မော့ယန်ဆီကနေ ဆိုးဆိုးရွားရွားအပုတ်ချခံ‌နေရတဲ့ နျဉ်ယွိယွင်တစ်ယောက် အရမ်းကိုအလုပ်များနေသည်။

စာရွက်စာတမ်း အမျိုးအစားအားလုံးကို ရုံးခန်းစားပွဲပေါ်တွင် သေသေသပ်သပ် ထားထားကာ အများအပြားပင်။ နျဉ်ယွိယွင်ကတော့ စိတ်ထဲမထားပါချေ။ သူက အပေါ်က စာရွက်တွေကို ပေါ့ပေါ့ပါးပါး ယူလိုက်ကာ ဖတ်ရန် ဖွင့်ကြည့်လိုက်သည်။ စာရွက်စာတမ်းတွေမှန်ကန်ကြောင်း အတည်ပြုပြီးနောက် အောက်ခြေတွင် သူ့ရဲ့နာမည်နဲ့ လက်မှတ်ထိုးလိုက်သည်။

စာရွက်စာတမ်းတွေကို သူ့ညာဘက်မှာ ချလိုက်တဲ့အချိန်မှာဘဲ ကျောလင်က အထဲဝင်လာသည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်နေသည်။ "ဘော့စ်၊ တကယ်ခန့်မှန်းနိုင်ခဲ့တာပဲ။ အဲ့ဒီကောင် ကျိုးယုံက တကယ်ပဲ အပေးအယူလုပ်မယ်တဲ့!"

ဒီစကားကိုကြားတော့ နျဉ်ယွိယွင်မတတ်နိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။

ကျိုးယုံရဲ့ နောက်ကွယ်ကအဖွဲ့ဟာ အမှန်တကယ်ကို အရမ်းအင်အားကြီးသည်။ မော့ချူး ပြန်ပေးဆွဲခံရတဲ့ကိစ္စဟာလည်း လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

နျဉ်ယွိယွင်တို့ အသိုင်းအဝိုင်းမှ လူအများစုဟာလည်း ၎င်းနောက်ကွယ်ရှိ လျှို့ဝှက်ချက်တွေကို နားလည်ထားကြသည်။ ထုံးစံအတိုင်း သူတို့က ဘာမှမပြောပါချေ။ ရံဖန်ရံခါ အင်တာနက်သုံးစွဲသူအချို့က ယင်းပြဿနာကိုထုတ်ပြောလာတဲ့အခါ သူတို့တွေက တခြားပို့စ်တွေဖြင့် ချက်ချင်း ဖုံးလိုက်ကြသည်။ သိပ်မကြာခင်မှာပဲ ထိုကိစ္စဟာ လုံးဝလျစ်လျူရှုခံလိုက်ရတော့သည်။

ကျိုးယုံနဲ့ တခြားမေးခွန်းတွေကိုလည်း လျစ်လျူရှုလိုက်ကြသည်။

ဒီအခြေအနေကိုမြင်တော့ ကျောလင်ရဲ့မျက်နှာဟာ အစပိုင်းမှာ ဒေါသတွေပြည့်နှက်နေကာ ကျုံးဝမ်လည်း ဒါကို ကောင်းကောင်းကြီးနားလည်သည်။ ကျိုးယုံရဲ့နောက်ကွယ်မှလူတွေဟာ သူ့ကိုကာကွယ်လိုသည်မှာ သိသာလှသည်။ ဒီကိစ္စကို သူတို့ဖော်ထုတ်မယ်ဆိုရင်တောင် သူတို့အနေနဲ့ သပ်သပ်ကြီးကြားက ခံရမှာပင်! ဒီလိုဆိုမှတော့ ဘာလို့အချိန်ဖြုန်းနေတော့မှာလဲ?

နျဉ်ယွိယွင်လည်း ဒီအချက်ကို ရှင်းရှင်းလင်းလင်း နားလည်သည်။

သို့ပေမယ့် ကျိုးယုံကိုတော့ လွယ်လွယ်နဲ့လွှတ်ဖို့ သူ ဘယ်တုန်းကမှ မတွေးထားပေ။

နျဉ်ယွိယွင်ရဲ့ ကွပ်ကဲမှုအောက်က စစ်တပ်ဟာလည်း အသေးအမွှား မဟုတ်ပါချေ။ သူတို့ဟာ အဖွဲ့ချုပ်ရဲ့ ဒေသအသီးသီးတွင် ကြီးကြီးမားမား စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ သူ့ရဲ့လမ်းညွှန်မှုကြောင့် ကျိုးယုံရဲ့ မြေအောက်လေလံအိမ်တော်တော်များများဟာ လုံးလုံးလျားလျားဖြိုပစ်ခံခဲ့ရသည်။

ဒီအချိန်မှာ နျဉ်ယွိယွင်ဟာ သူအရင်က‌တွေ့ဖူးတဲ့ အဆင့်မြင့်အရာရှိတွေနဲ့ မတူကြောင်းကို ကျိုးယုံ နောက်ဆုံးတော့နားလည်သွားတော့သည်။ သူဟာ ကိုင်တွယ်ဖို့ခက်သည့် လူတစ်ယောက်ပင်! သူဟာ အထက်အရာရှိတွေရဲ့ နာမည်ကို ယူမသုံးခဲ့သည်သာမက ပြောင်ပြောင်တင်းတင်းပင် တိုက်ခိုက်ရဲသည်။ ဒီသတ္တိဟာ အမှန်တကယ်ကို လုံလောက်သည်။

စိတ်အဆင်းရဲရဆုံးကတော့ သူဘာမှပြန်မပြောနိုင်ခဲ့တာပင်! သူတို့ရဲ့ ကျိုးလေလံအိမ် စခန်းတွေအားလုံးကို လုံးဝ ဝှက်ထားခဲ့တာဖြစ်သည်။ ဒီလိုအခြေအနေမျိုးမှာတောင် နျဉ်ယွိယွင်က အဲ့ဒါတွေကိုရှာဖွေနိုင်နေဆဲပင်။ ဒါက အရမ်းရှက်စရာကောင်းတယ်! သူ့ကိုယ်သူ အရှက်ခွဲမိတာပဲ!

တစ်လခွဲကျော်ကြာအောင် ငြိမ်နေပြီးတဲ့နောက် ကျိုးယုံမှာ အဲ့ဒါကို သည်းမခံနိုင်တော့ပေ။

သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ သူ့ဘက်က အထိနာခဲ့ရပေမယ့် နျဉ်ယွိယွင်ကတော့ အသက်တောင်လှည့်မရှူပေ။ သူတို့ရဲ့ အဆင့်အတန်းနဲ့ ခွန်အားကြား ကွာဟမှုဟာ အရမ်းကြီးသည်။

ကျိုးယုံရဲ့ အခြေအနေကို ရောက်နေတဲ့သူတွေဟာ 'ပညာရှိတွေဟာ အခြေအနေတွေကို လက်ခံနိုင်တယ်' ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သဘာဝကျကျ နားလည်သဘောပေါက်ကြသည်။ နောက်ဆုံးတော့ နျဉ်ယွိယွင်နဲ့ အပေးအယူလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

"သူဘာပြောလဲ?" လက်ထဲကစာရွက်ကို အောက်ချရင်း နျဉ်ယွိယွင် ခေါင်းအနည်းငယ်မော့ကာ စားပွဲပေါ်လက်တင်လိုက်သည်။ ချက်ခြင်းပဲ သူ့ရဲ့ယုံကြည်ချက်တွေ ထွက်ပေါ်လာတော့သည်။

"ကျိုးယုံရဲ့စကားအရ၊ ချူးလေးကို သူတို့လက်ခံရတုန်းက သူ့ကို အနက်ရောင်ဝတ် အမျိုးသားတစ်ယောက်က ခေါ်လာတာတဲ့။ စုံစမ်းစစ်ဆေးမှုအပြီးမှာ အဲ့ဒီအမျိုးသားက အမျိုးသမီးတွေကို အထူးတလည်လူကုန်ကူးတဲ့ နာမည်ကြီး 'ပြန်ပေးဆွဲသမား' ဖြစ်မှန်းသိရပါတယ်တဲ့။ သူ့ရဲ့အောင်မြင်မှုနှုန်းကလဲ ကြောက်စရာကောင်းလောက်အောင် မြင့်မားတယ်!”

ကျောလင်မှာ သူ့ဘော့စ်ကို လုံးဝအထင်ကြီးလေးစားမိသည်။ ကျိုးယုံနဲ့ အပေးအယူလုပ်ဖို့ဆိုတာ မလွယ်ပါချေ။

“အဲ့ဒီကောင်ရဲ့ပါးစပ်ကိုဖွင့်ဖို့ သူတို့အများကြီး အားထုတ်ခဲ့ရတယ်လို့ ကျိုးယုံကတော့ ပြောတယ်။ မော့ချူးကို ပြန်ပေးဆွဲပြီး လေလံအိမ်မှာရောင်းစားဖို့ သူ့ဆီ မိန်းမတစ်ယောက် ငွေအများကြီးပေးလာတာတဲ့။ အဲ့ဒီလူက ပိုက်ဆံတွေကြောင့် မျက်စိကန်းပြီး မော့ချူးကိုပြန်ပေးဆွဲလိုက်တာ!"

"မိန်းမတစ်ယောက်?" နျဉ်ယွိယွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်ပါတယ်" ကျောလင် ခေါင်းညိတ်လိုက်ကာ ရန်လိုတဲ့ အရိပ်အယောင်တွေပြည့်နေတဲ့ နျဉ်ယွိယွင်ကို ကြည့်လိုက်သည်။ တကယ်လို့ ဒီဟာကို မိန််းမတစ်ယောက်က တကယ်လုပ်ခဲ့တာဆိုရင် ဒါဟာသူ့ဘော့စ်နဲ့ ဆက်စပ်မှုအရှိဆုံးပင်။ “ဒါပေမယ့် ဒီပြန်ပေးဆွဲသူက အဲ့ဒီမိန်းမရဲ့ အထောက်အထားနဲ့ ပုံစံကိုမသိဘူးတဲ့။ သူက နောက်ကျောဘက်ပုံကိုဘဲ ရိုက်မိလိုက်တယ်တဲ့"

"နောက်ကျောပုံလား?" နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေ အေးစက်သွားသည်။ "ငါ့ကိုပြ"

“ကောင်းပါပြီ" ကျောလင်က ချက်ချင်းဆိုသလိုပဲ ခလုတ်ခုံကိုဖွင့်လိုက်ကာ သူ့ဘော့စ်ဆီ ဓာတ်ပုံကော်ပီ ပို့ပေးလိုက်သည်။ တကယ်တော့ သူ ဒီဓာတ်ပုံကို ကြည့်နေတာကြာပြီဆိုပေမယ့် ဘာကိုမှရှာမတွေ့ပါချေ။ ဒီအမျိုးသမီးရဲ့ နောက်ကျောကို ကြည့်ရုံနဲ့ ဘယ်လိုလုပ်သဲလွန်စတွေ ရနိုင်မှာလဲ?

ဓာတ်ပုံကို ချဲ့လိုက်သည်။

သွယ်လျတဲ့ အမျိုးသမီးတစ်ဦး၏ ကျောပြင်ကို ရိုက်ထားကာ အရှည်တစ်ဝက်ခန့်ရှိတဲ့ အနက်ရောင်ဆံပင်တွေက သူမပခုံးပေါ်ဝဲကျနေသည်။ ဒီနည်းနဲ့ ဘာကိုမှ မမြင်ရပါချေ။

နျဉ်ယွိယွင် ဓာတ်ပုံကို သေသေချာချာ ကြည့်လိုက်သည်။ သူ့အမူအရာက မတတ်နိုင်ဘဲ မည်းမှောင်လာသည်…. သူဓာတ်ပုံကို အကြာကြီး စိုက်ကြည့်နေသည်။ ရုတ်တရက် သူ့မျက်လုံးတွေ စူးရှလာကာ ရုတ်တရက်ထရပ်လိုက်သည်။

All Chapters