← Chapters

အပိုင်း ၃၁၂

Vol. 21 Ch. 312

အပိုင်း ၃၁၂

Vol. 21 Ch. 312

မျှော်လင့်ထားသည့်အတိုင်း နျဉ်ယွိယွမ်၏ လုပ်ရပ်ကို မြင်သည့်အခါ အကြီးအကဲချင်၏ အမူအရာမှာ ပိုလို့တောင် ရွှင်လန်းလာသည်။ သူသည် သူ၏သူငယ်ချင်းဟောင်း နျဉ်သဲကော်အား ကြိမ်ဖန်များစွာ ရယ်လိုက်ကာ အသိအမှတ်ပြုသလို ပြောလာသည်။ "ကြည့်ပါအုံး၊ မင်းရဲ့မြေးက မင်းထက်တောင် အများကြီး ပိုသန်မာသေးတယ်"

"လုံလောက်ပြီ!" အကြီးအကဲနျဉ်က သူ့ကိုမျက်လုံးလှိမ့်ပြလိုက်ပြီး တစ်ဖက်တွင် ငြိမ်သက်စွာရပ်နေသည့် ချောင်းရှန်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက မနေနိုင်ဘဲ ပျော့ပျောင်းသွားသည်။ “ဒီလိုပွဲမျိုးကို မင်းပထမဆုံးအကြိမ် တက်တာဘဲ မိန်းကလေး! မကြောက်နဲ့။ နျဉ်ယွိယွမ်က မင်းကို ဂရုစိုက်ပေးလိမ့်မယ်!"

အဲဒီ့နောက် သူ့မြေးကို အကြည့်တစ်ချက်ပေးလိုက်သည်။ "မင်းနဲ့ ချောင်းရှန်က စစ်တက္ကသိုလ်မှာ အသုတ်တူ ကျောင်းသားတွေလို့ ငါကြားတယ်။ ကောင်းပြီ… သူ့ကို ဂရုစိုက်ပေးလိုက်!"

ဒါဟာတစ်စုံတစ်ယောက်အတွက် အောင်သွယ်ပေးသူအဖြစ် အကြီးအကဲနျဉ် ပထမဆုံးအကြိမ် လုပ်တာဖြစ်လိမ့်မည်။ သူ၏ အပြောအဆိုနှင့် အပြုအမူတွေဟာ ထူးဆန်းမှုတွေဖြင့် ပြည့်နှက်နေကာ လူတိုင်းက သူရဲ့ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

အဲ့ဒါကိုကြားတော့ နျဉ်ယွိယွမ်ရဲ့ အမူအရာက အေးခဲသွားသည်။ ထို့နောက် သူ ခြေလှမ်းကြဲတစ်လှမ်းဆုတ်ကာ ချောင်းရှန်နှင့် ခပ်ခွာခွာနေလိုက်သည်။ "တောင်းပန်ပါတယ်၊ ငါ့မှာ သဘောကျတဲ့သူရှိပြီးသားပါ။ ထူးချွန်ထက်မြက်တဲ့ အမျိုးသားတွေအများကြီး ရှိပါသေးတယ်။ ငါ သူတို့ကို မင်းနဲ့ မိတ်ဆက်ပေးလို့ရတယ်"

ဒါကိုကြားတော့ အကြီးအကဲနျဉ် ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။ သူပါးစပ်ဟခါနီးမှာ ချင်သာ့ဖုန်က သူ့ကို မျက်စိတစ်ဖက်မှိတ်ပြနေမှန်း သတိထားမိလိုက်သည်။ သူတစ်ခဏလောက် သည်းခံလိုက်ကာ နောက်ဆုံးတော့ ဘာမှ မပြောလိုက်ပေ။ သူက ချောင်းရှန်ကို ပြုံးရုံပြုံးပြလိုက်ကာ ပြောလိုက်သည်။ "အင်း၊ ဒီမြေးတစ်ကောင်ကတော့ တကယ်ခေါင်းမာတာ။ ကောင်းပြီ မင်းတို့‌တွေအရင်သွားကစားကြလေ!"

ချောင်းရှန်မှာ သူမ၏ သာမာန် မှုန်မှုန်မှိုင်းမှိုင်း အဝတ်အစားတွေကို ပြောင်းလဲထားသည်။ အဝါဖျော့ဖျော့ဂါဝန်ဟာ သူမ၏ ကောက်ကြောင်းလှလှကို ပေါ်လွင်နေစေသည်။ သူမ၏ လှပသည့်မျက်နှာပေါ်တွင် မိတ်ကပ်အနည်းငယ် လိမ်းထားသည်ကြောင့် သူမ၏အလှဟာ လက်ရှိ အမျိုးသမီး တော်တော်များများရဲ့ ဆွဲဆောင်မှုကို ချိုးနှိမ်ထားနိုင်လောက်အောင်ပင်။

ဤပုံစံဟာ ခန်းမအတွင်းရှိ အမျိုးသားများစွာကို ဂနာမငြိမ်ဖြစ်လာစေသည်။ သို့ပေမယ့် နျဉ်ယွိယွမ်ကို မြင်လိုက်ရတဲ့အခါ သူတို့မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်ကာ သူတို့ရဲ့အစီအစဉ်တွေကို ဖုံးကွယ်ထားလိုက်ကြတော့သည်။

"သွားကြရအောင်" ချောင်းရှန်သည် အရောင်တူ ဒေါက်မြင့်ဖိနပ်တစ်ရံစီးထားကာ နျဉ်ယွိယွမ်အား တိုးတိုးလေးပြောသည်။

နျဉ်ယွိယွမ်က ပြန်မဖြေဘဲ ရှေ့ကိုသာ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ သို့ပေမယ့် သူ့တစ်ကိုယ်လုံးရှိ ငြင်းပယ်နေမှုနှင့် လျစ်လျူရှုနေမှုဟာ မှားစရာမရှိပေ။

"သူတို့ရဲ့ အစီအစဥ်တွေကို နင် ရှင်းရှင်းလင်းလင်း သိထားတယ်မဟုတ်လား?" ချောင်းရှန်ရဲ့လှပတဲ့မျက်နှာလေးဟာ အမူအရာမဲ့နေဆဲဖြစ်ကာ သူမရဲ့စကားလုံးတွေကတော့ အနည်းငယ်ရွဲ့နေသလိုဖြစ်နေကာ နျဉ်ယွိယွမ်ကို ပိုပြီးသက်တောင့်သက်သာ ဖြစ်လာစေသည်။

“ဟုတ်တယ်” နျဉ်ယွိယွမ်က တိုးညှင်းသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။ သူ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်ကာ ထိုကလေးမလေး မော့ချူးကို မနေနိုင်ဘဲတွေးလိုက်မိသည်။ ဒီအချိန်မှာ သူမ ဘာလုပ်လိမ့်မလဲ?

"မစ်မော့ အကြောင်း စဉ်းစားနေတာလား?" ရုတ်တရက် မေးခွန်းတစ်ခု ထွက်လာသည်။ ချောင်းရှန် ခဏရပ်ကာ ခေါင်းအနည်းငယ် စောင်းလိုက်သည်။ "ငါတို့လို မိသားစုမျိုးက နင့်ကို တခြားတစ်ယောက်နဲ့ လက်ထပ်ခွင့်မပေးဘူးဆိုတာ နင်သိထားရမယ်"

"ဒီတော့?" နျဉ်ယွိယွမ်က ခပ်တိုးတိုးပြန်ဖြေလိုက်သည်။

“ငါ နင့်ကို စိတ်မဝင်စားဘူး…” ချောင်းရှန်က နျဉ်ယွိယွမ်ရဲ့ရုပ်သွင်ကို ကြည့်လိုက်သည်။ အိမ်ထောင်ရေးအကြောင်းပြောနေတာက စီးပွားရေးအကြောင်း ပြောနေသလိုပင်။ “ဒါပေမယ့် ငါ လက်မထပ်ရသေးတာက မဖြစ်နိုင်သလို၊ နင်လဲ အတူတူပဲ။ ငါတို့ နှစ်ယောက် တွဲကြရင်ရောဘယ်လိုလဲ? မစ်မော့ကိုတော့ သူ့ဖြစ်တည်မှုကို ငါဂရုမစိုက်ဘူး။ ဒါပေါ့၊ ငါသဘောကျတဲ့သူရှိလာရင်လဲ နင်မျက်စိမှိတ်ထားပေးဖို့ မျှော်လင့်တယ်"

နျဉ်ယွိယွမ် ခပ်ဟဟရယ်လိုက်ကာ ခေါင်းလှည့်လာသည်။ သူ့မျက်လုံးတွေက တောက်ပနေကာ ဘယ်သူမှမကြည့်ရဲအောင်ပင်။ "ဆောရီး၊ ငါ့ဇနီးက မော့ချူးတစ်ယောက်ပဲဖြစ်ရမယ်"

ချောင်းရှန်ကတော့ ပြောင်ပြောင်တင်းတင်း အထင်သေးခံရသည့်အတွက် ဒေါသမထွက်ပါချေ။ သူမ လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ "နင့်မှာ....ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား?"

သူတို့ရဲ့မျက်လုံးတွေ မြင်နိုင်နေသရွေ့ အကြီးအကဲနျဉ်ဟာ သူ့သူငယ်ချင်းဟောင်းဆွေဆီ ခါးသီးတဲ့ရေတွေလောင်းချလိမ့်မည်။

ဤအသိုင်းအဝိုင်းထဲတွင် နျဉ်ယွိယွမ်၏ ဂုဏ်သတင်းဟာ အမြဲတမ်းမွှေးနေတာပင်။ သူဟာဂုဏ်သတင်းမွှေးကြောင်း အသက်ကြီးနျဉ်ဟာ သဘာဝအလျောက် ခံစားမိသည်။ သူ့မြေးသည် အချိန်အများစုတွင်သူ့နောက်ကိုသာ လိုက်နေခဲ့သည်။ အကြီးအကဲနျဉ်သည် သူ့အပေါ် သူ့သား နျဉ်ကျန်းဟိုင်းကဲ့သို့ များစွာအားထုတ်ထားခဲ့သည်မှာ သိသာလှသည်။

အစကတော့ သူသည် နယ်ပယ်စုံတွင် အရမ်းထူးချွန်တယ်လို့ ထင်ခဲ့ကာ သူ့အတွက် စိတ်ပူစရာမလိုခဲ့ပေ။ ဒီကလေးဟာ ဒီလိုမျိုးတကယ်ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါချေ။

"ဘာတွေ ဒေါသထွက်နေတာလဲ?" ချင်သာ့ဖုန်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။ "ဒီကလေးယွိယွမ် အကြောင်း ဘယ်သူက မသိလို့လဲ? သူ ကလေးမလေးတစ်ယောက်ကို ချစ်မိသွားရုံဘဲလေ။ မင်းကဒေါသထွက်နေစရာလိုလို့လား?"

ခန်းမထဲရှိ ချောင်းရှန်ကို လှည့်ကြည့်ကာ တစ်ကိုယ်တည်း ဖြစ်နေဆဲဖြစ်သည့် ချင်ယွဲ့ အကြောင်းတွေးမိတော့ ချင်သာ့ဖုန်လည်း မတတ်နိုင်ဘဲ ခါးသီးတဲ့အမူအရာကို ထုတ်ပြလာကာ အသံတိုးတိုးဖြင့် သက်ပြင်းချလိုက်သည်။

"အနည်းဆုံး မင်းရဲ့မြေးက ဉာဏ်အလင်းရသွားပြီ။ ငါ့မြေးတွေကို ကြည့်ပါအုံး။ သူတို့တွေကတော့ လုံးဝကိုအလျင်မလိုနေဘူး! သူတို့ လက်ထပ်ဖို့ မိန်းကလေးကို တတ်နိုင်သမျှ မြန်မြန်ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ တစ်ယောက်မှကို မလှုပ်ရှားကြသေးတာပဲ!"

"သူတို့သာ လှုပ်ရှားလာရင် သာမန်မိသားစုက ကလေးတစ်ယောက်ဆိုလဲ ငါလက်ခံနိုင်တယ်" အကြီးအကဲနျဉ်နှင့်ယှဉ်ပါက ချင်သာ့ဖုန်ကပိုပြီး သဘောထားပွင့်လင်းသည်။

"ဒါကမတူဘူး!" အကြီးအကဲနျဉ်က သူ့သူငယ်ချင်းအိုကို စိုက်ကြည့်ကာ ပြောလာသည်။ “မင်းမိသားစုမှာ မြေးတွေအများကြီးရှိတယ်။ သာမန်မိသားစုက ကလေးတစ်ယောက်ဆိုရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့မိသားစုမှာတော့ ယွိယွမ်တစ်ယောက်ပဲ မျိုးဆက်ရှိတာ။ သူတွေ့ထားတဲ့ ဇနီးသည်ကအဆင့် မမြင့်ဘူးဆိုရင် ဒီမျိုးဆက်ရဲ့ အရည်အချင်းကလဲ သဘာဝအလျောက် မြင့်တော့မှာ မဟုတ်ဘူး။ ချောင်းမိသားစုရဲ့ အနာဂတ်ကလဲ တဖြည်းဖြည်း ကျဆင်းလာတာ မဟုတ်ဘူးလား?"

ထိုစကားကိုကြားတော့ ချင်သာ့ဖုန်လည်း သူ့အခက်အခဲတွေကို နားလည်ကာ မတတ်နိုင်ဘဲခေါင်းလိုက်သည်။

ဒါက မိသားစုတိုင်း ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပင်။

“ဒါပေမဲ့” ချင်သာ့ဖုန်သည် ပြတင်းပေါက်နားတွင် ရပ်နေသည့် လူနှစ်ယောက်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "ချောင်းမိသားစုက လူအိုကြီးနဲ့ ခင်ဗျားတို့ အဆင်မပြေဘူးမဟုတ်လား? ချောင်းရှန်ကို မင်းရဲ့မြေးနဲ့ ဘာလို့တွဲစေချင်သေးတာလဲ?"

"ဟင်းးး!" အကြီးအကဲနျဉ် သက်ပြင်းချလိုက်သည်။ “ဒီအသိုင်းဝိုင်းထဲမှာ မိန်းကလေးတွေ အများကြီး မရှိဘူး။ ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်တော့ ဒီကောင်မလေးကပဲ သင့်တော်တာ။ သူက ချောင်းမိသားစုဝင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့စရိုက်က သူတို့နဲ့ လုံးဝမတူဘူး!"

“ဒါ့ပြင် ချောင်းမိသားစုက အဘိုးကြီးဘက်က အရင် ငါ့ကို လာရှာခဲ့တာ။ သူပြောတာတွေကလဲ အဓိပ္ပာယ်ရှိတယ်လေ” အကြီးအကဲနျဉ်က ဆက်ပြောသည်။ နောက်ကွယ်က အကြောင်းအရင်းကိုလည်း သူနည်းနည်းပါးပါးသိသည်။

All Chapters