အပိုင်း ၃၀၆
Vol. 21 Ch. 306
"ဒီနှစ်ယောက်ကတော့ အိမ်လုပ်ကွန်ရက်ကြားခံကိရိယာကို သုံးထားတယ်" ကျောလင်ရဲ့မျက်နှာက ရွှင်မြူးခြင်းမရှိတော့ဘဲ သူ့အသံသည် အနည်းငယ်ပိုလေးနက်သွားသည်။ "သူတို့သုံးတဲ့ နာမည်ပြောင်တွေနဲ့ သူတို့ဝယ်ခဲ့တဲ့အချိန်ကလွဲလို့ တခြားဘာကိုမှ ရှာမတွေ့ဘူး"
သူတို့ဟာ အိမ်လုပ်ကြားခံကိရိယာကို သုံးခဲ့တာကြောင့် အခြေအနေမှာ ပိုလို့အကြပ်ရိုက်ရသည်။
“ကောင်းပြီ၊ အဆင်ပြေတယ်" ကျောလင်ရဲ့ စိတ်ပျက်အားငယ်နေတဲ့အကြည့်ကို မြင်လိုက်ရတော့ ကျုံးဝမ်မှာ သူ့ပခုံးကို အသာလေးဖိရုံမှလွဲပြီး မတတ်နိုင်တော့ပေ။
“ဒါဆို… ပို့ရမယ့်နေရာနဲ့ ပတ်သက်ပြီး သူတို့ရေးထားတာကရော?” နျဉ်ယွိယွင်က အသံနက်ကြီးဖြင့် မေးလိုက်ပြီး သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာသည်။
နျဉ်ယွိယွင်ရဲ့ မေးခွန်းကြောင့် ကျောလင်လည်း သတိဝင်လာသည်။
“ဟုတ်သားဘဲ" ကျောလင်က ဒီတော့မှတုံ့ပြန်မိကာ သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်မိသည်။ ဝယ်ယူမှုအချက်အလက်တွေနှင့် ပေးပို့မှုအချက်အလက်တွေဟာ မတူညီသည့်စနစ်များနှင့် သက်ဆိုင်သည်။ အရင်ကတော့ သူအရှေ့ပိုင်းကိုပဲ သတိထားမိပြီး နောက်ပိုင်းကို ဘယ်လိုလုပ်မေ့နိုင်ရတာလဲ!
မကြာခင်မှာဘဲ ကျောလင်လည်း ကျန်နှစ်ယောက်ရဲ့ လက်ခံရေးလိပ်စာတွေကို ရှာတွေ့လိုက်သည်။ သို့သော် ထိုအချက်အလက်ကို သူမြင်တဲ့အခါ မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။
"အမ်း... ဘော့စ်၊ ဘော့စ်ကိုယ်တိုင် ကြည့်သင့်တယ်" ကျောလင် တံတွေးမျိုချလိုက်ကာ အလင်းမျက်နှာပြင်ကို ဖွင့်လိုက်သည်။
ပေးပို့ရမည့်လိပ်စာမှာ အရမ်းကိုအသေးစိတ်သည်။ တစ်ခုက ချောင်းမိသားစုရဲ့ ပုံမှန်လိပ်စာဖြစ်ကာ နောက်တစ်ခုကတော့ နျဉ်မိသားစုရဲ့ လိပ်စာဖြစ်သည်။
နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေ မည်းမှောင်သွားသည်။
အရှေ့ကဟာဆိုရင်တော့ သူ အံ့သြမိမှာမဟုတ်ပေ။ တကယ်တော့ သူ့စိတ်ထဲမှာ သံသယတွေရှိနေပြီဆိုပေမယ့် အနောက်ကဟာကတော့....
သူ့အဘိုးသည် ချူးလေးကို အမှန်တကယ် စိတ်တိုင်းမကျသော်လည်း သူ၏အကျင့်အရ၊ သူ့အနေဖြင့် ထိုအရာကို ဘယ်သောအခါမှ လုပ်လိမ့်မည်မဟုတ်ပေ။ သို့ပေမယ့်၊ အကြီးအကဲချောင်းဆီကနေ မျက်နှာသာကိုရဖို့အတွက် မိသားစုရဲ့အကိုင်းအခက်တစ်ခုက ချူးလေးအပေါ် ရက်စက်နိုင်သည်ဆိုတာ ဖြစ်နိုင်ချေရှိသည်။
ဤဖြစ်နိုင်ချေကို တွေးကြည့်သည့်အခါတွင် နျဉ်ယွိယွင်ရဲ့ အကြည့်တွေက ဆိုးဆိုးရွားရွားနှင့် ထိတ်လန့်ဖို့ကောင်းလာသည်။
"ဘော့စ်၊ ကျွန်တော်တို့ ဆက်ပြီး စုံစမ်းဖို့ လိုသေး...?" ကျောလင်က တုန်လှုပ်နေတဲ့အသံနဲ့ မေးလိုက်သည်။ သူ့စကားမဆုံးခင်မှာဘဲ သူ့ဘော့စ်ရဲ့ ပြင်းထန်တဲ့အကြည့်ကြောင့် သူ ထိတ်လန့်သွားတော့သည်။
အမှန်မှာ၊ မော့ချူးရဲ့ကိစ္စဟာ လူတိုင်းဆီက အာရုံစိုက်ခံနေရတာဖြစ်သည်။ မော့ချူးကို ပြန်ပေးဆွဲရောင်းချရန် စေလွှတ်ခဲ့သူသည် ချောင်းမိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ကြောင်း ထင်ရှားပါက ချောင်းမိသားစု၏ ဂုဏ်သိက္ခာဟာ များစွာ ပျက်စီးသွားမည်ဖြစ်သည်။ ထို့အပြင် ဤကိစ္စကို မော့ချူးသာ သိသွားပါက ဘော့စ်နှင့်သူမ၏ အနာဂတ်ဟာ မှုန်ဝါးသွားလိမ့်မည်ပင်။
"စုံစမ်းလိုက်!"
ကျုံးဝမ်နဲ့ ကျောလင်တို့မှာ အဲ့ဒီစကားကိုကြားတဲ့အခါ ထိတ်လန့်သွားကြတော့သည်။ သူတို့ နားကြားမှားတာလို့ထင်သွားကာ ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လာကြသည်။
"ဆက်စုံစမ်း!" နျဉ်ယွိယွင်ရဲ့မျက်လုံးတွေဟာ ကြောက်စရာကောင်းလောက်အောင် အေးစက်သွားသည်။ "တကယ်လို့ ချောင်းမိသားစုက တကယ်လုပ်ခဲ့တာဆိုရင် သူ့ကို ဆွဲထုတ်ပြီး အဖွဲ့ချုပ်တရားရုံးဆီ ပို့ပစ်မယ်!"
"ဘော့စ်၊ ကျွန်တော်တို့ တကယ်လုပ်ရမှာလား?" ကျုံးဝမ်မှာ ဒီစကားကိုကြားတဲ့အခါ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
ဘော့စ်က သူ့ကိုဖမ်းချင်ရုံတင်မကဘူး အဖွဲ့ချုပ်တရားရုံးကိုတောင် ပို့ချင်နေသေးတယ်။ ဒါက ဥပဒေနဲ့အညီ ပြင်းထန်တဲ့ ပြစ်ဒဏ်ဖြစ်မယ်ဆိုတာ သိသာနေတာ။ အမျိုးသမီးတွေကို ပြန်ပေးဆွဲပြီး လူကုန်ကူးဖို့ လှုံ့ဆော်ခြင်းဟာ အဖွဲ့ချုပ်တွင် အဆိုးရွားဆုံး ရာဇ၀တ်မှုတစ်ခုဖြစ်ကြောင်း သိထားရမည်ပင်။ သူတို့ အသက်တောင်ဆုံးရှုံးရလိမ့်မည်ပင်။
ဒီကိစ္စက သေချာပေါက် ပေါက်ကွဲသွားစေလိမ့်မည်။ ချောင်းမိသားစုဟာ ဖက်ဒရယ်နိုင်ငံသားတွေရဲ့ တံတွေးခွက်ထဲ နစ်မြှုပ်သွားနိုင်သည်။ နျဉ်ယွိယွင်တောင်မှ ပြင်းပြင်းထန်ထန် ထိခိုက်လိမ့်မည်ပင်။
သူတို့ဟာ မော့ချူးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပေမယ့် သူတို့ဘော့စ်နဲ့တော့ ယှဉ်လို့မရပေ။ ဒီကိစ္စကို ဖုံးကွယ်ပြီး ဘာမှမသိဟန်ဆောင်တာက ပိုကောင်းလိမ့်မည်။
"ဆက်စုံစမ်း! ငါတို့ ထပ်ပြီး စုံစမ်းရမယ်!" နျဉ်ယွိယွင်ခေါင်းကို လေးလေးနက်နက် ငြိမ့်ပြရင်း သူ့မျက်လုံးတွေထဲ ရက်စက်မှုတွေဖြင့် ပြည့်နှက်နေသည်။ "ဘယ်သူလဲဆိုတာ ငါသိချင်တယ်"
နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေထဲက ဆုံးဖြတ်ချက်ကို မြင်လိုက်ရတဲ့အခါ ကျောလင်နဲ့ ကျုံးဝမ်တို့မှာ စိတ်ထဲကနေ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ "ဟုတ်ကဲ့ ကျွန်တော်တို့နားလည်ပါပြီ"
သူတို့နှစ်ယောက်လည်း အမြန်လှုပ်ရှားလိုက်ကြသည်။ သူတို့ရင်ထဲတွင် တရားခံဟာ ချောင်းမိသားစုမှ တစ်စုံတစ်ယောက်ဖြစ်သည်ကို မျှော်လင့်ထားသည်ကြောင့် သူတို့အပေါ် အရင်ဦးတည်လိုက်သည်။
ရင်ထိုးတံဆိပ်အသေးလေးဖြစ်သော်ငြား မူလသဘာဝပတ္တမြားဖြင့် စီခြယ်ထားသည်ကြောင့် အလွန်လက်ရာမြောက်ကာ ဈေးနှုန်းမှာလည်း မသက်သာလှပေ။ ကျောလင်မှာ တန်ဖိုးကို ပထမဆုံးတွေ့လိုက်ရတဲ့အချိန် တုန်လှုပ်သွားမိသည်။ ဒီတံဆိပ်ရဲ့စျေးနှုန်းဟာ သူ့တစ်နှစ်စာဝင်ငွေရဲ့တစ်ဝက်နဲ့ညီသည်။ အရမ်းကိုကြောက်စရာကောင်းတာပဲ!