← Chapters

အပိုင်း ၃၁၀

Vol. 21 Ch. 310

အပိုင်း ၃၁၀

Vol. 21 Ch. 310

ဝိုင်းဝိုင်းတစ်ယောက် အံကိုကြိတ်ပြီး သူ့ပါးစပ်ကို နျဉ်ယွိယွမ်ခြေထောက်ဆီ ရွှေ့တော့မယ့်အချိန် မော့ချူးရဲ့ သဘောမတူတဲ့အကြည့်နဲ့ဆုံသွားသည်။ သူ့ပါးစပ် ချက်ခြင်း ရှုံ့တွသွားတော့သည်။ ရွှတ် ရွှတ် မော့ချူး ငါ့ကို မချစ်တော့ဘူး!

ရင်နာနာနဲ့၊ ဝိုင်းဝိုင်းမှာ စိတ်ပျက်အားငယ်တဲ့မျက်နှာနဲ့ အခန်းထဲကို မပြေးဝင်မီ သူ့ရဲ့ဝမ်းနည်းကြေကွဲနေတဲ့နှလုံးသားလေးကို ပွတ်သပ်ဖို့ သူ့လက်တွေကို သုံးလိုက်သည်။ သို့ပေမယ့် သူအခန်းထဲဝင်လိုက်တာနဲ့ ချက်ချင်းအမူအရာပြောင်းသွားတော့သည်။ မော့ယန်ဆီ ချက်ချင်း ပြေးသွားကာ ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်ပြီး သူ့ရဲ့ မဟာမိတ်ကို ရှာဖွေဖို့ ပြင်ဆင်လိုက်သည်။

အမှန်မှာ၊ ဒီလူသားနဲ့ ဒီသားရဲဟာ တစ်‌ယောက်နဲ့တစ်ယောက်ကို သဘောမကျကြပါချေ။ သို့ပေမယ့် ပြင်ပကမ္ဘာကို တညီတညွတ်တည်း ရင်ဆိုင်ရတဲ့အခါ သူတို့ဟာ တိတ်တဆိတ် နားလည်မှုယူလိုက်ကြသည်။

“အာဝူးးး –” မြန်မြန်၊ မြန်မြန်ထွက်လာခဲ့! မကောင်းတဲ့လူက မော့ချူးကို ထပ်ပြီးအပူကပ်နေပြန်ပြီ! 'အမ်း... ချူးလေးလက်ထဲနေ အတင်းဆွဲထုတ်ခံရတဲ့ ရှက်စရာကောင်းတဲ့ကိစ္စကိုတော့ မေ့ထားလိုက်တာ ပိုကောင်းတယ်။'

ဝိုင်းဝိုင်းရဲ့ မျက်နှာပေါ်မှ စိုးရိမ်တဲ့အကြည့်ကို မြင်လိုက်ရတော့ မော့ယန် မသိချင်ယောင် မဆောင်ဘဲမနေနိုင်တော့ပေ။ ဘာဖြစ်တာလဲ? လမ်းလျှောက်ထွက်ကြတာမဟုတ်ဘူးလား? ဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ?

ဝိုင်းဝိုင်းနောက်ကနေ သူလိုက်လာကာ မော့ကြည့်လိုက်တော့ နျဉ်ယွိယွမ်တစ်ယောက် ချူးလေးကို ဖက်ထားတာ တွေ့လိုက်ရသည်။ မော့ယန် မျက်နှာ ချက်ချင်း မည်းမှောင်သွားတော့သည်။ ' သေစမ်း! ဒီကောင် ဘာလို့ဒီကို ရုတ်တရက်ရောက်လာတာလဲ? တံခါးဝမှာတောင် ငါ့ညီမကို အခွင့်အရေးယူရဲသေးတယ်။ ပိုပိုပြီး သတ္တိရှိလာတာပဲ!'

မော့ယန်မှာ အချိန်ဆွဲမနေတော့ဘဲ မော့ချူးကို နျဉ်ယွိယွမ်ရင်ခွင်ထဲကနေ တိုက်ရိုက်ဆွဲထုတ်လိုက်သည်။ မည်းမှောင်နေတဲ့ အမူအရာနဲ့ ဘာစကားတစ်ခွန်းမှမပြောဘဲ သူ့ကိုကြည့်နေလိုက်သည်။

သူ့နောက်မှာရှိနေတဲ့ ဝိုင်းဝိုင်းကတော့ အခုချိန်မှာ အရမ်းပျော်ရွှင်နေသည်။ ခုနတုန်းက ငါ့အပေါ်ရက်စက်ခဲ့ပေမဲ့ အခုတော့ မော့ယန်ဆီကနေ ဆိုးဆိုးရွားရွား ဆက်ဆံခံရတော့ ဘာစကားမှ မပြောရဲဘူးမလား။

တံခါးဝတွင် ရွှင်မြူးနေသည့် ဝိုင်းဝိုင်းမှလွဲ၍ မော့ယန်နဲ့ နျဉ်ယွိယွမ်တို့ကတော့ သိပ်ကြည့်မကောင်းနေပေ။ မော့ချူးမှာ သူမရဲ့အစ်ကိုကြီးကို ကြည့်လိုက်ပြီး နောက်တော့ နျဉ်ယွိယွမ်ကို လှည့်ကြည့်လိုက်သည်။ ရုတ်တရက် သူမတိတ်ဆိတ်နေတာကို ချိုးဖျက်လိုက်သည်။ "အမ်... နျဉ်ယွိယွမ်၊ ရှင်ဘာလို့ ဝင်မထိုင်တာလဲ?"

ဒါကိုကြားတော့ နျဉ်ယွိယွမ်ရဲ့ မျက်နှာက တည်ငြိမ်သွားသည်။

တစ်ဖက်တွင်မှာတော့ မော့ယန်ရဲ့ မျက်နှာက ပိုလို့တောင် မည်းမှောင်သွားတော့သည်။

"ချူးလေး၊ ဘာပြောလိုက်တာလဲ? လေ အရမ်းပြင်းနေလို့ ရှင်းရှင်းလင်းလင်း မကြားရဘူး” မော့ယန်ခေါင်းစောင်းကာ ဂရုမစိုက်သလို ကြည့်လိုက်သည်။

တစ်ဖက်မှာတော့ မော့ချူးမှာ သူမအစ်ကိုရဲ့ ရုပ်တည်ကြီးနဲ့ လိမ်ပြောနေတဲ့ပုံကြောင့် ရယ်မောမိသွားသည်။ လေက ဘယ်နားကနေလာတာလဲ?

ချူးလေးက သူ့မျက်နှာသာမပေးဘဲ ခပ်တိုးတိုးရယ်နေတာကိုမြင်တော့ မော့ယန်က စိတ်မဆိုးပါချေ။ သူလက်လှမ်းကာ သူမခေါင်းကို အသာလေးပွတ်လိုက်သည်။ သူ့မျက်နှာက နူးညံ့နေပေမယ့် နျဉ်ယွိယွမ်ကို လှည့်ကြည့်လာတဲ့ သူ့မျက်နှာကတော့ 'ထွက်သွား၊ ခင်ဗျားကိုဒီမှာမကြိုဆိုဘူး' ဆိုပြီး ပြောနေသလိုပင်။ “ဘာဖြစ်လဲ?” သူက တင်းတင်းမာမာနဲ့ ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း..." နျဉ်ယွိယွမ် စကားမဆုံးခင် မော့ယန်က သူ့ကိုကြားဖြတ်ပြောလာသည်။ သူက နျဉ်ယွိယွမ်ကို မထီမဲ့မြင်ပြုသလိုအား မျက်လုံးလှိမ့်ပြလိုက်သည်။ "ဘာမှမဟုတ်ရင်လဲ ဒီမှာဘာလုပ်နေတာလဲ?"

ခင်ဗျားက ငါတို့ချူးလေးကို အခွင့်ကောင်းယူဖို့တောင်လာခဲ့တာ တကယ်ကို သတ္တိရှိတာပဲ။

"မင်းက ချူးလေးအပေါ် အရမ်းကောင်းတာပဲ" နျဉ်ယွိယွမ်က အသာအသက်ရှူထုတ်လိုက်ကာ သူ့အကြည့်တွေက နူးညံ့သွားသည်။ “အရမ်းကောင်းတယ်"

နျဉ်ယွိယွမ်ရဲ့ စကားကြောင့် မော့ယန် အံ့သြသွားသည်။ဘာလဲ? သူအရေထူလွန်းလို့ မြှောက်ပင့်တဲ့ဘက်ကို ပြောင်းဖို့ကြိုးစားနေတာလား? ငါပြောမယ်၊

"ငါလဲ ချူးလေးအပေါ် ကောင်းပါ့မယ်" သူ့စကားလုံးတွေဟာ ပေါ့ပေါ့ပါးပါးဖြစ်သော်လည်း နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေဟာတော့ ခိုင်မာမှုအပြည့်ရှိသည်။

မော့ချူးရဲ့ ဖြူစင်တဲ့မျက်နှာ လေးကို သူမြင်လိုက်ရတဲ့အခါ နျဉ်ယွိယွမ်ရဲ့နှုတ်ခမ်းထောင့်တွေ ကော့တက်လာသည်။ သူလက်လှမ်းကာ သူမပါးကို ထိ‌တော့မယ့်အချိန် မော့ယန်က လက်ကိုခပ်ပြင်းပြင်းရိုက်လိုက်သည်။ ဒီချီးမွမ်းစကားတွေဟာ အရိပ်အယောင်ပြရုံသာဖြစ်သည်။ အရေးကြီးဆုံးအရာကတော့ ဆက်ရှိနေဦးမှာပဲ!

ဟက် ! သူက ချူးလေးဆီကနေ မျက်နှာရအောင် ဝေ့ဝိုက်နေတာပဲ! ဒီလူနျဉ်ယွိယွမ်ကတော့ တကယ်ကို အန္တရာယ်ရှိတဲ့ဝံပုလွေတစ်ကောင်ပဲ! သူ့မှာ တစ်ခဏလောက်တောင် သတိမလွတ်ရဲဘူး။

“ဒါဆို… ကိုယ် အရင်သွားတော့မယ်” မော့ချူးကို လေးလေးနက်နက် ကြည့်ပြီးနောက် နျဉ်ယွိယွမ် လှည့်ထွက်သွားတော့သည်။ သို့ပေမယ့် သူ့ကျောပြင်ကတော့ အနည်းငယ် ပြတ်သားလှသည့်ပုံပင်။

“အမ်…” မော့ချူး မျက်မှောင်ကြုတ်လိုက်သည်။ ပြောရရင်၊ သူ ဒီကိုဘာလာလုပ်တာလဲ? အရမ်းပဟေဠိဆန်တာပဲ!

ဒီအကြောင်းကိုမော့ချူး သူ့အစ်ကိုကို ပြောပြတဲ့အခါ မော့ယန်ရဲ့ အမူအရာက ချက်ချင်းပြောင်းသွားပြီး သူမကိုသင်ခန်းစာပေးဖို့ အခွင့်အရေးယူလိုက်သည်။ “ချူးလေး၊ ဒါတွေအားလုံးက အဖွဲ့ချုပ်မှာ ယောက်ျားလေးတွေက မိန်းကလေးတွေကို သွေးဆောင်ဖြားယောင်းဖို့ သုံးတဲ့နည်းလမ်းပဲ။ 'ခပ်တန်းတန်းဖြစ်တာ' နဲ့ 'စိတ်အားထက်သန်တယ်' ဆိုတာဘာလဲ? ဒါတွေအားလုံးက လှည့်ကွက်တွေပဲ။ တစ်ခုကိုသတိရ၊ ဒီနည်းလမ်းတွေကို မယုံလိုက်နဲ့”

အစ်ကိုဖြစ်သူရဲ့ စကားပြောကောင်းလှတဲ့ အပြုအမူကို ကြည့်ပြီး မော့ချူးမထိန်းနိုင်ဘဲ အံ့အားသင့်သွားမိသည်။ သူမရဲ့ နှုတ်ခမ်းထောင့်တွေဟာ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားတော့သည်။ နောက်တော့ သူမခြေထောက်ကိုပွတ်နေတဲ့ ဝိုင်းဝိုင်းအား အမြန်ချီလိုက်ကာ အခန်းထဲကို ပြေးဝင်သွားလိုက်သည်။ အင်း... မြန်မြန်ထွက်လာတာ ပိုကောင်းတယ်၊ မဟုတ်ရင် သူမရဲ့အစ်ကိုကြီးက သူမကိုအချိန်အကြာကြီး လက်ချာပေးနေအုံးမှာ!

All Chapters