← Chapters

အပိုင်း ၃၀၇

Vol. 21 Ch. 307

အပိုင်း ၃၀၇

Vol. 21 Ch. 307

သို့သော် ယင်းကြောင့် သူတို့၏ စုံစမ်းစစ်ဆေးမှု နယ်ပယ်ဟာ အလွန်ကျဉ်းသွားကြောင်း အတိအကျ ပြောလို့သည်။ တကယ်တော့ ချောင်းမိသားစုတွင် ဒီလောက်ငွေအမြောက်အများ တတ်နိုင်သည့် အမျိုးသမီးဟာ များများစားစား မရှိပါချေ။

သူတို့၏ လတ်တစ်လော အသုံးစရိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးရန် လူတွေကိုစေလွှတ်‌ပြီး‌နောက်၊ ကျောလင်နဲ့ ကျုံးဝမ်တို့လည်း ချောင်းဟုန်မိန်ကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်သည်။

အမှန်ပင်၊ သူမသည် လွန်ခဲ့တဲ့တစ်လခွဲလောက်က ဒီရင်ထုံးတံဆိပ်ကို ဝယ်ယူရန်ငွေအမြောက်အမြား သုံးစွဲခဲ့သူပင်။ ဒါ့အပြင်၊ လျှို့ဝှက်စုံစမ်းစစ်ဆေးပြီးနောက်၊ ချောင်းဟုန်မိန်၏ အွန်လိုင်းအမည်ပြောင်သည် စျေးဝယ်စာရင်းတွင် တွေ့ရှိခဲ့သည့် အမည်များအနက်တစ်ခုနှင့် အတိအကျကို တူညီနေကြောင်း တွေ့ခဲ့ကြသည်။

"အမှန်ပဲ၊ သူဆိုတာသေချာတယ်! သူက ချူးလေးနဲ့လဲဆက်ဆံရေးမကောင်းသလို သူ့ကိုလဲအကြိမ်ကြိမ် ဒုက္ခပေးဖို့ ကြိုးစားခဲ့တာ။ သူ့ လှုပ်ရှားပုံက သေချာပေါက်မှန်နေတယ်!” ကျောလင်က သူ့လက်ထဲရှိ အချက်အလက်တွေကို ကြည့်ကာ ခေါင်းတညိတ်ညိတ်နှင့် မနေနိုင်ဘဲရေရွတ်မိသည်။

အဲ့ဒီအချိန် ချောင်းဟုန်မိန်၏ ပြစ်မှုအား ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် သူတို့တွေမောင်းနှင်ခြင်းယာဉ်ဖြင့် စစ်တက္ကသိုလ်ဆီ သွားကြသည်။ တကယ်တော့ သူတို့နှစ်ယောက်အနေဖြင့် ဒီလိုလုပ်ဖို့ မလိုအပ်ပေမယ့် တခြားသူတွေကို စိတ်ပူသည့်အတွက် လာရန်ဆုံးဖြတ်လိုက်ကြသည်။

“အမှန်ပဲ၊ ငါလဲတွေးမိတယ်" ကျုံးဝမ်က ယာဉ်ကို ခလုတ်ခုံထဲ ထည့်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောလင်နှင့်အတူ ချောင်းဟုန်မိန်၏ စာသင်ခန်းဆီ လျှောက်လာလိုက်သည်။

သို့သော် ချောင်းဟုန်မိန်နှင့်မတွေ့ခင် လမ်းတွင် ချင်ယွဲ့နှင့်ဝင်တိုးသည်။

“ဟေး! ခင်ဗျားတို့နှစ်ယောက် ဒီကိုလာဖို့ ဘယ်လိုလုပ်အချိန်ရှိနေတာလဲ?" လာမည့် 'ကြယ်စင်စုကြားတိုက်ပွဲ' ကြောင့် အဖွဲ့ချုပ်အစိုးရတစ်ခုလုံး အလုပ်ရှုပ်နေသည်။ တစ်ခါတလေ သူအိမ်ပြန်သည့်အခါ ဘယ်သူနဲ့မှကို မတွေ့ပေ။ ကျုံးဝမ်နှင့် ကျောလင်ကိုမြင်သည့်အခါ သူစပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ငါတို့လုပ်စရာရှိလို့ ကျောင်းကိုလာခဲ့တာ" ကျုံးဝမ်ပြုံးကာ ခေါင်းညိတ်လိုက်သည်။ အဖြစ်အပျက် အသေးစိတ်ကိုတော့ သူ မပြောလိုက်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် တရားခံကို ရှာမတွေ့သေးပေ။ ချောင်းဟုန်မိန်သာမဟုတ်ပါက ပေါက်ကွဲသွားပေလိမ့်မည်။ သူမဟာ ချောင်းမိသားစုအား သက်သေအထောက်အထားတစ်ခုအဖြစ် ပေးနိုင်လိမ့်မည်ပင်။

"ကောင်းပါပြီ၊ ဒါဆို ခင်ဗျားတို့အလုပ် ဆက်လုပ်ကြပါ" ဒါကိုကြားတော့ ချင်ယွဲ့လည်း ဒီကိစ္စကို ဆက်မမေးတော့ပေ။ သူလည်း သူတို့နှစ်ယောက်ကို ပြုံးပြကာ ထွက်သွားလိုက်သည်။

သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန် လူတစ်ယောက် ရုတ်တရက်ပြေးထွက်လာသည်။ သူ့ခြေထောက်တွေက ခုန်ပျံကာ ချင်ယွဲ့ပုခုံးပေါ် အပြင်းအထန် ပုတ်လိုက်သည်။ သူ့လေသံထဲ စိတ်လှုပ်ရှားမှုတွေအပြည့်ပင်။ "အကိုကြီး၊ မင်းနဲ့ ချောင်းဟုန်မိန်တို့ ချစ်သူများနေ့တုန်းက လမ်းပေါ်မှာရန်ဖြစ်ကြတယ်လို့ ကြားတယ်။ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွားလဲ?"

"အိုး! အဲ့ဒါကို မပြောပါနဲ့တော့ !" ချင်ယွဲ့ရဲ့ မျက်နှာပေါ် ရွံရှာမှုတွေနှင့် ပြည့်နှက်နေကာ သူ့ရဲ့မျက်ခုံးတွေလည်း တွန့်ချိုးသွားတော့သည်။

အဲဒီနေ့က သူနဲ့ မော့ယန်တို့ ကျုံးဝမ်နဲ့ကျောလင်ဆီကနေ အတားခံခဲ့ရတယ်မလား?

နောက်တော့ နျဉ်ယွိယွင်နဲ့ မော့ချူးတို့ ထွက်သွားကြတဲ့အခါ သူတို့လည်း လွတ်လပ်ရေးရကာ ခွဲထွက်လာလိုက်သည်။ သို့ပေမယ့် ခပ်လှမ်းလှမ်းလောက်ဘဲလျှောက်ရသေးသည် ချင်ယွဲ့တစ်ယောက် သေးသေးသွယ်သွယ်ကောင်မလေးတစ်ယောက် သူနဲ့တူတဲ့မျက်နှာဖုံးကို ဝတ်ဆင်ထားကြောင်း ရုတ်တရက်တွေ့လိုက်ရသည်။ သူ ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။

အဲ့ဒီတုန်းက ချင်ယွဲ့မှာ အဝတ်အစားတွေကို အထူးတလည် သပ်သပ်ရပ်ရပ် ဝတ်ထားသည်။ သူရှေ့ကိုခြေတစ်လှမ်းတိုးကာ ကောင်မလေးနှင့် စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် အတူတူ သွားကြတော့သည်။ Single ဆိုတဲ့ ဂုဏ်ပုဒ်ကို သူအောင်အောင်မြင်မြင် စွန့်လွှတ်နိုင်တော့မလားဆိုတာ ဘယ်သူသိမှာလဲ....

ချင်ယွဲ့ရဲ့ အတွေးတွေကတော့ တော်တော်‌လေးလှပနေသည်။ သို့ပေမယ့် သူ နီးစပ်လာသည်နှင့်အမျှ စကားအနည်းငယ်တောင် မပြောရသေးခင် ချောင်းဟုန်မိန်မှာ လုံးဝစိတ်အနှောင့်အယှက် ပေးလာတော့သည်။ တစ်ဖက်မှာလည်း သူမဟာ သူ့အား ဒေါသကြီးပြီး ရိုင်းစိုင်းသည်ဟု ဆိုလာသည်။ သူဟာ ရုပ်ဆိုးပြီး သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အကြည့်မျိုးလည်း ရှိသည်ဟု ဆိုလာသည်။ ထိုသို့ပြောလာတဲ့အခါ ချင်ယွဲ့ကို စိတ်ဝင်စားနေတဲ့ ကောင်မလေးရဲ့အမူအရာက ပြောင်းလဲသွားတော့သည်။ သူမမှာ ရှေ့ဆက်မတိုးရဲတော့ပဲ ခြေလှမ်းကြဲများဖြင့် ထွက်ခွါသွားတော့သည်။

ချင်ယွဲ့မှာ မူလကကောင်မလေးနောက်သို့လိုက်ကာ ရှင်းပြချင်ခဲ့သည်။ သို့ပေမယ့် ချောင်းဟုန်မိန်က ရှေ့ကိုတိုးလာပြီး သူ့လမ်းကိုပိတ်ဆို့လိုက်သည်။ သူမရဲ့နှုတ်ခမ်းပေါ်မှ မထီမဲ့မြင်ပြုနေတဲ့ အပြုံးဟာ ချင်ယွဲ့ကို ဒေါသထွက်လာစေတော့သည်။ သူဘာကိုမှ ဂရုမစိုက်တော့ဘဲ သူမကို တိုက်ရိုက်တိုက်ခိုက်တော့သည်။

သူ ဒေါသထွက်နေသော်လည်း သူ့ကန့်သတ်ချက်ကိုတော့ သူသိကာ ချောင်းဟုန်မိန်ကိုတော့ ဘယ်တော့မှ ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။ သို့ပေမယ့် ဒီမိန်းမဟာ အရှက်မဲ့လွန်းလှသည်။ လမ်းပေါ်ရှိ လူများစွာရှေ့တွင် သူမက ထိခိုက်နာကျင်သလို အော်ဟစ်နေခဲ့သည်။

နာတယ်ပေါ့?

ငါ့ဖင်ကြီးကိုနာဟ!

ချင်ယွဲ့မှာ မကျေနပ်မှုအပြည့်ဖြင့် အဲ့ဒါကိုတော့ထုတ်မပြောလိုက်ပေ။ သူက ချောင်းဟုန်မိန်ကို ထိတောင်မထိရတာကို သူမက ဘယ်လိုလုပ် ဒဏ်ရာရမှာလဲ?

All Chapters