← Chapters

အပိုင်း ၃၁၃

Vol. 21 Ch. 313

အပိုင်း ၃၁၃

Vol. 21 Ch. 313

ကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်း၏ စိတ်ဝိညာဉ်အစားအသောက်ဟာ အဖွဲ့ချုပ်တွင် နာမည်ကြီးလာသည်နှင့်အမျှ ချောင်းမိသားစုမှ လူတွေ စိုးရိမ်စပြုလာသည်။ လေလံအိမ်တွင် အကြိမ်ပေါင်းများစွာ ဝယ်ယူနိုင်ရန် မြင့်မားသည့်ဈေးကိုသုံးခဲ့ကြသည်။ သူတို့မိသားစု၏ ဆေးလုံးသခင်အား ပါဝင်ပစ္စည်းများ၏ ဖော်မြူလာကို ခွဲခြမ်းစိပ်ဖြာ‌ခိုင်းရန် မူလက စီစဉ်ခဲ့ကြသည်။ သို့သော် အချိန်အတော်ကြာပြီးနောက်တွင်တောင်မှ သဲလွန်စကို ရှာမတွေ့ခဲ့ပါချေ။

သူတို့ စိတ်ထဲတွင်လည်း ပူပန်နေရသည်။သူတို့သည် ထိုအခွင့်အရေးကိုယူကာ နျဉ်မိသားစုပေါင်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ပြီး သူတို့အတွက် အာမခံနောက်ထပ် တစ်ထပ်ထည့်ကြတာပင်။

"tsk tsk" ထောင့်တစ်နေရာတွင် ယှဉ်တွဲရှိနေသည့် နျဉ်ယွိယွမ်နှင့် ချောင်းရှန်တို့ အခြေအနေကို ငေးကြည့်ရင်း၊ ချင်သာ့ဖုန် ခေါင်းယမ်းကာ မနေနိုင်ဘဲသက်ပြင်းချလိုက်မိသည်။ "ဒီနှစ်ယောက် အတူတူရှိပြီး အောင်အောင်မြင်မြင်နဲ့ စုံတွဲဖြစ်လာဖို့ဆိုတာ မလွယ်ဘူး!"

"အရင်ဆုံး စမ်းကြည့်ကြတာပေါ့!" အကြီးအကဲနျဉ် လည်း အားကိုးရာမဲ့နေသည်။ ဒီမြေးက တကယ်ကို ထူးဆန်းသည်။ ယခင်က သူဟာ စက်လိုမျိုးမတုန်မလှုပ်နှင့် အမျိုးသမီးတွေကို လုံးဝတုံ့ပြန်မှု မရှိခဲ့ပေ။ ယခုကျတော့လည်း ကလေးမလေးတစ်ယောက်ကို သဘောကျနေသည်။ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား မတားနိုင်ခဲ့ပါချေ။

“ဟေး!” ချင်သာ့ဖုန် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ "မင်းရဲ့မြေးဘာလို့အရင်ထွက်သွားတာလဲ?"

ဘာ?

ထိုစကားကိုကြားတဲ့အခါ အကြီးအကဲနျဉ်ရဲ့မျက်နှာဟာ မတတ်နိုင်ဘဲ ပြောင်းသွားတော့သည်။

ဒီကလေး ဘာဖြစ်နေတာလဲ? ချောင်းရှန်ကို ဘေးဖယ်ပြီး ထွက်သွားတာလား?

"ငါ တစ်ချက်သွားကြည့်ရမယ်!" သူ့သူငယ်ချင်းကို လက်ပြနှုတ်ဆက်ရင်း အကြီးအကဲနျဉ်အပြေးအလွှား‌ သွားတော့သည်။

အသက်ကြီးနျဉ်မှာ နျဉ်ယွိယွမ်ထွက်သွားတာကို မတားဆီးနိုင်လိုက်တာကြောင့် အဆုံးမှာ သူပါအတူထွက်သွားတော့သည်။

မြေးအဖိုးနှစ်ယောက် မောင်းနှင်ခြင်းယာဉ်ပေါ် ထိုင်လိုက်တဲ့အခါ လေထုက ရုတ်တရက် တင်းမာလာသည်။

၎င်းဟာ စံအိမ်ဟောင်းကို ပြန်ရောက်ပြီး လှည့်ထွက်သွားသည့် နျဉ်ယွိယွမ်၏ ကျောပြင်ကိုမြင်သည့်အခါ အကြီးအကဲနျဉ်ရဲ့ ရင်ထဲမှာ ဒေါသတွေ ရုတ်ချည်း ပေါက်ကွဲထွက်လာတော့သည်။ "မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ဟမ်?"

နျဉ်ယွိယွမ် မျက်လုံးတွေကို တင်းတင်းပိတ်လိုက်ကာ အသံခပ်နက်နက်ဖြင့် ပြန်ဖြေလာသည်။ “ကျွန်တော် မော့ချူးနဲ့ အတူရှိချင်ရုံဘဲလေ။ ဒါကဒီလောက်တောင်.....ခက်ခဲနေတာလား?”

"ခက်ခဲတယ်?" ဒါကိုကြားတော့ အကြီးအကဲနျဉ် ပိုဒေါသဖြစ်လာတော့သည်။ “ဒါက မဖြစ်နိုင်ဘူး။ ငါဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး! ဒီကလေးမလေးက ဘာတွေကောင်းနေလို့လဲ? ကြည့်ပါအုံး သူက မင်းကိုဘယ်လောက်တောင် ဖမ်းစားထားလဲဆိုတာ!”

နျဉ်ယွိယွမ်ဟာ အသက် ၁၆၊ ၁၇ နှစ်အရွယ် နာမည်ကြီးတစ်ဦးကို ချစ်မိသွားကြောင်း သိလိုက်ရကတည်းက အကြီးအကဲနျဉ်သည် လူတွေကို စုံစမ်းရန် စေလွှတ်ခဲ့သည်။

နျဉ်ယွိယွမ်သည် စစ်တက္ကသိုလ်တွင် နည်းပြဆရာလုပ်ရန် သူ၏တာဝန်များကို ဖယ်ထားခဲ့ကြောင်းလည်း သူသိသည်။ ထိုမိန်းကလေး စိတ်ကျေနပ်စေရန်အတွက် သူဟာအဖိုးတန် အနက်ရောင်စွမ်းအင်ကျောက်တုံးကို ဝယ်ယူခဲ့သေးသည်။ အဆုံးမှာတော့ သူမကို လိုက်ရှာဖို့တောင် ထွက်သွားခဲ့သေးသည်။ ခရိုင် ၃ ကို လေးနာရီကြာ ပိတ်ထားရန် သူ၏ အခွင့်အာဏာကိုလည်း အသုံးပြုခဲ့သည်။

အကယ်၍ ၎င်းဟာအတိတ်ကသာဆိုလျှင် ဒီလူဟာ သူ့မြေးဖြစ်လိမ့်မည်ဟု သူဘယ်သောအခါမှ ယုံမိမည်မဟုတ်ပေ။ ယခုမူကား၊ အမှန်တရားဟာ သူ့ရှေ့တွင်ရှိနေပြီးဖြစ်ကာ သူ့တွင်၎င်းကိုယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ဒီမိန်းကလေး မော့ချူးအပေါ် သူ့မှာအမြင်ကောင်း မရှိပါချေ။

“ဟား!” နျဉ်ယွိယွမ် ခပ်တိုးတိုးရယ်ကာ အကြီးအကဲနျဉ်ကို မော့ကြည့်လိုက်သည်။ "အဘိုးက ချူးလေးကိုအခုထိသဘောမကျသေးဘူးလား? သူက ကျွန်တော့်ကို ဘယ်တုန်းကမှ လက်ခံခဲ့တာမဟုတ်ဘူး! ဦးစားပေးအစီအစဉ်ကို အဘိုးပြောင်းခဲ့တာလား?"

"ဘာ!" ဒါကိုကြားတော့ အကြီးအကဲနျဉ်ရဲ့မျက်ခုံးတွေ ချက်ချင်းပင့်တက်သွားသည်။ ထိုမိန်းကလေးသည် မော့ချူးကသာ သူ့မြေးကိုလိုက်ကပ်နေခဲ့တာဟု သူထင်‌ခဲ့တာဖြစ်သည်။ ဒါကိုကြားတော့ အခြေအနေက မူမမှန်ဘူးလို့ သူဘာလို့ ရုတ်တရက် ခံစားလိုက်ရတာလဲ?

"ဒီငတုံးမလေးက အမြင်ကောင်းရှိလို့လား? မင်းက ဒီလောက်တော်တာကို၊ မင်းကို ငြင်းရဲတယ်လား?" နျဥ်မိသားစုကသာ အမြဲတစေ တခြားသူ‌တွေကို ရွေးချယ်ရတာဖြစ်ကာ တခြာသူတွေဆီမှ ရွေးချယ်ခံရတယ်ဆိုတာ ဘယ်သူမှမရှိပေ။ ဒါ့ပြင် သူ့မြေးက အရမ်းထူးချွန်တာကို ဒီကောင်မလေးက မရွေးဘူးတဲ့လား? သူ့ဦးနှောက် ပျက်သွားတာလား?

သူ့ဘေးနားက လက်ထောက်မှာ နှစ်ကြိမ်တိုင်တိုင် ငြီးတွားလိုက်မိကာ အကြီးအကဲနျဉ်က သူ လမ်းလွဲသွားကြောင်း သူသဘောပေါက်လိုက်သည်။ နှစ်ခါလောက် ချောင်းဟန့်လိုက်ပြီး သူမနေနိုင်ဘဲ ခေါင်းစဉ်ပြောင်းရန် ကြိုးစားလိုက်သည်။

“အဲဒီမိန်းကလေးက သူ့အတွက် ဘယ်ဟာကောင်းလဲဆိုတာကို မသိမှတော့ သူ့နားမှာဘဲ ဝဲ‌မနေနဲ့‌တော့။ ချောင်းရှန်က မိန်းမကောင်းလေးတစ်ယောက်လို့ငါထင်တယ်၊ မင်း သူ့ကိုအချိန်ပိုပေးသင့်…”

"လုံလောက်ပြီ!" နျဉ်ယွိယွမ် ရုတ်တရက် ဟိန်းဟောက်လာကာ လူအိုကြီးစကားကို ဖြတ်ပြောလာသည်။ သူ့မျက်နှာပေါ်က အံ့အားသင့်နေမှုကိုမြင်တော့ သူလက်ဆန့်ကာ မျက်နှာပေါ်မှ ချွေးကိုသုတ်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလာသည်။ “တောင်းပန်ပါတယ် အဘိုး”

"အဘိုးကို ကျွန်တော်ပြောပြချင်တာတစ်ခုရှိတယ်... မေ့လိုက်တော့၊ အဘိုးကိုယ်တိုင်ဘဲ ဖတ်လိုက်ပါ" နျဉ်ယွိယွမ်သည် ခလုတ်ခုံပေါ်ရှိ အချက်အလက်မိတ္တူကို အဘိုးကြီးထံ ပေးပို့လိုက်သည်။ “စုံစမ်းစစ်ဆေးမှုက မှန်တယ်ဆိုရင် သမာသမတ်ကျကျနဲ့ ဖြေရှင်းရမယ်"

"ဒါကဘာလဲ? မင်း ငါ့ကိုပေးလာတာက...?" နျဉ်သဲကော်ရပ်သွားကာ သူ့လက်ထဲက အချက်အလက်တွေကို စိုက်ကြည့်နေမိသည်။

"အဘိုး!" နျဉ်ယွိယွမ်က လူအိုကြီးရှေ့တွင် ရပ်နေသည်။ သူ့မျက်လုံးတွေထဲ နာကျင်မှုတွေနှင့် ပြည့်နေ၏။ "ကျွန်တော် သူ့ကိုတကယ်သဘောကျတာ။ သူ့ကို ဒီကမ္ဘာပေါ်က လှပတဲ့အရာတွေအားလုံးကို ပေးချင်ပေမယ့် သူ့ကို ဒီလိုနာကျင်အောင်လုပ်တဲ့သူက နျဉ်မိသားစုထဲက တစ်ယောက်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး!”

ဒီသတင်းကိုကြားတုန်းက နျဉ်ယွိယွမ်မှာ သူ့နှလုံးသားတစ်ခုလုံး ဘောလုံးတစ်လုံးလို ချေမွခံလိုက်ရသလို ခံစားလိုက်ရသည်။ ပုပ်သိုးနေတဲ့ရေညစ်ထဲမှာ စိမ်ထားခံရကာ ဇကာပေါက်တွေနှင့်ပင်!

“ဒါကို… သေချာ စုံစမ်းပြီးပြီလား?” သူ့လက်ထဲက အချက်အလက်တွေကို ဖတ်ပြီးနောက် လူအိုကြီးမှာ မျက်မှောင်ကြုတ်သွားကာ သူ့လက်တွေ အနည်းငယ် တုန်ရီလာသည်။ "မှားနေတာများလား?"

"ကျွန်တော်လဲ ဒါက မှားနေဖို့ မျှော်လင့်ခဲ့သေးတယ်" နျဉ်ယွိယွမ်သက်ပြင်းချလိုက်သည်။ "ဒါပေမယ့် အဖြစ်မှန်ကတော့ ဒါကအမှန်တရားတွေပဲ!"

"ခေါ်လာခဲ့....အဲ့ဒီကောင်မလေးကို ငါ့ဆီ ခေါ်လာခဲ့၊ ငါကိုယ်တိုင် သူ့ကိုမေးမယ်!" အကြီးအကဲနျဉ်က ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ကာ သူ့မျက်လုံးတွေက တောက်လောင်နေ၏။ မော့ချူးကို သူသဘောမကျပေမယ့် သူ့ကို ပြန်ပေးဆွဲပြီးရောင်းစားဖို့ နေနေသာသာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်တောင် မရှိပါချေ။

ကျောလင်နဲ့ တခြားသူတွေကလည်း ကောင်မလေးရဲ့ အထောက်အထားကို ရထားပြီးပြီပင်။ သတိထားရမည်မှာ ထိုအချိန်က ထိုမိန်းကလေး ဘယ်နေရာတွင်ရှိခဲ့သည်ကို စုံစမ်းခဲ့သော်လည်း သူမအတွက် ‌သက်သေပြပေးနိုင်သည့် မည်သူမှမရှိပါချေ။

"မြန်မြန်သွား!” အကြီးအကဲနျဉ် မျက်ခုံးပင့်ကာ သူ့လက်ထောက်ကို လှမ်းအော်လိုက်သည်။ လက်ထောက်မှာလည်း ဘာဖြစ်သွားသည်ကို မသိသည့်အတွက် အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

"ဟူး" အကြီးအကဲနျဉ် အသက်ပြင်းပြင်းရှူလိုက်သည်။ "မင်း၊ နျဉ်ချောင်းကို ဒီကိုခေါ်လာခဲ့! အခုချက်ချင်း!"

“ဟုတ်ကဲ့ပါ” လက်ထောက်က နားမလည်ပေမယ့် အမြန်ခေါ်သွားလိုက်သည်။

"အဘိုးနျဥ် သမီးကိုဘာလို့ ရှာတာလဲ?"

နျဉ်မိသားစုတွင် မျိုးရိုးကောင်းသည့် မိန်းကလေးများဟာ ပိုလို့တောင်ရှားပါးသည်။ နျဉ်ချောင်းဟာ တစ်ဝမ်းကွဲ မိသားစုဝင်တစ်ဦးသာဖြစ်သော်လည်း၊ သူမသည် မကြာခဏဆိုသလို အကြီးအကဲနျဉ်ရှေ့တွင် သူစိတ်ကျေနပ်စေရန် ချွဲသလိုပြုမူ‌လေ့ရှိ၏။ ယခုအချိန်ထိ သူမကို သူဘာကြောင့် ဒီနေရာဆီ ခေါ်လိုက်သလဲဆိုတာကို မသိသေးပါချေ။

သူမရောက်လာသည်နှင့် နျဉ်သာ့ကော်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမ၏ သိမ်သိမ်မွေ့တဲ့မျက်နှာတွင် အပြုံးတစ်ခုရှိနေကာ သူမသည် အကြီးအကဲနျဉ်နှင့် ပိုနီးသည့်နေရာသို့ ရွှေ့လိုက်သည်။

All Chapters