အခန်း (၁၇၁)
Vol. 18 Ch. 171
အစပိုင်း၌ ထိုတွေ့ဆုံမှုနောက်ပိုင်းတွင် စုန့်စစ်ယွီအနေဖြင့် သူတို့အုပ်စုနှင့် ပြန်လည်ဆက်သွယ်ရန် အခွင့်အရေး မရခဲ့ပါချေ။
သို့သော်လည်း သူမ မြို့သို့ ပြန်ရောက်သောအခါတွင် ချန်ကျားယန်၏ အတန်းဖော်သည်လည်း သူ၏မိသားစုကြောင့် မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့အစည်းတစ်ခုတွင် အလုပ်ရသွားကြောင်း သိရှိခဲ့ရသည်။
နောက်ပိုင်းတွင်သူမ၏အလုပ်အကိုင်၌ တချို့သောပြဿနာများ ကြုံတွေ့ခဲ့ရကာ ချန်ကျားယန်၏ အတန်းဖော်က သူမကို လာရောက်ကူညီပေးခဲ့သောကြောင့် ထိုပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သည်။
သူ၏ ရည်ရွယ်ချက်ကိုတော့ သူမ မသိရှိခဲ့ပေ။ ထိုသူက ချန်ကျားယွမ်ကြောင့် ကူညီပေးခြင်းလားဟူသည်ကို ပို၍ စိုးရိမ်ခဲ့သည်။
နောက်ပိုင်းတွင် သူမက ချန်ကျားယန်ကို မုန်းတီးသောကြောင့် သူနှင့်သိကျွမ်းသော လူများနှင့် ဆက်သွယ်ရန် ငြင်းဆန်ခဲ့ပြီး ထိုလူကိုလည်း ကျေးဇူးတင်စကားပင် မပြောခဲ့ပါချေ။
သို့သော် ယခု ပြန်စဉ်းစားကြည့်မိလျှင် ထိုသူ သူမကို ကူညီခဲ့သည်မှာ ချန်ကျားယန်ကြောင့် မဟုတ်ဘဲ သူ့၏စိတ်ရင်းဖြင့်သာ ဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။
အကြောင်းမှာ ထိုအချိန်က ချန်ကျားယန်သည်က ကျေးလက်ဒေသအတွင်း၌ ရှိနေနိုင်ပြီး သူမ၏အခြေအနေကို သူ သိနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူတို့နှစ်ယောက် ကွာရှင်းစဉ်က သူတို့၏ဆက်ဆံရေးမှာ အလွန်တင်းမာနေသောကြောင့် သူ၏အတန်းဖော်အား သူမကို ဂရုစိုက်ခိုင်းရန် လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် ထိုသူ ကူညီခဲ့ခြင်းသည်က သူ့စိတ်ဆန္ဒဖြင့်သာ ဖြစ်ပေလိမ့်မည်။
အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးထံကို မည်သည့်အခြေအနေမျိုးတွင် အကျိုးအမြတ်မမျှော်ဘဲ ကူညီမည်ဆိုသည့်အကြောင်းကတော့ စုန့်စစ်ယွီသည်လည်း အတွေ့အကြုံမရှိသော မိန်းကလေးတစ်ယောက် မဟုတ်သောကြောင့် နားမလည်ဘဲ မနေပါချေ။
သို့သော်လည်း ချန်ကျားယန်နှင့် ပတ်သက်နေသောကြောင့် ထိုသူက မည်သို့ပင် ပြုမူစေကာမူ သူမဘက်မှ နှစ်ခါပြန်လည်မကြည့်ခဲ့သကဲ့သို့ သူ့နှင့် မည်သည့် ဆက်သွယ်မှုမှလည်း မလုပ်ခဲ့ပါချေ။
သူသည်က ချန်ကျားယန်၏ အတန်းဖော်ဖြစ်နေသော အကြောင်းပြချက်ကိုသာ သူကိုယ်တိုင်အပြစ်တင်သင့်သည်။
“အခု ကျွန်မ စဉ်းစားလို့ရတာ သူ့တစ်ယောက်ပဲ ရှိတယ်၊ သူ အခု ဘယ်ရောက်နေလဲ၊ အလုပ်ဝင်နေပြီလားဆိုတာကိုတော့ ကျွန်မ သေချာမသိသေးဘူး”
စုန့်စစ်ယွီက ထိုသူ၏ အခြေအနေကို စုန့်ဝေ့အား အတိုချုပ် ရှင်းပြလိုက်သည်။ ထိုအခါမှ စုန့်ဝေ့လည်း အခြေအနေကို နားလည်သွားခဲ့လေသည်။
“မင်းပြောတဲ့အတိုင်းဆိုရင်တော့ သူ့ရဲ့စိတ်နေစိတ်ထား ကောင်းပုံရတယ်”
အနည်းဆုံးတော့ ချန်ကျားယန်ထက်ပိုမိုကောင်းမွန်ပေသည်။
စုန့်စစ်ယွီသည်လည်း တိတိကျကျမဖြေခဲ့ပါချေ။ မည်သို့ပင်ဖြစ်စေ သူမသည်ကား ထိုသူနှင့် တစ်ကြိမ်သာ ဆုံတွေ့ခဲ့ဖူးသည်။ သို့သော် ယခု ဂရုတစိုက် ပြန်လည်တွေးတောကြည့်လျှင် သူတို့အုပ်စု ညစာအတူစားခဲ့စဉ်က ထိုသူမှာ စကားအလွန်နည်းပြီး စိတ်ရင်းလည်းကောင်းပုံရသည်။
တခြားသူများကိုလည်း ပစ္စည်းများ ထုပ်ပိုးရာတွင်ကူညီခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ဆိုရလျှင် သူသည်က လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော် ထိုသူ၏ လက်ရှိအခြေအနေကို ဆုံးဖြတ်ရမည့်အပြင် ပို၍ ခက်ခဲသော နောက်ထပ်အချက်တစ်ခုလည်း ရှိနေသေးသည်။
ထိုအချက်မှာ :
“ဒါပေမဲ့ အခု မင်းနဲ့ ချန်ကျားယန်တို့ကြားမှာ ပတ်သက်ဆက်နွယ်မှု မရှိနေဘူးလေ၊ ငါတို့ကသာ ရုတ်တရက် သွားတွေ့မယ်ဆိုရင် သူ ကူညီနိုင်ပါ့မလား”
စုန့်စစ်ယွီနှင့် ထိုသူသည်က ချန်ကျားယန်မှတစ်ဆင့်သာ သိကျွမ်းခဲ့ကြခြင်းဖြစ်သည်။
သို့သော် ချန်ကျားယန်က မည်သည့်စိတ်ဓာတ်မျိုးရှိကြောင်းကို အဖေနှင့်သမီး နှစ်ဦးစလုံးက ကောင်းစွာသိရှိကြသည်။
ထို့ကြောင့် သူ၏အတန်းဖော်ကို သိကျွမ်းလိုသည်ဟု ဆိုကာ သူ့ထံသို့ သွားရောက်ရန် မဖြစ်နိုင်ပေ။
စုန့်စစ်ယွီလည်း ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခိုင်မာစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“သူ ကူညီလိမ့်မယ်”
ချန်ကျားယန်နှင့် ပတ်သက်မှုမရှိပါက ပို၍ပင် ကူညီလိမ့်မည်။
သို့သော် စုန့်စစ်ယွီအနေဖြင့် မလိုအပ်သေးသည့်အချိန်မျိုး၌ သူ့နှင့် များစွာဆက်ဆံလိုခြင်း မရှိသေးပေ။
အကြောင်းမှာ သူမသည်က သောင်းနှင့်ချီ၍ ကုန်ကျရမည်ကို မကြောက်သော်လည်း အဆိုးဆုံးအခြေအနေများဖြစ်လာမည်ကိုသာ ကြောက်နေသောကြောင့်ဖြစ်သည်။
အကယ်၍ ချန်ကျားယန်နှင့် ပြန်လည်ပတ်သက်ခဲ့ရလျှင် သူမအနေဖြင့် သေဆုံးချင်လုနီးပါး စိတ်ဓာတ်ကျမည်မှာ သေချာသည်။
“အဖေ၊ ဘာပဲဖြစ်ဖြစ် အခု ကျွန်မ နောက်မှ ပြောပြမဲ့ လိပ်စာကို သွားကြည့်ပြီးတော့ သတင်းအချက်အလက်တွေ ရှာကြည့်ပေးပါဦး၊ သူ အလုပ်စလုပ်နေပြီဆိုတာကို သိရရင် နောက်ဆက်တွဲကိစ္စတွေကို ကျွန်မတို့ စဉ်းစားကြတာပေါ့”
သူမ၏လေသံက အလွန် ခိုင်မာနေသည်ကို မြင်သောကြောင့် စုန့်ဝေ့လည်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ငါ့ကို ပြော”
ထို့နောက် စုန့်စစ်ယွီက သူမ မှတ်မိနေသော လိပ်စာနှင့် ထိုသူ၏ အခြေအနေအကျဉ်းကို စုန့်ဝေ့အား ပြောပြလိုက်သည်။
စုန့်ဝေ့လည်း သမီးဖြစ်သူ၏စကားများကို ကြားပြီးနောက် နောက်တစ်နေ့တွင် အခြေအနေများကို သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်လေသည်။
အခုတော့ ဒီလောက်ပဲ ပြောကြသေးတာပေါ့။
ထိုနေ့ ညနေပိုင်းတွင်တော့ လင်းကျန်းအန်းတစ်ယောက် နောက်ဆုံးတွင် အိမ်သို့ ပြန်ရောက်လာခဲ့လေသည်။
မိသားစုတစ်စုလုံးက သူ့ကို ပျော်ရွှင်စွာ ဆီးကြိုနှုတ်ဆက်ခဲ့ကြပြီး မြို့ဆေးရုံသို့ ခရီးတွင် ကြုံတွေ့ခဲ့ရသည့်အကြောင်းကို မေးမြန်းခဲ့ကြသည်။
လင်းကျန်းအန်းသည်လည်း မိသားစုဝင်များ၏ စိုးရိမ်မှုများနှင့် သိလိုစိတ်များကို သဘာဝကျစွာပင် သိရှိနေသောကြောင့် သူတို့၏မေးခွန်းများကို တစ်ခုပြီးတစ်ခု ပြန်ဖြေရန် ပြင်လိုက်လေသည်။
သို့သော် ရုတ်တရက် လင်းရန်၏ စိတ်ရှုပ်ထွေးစွာ မေးလာသော မေးခွန်းကို ကြားလိုက်ရသည်။
“အဖေ၊ အဖေ တစ်ယောက်တည်း ပြန်လာတာလား”
သူတို့ ထွက်သွားစဉ်က သုံးယောက်သွားခဲ့ကြသော်လည်း ပြန်လာချိန်တွင် အဖေလင်း တစ်ယောက်တည်းသာပြန်ရောက်လာခဲ့သည်။
ထိုစကားကို ကြားသောအခါ လင်းကျန်းအန်းလည်း အကြောင်းပြချက်တစ်ခုကြောင့် သက်ပြင်းချလိုက်သည်။
“ရှောင်စုန့်နဲ့ မင်းရဲ့အစ်ကိုကြီးက အရေးပေါ်တာဝန်တစ်ခုကျလာလို့ မြို့ကိုရောက်တာနဲ့ ထွက်သွားကြရတယ်၊ ဘယ်တော့လောက်မှ ပြန်လာနိုင်မလဲဆိုတာကိုတော့ အဖေလည်း မသိဘူး”
လင်းမိသားစုဝင်များထဲမှ မည်သူကမျှ ထိုသို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြသောကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ကြလေသည်။
လင်းကွမ်းချင်းနှင့် စုန့်ရှီးယန်တို့သည်ကား ၎င်းတို့၏ အလုပ်ကြောင့် ဖြစ်ပွားလာသော ရုတ်တရက် အခြေအနေမျိုးစုံနှင့် အကျွမ်းတဝင်ရှိနေခဲ့ပြီး ဖြစ်လေ၏။သူတို့အနေဖြင့် ၎င်းတို့ကို အစဥ်အမြဲ အိမ်တွင်နေရန် မထိန်းချုပ်နိုင်ပါချေ။
သို့သော်လည်း ဤကာလအတွင်း သူတို့က နေ့စဉ်နေ့တိုင်း အိမ်တွင် နေခဲ့ကြသောကြောင့် ဖြစ်နိုင်ပေသည်။ ဤကဲ့သို့ ရုတ်တရက် ထွက်ခွာသွားခြင်းက အတော်လေး စိတ်မကောင်းစရာ ဖြစ်နေခဲ့သည်။
စုန့်ရှီးယန်က သူမကို နှုတ်မဆက်သွားခဲ့ပေ။
ထို့ကြောင့် လင်းရန်တစ်ယောက် မနေနိုင်ဘဲ နောက်တစ်ခွန်း ထပ်ပြောလိုက်မိသည်။
“ဒါပေမဲ့ စုန့်ရှီးယန်ရဲ့ခြေထောက်က
အပြည့်အဝ မကောင်းသေးဘူး မလား”
မိသားစုထဲမှ အခြားသူများအားလုံးက သူမအား မသိစိတ်မှ
ကြည့်လိုက်ကြသည်ကို မြင်သည့်အခါ၌ လင်းရန်လည်း မတိုင်ခင်က
သူမ၏မေးခွန်းမှာ အလွန် ရုတ်တရက်ဆန်လွန်းသည်ဟု
သတိပြုမိလိုက်သည့်အတွက်ကြောင့်
လျင်မြန်စွာ ထပ်မံပေါင်းထည့်ကာ ပြောလိုက်သည်။
“ကျွန်မ ပြောချင်တာက ဒီအခြေအနေမျိုးနဲ့ဆိုရင် သူ မစ်ရှင်ကို သွားတာက ပိုပြီး မဆိုးရွားနိုင်ဘူးလား၊ ဒါမှမဟုတ် အဲဒီလိုမျိုး တစ်ခုခုမဖြစ်နိုင်ဘူးလား”
“အဲဒါတော့ မသိဘူး၊ ဒါပေမဲ့ ရှောင်စုန့်က ဒီရက်တွေအတွင်း
နေ့တိုင်း ငါနဲ့အတူ တောင်ပေါ်ကို တက်သွားနေတာဆိုတော့
သူ့ရဲ့ခြေထောက်နဲ့ ခြေဖဝါးတွေက အခုဆိုရင် အများကြီး ပိုကောင်းနေလောက်ပါပြီ”
လင်းကျန်းအန်းက သူ၏သမီး လင်းရန်အား စိတ်အေးသက်သာစေမည့်အပြုံးဖြင့် ပြုံးကာ ပြောလိုက်သည်။
“ပြီးတော့ ရှောင်စုန့်က မဟုတ်တာကို ကြွားဝါချင်တတ်တဲ့လူမျိုး မဟုတ်ဘူး၊ သူ့အခြေနေကို သူသိပါတယ်၊
တကယ်လို့ သူ့အတွက် အဆင်မပြေဘူးဆိုရင် သူ သေချာပေါက် သွားမှာမဟုတ်ဘူး၊ ပြီးတော့ မင်းရဲ့အစ်ကိုကြီးလည်း ရှိနေတာဆိုတော့ စိတ်မပူပါနဲ့”
လင်းကျန်းအန်းတစ်ယောက် တစ်ခုခုက မူမမှန်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လင်းရန် ပထမဆုံး
မေးခဲ့သည့်သူမှာ သူမ၏အစ်ကိုကြီး လင်းကွမ်းချင်း မဟုတ်ဘဲ အဘယ်ကြောင့် စုန့်ရှီးယန် ဖြစ်နေရသနည်း။
သို့သော် သူ၏သမီးမှာ
အဘွားလင်းကို အတုယူကာ ယဉ်ကျေးသိမ်မွေ့မှုကို ပို၍
ဂရုစိုက်ခြင်းသာ ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။
“သူတို့တွေ ဒီတစ်ခေါက် ထွက်သွားတာ ဘယ်တော့မှ ပြန်လာမလဲ မသိတော့ဘူး”
အဘွားလင်းအနေဖြင့်
လွန်ခဲ့သည့်နှစ်ရက်ခန့်လောက်အထိ သူမရှေ့၌ ရှိနေခဲ့သည့် သူမ၏မြေးကြီးအကြောင်းကို
တွေးလိုက်သည့်အခါတွင် သူမ၏ ပျော်ရွှင်နေခဲ့သည့် စိတ်ခံစားချက်မှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
သူမဒဘေးမှ လင်းကွမ်းချင်း၏
မိဘများသည်လည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။
သို့သော်လည်း သူတို့၏သားသည်ကား တစ်နှစ်ပတ်လုံး အိမ်မှ ထွက်ခွာနေခြင်းကို သူတို့အနေဖြင့်
ကျင့်သားရခဲ့ပြီးဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာ ပြန်လည်၍ နှစ်သိမ့်နိုင်ခဲ့ကြသည်။
စုန့်ရှီးယန်နှင့်လင်းကွမ်းချင်း၏
သတင်းကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးသည့်နောက်၌ လင်းကျန်းအန်းက သူနှင့် မြို့ဆေးရုံကြားမှ ဖြစ်ပျက်ခဲ့သည့်အရာများကိုလည်း ပြောပြခဲ့သည်။
ယမန်နေ့ည သူ၊ လင်းကွမ်းချင်းနှင့် စုန့်ရှီးယန်တို့က ကျောပိုးအိတ်ကြီးသုံးအိတ်ကို တစ်အိတ်စီ လွယ်ကာ မြို့ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြပြီး လွန်ခဲ့သည့်အချိန်အနည်းငယ်က သူတို့ တောင်ပေါ်၌ ရှာဖွေခဲ့ကြသည့် ဆေးဝါးကုန်ကြမ်းများအားလုံးကို ပို့ဆောင်ခဲ့ကြသည်။
မြို့ဆေးရုံမှ ဆရာဝန် ဒေါက်တာတုန်သည်လည်း သူတို့ ပို့ဆောင်ခဲ့ငည့် ဆေးဝါးကုန်ကြမ်းများကို မြင်သည့်အခါ၌ ကုန်ကြမ်းအားလုံးကို စိတ်ကျေနပ်ခဲ့ပြီး ယခင်က သဘောတူခဲ့သည့်ဈေးနှုန်းအရ
ဆေးဝါးကုန်ကြမ်းများအတွက်
ပစ္စည်းတံဆိပ်နှင့် တခြားငွေပေးချေမှုများကို ပေးခဲ့ပြီး ဆေးရုံ၏တံဆိပ်နှင့် အခြားအရာများကိုပါ ပူးတွဲပေးခဲ့သည်။
ဤကိစ္စကို မူလက လင်းကျန်းအန်း၏အမည်ဖြင့် စတင်ခဲ့သော်လည်း ဤသည်က တစ်ဦးတည်းပိုင်မဟုတ်ပေ။
ထို့အပြင် သူ့အနေဖြင့် နောက်ပိုင်းတွင် ရွာထဲမှ တခြားသောသူငယ်ချင်းညီအစ်ကိုများစွာကို အတူတကွ လုပ်ဆောင်ရန် ပြောကြားခဲ့သောကြောင့် ဤသည်ကို
အဖွဲ့လိုက် လုပ်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ပေသည်။
သို့ဖြစ်၍ ရရှိသင့်သည့်
ပိုက်ဆံ၊ လက်မှတ်နှင့်အခြားအရာများကို သိမ်းဆည်းထားရမည်ဖြစ်ပြီး ပြန်သွားလျှင် တခြားညီအစ်ကိုများနှင့် ခွဲဝေယူရမည်ဖြစ်ပေသည်။
သူတို့အနေဖြင့် ယခင်ကတည်းက
ငွေကို မည်သို့ခွဲဝေမည်
၊ မည်သူက မည်သည့်အလုပ်လုပ်ကာ မည်မျှ ရမည်စသည်ဖြင့်
စည်းမျဉ်းများကို သတ်မှတ်ထားပြီးဖြစ်၍ လုပ်ဆောင်ကြရလိမ့်မည်။
*