← Chapters

အပိုင်း ၃၀၈

Vol. 21 Ch. 308

အပိုင်း ၃၀၈

Vol. 21 Ch. 308

သို့ပေမယ့် လမ်းသွားလမ်းလာတွေက ချောင်းဟုန်မိန်ကိုဘဲ ယုံကြကာ သူ့ကိုအပြစ်ဝန်ခံခိုင်းကြတော့သည်။ သူ့ကိုတားထားကာ ထွက်သွားခွင့်မပေးပေ။ သူ့မှာ ချောင်းဟုန်မိန်ဆီကနေ ထောင်ဖမ်းခံလိုက်ရသည်။ သူ့ခွန်အားကို လုံးဝမထိန်းနိုင်လိုက်ကာ ကုသရေးကိရိယာတွင် တစ်နာရီနီးပါးကြာအောင် အိပ်နေခဲ့ရသည်။

ကျုံးဝမ်နဲ့ ကျောလင်တို့မှာ သူတို့ပြောနေကြသည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူတို့ရဲ့ အမူအရာတွေ ပြောင်းလဲသွားကာ အမြန်ဘဲ ချင်ယွဲ့ဆီပြန်လျှောက်လာကြသည်။

"ခုနတုန်းက ဘာပြောလိုက်တာလဲ?" ကျောလင်က စိုးရိမ်တကြီး ကြည့်လာသည်။ "ချစ်သူများနေ့မှာ မင်း ချောင်းဟုန်မိန်နဲ့ တစ်ချိန်လုံး ရှိနေခဲ့တယ်လား။ အဲ့ဒါသူ ဆိုတာသေချာလား?"

"ဟမ်?" ချင်ယွဲ့ အနည်းငယ် ကြောင်သွားသည်။ "ခင်ဗျားတို့မှာ လုပ်စရာရှိတယ် မဟုတ်ဘူးလား? ဘာလိုဖြစ်လို့…"

သူ့စကားမဆုံးခင်မှာဘဲ ကျောလင် သူ့ကို ပြင်းပြင်းထန်ထန် ဖြတ်ပြောလာသည်။ "မင်းကို မေးနေတယ်လေ!"

“ကောင်းပြီ” ကျုံးဝမ်က ကျောလင်ကို ဆွဲလိုက်ကာ သူ့အမူအရာကို အနည်းငယ် ပြင်လိုက်သည်။ သူက ချင်ယွဲ့ကို မျက်လုံးမှိတ်ပြလိုက်သည်။ “မင်းကို ငါတို့မေးစရာရှိလို့။ သီးသန့်စကားပြောလို့ရမလား?"

“ရပါတယ်" သူ့ဘေးကလူကလည်း ပါးနပ်၏။ သူတို့ရဲ့ အခြေအနေကို မြင်တော့ သူခေါင်းကုတ်လိုက်သည်။ “ဒါဆို ငါ့မှာလုပ်စရာတွေ ရှိသေးလို့ အရင်သွားတော့မယ်"

“ကောင်းပြီ” ချင်ယွဲ့လည်း သူ့ကို ခေါင်းညိတ်ပြလလိုက်သည်။ ပြနလှည့်လာတော့ သူ့အမူအရာက အေးစက်နေသည်။ "ခင်ဗျားတို့မေးမယ့်ဟာက ချူးလေးရဲ့ ပြန်ပေးဆွဲမှုနဲ့ ဆက်စပ်နေတာလား? ခင်ဗျားတို့က ချောင်းဟုန်မိန်လို့ သံသယရှိနေလို့လား?"

ကျုံးဝမ်က တိုက်ရိုက်မဖြေပေ။ ချစ်သူများနေ့မှ အခြေအနေအကြောင်းသာ သူ့ကိုအသေးစိတ်မေးမြန်းလိုက်သည်။

"မင်းနဲ့ ချောင်းဟုန်မိန် အဲ့ဒီညက ဘယ်အချိန်လောက်ဆုံတာလဲ?"

“အင်း…” ချင်ယွဲ့လည်း အဲ့ဒီတုန်းကအချိန်လောက်ကို ခန့်မှန်းကြည့်လိုက်သည်။ သူ သတိလက်လွတ် မလုပ်ရဲဘဲ ဂရုတစိုက် စဉ်းစားလိုက်သည်။ “အဲဒီတုန်းက ည ၈း၃၀ လောက်ဖြစ်မယ်။ ကျွန်တော် ခလုတ်ခုံကို တစ်ချက်လှမ်းကြည့်လိုက်တော့ အချိန်ကို တွေ့လိုက်တယ်"

8:30? အဲ့ဒီအချိန်တုန်းက ဘော့စ်နဲ့ မော့ချူးတို့အတူရှိနေကြသည်။

ကျုံးဝမ် မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ "အဲ့ဒါပြီးတော့ မင်း သူနဲ့နောက်နေ့မနက်အထိ ရှိနေခဲ့တာလား? လုံးဝလမ်းမခွဲသွားဘူးလား?"

"မဟုတ်ဘူး၊ ကျွန်တော် သူ့အနောက်ကိုလိုက်ခဲ့တာ" ချင်ယွဲ့က ခေါင်းခါလိုက်ပြီး အနည်းငယ် ရှက်သွားပုံရသည်။ “သူက ကျွန်တော့်ကို အရမ်းဒုက္ခပေးတယ်။ ကျွန်တော်လဲ သူ့ကိုချစ်သူများနေ့မှာ ဘယ်လိုလုပ်ပျော်ခွင့်ပေးရမှာလဲ? အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ကိုဒုက္ခပေးဖို့လိုက်သွားတာ!"

"မင်း လူမှားမှတ်မိတာ မဖြစ်နိုင်ဘူးလား?" ကျောလင်က ကြားဖြတ်ပြောလာသည်။ "အဲ့ဒီလူက တကယ်ချောင်းဟုန်မိန်လား?"

"သေချာပေါက် မမှားဘူး!" ချင်ယွဲ့က လေးလေးနက်နက်အမူအရာနဲ့ ခေါင်းညိတ်လိုက်သည်။ ကျောလင်ရဲ့ အမူအရာ ပြောင်းလဲသွားတာကိုမြင်တဲ့အခါ သူမနေနိုင်ဘဲမေးလိုက်သည်။ “ဘာဖြစ်လို့လဲ? ကျွန်တော်တစ်ခုခုမှားပြောမိလို့လား?"

"ဘာမှမဖြစ်ဘူး။ ဒီတစ်လော သူနေမကောင်း နည်းနည်းဖြစ်နေလို့။ သူ့ကိုစိတ်မဆိုးပါနဲ့" ကျုံးဝမ်က ခေါင်းယမ်းလိုက်သော်လည်း သူ့မျက်ခုံးတွေက ပိုလို့တောင် တွန့်ချိုးလာသည်။ "မင်းကို ဒုက္ခပေးမိလို့ ဆောရီးပါ ချင်ယွဲ့။ ငါတို့လဲ လုပ်စရာတွေရှိသေးတယ်ဆိုတော့ အရင်သွားလိုက်ဦးမယ်နော်"

“ကောင်းပါပြီ" သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်ရင်း ချင်ယွဲ့မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ “ဒီနှစ်ယောက် ထူးဆန်းလိုက်တာ။ သူတို့ဘာလုပ်နေတာလဲ?"

ကျောလင် ယာဉ်ပေါ်တက်လိုက်ရင်း သူ့မျက်နှာက ရုတ်တရက် ဖျော့တော့လာသည်။ “ချင်ယွဲ့ရဲ့စကားတွေကလည်း မမှားလောက်ဘူး။ သူပြောခဲ့တာတွေက အမှန်ဖြစ်ပြီး ချောင်းဟုန်မိန်ကသာ မော့ချူးကို ပြန်ပေးဆွဲဖို့ခိုင်းခဲ့တာမဟုတ်ဘူးဆိုရင် တကယ့်တရားခံက…”

တကယ့်တရားခံက နျဉ်မိသားစု ဖြစ်နေနိုင်သည်။

ကျုံးဝမ်ရဲ့လက်တွေ အနည်းငယ် တုန်သွားသည်။ “ချင်ယွဲ့ရဲ့စကားတွေကိုဘဲ ယုံလို့မရဘူး။.... အတည်ပြုဖို့ တခြားတစ်ယောက်ကို သွားကြည့်ရအောင်"

ဒါကို နျဉ်မိသားစုကသာ တကယ်လုပ်ခဲ့တာဆိုရင် အကျိုးဆက်တွေက မှန်းဆလို့မရတော့ပေ။ ဒါဟာ နျဉ်မိသားစုရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေရုံသာမက သူတို့အကြောက်ဆုံးဟာ တခြားမိသားစုတွေကပါ အခွင့်ကောင်းယူမှာကို ဖြစ်သည်။ နံရံဟာ တစ်ခါပြိုသွားတာနဲ့ လူတိုင်းတွန်းကြပါက နျဉ်မိသားစုရဲ့ အနာဂတ်ကိုမှန်းဆလို့ မရတော့ပေ။

“ဟုတ်တယ်!” ကျုံးဝမ်ရဲ့စကားကိုကြားတော့ ကျောလင်ရဲ့အမူအရာက အနည်းငယ် ကောင်းလာသည်။ "ချောင်းဟုန်မိန်ဘက်က ထွက်ပြေးဖို့ လှည့်ကွက်သုံးခဲ့တာများဖြစ်နေမလား?"

ကံဆိုးစွာဖြင့် သူတို့ထပ်စုံစမ်းကြည့်တဲ့အခါ၊ သူတို့ကို စိတ်ပျက်စေတာကတော့ ချောင်းဟုန်မိန်မှာ အမှန်တကယ် ပြစ်မှုကျူးလွန်ဖို့ အချိန်မရှိခဲ့သည်ကို တွေ့ခဲ့ရသည်။ ဒါ့အပြင်၊ သူမအား သက်သေခံပေးနိုင်သည့် မျက်မြင်သက်သေတွေလည်း အများအပြားရှိခဲ့သည်။

All Chapters