← Chapters

အပိုင်း ၃၀၅

Vol. 21 Ch. 305

အပိုင်း ၃၀၅

Vol. 21 Ch. 305

ဘာတွေဖြစ်နေတာလဲ?

ကျောလင်က ဘေးမှာရပ်နေပေမယ့် သူ့ဘော့စ်ရဲ့ ရုတ်တရက် လုပ်ရပ်ကြောင့် လန့်သွားမိသည်။ သူအမြန်လှည့်ကြည့်လိုက်သည်။ ဘာဖြစ်တာလဲ?

နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေက အံ့သြစရာကောင်းလောက်အောင် တောက်ပနေသည်။ သူလက်ကိုဆန့်ကာ ဓာတ်ပုံကို အဆ ၂၀ လောက်ချဲ့ကြည့်လိုက်သည်။ ထို့နောက် ကျောလင်အား ကမ်းပေးလိုက်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "ကြည့်စမ်း၊ ဒါကဘာလဲ?"

ဖြစ်နိုင်တာက… ဘော့စ်များ သဲလွန်စတွေ ရှာတွေ့သွားတာလား?

ဒါကိုစဉ်းစားမိတော့ ကျောလင် မနေနိုင်ဘဲပျော်သွားမိသည်။ သူအမြန်ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်သည်။

နျဉ်ယွိယွင်က အဲ့ဒီအမျိုးသမီးရဲ့ ကျောကို ညွှန်ပြနေသည်။ တိုက်တိုက်ဆိုင်ဆိုင်စွာဘဲ အဲ့ဒီအမျိုးသမီး လှည့်ထွက်သွားတုန်းမှာ သူမရင်ဘတ်ကနေ အလင်းရောင် ခပ်ဖျော့ဖျော့ထွက်လာသည်။ အနီရောင်အစက်အပြောက်တွေလည်း ပါသည်။

သို့ပေမယ့် ဒီအရာဟာလျစ်လျူရှုပစ်ဖို့ လွယ်ကူလွန်းလှသည်။ အလင်းပြန်မှုနှင့် အရိပ်တို့ကြောင့် သာမန်လူများအနေဖြင့် ပုံမှန်မဟုတ်သည်ကို သတိပြုမိနိုင်မည်မဟုတ်ပေ။ နျဉ်ယွိယွင်သာ ဓာတ်ပုံကို အဆ ၂၀ လောက်မချဲ့ထားပါက ကျောလင်လည်း ဒီဟာကို သတိပြုမိမည်မဟုတ်ပေ။

“ဒါက ဘာများလဲ…” ကျောလင် မျက်မှောင်ကြုတ်ကာ သူ့ဘော့စ် ဘာကိုဆိုလိုသလဲဆိုတာ နားမလည်ပေ။

“ဒါက တံဆိပ်တစ်ခုကနေ ပြန်လာတဲ့အလင်းပဲ။ အမျိုးသမီးတွေက အလှဆင်ဖို့ ၀တ်ဆင်လေ့ရှိတယ်” နျဉ်ယွိယွင်က လူကြီးဖြစ်နေပေမယ့် ဒါတွေကို သူဘယ်လိုလုပ်သိတာလဲ? သို့ပေမယ့် မော့ချူးနဲ့တွေ့ပြီးကတည်းက သူဟာ လှပသည့်အမျိုးသမီးများ၏ မျက်နှာသာရရှိနိုင်ရန် ရည်ရွယ်ချက်ရှိရှိဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ စတားနက်တွင် ဤအရာများကို ရှာဖွေခဲ့ဖူးသည်။ မတော်တဆနဲ့ ဒီနေရာမှာ အသုံးဝင်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပါချေ။

"တံဆိပ်လား?" ကျောလင်ရဲ့ မျက်ခုံးတွေ တင်းတင်းကြပ်ကြပ်တွ့န်ချိုးနေကာ မပြေလျော့သေးပေ။ “ဒါပေမဲ့ အဖွဲ့ချုပ်မှာ တံဆိပ်တွေ၀တ်တဲ့ အမျိုးသမီး တော်တော်များများ ရှိတယ်လေ။ ဒါက ကောက်ရိုးပုံမှာ အပ်ပျောက်ရှာတာနဲ့တူမနေဘူးလား? ဘယ်လိုရှာရမှာလဲ?"

နျဉ်ယွိယွင်ကပြောလာသည်။ “ဆွေးနေတဲ့သစ်ကို ထွင်းထုလို့မရဘူး”

“ဒီလိုအနီရောင်အလင်း ထုတ်လွှတ်နိုင်တဲ့ တံဆိပ်ကို အဖိုးတန် မူလပတ္တမြားတွေနဲ့ အထူးတလည်ထွင်းထုထားတာ။ အဲ့ဒါက အရမ်းစျေးကြီးပြီး ဒီတလောကမှရောင်းခဲ့တဲ့ အသစ်စက်စက် သီးသန့်ထုတ်ကုန်တစ်ခုပဲ။ သာမာန်လူတစ်ယောက်က ဒါကိုတတ်နိုင်မယ်လို့ မင်းထင်လား?” ဒီသဲလွန်စနောက်ကိုလိုက်ပါက သဲလွန်စအချို့ကို သေချာပေါက်ရှာတွေ့နိုင်လိမ့်မည်ပင်။

သူ့ဘော့စ်အနားမှာရှိတဲ့ ကျောလင်မှာ အထင်အမြင်သေးသလို စိုက်ကြည့်ခံလိုက်ရပြီး သူ့ရင်ထဲမှာ ကူကယ်ရာမဲ့လှိုင်းလုံးတွေကို ခံစားလိုက်ရသည်။

ဟေး အဲဒါက ဒီတိုင်း ရင်ထိုးတံဆိပ်လေးပဲ မဟုတ်ဘူးလား? ဘော့စ်က ဒါကိုအခွင့်ကောင်းယူသူ့ရဲ့ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြပြီး သူ့ရင်ထဲကို ဓားတစ်ချောင်းထိုးလိုက်တာပဲ။ သူက သူ့သူငယ်ချင်းလို့ ထင်ခဲ့တာ‌လေ။ ဟမ့်! သူ အနာဂတ်မှာ မိန်းကလေးတစ်ယောက်ကို ရှာတွေ့တဲ့အခါကျရင် အွန်လိုင်းမှာ သူ(မ)ကိုဒီဟာတွေပြပြီး သူ့အတွက် ဝယ်ပေးလိုက်အုံးမယ်!

“ခဏနေရင် ငါလင့်ခ်ပို့ပေးလိုက်မယ်။ ဖြစ်နိုင်ချေရှိတဲ့ သံသယရှိသူစာရင်းကို အမြန်ဆုံးပို့ပေး" နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေက ပိုလို့တောင် တောက်ပလာသည်။

"ကောင်းပါပြီ ကျွန်တော်နားလည်ပြီ" ကျောလင် ခေါင်းညိတ်လိုက်သည်။ သူ့ရင်ထဲက ဒဏ်ရာလေးကို ဖိနှိပ်လိုက်ကာ သံသယရှိသူကို ရှာဖွေမယ့်ဘက်ဆီ အာရုံပြန်လှည့်လိုက်သည်။

ကျောလင်ဟာ အဖွဲ့ချုပ်၏ ထိပ်တန်းအင်တာနက်ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။ ဒီအခိုက်အတန့်မှာ သူသည် အခြားသူ၏ နောက်ခံသို့ တိုက်ရိုက်ဝင်ရောက်ကာ ရင်ထိုးတံဆိပ်များ ဝယ်ယူခဲ့သည့်အရင်းအမြစ်တွေကို သိမ်းဆည်းလိုက်သည်။ မိနစ် ၂၀ တောင်မကြာလိုက်ဘဲ အားလုံးလုပ်ပြီးသွားကာ အသစ်ထွက်ရှိလာတဲ့ စာရင်းကို ကြည့်လိုက်ရင်း ကျောလင်မတတ်နိုင်ဘဲ မျက်ခုံးပင့်မိလိုက်သည်။ ပြီးပြီ!

"ဘယ်လိုလဲ? လူတွေအများကြီးရှိလား?" စိတ်လှုပ်ရှားနေတဲ့ နျဉ်ယွိယွင်မှာ ကျောလင် ဝင်လာမှာကို မစောင့်နိုင်တော့ဘဲ ချက်ချင်းသူ့ဘာသာသူ ဝင်လာကာ မေးခွန်းကိုမေးလိုက်သည်။

“အများကြီးတော့ မဟုတ်ဘူး” ကျောလင် လှည့်ကြည့်လာကာ သူ့နှုတ်ခမ်းထောင့်က အပြုံးအဖြစ် ကွေးတက်သွားသည်။ "ဘော့စ်၊ ဘော့စ်မျှော်လင့်ထားသလိုပဲ။ ဒီရင်ထိုးတံဆိပ်က စျေးကွက်တွင် မကြာသေးခင်ကဘဲ ထွက်ထားပြီးတော့ ဈေးနှုန်းကလဲ တော်တော်လေးမြင့်တယ်။ လူလေးယောက်ပဲ အောင်အောင်မြင်မြင်နဲ့ ရထားတာ"

နျဉ်ယွိယွင် ရှေ့တစ်လှမ်းတိုးလိုက်သည်။ "ဘယ်လေးယောက်လဲ?"

“သူတို့ထဲက နှစ်ယောက်က အစိုးရက ပေးထားတဲ့ အင်တာနက်ကြားခံကိရိယာကို သုံးထားတယ်။ ကျွန်တော် အခုပဲ အွန်လိုင်းမှာ စစ်ကြည့်လိုက်တာ။ အဲဒီထဲက တစ်ယောက်က ခရိုင် ၁၁က၊ နောက်တစ်ယောက်ကတော့ ခရိုင် ၈ က”

“ဒီဓာတ်ပုံရိုက်ခဲ့တဲ့အချိန်တုန်းက နှစ်ယောက်စလုံးက သူတို့နဲ့သက်ဆိုင်တဲ့ ခရိုင်မှာပဲ ရှိနေကြတာ။ သူတို့မှာအလီဘိုင်တွေရှိတယ်၊ သူတို့ရဲ့နောက်ခံက‌လဲ အတော်လေးရိုးရှင်းတယ်။ သူတို့တော့ မဖြစ်နိုင်လောက်ဘူး"

"ကျန်တဲ့ နှစ်ယောက်ကရော ဘယ်လိုလဲ?" ဇာတ်လမ်းတစ်ခုလုံးကို သိရပြီးတဲ့နောက် ကျုံးဝမ်လည်း ဝင်လာကာ သိချင်စိတ်ဖြင့် ဖြတ်မေးလိုက်သည်။

All Chapters