← Chapters

အပိုင်း ၃၀၉

Vol. 21 Ch. 309

အပိုင်း ၃၀၉

Vol. 21 Ch. 309

"စုံစမ်းမှု ရလဒ်ထွက်လာသေးလား?" နျဉ်ယွိယွမ်ရဲ့ ဗီဒီယိုကောခေါ်ဆိုမှု ထွက်လာတဲ့အချိန် ကျုံးဝမ်နဲ့ကျောလင်တို့ဟာ သူတို့ရဲ့ မောင်းနှင်ခြင်ယာဉ်ပေါ်တွင် ရှိနေကြကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဒါပေမယ့် သူတို့ဘော့စ်ရဲ့အသံကိုကြားလိုက်တဲ့အခါ သူတို့အမူအရာတွေပြောင်းသွားကြပြီး သူတို့ရဲ့အသံကလည်း အတော်ကြာအောင် ရုန်းကန်နေရသလိုပင်။ “အင်း၊ အမ်…”

“ကောင်းပြီ" သူတို့ရဲ့ အကြည့်တွေကို မြင်တော့ နျဉ်ယွိယွမ်ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ? သူ့မျက်လုံးတွေ မည်းမှောင်သွားသည်။ "နျဉ်မိသားစုက ချူးလေးကို တကယ်လုပ်ခဲ့တာလား?"

"မဟုတ်ဘူး၊ သိပ်တော့လဲမသေချာဘူး " ကျုံးဝမ် ခေါင်းယမ်းလိုက်သည်။ "ချောင်းဟုန်မိန် ပြစ်မှုကျူးလွန်တာ မဟုတ်ဘူးဆိုတာကိုဘဲ အတည်ပြုနိုင်တယ်။ နျဉ်မိသားစုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖို့အချိန်မရသေးပါဘူး”

စုံစမ်းမယ်?

ဘာကိုစုံစမ်းမှာလဲ?

နျဉ်ယွိယွမ် မျက်လုံးတွေကို အစွမ်းကုန်မှိတ်လိုက်သည်။ ပြန်ဖွင့်လိုက်တော့ သူ့မျက်လုံးတွေ ကြည်လင်နေသည်။ “ကောင်းပြီ၊ ငါ မင်းတို့ကို ဒါနဲ့ပတ်သတ်ပြီးဒုက္ခပေးရအုံးမယ်။ တတ်နိုင်သလောက် အမြန်ဆုံးပြန်လာခဲ့"

“ဟုတ်ကဲ့ပါ… ဘော့စ်” ကျောလင် ရုတ်တရက် အော်ပြောလိုက်သည်။ သူ့ကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေက အနည်းငယ် စိုးရိမ်နေသလိုပင်။ "ဘော့စ်၊ ဘော့စ်အဆင်ပြေရဲ့လား?"

“ဟက်” နျဉ်ယွိယွမ် ခပ်ဟဟရယ်လိုက်ပြီး တခြားဘာမှ ပြန်မပြောလာပေ။ သူလက်ထုတ်လိုက်ကာ ဆက်သွယ်ရေး မျက်နှာပြင်ကို ပိတ်လိုက်သည်။

အခန်းဟာလည်း ရုတ်တရက် တိတ်ဆိတ်သွားသည်။

နျဉ်ယွိယွမ် ကုလားထိုင်ပေါ် မှီထိုင်လိုက်သည်။ ပုံမှန်ဆို ဖြောင့်တန်းနေသည့် သူ့ကျောပြင်ဟာ အခုတော့ ကုန်းနေသည်။ သူ့ခေါင်းကို လက်နှစ်ဘက်နဲ့အုပ်လိုက်ကာ သူ့မျက်နှာကတော့ ကြောက်စရာကောင်းလောက်အောင် အုံ့မှိုင်းနေ၏။

မော့ချူးကို ပြန်ပေးဆွဲချင်တဲ့သူဟာ တကယ်တော့ နျဉ်မိသားစုထဲကလို့ သူ...သူဘယ်တုန်းကမှ မထင်ထားမိပေ။ ဒါ့အပြင်၊ ဒီသောက်အကြောင်းပြချက်ဟာ အဘိုးကြီးကို ကျေနပ်စေရန် ဖြစ်ကောင်းဖြစ်နိုင်သည်။

ခလွမ်း!

ကျယ်လောင်တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသည်။ စာရွက်စာတမ်းတွေ၊ ခွက်တွေ၊ မီးခွက်တွေ… ကြမ်းပြင်ပေါ်တွင် ကွဲကြေနေသည်။

ကြမ်းပြင်ပေါ်ကို စိုက်ကြည့်ရင်း နျဉ်ယွိယွမ် အသက်ပြင်းပြင်းရှူလိုက်ကာ တံခါးနားမှာချိတ်ထားတဲ့ သူ့အင်္ကျီကို ကောက်ကိုင်လိုက်ပြီး အရှိန်ပြင်းပြင်းနဲ့ အပြေးအလွှား ထွက်သွားတော့သည်။

"မာရှယ်....ဘာကိစ္စရှိလို့ပါလဲ?" တံခါးအပြင်ဘက်ရှိ ဝန်ထမ်းတွေက နျဉ်ယွိယွမ်ကို အံ့အားသင့်သလို ကြည့်နေကြသည်။ ဒီလိုမျိုး အလျင်လိုနေတဲ့ မာရှယ်ကို သူတို့ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“မင်းတို့အလုပ် ဆက်လုပ်ကြ” နျဉ်ယွိယွမ်မှာ လေတိုက်သလို ပြေးထွက်သွားသည်။

လျှပ်စီးလိုမျိုး မြန်လှသည်။ မော့ချူးရဲ့အိမ်ရှေ့ကိုရောက်တဲ့အခါ နျဉ်ယွိယွမ်မှာ ချီတုံချတုံဖြစ်သွားသည်။ တံခါးကိုခေါက်ဖို့လုပ်နေတဲ့ သူ့လက်မှာ ချီတုံချတုံ ဖြစ်နေသည်။

“အာဝူး အာဝူး –” ငါ ဝိတ်ကျနေပြီလို့။ ငါဘာလို့ လမ်းလျှောက်ထွက်ရအုံးမှာလဲ? ရွှတ် ရွှတ်၊ မပျော်တော့ဘူး!

ဒီအခိုက်အတန့်မှာ အထဲကနေ တံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်သည်။ ဝိုင်းဝိုင်းရဲ့ မလိုလားတဲ့ အော်ဟစ်သံကို ကြားနေရသည်။

ဝိုင်းဝိုင်းကို ချီလာတဲ့သူမှာ မော့ချူးဖြစ်သည်။ တံခါးအပြင်ဘက်မှာ နျဉ်ယွိယွမ်ကို တွေ့လိုက်ရတော့ သူမအနည်းငယ် အံ့အားသင့်သွားသည်။ "ရှင်၊ ရှင်ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲ? ဘာဖြစ်လို့လဲ?"

“အာဝူး –” ဝိုင်းဝိုင်းရဲ့ စောစောက ချွဲနွဲ့နေတဲ့ပုံစံဟာ တခဏချင်း ပျောက်ကွယ်သွားတော့သည်။ သူ့ကိုယ်ပေါ်က အမွှေးတွေအားလုံး ရုတ်တရက်ထောင်လာကာ သူ့ပါးစပ်ကလည်း အကျယ်ကြီးပွင့်လာသည်။ ချွန်ထက်နေတဲ့ သွားတွေမှနေ အေးစက်စက် အလင်းရောင်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ မုန်းစရာကောင်းတဲ့လူသား၊ ထွက်သွားစမ်း!

"ချူးလေး!" နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ ရုတ်တရက် သူ့လက်ကို မြှောက်ကာ မော့ချူး ရင်ခွင်ထဲမှာရှိတဲ့ ဝိုင်းဝိုင်းကို မြေပြင်ပေါ် ဆွဲချလိုက်သည်။ နောက်လက်တစ်ဖက်နဲ့ မော့ချူးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

နျဉ်ယွိယွမ်ရဲ့ တောင့်တင်းနေတဲ့ရင်ဘတ်ကိုမှီနေရင်း မော့ချူး မနေနိုင်ဘဲလန့်သွားမိသည်။ "ရှင်....ရှင်ဘာဖြစ်နေတာလဲ?"

မော့ချူးမှာ ဘာကြောင့်မှန်းမသိသော်လည်း နျဉ်ယွိယွမ်ရဲ့ လက်ရှိစိတ်အခေုအနေမှာ အနည်းငယ်ထူးဆန်းသည်ဟု သူမခံစားမိသည်။

“ဘာမှမဖြစ်ပါဘူး” နျဉ်ယွိယွမ် ခပ်ဟဟရယ်လိုက်တော့ လေပူပူတွေက မော့ချူးနားထဲဆီ တိုက်ခတ်သွားသည်။ "မတွေ့ရတာကြာပြီဆိုတော့ မင်းကို နည်းနည်းသတိရလို့"

နျဉ်ယွိယွမ်ဆီမှ ချစ်စကားကြိုက်စကားတွေဟာ အမြဲတမ်း လွယ်လွယ်ကူကူဖြင့် ထွက်လာတတ်‌တာကြောင့် မော့ချူးမှာ ဂရုမစိုက်နေပေ။ သူမ သူ့ရင်ဘတ်ပေါ်တွင်သာ အသာလေးမှီထားကာ သူ့ရဲ့ ပုံမှန်ထက် ပိုပြင်းနေတဲ့နှလုံးခုန်သံကို ကြားနေရသည်။

"အာဝူး အာဝူး -" ဝိုင်းဝိုင်း ဒေါသထွက်သွားသည်။ ဒီလူတော့ မော့ချူးလက်ထဲကနေ ငါ့ကိုဆွဲထုတ်ရဲတယ်ပေါ့လေ! အသေကိုက်ပစ်မယ်!

All Chapters