အပိုင်း ၃၁၁
Vol. 21 Ch. 311
နျဉ်မိသားစုရှိ စံအိမ်ဟောင်းတွင်
"ဘာလဲ? ကောင်စုတ်လေး၊ နောက်ဆုံးတော့ ပြန်လာဖို့ဆန္ဒရှိပြီလား?"
အကြီးအကဲနျဉ်သည် သူ့လက်ထဲမှခွက်ကိုချကာ ခြေလှမ်းကြဲကြဲဖြင့်လာနေသည့် နျဉ်ယွိယွမ်ကို စိုက်ကြည့်လိုက်သည်။ သူ့လေသံမှာ မကျေနပ်မှုတွေဖြင့် ပြည့်နှက်နေသည်။
အရင်တုန်းကတော့ ဒီမြေးကအလုပ်ရှုပ်နေပေမယ့် တစ်ပတ်မှာအနည်းဆုံး တစ်ကြိမ်တော့ အိမ်ဟောင်းကို ပြန်လာလေ့ရှိသည်။ အခုဆို အိမ်ထဲကို ခြေမချတာ တစ်လနီးပါးလောက်ရှိပြီဖြစ်သည်သူသာ အကြိမ်ပေါင်းများစွာမခေါ်နေရင် ဒီကောင်စုတ်လေးက သေချာပေါက် အပြင်မှာဘဲ နေနေမှာပင်!
နျဉ်ယွိယွမ်က ပြန်မဖြေပေ။ သူက အကြီးအကဲနျဉ်ကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။
နျဉ်ယွိယွမ်ကို အပေါ်အောက် စုန်ဆန်ကြည့်လိုက်ရင်း အကြီးအကဲနျဉ်မှာ ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ အထင်အမြင်သေးသလို ပြောလာသည်။ “မင်း ဘာတွေဝတ်ထားတာလဲ? ကြေမွနေပြီး အရောင်အဆင်းလဲမရှိဘူး။ မြန်မြန်သွားလဲလိုက်စမ်း"
နျဉ်ယွိယွမ် အိမ်ဟောင်းတွင် မနေတာကြာပြီဖြစ်သော်လည်း အပေါ်ထပ်တွင် သူ့အပိုင်အခန်းတစ်ခုရှိသေးသည်။ အထဲတွင် အဝတ်အစား၊ ဖိနပ်၊ ဦးထုပ်တွေအပါအဝင် ပစ္စည်းအစုံအလင်ရှိ၏။
နျဉ်ယွိယွမ် ခေါင်းငုံ့လိုက်ကာ သူ့မျက်လုံးထဲရှိ နက်ရှိုင်းသည့်အကြည့်ကို ဖုံးကွယ်လိုက်သည်။ သူခပ်တိုးတိုးမေးလိုက်သည်။ "အဘိုး၊ ဘာလို့ကျွန်တော့်ကို....ပြန်လာခိုင်းတာလဲ?"
"လုံလောက်ပြီ၊ မဟုတ်တာတွေမပြောနေနဲ့။ ဘာလို့ဒီလောက်မေးခွန်းတွေများနေတာလဲ?" အကြီးအကဲနျဉ်သူ့ကိုစိုက်ကြည့်ကာ ဝိုးတိုးဝါးတားပြောလိုက်သည်။ “မြန်မြန် အဝတ်အစားသွားလဲလိုက်။ အချိန်ဖြုန်းမနေနဲ့!"
နျဉ်ယွိယွမ်ဧည့်ခန်းထဲတွင် ရပ်နေသေးတာကို မြင်လိုက်ရတော့ အကြီးအကဲနျဉ် ဒေါသတွေထွက်လာပြန်သည်။ "ဘာလဲ? မင်းက အခုငါ့စကားကိုတောင် နားမထောင်တော့ဘူးလား?"
“မဟုတ်ပါဘူး” နျဉ်ယွိယွမ် ခေါင်းအသာခါလိုက်သည်။
"မဟုတ်ဘူး? ဘာကိုဆိုလိုတာလဲ? မင်းကိုယ်မင်း အခု ကလေးလို့ထင်နေတာလား? အစည်းအဝေးတုန်းက မင်းကိုငါ့မျက်လုံးတွေနဲ့ အချက်ပြဖို့ ငါ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် မင်းက စုန့်ထျန်းချန်နဲ့တောင် လောင်းကြေးထပ်လိုက်ရဲသေးတယ်" အကြီးအကဲနျဉ် ဒေါသထွက်လာသည်။ သူ့လည်ပင်းမှာ သွေးကြောတွေတောင် ထောင်တက်လာသည်။ "သူက ဘယ်လိုလူလဲဆိုတာ မင်းမသိဘူးလား?"
"ကြည့်နေ! သူ မင်းကို သေချာပေါက် ကလိမ်ကကျစ်ကျလိမ့်မယ်။ မင်းဘာလုပ်သင့်လဲ စဉ်းစားတာ ပိုကောင်းမယ်! သူများတွေ မင်းကို အရူးလုပ်ပြီး အဖွဲ့ချုပ်တစ်ခုလုံးရဲ့ ဟာသဖြစ်အောင် မလုပ်မိစေနဲ့။ ငါ မင်းကို ဂရုမစိုက်မှာမဟုတ်ဘူး!"
သူအော်ပြီးသွားသည့်အခါ အကြီးအကဲနျဥ်မှာ နားတောင်မနားပေ။
မျက်နှာတွေနီရဲကာ လည်ပင်းနာလာသည်အထိ အော်ဟစ်နေသည်။ သို့ပေမယ့် သူ လှမ်းကကည့်လိုက်တဲ့အခါ နျဉ်ယွိယွမ်ရဲ့ အမူအရာကင်းမဲ့နေတဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ သူ မနေနိုင်ဘဲ ဒေါသထွက်လာတော့သည်။ သူဘာဖြစ်နေတာလဲ? ငါ ဒီလောက်အများကြီးပြောနေတာကို စကားလေးတစ်လုံးတောင်ပြန်မပြောဘူး?
“အဘိုး၊ ကျွန်တော့်မှာ ပြောစရာတစ်ခုရှိ…” နျဉ်ယွိယွမ် အသက်ပြင်းပြင်းရှူကာ စကားစလုဆဲဆဲမှာဘဲ အကြီးအကဲနျဉ်က မညှာမတာဖြတ်ပြောလာသည်။ သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "ကောင်းပြီ၊ ဘာမှမရှိတော့ရင်ဘဲ မင်းအဝတ်အစားတွေ အရင်သွားလဲလိုက်!"
အကြီးအကဲနျဉ်၏ မျက်နှာပေါ်ရှိ ခေါင်းမာသည့် အမူအရာကို မြင်လိုက်ရတော့ နျဉ်ယွိယွမ် ခဏရပ်သွားကာ အပေါ်ထပ်ကို လှည့်တက်သွားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် နျဉ်ယွိယွမ် အဝတ်အစားလဲပြီး ဆင်းလာတဲ့အခါ အကြီးအကဲနျဉ်က ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။
ဟုတ်တယ်! မဆိုးဘူး။ အဝတ်အစားတွေ လဲပြီးတာနဲ့ ချက်ချင်းကို ပိုတက်ကြွလာတာပဲ!
အတိအကျပင်! နျဉ်ယွိယွမ်သည် အနက်ရောင် suit ကို ၀တ်ထားသည်။ ရိုးရှင်းသည့်စတိုင်ဟာ သူ၏သန်မာတဲ့ခါးနှင့် ခြေတံရှည်များ၏ အားသာချက်တွေကို အပြည့်အ ဖော်ပြထားသည်။ သူ့ရဲ့ ချောမောလှပသည့်မျက်နှာနဲ့ ယှဉ်တွဲလိုက်ပါက သူဟာ သေချာပေါက်ကိုချောမောတဲ့ယောကျာ်းတစ်ယောက်ပင်။
"သွားရအောင်" အကြီးအကဲနျဉ် မတ်တပ်ထရပ်လိုက်ကာ သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်လိုက်သည်။
“အဘိုး၊ ကျွန်တော့်မှာလုပ်စရာရှိ…” နျဉ်ယွိယွမ်မှာ လူအိုကြီးနောက်ကို လိုက်လာရင်း သူ့အသံဟာပိုပိုပြီး နက်ရှိုင်းလာသည်။ မီးတောင်၏မျက်နှာပြင်ပေါ်ရှိ ရေခဲများနှင့် နှင်းခဲများကဲ့သို့ပင်။ ၎င်းဟာရေခဲပြင်ကို ဖြတ်ကာ ပေါက်ကွဲလာဖို့ အချိန်အနည်းငယ်သာလိုတော့သည်။
မောင်းနှင်ခြင်းယာဉ်ပေါ်တွင်ထိုင်နေသည့် လူအိုကြီးက ခေါင်းကိုလှည့်ကာ နျဉ်ယွိယွမ်ကို စိုက်ကြည့်လာသည်။ “အခုတော့၊ မင်း အာရုံပိုစိုက်ထား။ တခြားအကြောင်းတွေကို ပြန်လာတဲ့အခါကျရင် ပြောမယ်" ထိုသို့ ပြောပြီးသည်နှင့် အကြီးအကဲနျဉ်သည် ခေါင်းကိုတစ်ဖက်လှည့်လိုက်ကာ ငြိမ်သက်စွာ အနားယူနေသည့်ပုံပင်။
နျဉ်ယွိယွမ်မှာ ပါးစပ်ကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက်လုပ်နေပေမယ့် အဆုံးမှာ သူ့စကားလုံးတွေကို မျိုချလိုက်ရသည်။ သို့ပေမယ့် သူအနည်းငယ် စိတ်ရှုပ်သလို ခံစားလိုက်ရသည်။ လူအိုကြီးက ဒီလိုပွဲကြီးမှာ ဘာလုပ်ဖို့ စီစဉ်နေတာလဲ?
မောင်းနှင်ခြင်းယာဉ် ရပ်သွားတော့ လူအိုကြီးနောက်ကနေ ဧည့်ခန်းမထဲကိုလိုက်သွားတဲ့အခါ နျဉ်ယွိယွမ်ရဲ့အမူအယာမှာ မနေနိုင်ဘဲ အနည်းငယ်ပြောင်းလဲသွားတော့သည်။ နောက်ဆုံးတော့ သူ့အဖိုး ဘာစီစဉ်ထားလဲဆိုတာ သူနားလည်သွားတော့သည်။
တောက်ပသည့် ဧည့်ခန်းမကြီးထဲတွင် ကြောင်သူတော်အပြုံးများနှင့် ကြော့ရှင်းလှပသည့် ယောက်ျားမိန်းမအားလုံး ရှိနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ခွက်ခြင်းတိုက် အရသာခံကာ မွှေးကြိုင်သည့် ရနံ့တွေ ပျံ့လွင့်နေ၏။
"ဘာလဲ၊ မင်းရော မင်းရဲ့လူအိုကြီးဆီကနေ ဒီကိုလာဖို့ အတင်းအကြပ် ဖိအားပေးခံရတာလား?" နျဉ်ယွိယွမ်ရဲ့ပုံစံကိုကြည့်ပြီး ချင်ရှန့်ရှေ့ကိုခြေလှမ်းအနည်းငယ်လှမ်းလာသည်။ မီးရောင်များအောက်တွင် သူ၏လှပပြီးအပြစ်အနာအဆာကင်းသည့် မျက်နှာဟာ ပိုလို့တောင် ဆွဲဆောင်မှုရှိနေသည်။ သို့ပေမယ့် သူ့နှုတ်ခမ်းထောင့်ရှိ ယုတ်မာတဲ့အပြုံးဟာ သူတစ်ပါးဒုက္ခရောက်နေသည်ကို ကျေနပ်အားရနေမှန်း သိသာလှသည်။
"ဘာလဲ... ဘာတွေဖြစ်နေတာလဲ?" နျဉ်ယွိယွမ်ရဲ့မျက်နှာဟာ အေးစက်စက်ဖြင့် မေးလာရင်း အေးစက်လာသည်။ ထို့နောက် ခေါင်းကိုလှည့်ကာ အေးစက်စက်အကြည့်ကိုသုံး၍ သူ့နားသို့ ချဉ်းကပ်ရန် ကြိုးစားနေသည့် အမျိုးသမီးတွေကို ဖယ်ထုတ်လိုက်သည်။
"နောက်ထပ်ဘာများဖြစ်နိုင်သေးလို့လဲ?" ချင်ရှန့် ခပ်တိုးတိုးရယ်မောလိုက်ကာ နျဉ်ယွိယွမ်ပုခုံးကို ပုတ်ရန် လက်ဆန့်လိုက်သည်။ "ဒါက မင်းမျိုးမင်းနွယ်မိသားစုတွေရဲ့ စုဝေးပွဲမဟုတ်ဘူးလား?"
ဤနေရာမှလူတွေ အားလုံးသည် အဖွဲ့ချုပ်၏ ထိပ်တန်းမိသားစု အဆက်အသွယ်တွေမှ ဖြစ်သည်။ လူတိုင်းမှာ ကိုယ့်အတွက် အကျိုးရှိဖို့ကိုသာ စိတ်ကူးရှိကြသည်။ ချင်ရှန့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ မျက်ခုံးပင့်လိုက်ပြီး သူ့နှုတ်ခမ်းတွင် လှောင်ပြောင်လိုသည့် အပြုံးတစ်ခု ပေါ်လာသည်။ မတော်တဆမှုသာမရှိရင် သူ့အနာဂတ် ဇနီးလောင်းဟာလည်း သူတို့ထဲက တစ်ယောက် ဖြစ်နေလိမ့်မည်...
ဒါကိုကြားတော့ နျဉ်ယွိယွမ် သူ့လက်သီးတွေကို ဆုပ်လိုက်သည်။
မင်းမျိုးမင်းနွယ် မိသားစု စုဝေးပွဲတဲ့လား?
အဘိုး ဘာတွေတွေးနေတာလဲ? တကယ်ကြီး သူ့ကို ဒီခေါ်လာခဲ့တာပဲ!
"တောင်းပန်ပါတယ် ကျွန်တော့်မှာ လုပ်စရာတွေရှိသေးလို့ အရင်သွားနှင့်တော့မယ်..." နျဉ်ယွိယွမ် ၏အမူအရာမှာ အေးစက်သွားသည်။ သူ လှည့်ထွက်သွားတော့မယ့်အချိန်မှာပဲ အကြီးအကဲနျဉ်က သူ့ကို တားလိုက်သည်။ "ယွိယွမ် ဒီကိုလာခဲ့"
နျဉ်ယွိယွမ် ခြေလှမ်းတွေကို ရပ်လိုက်ကာ အကြီးအကဲနျဉ်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ခုံးတွေ တွန့်ချိုးသွားကာ သူတို့ဆီ လျှောက်သွားလိုက်သည်။
"အဘိုး၊ ဘာကိစ္စရှိလို့လဲ?" နျဉ်ယွိယွမ် မျက်လုံးအသာပင့်လိုက်သည်။ သူထုတ်လွှတ်လိုက်သည့် ရောင်ဝါဟာ ဒီလူကြီးတွေရဲ့ မျက်လုံးတွေကို တောက်ပလာစေသည်။ အထူးသဖြင့် ချင်မိသားစု၏ ချင်သာ့ဖုန်မှာ လက်ကိုဆန့်ထုတ်ကာ သူ့ကိုခပ်ပြင်းပြင်းပုတ်လိုက်သည်။ “မဆိုးဘူး၊ မင်းက ကြည့်ကောင်းတဲ့ကောင်လေးပဲ” ဟု ချီးကျူးလာသည်။
"ကျေးဇူးတင်ပါတယ်" ဒါကိုကြားတော့ နျဉ်ယွိယွမ်လည်း မတတ်နိုင်ဘဲ ချင်သာ့ဖုန်ကို အနည်းငယ် ဦးညွှတ်လိုက်ကာ ပြုံးပြလိုက်သည်။ တက်ကြွသည့် ချင်မိသားစု၏ အကြီးအကဲပေါ်တွင်တော့ သူအလွန်လေးစားဆဲဖြစ်သည်။