← Chapters

အပိုင်း ၃၁၅

Vol. 21 Ch. 315

အပိုင်း ၃၁၅

Vol. 21 Ch. 315

"ဒါက အမှန်ပါ၊ ကျွန်မပြောသမျှတွေက အမှန်ပါ! မာရှယ်နျဉ်၊ ကျွန်မကိုယုံပါ" နျဉ်ယွိယွမ်၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားသည်။ နျဉ်ချောင်းမှာ သူမ၏ ဖရိုဖရဲဖြစ်နေသည့်ပုံစံကို ဂရုမစိုက်နိုင်တော့ဘဲ ငိုယိုကာ ရှင်းပြလာသည်။ “ကျွန် ကျွန်မ အရင်က မော့ချူးကို အထင်သေးခဲ့ဖူးပေမယ့် သူ့ကိုပြန်ပေးဆွဲဖို့ တစ်ယောက်ယောက်ကို ခိုင်းရလောက်အောင်အထိတော့ မလုပ်ရဲပါဘူး!"

ရိုးရိုးသားသား ပြောရလျှင် ထိုတောသူမ မော့ချူးဟာ သူတို့အတွက်တော့ ဘာမှမဟုတ်ပါချေ။ သို့သော်လည်း သူမသည် နျဉ်ယွိယွမ်နှင့် အမှန်တကယ်လက်တွဲကာ စာငှက်တစ်ကောင်မှ ဖီးနစ်တစ်ကောင်အဖြစ်သို့ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားလိမ့်မည်ကို သူတို့မမျှော်လင့်ခဲ့ကြပါချေ။

သူမ၏ အဆင့်အတန်းသည် သူတို့၏ ဘေးခွဲမိသားစုဝင်များထက် များစွာမြင့်မားလာသည်ကြောင့် သူတို့တွင်မနာလိုအားကျမှုတို့ကို ဖြစ်ပေါ်လာစေတော့သည်။ ထုံးစံအတိုင်း သူတို့ သူမအပေါ် အကောင်းမမြင်နိုင်ကြတော့ပေ။ အတိအကျပြောရလျှင် သူတို့ဟာ သူမကို တိတ်တဆိတ် ခြေထိုးခံကြတော့သည်။ သို့သော်၊ ဤသည်မှာ မော့ချူးကို ပြန်ပေးဆွဲရန် လူများစေလွှတ်ခြင်းနှင့် လုံးဝကိုကွဲပြားသည်။

"ဒါဆို ချစ်သူများနေ့က မင်းဘယ်ကိုသွားနေလဲ?" နျဉ်ယွိယွမ် အနည်းငယ် ငုံ့ကိုင်းကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။ နျဉ်ချောင်းကို စူးစူးစိုက်စိုက်ကြည့်နေကာ သူမကိုရှောင်ခွင့်မပေးပါချေ။

“ကျွန်မ၊ ကျွန်မ…” နျဉ်ယွိယွမ်၏တောက်ပနေတဲ့အကြည့်ကို သူမတွေ့တဲ့အခါ နျဉ်ချောင်းခေါင်းငုံ့သွားပြီး ချီတုံချတုံ အမူအရာတစ်ခုကို ထုတ်ပြလာသည်။

"မင်းတကယ် လှီးလွှဲပြောနေတာပဲ!" နျ‌ဉ်ချောင်း၏ အမူအရာကိုမြင်တဲ့အခါ နျဉ်ယွိယွမ်ရဲ့ အကြည့်တွေ အေးစက်သွားတော့သည်။

“မဟုတ်ပါဘူး၊ တကယ် ကျွန်မ မလုပ်ခဲ့ပါဘူး…” နျဉ်ချောင်းက ဆက်ငိုနေပေမယ့် အဲဒီညက သူမ ဘယ်ကိုသွားခဲ့သလဲဆိုတာကိုတော့ မပြောပါချေ။ အဲဒါ သံသယဖြစ်စရာ မဟုတ်ဘူးလား?

"ကောင်းပြီ ပြောစရာရှိတာပြောလိုက်!" နျဉ်သဲကော်သည် သူမလိုမျိုး တငိုငိုဖြစ်နေသည့်သူကို သည်းမခံနိုင်တော့ပါချေ။ "မဟုတ်ရင်တော့ ယွိယွမ် မင်းကို တရားရုံးတကယ်ပို့လိုက်ရင်တောင် ငါ ဂရုမစိုက်ဘူး!"

"ပြောပါ့မယ်!" ဒါကိုကြားတော့ နျဉ်ချောင်းလည်း ထိတ်လန့်သွားတော့သည်။ သူမ ဂရုတစိုက်နှင့် ဇာတ်လမ်းကို ခပ်တိုးတိုးပြေလာသည်။ “ချစ်သူများမှာ ရှမိသားစုက ကျွန်မရဲ့ဝမ်းကွဲနဲ့ အတူရှိနေတာပါ။ သူ... သူ ကျွန်မအတွက် သက်သေခံပေးလို့ရပါတယ်!"

သက်သေရှိနေပြီဆိုမှတော့ သူဘာတွေ ထစ်‌ငေါ့နေတာလဲ?

"မင်းတို့အတူတူ ဘာလုပ်နေကြလဲ?" နျဉ်ယွိယွမ် မျက်မှောင်ကြုတ်ထားကာ သူဘာလို့ဒီကိစ္စလေးကို ပြောရတာ ခက်ခဲနေမှန်း နားမလည်ပါချေ။ သို့ပေမယ့် အကြီးအကဲနျဉ်ကတော့ ကိစ္စများစွာကို မြင်ဖူးခဲ့သူပီပီ သူ၏အကြည့်တွေထဲ နားလည်မှုတချို့ကို ပြသလာသည်။ "ဖြစ်နိုင်တာက မင်းနဲ့သူ...."

အကြီးအကဲနျဉ်၏ အကြည့်ကိုမြင်တဲ့အခါ နျဉ်ချောင်းရဲ့မျက်နှာ နီရဲလာတော့သည်။ သူမ နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် အရွယ်ရောက်ရန် တစ်နှစ်လိုသေးသည်။ ယခုအချိန်တွင် ရှုမိသားစု၏ ဝမ်းကွဲနှင့် ပတ်သက်နေကြောင်း တစ်စုံတစ်ယောက်ကဟာ ထုတ်ဖော်လာပါက သူတို့နှစ်ဦးစလုံး ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။ နျဉ်ချောင်း အစတွင်ဘာမှ မပြောခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။

သူမ၏ ရှက်ရွံ့နေသည့် အသွင်အပြင်ကို မြင်လိုက်ရတော့ နျဉ်ယွိယွမ် အနည်းငယ်နားလည်သွားသည်။ သူ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ "ရှမိသားစုရဲ့ဝမ်းကွဲလား? ဘယ်ဝမ်းကွဲလဲ?"

“အဲဒါက… ရှချောင်ရှီပါ" နျဉ်ချောင်း ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ရှချောင်ရှီလား?

ဒီအမည်ကို တိတ်တဆိတ် မှတ်ထားပြီးနောက် နျဉ်ယွိယွမ် နျဉ်ချောင်းကို မထူးခြားနားစွာ စိုက်ကြည့်လိုက်သည်။ ဇာတ်လမ်းကို တစ်ဖက်သက် နားထောင်ရုံနဲ့ မပြီးပေ။ ဤကိစ္စကို ဆက်လက်စုံစမ်းရန် ကျောလင်နှင့်ကျုံးဝမ်ဆီ လွှဲပြောင်းပေးဖို့ သူဆုံးဖြတ်လိုက်သည်။

လူအိုကြီးတွင် စူးရှသည့်မျက်လုံးများ ရှိသည်ဟု ယူဆနိုင်သည်။ သူ့အမြင်အရ နျဉ်ချောင်း မလိမ်နေလောက်ပေ။ တစ်နည်းဆိုရသော် သူမသည် မော့ချူးကို ပြန်ပေးဆွဲရန် လူများကို စေလွှတ်ခဲ့သူမဟုတ်ပေ။

ဒါကိုတွေးမိပြီး အဘိုးအိုမှာ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူ နျဉ်ယွိယွမ်ကို စိုက်ကြည့်နေရင်း သူ့မျက်ခုံးတွေ ပြေလျော့သွားကြသည်။ “လုံလောက်ပြီ။ ဒီကိစ္စ ရှင်းရှင်းလင်းလင်း မဖြစ်ခင်မှာတောင် မင်းဒီလောက်အလျင်လိုနေတာ။ မင်း မာရှယ်နဲ့တောင်မတူတော့ဘူး"

နျဉ်ယွိယွမ် နျဉ်ချောင်းကို ငုံ့ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပြောလာသည်။ "ဒါက သူနဲ့ဆိုင်လား မဆိုင်ဘူးလားဆိုတာ မဆုံးဖြတ်ရသေးဘူး!"

“မဟုတ်ပါဘူး၊ ကျွန်မ…” ဒါကိုကြားတော့ နျဉ်ချောင်း ချက်ချင်း ခေါင်းမော့လာကာ သူမကိုယ်တိုင် ရှင်းပြဖို့ ပြင်ဆင်လိုက်သည်။

"ပါးစပ်ပိတ်ထား!" နျဉ်ယွိယွမ်မှာ သူမနှင့် စကားပြောဖို့ စိတ်မရှည်နေပါချေ။ သူ့မျက်နှာမှာ အနည်းငယ် အေးစက်သွားသည်။"ကောင်းပြီ မင်းအရင်ပြန်သွားလို့ရပြီ။ ဒီအတောတွင်း တခြားဘယ်သူ့ကိုမှ မဆက်သွယ်နဲ့၊ မဟုတ်ရင်တော့…”

ဒီထက်ပိုပြီး ခြိမ်းခြောက်တဲ့ စကားလုံးတွေ ထုတ်ပြောဖို့မလိုတော့ဘဲ နျဉ်ချောင်းဟာ သူမရဲ့ အသိနဲ့ပင် ကြောက်လန့်နေပြီ ဖြစ်သည်။ သူမ အလျင်အမြန် ခေါင်းညိတ်သဘောတူလိုက်သည်။

"အဘိုး၊ ကျွန်တော့်မှာ လုပ်စရာတွေရှိသေးလို့" နျဉ်ယွိယွမ် လူအိုကြီးကို ခေါင်းအသာညိတ်ပြလိုက်သည်။ စောစောက သူ့ရဲ့အေးစက်မာကျောနေတဲ့ မျက်နှာဟာလည်း နောက်ဆုံးတော့ တော်တော်လေးကို ပြေလျော့သွားတော့သည်။ "အရင်သွားနှင့်တော့မယ်"

လူအိုကြီး သတိပြန်ဝင်လာတဲ့အချိန် နျဉ်ယွိယွမ်မရဲ့ပုံရိပ်ဟာ အဝေးကို ရောက်သွားပြီဖြစ်သည်။

“ဟေး! ဒီကောင်စုတ်‌လေး!” လူအိုကြီးက သူ့ကို စိုက်ကြည့်လိုက်သည်။ "မင်းပြန်လာတာ ခဏလေးပဲရှိသေးတယ်၊ နောက်တစ်ခေါက် ပြန်ထွက်သွားဖို့ အလျင်လိုနေပြန်ပြီ!"

ကျောလင်နှင့် ကျုံးဝမ်တို့လည်း နျဉ်ယွိယွမ်ဆီမှ သတင်းရတဲ့အခါ ဝမ်းသာမဆုံးဖြစ်ခဲ့ရသည်။ ဒီလိုမျိုး အဖြစ်အပျက်တွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြတာကြောင့် စုံစမ်းစစ်ဆေးမှုကို ချက်ချင်း စတင်လိုက်သည်။

သူတို့ရဲ့ စိတ်လှုပ်ရှားနေမှုကြောင့် နှစ်ယောက်စလုံးရဲ့ စွမ်းဆောင်ရည်တွေဟာ တိုးတက်လာတော့သည်။

နေ့တစ်ဝက်မပြည့်မီတွင်ပင် သူတို့သည် ထိုကိစ္စကို အဖြေရှာနိုင်ကြသည်။

"ဘော့စ်၊ နျဉ်ချောင်းက မလိမ်ဘူး!" ကျောလင်ရဲ့မျက်နှာဟာ ရွှင်လန်းမှုအပြည့်ပင်။ “အဲဒီနေ့က သူတကယ်ပဲ ရှချောင်ရှီနဲ့ အတူရှိခဲ့တာ။ လမ်းသွားလမ်းလာတချို့က မြင်တဲ့အတွက် လိမ်လို့မရဘူး"

"ကောင်းတယ်!" နျဉ်ယွိယွမ်လည်း တချို့တလေကို မှန်းဆမိတာ‌ကြောင့် စုံစမ်းမှုရလဒ်ကို ကြားသိရတဲ့အခါ ပျော်ရွှင်သွားကာ သူ့အကြည့်တွေဟာလည်း ပျော့ပြောင်းသွားတော့သည်။

"ဟေး မင်းဘာဖြစ်နေတာလဲ?" ဘေးတွင်ရှိနေသည့် ကျုံးဝမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကျောလင် ထူးဆန်းသလိုခံစားရကာ သူ့ပခုံးကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။ "ဒီလောက် ကောင်းတဲ့ကိစ္စကို၊ မင်းဘာလို့ ခါးသီးတဲ့ မျက်နှာလုပ်နေတာလဲ?"

"မော့ချူးကို ပြန်ပေးဆွဲဖို့ လူတွေကိုလွှတ်လိုက်တာက နျဉ်မိသားစုဝင်မဟုတ်တာက ကောင်းပါတယ်" ကျုံးဝမ် သက်ပြင်းချလိုက်သည်။ “ဒါပေမယ့်၊ ဒါဆို တရားခံက ဘယ်သူများလဲ?"

သိသိသာသာကိုဘဲ၊ ဒီအချက်မှာ သဲလွန်စတွေ ပြတ်သွားသည်။

"ငါလဲ အရင်က ဒီပြဿနာကို တွေးဖူးတယ်" ထိုစကားကိုကြားတော့ နျဉ်ယွိယွမ်၏ မျက်နှာပေါ်ရှိ အပြုံးဟာ အနည်းငယ်‌မှေးမှိန်သွားသည်။ "ချောင်းဟုန်မိန်က သူဝယ်ထားတဲ့ တံဆိပ်ကို ဖြုတ်လိုက်တာ၊ ဒါမှမဟုတ် တခြားသူကို ပေးတာမျိုးတို့မှာ ငါတို့တွေ လမ်းကြောင်းမှားသွားတာ ဖြစ်နေမလား?"

ယခင်ကလည်း နျဉ်ချောင်းကို သူမေးခဲ့ဖူးသည်။ သူမ၏ တံဆိပ်သည် ခလုတ်ခုံထဲတွင်ရှိနေဆဲဖြစ်ကာ တစ်ခါမှ အသုံးမပြုရသေးပေ။ ဒီတော့ အကြီးမားဆုံးဖြစ်နိုင်ခြေက ချောင်းဟုန်မိန် ဖြစ်နေတုန်းပင်။

"အမှန်ဘဲ!" ဒါကိုကြားတော့ ကျုံးဝမ်ရဲ့ မျက်လုံးတွေ မနေနိုင်ဘဲ တောက်ပလာသည်။ "အဲဒီတုန်းက ကျွန်တော်တို့ ဘယ်လိုလုပ်မေ့သွားရတာလဲ?"

All Chapters