← Chapters

အပိုင်း ၃၁၄

Vol. 21 Ch. 314

အပိုင်း ၃၁၄

Vol. 21 Ch. 314

သူမရဲ့အကြည့်တွေ နျဉ်ယွိယွမ်ဆီ ရောက်လာတဲ့အခါ သူမရဲ့မျက်လုံးတွေက တောက်ပလာသည်။ "နျဉ်ကောကော ပြန်လာပြီပဲ!"

အခန်းတွင်းရှိလေထုဟာ ငြိမ်သက်လုနီးပါး ဖြစ်နေသည်ကို သူမ သတိမထားမိပေ။ နျဉ်ချောင်းသည် မတ်တတ်ထရပ်ကာ နျဉ်ယွိယွမ်ဆီ သွားလိုက်ပြီး သူနှင့်ပိုနီးစပ်စေရန် ထိုအခွင့်အရေးကို အသုံးချဖို့ အသင့်ပြင်လိုက်သည်။

"ထွက်သွား!" နျဉ်ယွိယွမ် သူမကိုစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲက အေးစက်မှုက နျဉ်ချောင်းကို အေးခဲသွားစေသည်။ သူမ ထိုနေရာတွင်ဘဲ နာနာခံခံဖြင့် ရပ်နေကာ ထပ်မလှုပ်ရဲတော့ပေ။

“အဘိုး… အဘိုးနျဉ်၊ နျဉ်ကောကောရဲ့ သဘောထားကို ကြည့်ပါအုံး” နျဉ်ချောင်းသည် သူမ၏မျက်လုံးများကို မှိတ်တုပ်မှိတ်တုပ်လုပ်လိုက်ပြီး အကြီးအကဲနျဥ် မျက်နှာသာပေးရန် ကြိုးစားလိုက်သည်။ “ကောကောက သမီးကို ကြောက်အောင်လုပ်နေတာပဲ။ အဖွဲ့ချုပ်က တစ်ဦးတည်းသော မာရှယ်က မျှော်လင့်ထားတဲ့အတိုင်းပဲ။ အရမ်းကြောက်ဖို့ကောင်းတာပဲ!”

"ငါ့ကိုပြော၊ မင်းလုပ်ခဲ့တာလား?" အကြီးအကဲနျဉ်လှည့်ကြည့်လာကာ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

"ဘာကိုလဲဟင်?" နျဉ်ချောင်းသည် အကြီးအကဲနျဉ်၏ မေးခွန်းကြောင့် နားမလည်ဖြစ်သွားသည်။

နျဉ်ယွိယွမ် ခေါင်းကိုမော့ကာ သူမကို မော့ကြည့်လိုက်သည်။ သူမနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီလိုအပြစ်ကင်းတဲ့အမူအရာဟာ အရမ်းကိုယုံမှားချင်စရာကောင်းလှသည်! မော့ချူး ပြန်ပေးဆွဲခံရသည်မှာ သူမနှင့်ဘာမှမဆိုင်သလိုမျိုး သရုပ်ဆောင်ကောင်းလှသည်! သေချာပေါက် နျဉ်ယွိယွမ် ပိုလို့တောင်ယုံကြည်လာသည်။

"ဘာဖြစ်ရမှာလဲ?" နျဉ်ယွိယွမ်ဟာ လူသေကိုကြည့်သလိုမျိုး သူမကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ "မော့ချူး ကိစ္စကလွဲလို့ တခြားဘာရှိဦးမှာလဲ?"

နျဉ်ချောင်းသည် တစ်စက္ကန့်မျှ ထိတ်လန့်သွားသော်လည်း အမြန်သူမကိုယ်သူမ စိတ်အေးအောင်ထားကာ အားတင်းပြုံးလိုက်သည်။ "နျဉ်ကောကော ဘာတွေပြောနေတာလဲ? ညီမနားမလည်ဘူး!"

နျဉ်ချောင်းရဲ့အမူအရာဟာ အရမ်းမြန်မြန်ကို ပြောင်းလဲသွားသည်။ တခြားသူသာဆိုရင်၊ သူမရဲ့ အသွင်အပြင်ကြောင့် လှည့်စားခံရနိုင်သည်။ သို့သော်လည်း ယခု သူမရင်ဆိုင်နေရသည်မှာ နျဉ်ယွိယွမ်နှင့် နျဉ်သာ့ကော်ဖြစ်သည်။ သူတို့ထဲက ဘယ်သူမှ မျက်စိမလျှမ်းနေတဲ့အတွက် သူမရဲ့ လှည့်ကွက်လေးတွေက သူတို့ကိုဘယ်လိုလုပ် လှည့်စားနိုင်မှာတဲ့လဲ?

"မင်း ထပ်ပြီး လှီးလွှဲပြောနေစရာမလိုဘူး!"နျဉ်ယွိယွမ်ကတော့ သူမကိုကြည့်ဖို့တောင် စိတ်မ၀င်စားပေ။ သူ့လေသံက အေးစက်နေ၏။ " ချူးလေးကို ပြန်ပေးဆွဲဖို့ မင်းခိုင်းခဲ့တဲ့အကြောင်း ငါ့မှာ သက်သေအထောက်အထားရှိတယ်။ အဖွဲ့ချုပ်တရားရုံးဆီ မသွားရသေးခင် မင်းရက်အနည်းငယ်လောက်စောင့်နေလိုက်"

အဖွဲ့ချုပ်… အဖွဲ့ချုပ်တရားရုံး? ဒါကိုကြားတော့ နျဉ်ချောင်းမှာ ကြောက်လန့်ကာမြေပြင်ပေါ် လဲကျသွားတော့သည်။

"နျဉ်ယွိယွမ် ပါးစပ်ပိတ်ထား!" ဒါကိုကြားတော့ အကြီးအကဲနျဉ် မျက်မှောင်ကြုတ်သွားသည်။ "မင်း နျဉ်ချောင်းကို တကယ်ဘဲ တရားရုံးပို့ချင်တာလား?"

"မဟုတ်ရင် ဘာရှိလို့လဲ?" နျဉ်ယွိယွမ် ရယ်လိုက်သည်။ "ဒီရူးနေတဲ့မိန်းမကို အဘိုးက ဒီမှာထားချင်နေသေးတာလား?"

"ငါ သူ့ကို ဖြေရှင်းလိုက်မယ်" အကြီးအကဲနျဉ်အနေနှင့် ဒီလိုအရာမျိုးကို သဘောမကျသည်ကြောင့် သဘာဝအလျောက် သူလည်း သည်းမခံနိုင်ပါချေ။ သို့သော်လည်း သူ့အနေဖြင့် ရှေ့ရေးကိုကြည့်ရမည်ပင်။ "ဒါပေမဲ့ သူ့ကိုသာ တရားရုံးပို့လိုက်ရင် ဒီကိစ္စက လုံးဝကိုကွဲပြားသွားလိမ့်မယ်!"

အစကတော့ နျဉ်ချောင်းဟာ ဒါကို သူမရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့် လုပ်ခဲ့တာပင်။ သို့သော်လည်း ယခုအချိန်တွင် မော့ချူးရဲ့ကိစ္စဟာ ကြီးမားလာသဖြင့် မုန်တိုင်းအလယ်တွင် တရားခံ၏ အထောက်အထားကို ထုတ်ဖော်လိုက်သည်နှင့် ယင်းကိစ္စဟာ နျဥ်မိသားစုအတွက် အစွန်းအထင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ ၎င်းအား နျဉ်မိသားစုကို အပုပ်ချရန်အခွင့်အရေးတစ်ခုအဖြစ်ပင် အသုံးချနိုင်လာလိမ့်မည်။

“အကျိုးဆက်တွေအကြောင်း ကျွန်တော်ရှင်းရှင်းလင်းလင်းသိပါတယ်” နျဉ်ယွိယွမ် ခေါင်းညိတ်လိုက်ကာ မျက်ခုံးပင့်လိုက်သည်။ “ဒါတောင်မှ သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ကျွန်‌တော်ရအောင်ပေးမယ်!”

"မင်း! အဲဒီမိန်းမအတွက် မင်းရဲ့တစ်မိသားစုလုံးနဲ့ မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကိုတောင် ဂရုမစိုက်တော့ဘူးလား?" နျဉ်ယွိယွမ်ရဲ့ စကားကြောင့် အကြီးအကဲနျဉ် ဒေါသထွက်လာကာ သူ့မျက်နှာတစ်ခုလုံး နီရဲသွားသည်။

“ဒါတွေက ကျွန်တော့်ကိုတားဖို့ လုံလောက်တဲ့ အကြောင်းပြချက်ကောင်းတွေ မဟုတ်ဘူး” နျဉ်ယွိယွမ် အကြီးအကဲနျဉ်ကို စိုက်ကြည့်လိုက်ကာ ဂရုမစိုက်စွာပြောလာသည်။

"ဟမ့်! ဒီကလေးမက တကယ့်ကို နတ်ဆိုးပဲ!” သူ့မြေးက အရင်ကဆို အရမ်းနာခံ ခဲ့ပေမဲ့ အခုတော့ ဒီလို ဖြစ်သွားပြီ! ဒါက အဲ့ဒီကလေးမ မော့ချူး လုပ်နေတာပဲ ဖြစ်ရမယ်! ဒါကိုတွေးမိတော့ အကြီးအကဲနျဉ်ဒေါသအရမ်းထွက်လာကာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။

နတ်ဆိုးတဲ့လား?

နျဉ်ယွိယွမ် မျက်လုံးပင့်ကြည့်ကာ နာကျင်မှုတချို့ကိုပြာလာသည်။ ချူးလေးက ဘာမှမလုပ်ခဲ့တာကို သူ့ကို နတ်ဆိုးတဲ့လား? "အဘိုး၊ နျဉ်ချောင်းက ချူးလေးကို ဘာလို့တိုက်ခိုက်ခဲ့လဲဆိုတာကို‌တော့ ဘာလို့မတွေးမိတာလဲ? သူ့ကို ပြန်ပေးဆွဲခိုင်းဖို့ သူ့မှာဘာလို့ယုံကြည်ချက်တွေ ရှိနေရတာလဲ?”

ဒါကိုကြားတော့ အကြီးအကဲနျဉ်လည်း အံ့ဩသွားမိသည်။ စောစောက သူ ဒေါသအရမ်းထွက်နေတာကြောင့် အကြောင်းရင်းကို စုံစမ်းဖို့မေ့သွားခဲ့သည်။ ယခုတွေးကြည့်လိုက်တော့ အကြောင်းရင်းကို သူသဘောပေါက်သွားသည်။

"အဘိုးက ချူးလေးကို သဘောမကျတဲ့အတွက် နျဉ်ချောင်းက အဘိုးစိတ်ကျေနပ်အောင် မော့ချူးကို နာကျင်အောင်လုပ်ရဲခဲ့တာပဲ!" နျဉ်ယွိယွမ် ရယ်မောလိုက်သည်။ "ဒါက သိပ်ရယ်စရာကောင်းတယ်မဟုတ်လား?"

နျဉ်ယွိယွမ်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အားနည်းမှုနှင့် ဝမ်းနည်းမှုကို မြင်လိုက်ရသဖြင့် အကြီးအကဲနျဉ် ဘာမှမပြောနိုင်တော့ပေ။ ငယ်ငယ်ကတည်းကနေ သူ့မြေးကို ဒီလိုပုံစံမျိုး သူတစ်ခါမှ မမြင်ဖူးပေ..

“မဟုတ်ဘူး! မဟုတ်ဘူး!” မြေပြင်ပေါ်တွင် လဲနေသည့် နျဉ်ချောင်းမှာ စောစောကတော့ ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ယခု‌တော့ ဖြစ်ပျက်ခဲ့တာတွေကို သူမနားလည်သွားတော့သည်။ “သမီး မလုပ်ခဲ့ပါဘူး။ သမီးမလုပ်ခဲ့ဘူး!"

ဒီကိစ္စဟာ ကျောက်တုံးလို ခိုင်မာနေပြီးသားပင်။ နျဉ်ချောင်းက ဒါကို ငြင်းချင်နေတုန်းလား?

နျဉ်ယွိယွမ် သူမကို အေးစက်စက်စိုက်ကြည့်လိုက်ကာ လှောင်ပြောင်သလို ပြောလာသည်။ "ဒါဆို ခုနတုန်းကကျ မင်းဘာလို့ လိပ်ပြာမလုံဖြစ်သွားတာလဲ?"

“ညီမ အဟွတ် အဟွတ်…” နျဉ်ချောင်းမှာ စိုးရိမ်တကြီးဖြင့်ရှင်းပြလိုက်သော်လည်း သူမ၏ လုပ်ရပ်ဟာ အလျင်စလို နိုင်လွန်းသည်ကြောင့် သီးသွားတော့သည်။ သို့သော်၊ ၎င်းဟာ အကြီးအကဲနျဉ်နှင့် နျဉ်ယွိယွမ်တို့အမြင်မှာတော့ အရမ်းကိုလိပ်ပြာမလုံဖြစ်နေတာပင်။

"လုံလောက်ပြီ! မင်းပြောစရာရှိရင် တရားရုံးမှာ တရားသူကြီးတွေကိုပြောလိုက်!" နျဉ်ယွိယွမ် ခြေလှမ်းကျဲကျဲဖြင့် လျှောက်ထွက်လာတော့သည်။ အကြီးအကဲနျဉ်၏ မျက်နှာကြောင့်သာ မဟုတ်ပါက၊ သူ့အနေဖြင့် ဒီအမျိုးသမီးကို ပုဂ္ဂိုလ်ရေးအရ ဆက်ဆံလိမ့်မည်မဟုတ်ပေ။ သူမ ချူးလေးကို မည်သို့နာကျင်စေခဲ့သည်ကို တွေးမိပါက နျဉ်ယွိယွမ်၏ ဒေါသနှင့် အမုန်းတရားတွေ လှိုင်းထလာတော့သည်။

"အဲ့ဒါ တကယ်မဟုတ်ပါဘူး! မာရှယ်နျဉ်!" နျဉ်ချောင်း ထိတ်လန့်သွားကာ သူမကိုယ်ကို တရွတ်တိုက်ဆွဲ၍ နျဉ်ယွိယွမ် ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဖက်ကာနာကျင်စွာအော်ပြောလာသည်။ “ဟုတ်ပါတယ်၊ အရင်က… အရင်က အဘိုးနျဉ် စိတ်ကျေနပ်ရအောင် စစ်တက္ကသ်ိုလ်မှာ မော့ချူးအကြောင်းမကောင်းတဲ့ ကောလဟာလတွေဖြန့်ဖို့ တစ်ယောက်ယောက်ကို ရှာခဲ့ပါတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ သူ့ကိုတော့သေချာပေါက် ပြန်ပေးမဆွဲခိုင်းရဲပါဘူး!"

သူမ အရမ်းကြောက်လန့်ကာ ဝမ်းနည်းစွာဖြင့် ငိုကြွေးတော့သည်။ နျဉ်ချောင်း၏ အရင်က လှလှပပလိမ်းထားသည့်မိတ်ကပ်တွေဟာ မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားသည်။ သူမကို ဒီလိုမျိုးမြင်လိုက်ရတော့ နျဉ်ယွိယွမ် မနေနိုင်ဘဲ လှမ်းနေတဲ့သူ့ခြေလှမ်းတွေကိုရပ်လိုက်မိသည်။ သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်.... သူ့အမြင် သူမရဲ့စကားတွေဟာ တချို့တလေ လက်ခံယုံချင်စရာကောင်းနေ၏!

All Chapters