← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

ခေါင်းဆောင်ဟောင်းထံတွင်

ဆွေမျိုးမိတ်ဆွေများပေါများပြီး အလုပ်ဌာနမှ လုပ်ဖော်ကိုင်ဖက်များလည်း လာရောက်ကြလိမ့်မည် ။

အစိုးရအရာရှိများသည်က ဤခေတ်ကာလတွင် ပွဲပြုလုပ်ခြင်းကို အများပြည်သူသိအောင် ပြုလုပ်၍မရပေ။

ခေါင်းဆောင်ဟောင်းသည်လည်း

လူအင်အားကို တတ်နိုင်သမျှ လျှော့ချထားခဲ့၏။ သို့သော်လည်း အချိန်ရောက်လျှင်

စားပွဲသုံးလုံး အပြည့်ရှိနေဦးမည်ဖြစ်သောကြောင့် လင်းရန်နှင့် လင်းကျန်းဖူ၏တာဝန်မှာ မလွယ်ကူလှပေ။

ကံကောင်းစွာဖြင့် လင်းရန်သည်က ဤကာလအတွင်း လင်းကျန်းဖူအား

ဟင်းသီးဟင်းရွက်လှီးဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာ နည်းစနစ်အမျိုးမျိုးကို သင်ပေးရန် အခွင့်အရေးကို အရယူနိုင်ခဲ့သည်။

ဤရက်အနည်းငယ်အတွင်း သူမ၏ အရည်အချင်းများကို လေ့ကျင့်ယူပြီးသည့်နောက်၌ ချက်ပြုတ်ရာ၌ ပိုမို၍လွယ်ကူပေလာတော့မည်။

တူဝရီးနှစ်ယောက်၏ကြားမှ စကားဝိုင်းက ထိုအကြောင်းအရာဆီသို့ရောက်ရှိသွားကြပြီးသည့်နောက်တွင် လင်းရန်လည်း စုန့်ရှီးယန်အကြောင်းကို ထပ်မံ၍ မတွေးတော့ပေ။

ထိုအချိန်တွင် မြို့နှင့်ဝေးကွာသောနေရာမှ စုန့်ရှီးယန်နှင့် လင်းကွမ်းချင်း၏ အခြေအနေသည်ကား လင်းမိသားစု ထင်ထားသလောက် အန္တရာယ်မရှိပေ။

စုန့်ရှီးယန်အနေဖြင့် ဤမစ်ရှင်ကို အရေးပေါ်ရရှိခဲ့သော်လည်း အထက်အရာရှိများက စုန့်ရှီးယန်၏ ဒဏ်ရာကို စိုးရိမ်ပူပန်နေကြဆဲဖြစ်သောကြောင့် ဤအချိန်တွင် အန္တရာယ်ရှိသော မစ်ရှင်များကို စေလွှတ်မည်မဟုတ်ပေ။

သူနှင့် လင်းကွမ်းချင်းတို့က မြို့ထဲတွင်ရှိနေသည်ကို သိသွားခဲ့သည့်အတွက်ကြောင့်သာ အကူအညီတောင်းခဲ့ခြင်းသာ ဖြစ်သည်။

သူတို့လုပ်ရမည့်အရာမှာ အလွန်ရိုးရှင်းသည်။ ၎င်းသည်ကား ခေါင်းဆောင်တစ်ဦးအား လက်ခံကြိုဆိုပြီး ထိုခေါင်းဆောင်ကို သူ၏နေရာသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးရုံသာ ဖြစ်သည်။

သူတို့နှစ်ဦးတည်းသာမဟုတ်ဘဲ တခြားစစ်ဘက်ဆိုင်ရာ ရဲဘော်များလည်း ရှိနေခဲ့ကြပြီး သူတို့နှစ်ဦးမှာ လူအင်အားဖြည့်ပေးရုံသာဖြစ်ပေသည်။

သူတို့၏ ထူးချွန်သောစွမ်းရည်များကြောင့် မြို့ထဲတွင် မည်သည့်အရာမှဖြစ်မည်မဟုတ်ဟု တွေးထားသော်လည်း မျက်စိရှင်ရှင်ထား၍

ကြည့်ခဲ့ကြကာ မထင်မှတ်သော အန္တာရယ်အတွက် အသင့်ပြင်ထားခဲ့ကြသည်။

တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် သူတို့နှစ်ဦးလုံးက အဆင်သင့်ဖြစ်နေလိမ့်မည်ဖြစ်ပေသည်။

စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့က ဤကာလအတွင်း ကျေးလက်ဒေသ၌ အလုပ်လုပ်ခဲ့ရသော်လည်း စစ်တပ်တွင် ရရှိခဲ့သော လေ့ကျင့်မှုအဆင့်နှင့် နှိုင်းယှဉ်ပါက ဤမစ်ရှင်သည်ကား သူတို့အတွက် အလွန်အမင်း ပေါ့ပါးလွန်းသည်ဟု ဆိုနိုင်ပေသည်။

ထို့အပြင် စုန့်ရှီးယန်မှာ ခွင့်ရက်ရရှိထားခဲ့ပြီး လုံလောက်စွာ အနားယူရန်ခိုင်းစေခံထားခဲ့ရသော်လည်း တစ်လနီးပါးခန့် အနားယူပြီးနောက်တွင် သူ၏အသားအရေများမှာ အလွန်ပင် ပျော့ပျောင်းလာခဲ့သကဲ့သို့ ခံစားနေခဲ့ရ၏။

သို့ဖြစ်၍ ဤမစ်ရှင်အကြောင်းကို သိရှိပြီးနောက် သူက ချက်ချင်းပင် သဘောတူခဲ့ပြီး လင်းကွမ်းချင်းကိုပါ ခေါ်လာခဲ့လေသည်။

သူတို့နှစ်ဦးမစ်ရှင်နေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် တခြားသူများနှင့်တွေ့ဆုံခဲ့ကြပြီး ခေါင်းဆောင်အား ကြိုဆိုရန် စောင့်ဆိုင်းနေခဲ့သည်။

ခေါင်းဆောင်က မွန်းတည့် ၁၂ နာရီတွင် ဘူတာရုံသို့ ရောက်ရှိသင့်သော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ရထားမှာ

ရုတ်တရက် နောက်ကျသွားခဲ့ကာ ဆယ့်နှစ် နာရီခွဲခန့်လောက်အထိ မည်သူ့ကိုမျှ မတွေ့ရသေးပေ။

စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့က အနီးနားတွင် ခဏစောင့်နေခဲ့ပြီးနောက် နှစ်ဦးလုံးက တစ်စုံတစ်ရာ

မှားယွင်းနေသည်ဟု ခံစားမိလိုက်ကြသည်။

စုန့်ရှီးယန် လင်းကွမ်းချင်းအား

လှမ်းကြည့်လိုက်ပြီး လင်းကွမ်းချင်းလည်း စုန့်ရှီးယန်၏ ဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်လိုက်ကာ ဤတစ်ကြိမ်တွင် သူတို့အဖွဲ့အား ဦးဆောင်လာခဲ့သော ရဲဘော်ထံသို့ လျှောက်သွားခဲ့သည်။

“ရဲဘော်၊ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ၁၂ နာရီထက် မိနစ် ၂၀ နီးပါးလောက် ကျော်သွားပါပြီ၊

ဟိုဘက်မှာ တစ်ခုခုဖြစ်နေလို့လားဆိုတာ ကျွန်တော်တို့ ဝင်ပြီး မေးကြည့်ရအောင်”

ထိုအချိန်တွင် သူတို့က ရထားဘူတာရုံအပြင်ဘက်၌ ရပ်နေခဲ့ကြခြင်းဖြစ်လေ၏။

ဦးဆောင်လာသည့်ခေါင်းဆောင်က ရထားဘူတာရုံတွင် လူများလွန်းသောကြောင့် အတွင်းသို့ အလျင်စလိုဝင်လိုက်လျှင် အခြားလူများကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူတို့ကို အပြင်ဘက်တွင် စောင့်ခိုင်းထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် လူနှစ်ဦးကိုတော့ ရထားဘူတာရုံမှ ထွက်လာမည့် လူများကို ခေါ်ဆောင်ရန် စေလွှတ်ခဲ့သည်။

ထိုခေါင်းဆောင်သည်ကား ဒေသတွင်းအစိုးရတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အသက် လေးဆယ်ခန့်ရှိပြီဖြစ်သည်။

လင်းကွမ်းချင်းနှင့် စုန့်ရှီးယန်တို့မှာ စစ်ဝတ်စုံဝတ်ထားခြင်းလည်းမရှိသည့်အပြင် စစ်ဘက်မှ ရဲဘော်အနည်းငယ်နှင့်လည်း ပါလာခြင်းမရှိသည်ကို မြင်သည့်အတွက် သူတို့နှစ်ယောက်ကို တခြားသူများက ပြင်ပမှ ကျပန်းရှာဖွေထားသော အကူအညီပေးသူများဟု ထင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့နှစ်ဦးအပေါ် ထိုအဖွဲ့၏ ခေါင်းဆောင် သဘောထားက သိပ်ပြီး မကောင်းခဲ့ပေ။

“ရထားနောက်ကျတာက ပုံမှန်ကိစ္စမဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်စိုးရိမ်နေရတာလဲ၊ ငါတို့မြို့ဧရိယာထဲမှာ ပြဿနာတစ်ခုခုဖြစ်နေတယ်လို့ ထင်လို့လား၊

မင်တို့အနေနဲ့ စစ်တပ်က ရဲဘော်တွေကို အတုယူသင့်တယ်လို့ ထင်တယ်၊

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ဒီလောက်တောင် ကြောက်နေရတာလဲ”

ထိုသို့ပြောပြီးသည့်နောက်၌

ခေါင်းဆောင်က ရွံရှာသည့်ပုံဖြင့် လင်းကွမ်းချင်းအား လက်ကာပြလိုက်သည်။

“တော်ပြီ၊ ဒီနေရာက မင်း ပြောပိုင်ခွင့်ရှိတဲ့နေရာ မဟုတ်ဘူး၊ မင်းရပ်စောင့်ရမယ့်နေရာကို သွားပြီးရပ်နေလိာက်!”

လင်းကွမ်းချင်းသည်ကား

စိတ်မဆိုးသည့်အပြင် အနည်းငယ် ရယ်မောချင်နေခဲ့၏။

ဤခေါင်း‌ဆောင်ဟူသော ရဲဘော်အနေဖြင့် သူ၏ဘေးတွင်ရှိနေသည့် စုန့်ရှီးယန်မှာ မည်သူဖြစ်ကြောင်းကို သိရှိသွားပါက ကြောက်လန့်ပြီး ခြေထောက်များပင် တုန်ယင်လာလိမ့်မည်ဖြစ်ကာ ထိုကဲ့သို့သောစကားများကို ပြောနိုင်တော့မည် မဟုတ်ပေ။

သူက ဘေးဘက်ရှိ စစ်တပ်မှ ရဲဘော်များကို အတုယူသင့်သည်ဟုလည်း ပြောခဲ့သေး၏။ သူ၏ဘေးမှ ထိုစစ်သားလေးများကသာ သူတို့တပ်ဖွဲ့တွင် ရှိနေပါက စုန့်ရှီးယန်အား ဗိုလ်ကြီးဟုပင် ခေါ်ကြရပေလိမ့်မည်။

သို့သော်လည်း ခေါင်းဆောင်၏ အသံမှာ အလွန်မာကျောနေခဲ့ပြီး မည်သည့်အရာမှ ဖြစ်မည်မဟုတ်ဟု ပြောခဲ့သည့်အတွက် လင်းကွမ်းချင်းလည်းဆက်လက်၍မေးခွန်းထုတ်၍မရတော့ပေ။

သူက ပခုံးကို အသာတွန့်လိုက်ကာ စုန့်ရှီးယန်ထံ ပြန်သွားလိုက်တော့သည်။

စုန့်ရှီးယန်သည်လည်း ထိုနှစ်ဦး၏ စကားပြောဆိုမှုများကို ကြားခဲ့ရသည်။

သူးအနေဖြင့် သာမန်အချိန်များတွင် ဤကဲ့သို့သောလူနှင့် ပြောဆိုနေမည်မဟုတ်ပေ။

သို့သော် ဤမစ်ရှင်ကို လက်ခံပြီးဖြစ်သည့်အတွက်ကြောင့် မစ်ရှင်ကို နောက်ဆုံးအထိ တာဝန်ယူရလိမ့်မည် ။

ထို့ကြောင့် သူ မျက်မှောင်ကြုတ်ကာ လင်းကွမ်းချင်းကို ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။

“ငါတို့တွေ ရထားဘူတာရုံကို သွားကြည့်ရအောင်”

ရထားနောက်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ပထမဆုံးအဆင့်အ‌နေဖြင့် ၎င်းကိုအတည်ပြုရပေမည်။

သို့မဟုတ်ပါက အထဲဘက်၌ အမှန်တကယ်ပင် တစ်ခုခုဖြစ်သွားခဲ့လျှင် အခြေအနေအား ထိန်းသိမ်းရန်မှာ အလွန်နောက်ကျသွားပေလိမ့်မည်။

ခေါင်းဆောင်နှင့်ပတ်သက်၍မူ

ဤကိစ္စပြီးသွားသည့်အချိန်တွင်

သူနှင့် “စကားကောင်းကောင်းပြော” ရသင့်ပေပြီ။

မကြာမီပင် လင်းကွမ်းချင်းနှင့် စုန့်ရှီးယန်တို့က ခေါင်းဆောင်၏ ရှေ့မှနေ၍ ရထားဘူတာရုံထဲသို့ သွားခဲ့ကြသည်။ ၎င်းကိုမြင်လိုက်ရလျှင် ခေါင်းဆောင်သည် မျက်နှာတွင် အံ့သြသင့်မှုများပေါ်ထွက်လာခဲ့ကာ သူတို့ကို အော်ဟစ်လိုက်သည်။

“ဟေး၊ မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ၊ ဘာလို့ ကိုယ့်နေရာမှာ ကိုယ် မနေကြတာလဲ”

“မင်းတို့ အမိန့်ကို မလိုက်နာဘဲ ဘာလုပ်နေကြတာလဲ၊ ငါတို့ပြန်ရောက်ရင် ငါ မင်းတို့ရဲ့ခေါင်းဆောင်တွေကို တိုင်မယ်!”

စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့သည်ကား သူတို့နောက်မှ လူများအား လေလွင့်သစ်ရွက်ပမာ သဘောထားကာ လူအများအပြားကို တိုးဝှေ့၍ ရထားဘူတာရုံအတွင်းသို့ လျင်မြန်စွာ လျှောက်သွားခဲ့ကြသည်။

အတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ထောင့်တစ်နေရာမှ လူအစုအဝေးတစ်စု ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုနေရာသည်ကား ရထားဘူတာရုံမှ ဆင်းသည့်နေရာ ဖြစ်ရမည်။

စုန့်ရှီးယန်က သူ၏ဘေးနားမှ ထွက်လာသော လမ်းသွားလမ်းလာများကို ထိုရထားမှ လာကြသူများဟုတ်မဟုတ် မေးလိုက်ရာ ထိုသူများက ဟုတ်သည်ဟု ဖြေလာခဲ့ကြသည်။

စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့လည်း ဤရထားက သူတို့ လာခေါ်ကြသူသည့်လူများ လိုက်လာမည့် ရထားဖြစ်ကြောင်း သိလိုက်ရသည့်အခါ အနည်းငယ်ရှုပ်ထွေးသွားကြသည်။

“ကျွန်တော်တို့က နောက်ဆုံးထွက်လာတဲ့အသုတ်လေ၊ အထဲမှာ ဘယ်သူမှ မကျန်တော့ဘူး၊ လူအုပ်ကြီးက ခုနကတည်းက ထွက်သွားကြပြီ မဟုတ်ဘူးလား”

ဤလမ်းသွားလမ်းလာသည်ကား သူနှင့်အတူပစ္စည်းများစွာကိုသယ်ဆောင်လာသည့်အတွက်ကြောင့် လူအုပ်စုကြီးနှင့် တိုးဝှေ့လိုစိတ်မရှိသည့်အတွက် လူအများထွက်သွားပြီးမှသာ ထွက်လာခဲ့ခြင်းဖြစ်လေည်။

ထို့ကြောင့် သူ့ထက်နောက်ကျပြီးမှ ထွက်လာသူများ ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့လည်း ဤအကြောင်းကို ကြားလိုက်သည့်အခိုက်တွင် သူတို့၏အမူအရာများက ရုတ်တရက် ပြောင်းလဲသွားခဲ့ကြသည်။

“မင်း တပ်ဖွဲ့က အရင်ဆုံးဝင်ရှာဖို့ လွှတ်ထားတဲ့ နှစ်ယောက်ကို သွားရှာလိုက်၊ ငါ ရထားကို သွားကြည့်မယ်၊ ငါတို့ လူခွဲသွားကြမယ်!”

စုန့်ရှီးယန်က လျင်မြန်စွာ ရှင်းပြပြီးနောက် ရထား၏ အခြားတစ်ဖက်သို့ ချက်ချင်းပြေးသွားတော့သည်။

လင်းကွမ်းချင်းသည်လည်း

ကြိုဆိုရန်အတွက် အရှေ့ဘက်မှ ဝင်သွားကြသည့် လူနှစ်ယောက်အား စတင်၍ ရှာဖွေခဲ့သည်။

အချိန်အနည်းငယ်ကြာအောင် ရှာဖွေပြီးသည့်နောက်၌ ဘူတာရုံအတွင်းရှိ တိုင်တစ်ခုဘေးတွင် ရှိနေသော ထိုလူနှစ်ဦးကို တွေ့လိုက်ရလေ၏။

သူ ထိုအနီးသို့ လျှောက်သွားပြီး ၎င်းတို့ကို ကြည့်လိုက်သည့်အခါ၌ ဒေါသကြောင့် လက်သီးဖြင့်ထိုးမိလုနီးပါး ဖြစ်သွားခဲ့သည်။

လူနှစ်ယောက်ထဲမှ တစ်ယောက်သည်က တိုင်ကို မှီပြီး အိပ်ပျော်နေ၏။ အခြားတစ်ယောက်မှာ အိပ်ပျော်နေခြင်းမရှိသော်လည်း သွားလာနေသော အမျိုးသမီးများကိုသာ စိုက်ကြည့်နေပြီး ဘူတာရုံမှ ထွက်ပေါက်ကို လုံးဝမကြည့်ပေ။

ဤလူနှစ်ဦး၏ ဟန်ပန်များကိုကြည့်လိုက်လျှင် ဤကိစ္စ၏ အရေးကြီးပုံကို သတိမမူမိသည့်အပြင် သူတို့၏ခေါင်းဆောင်များ သူတို့ရှေ့မှ ဖြတ်သွားလျှင်ပင် မြင်နိုင်မည်မဟုတ်ပေ။

လင်းကွမ်းချင်းတစ်ယောက် ဒေါသတကြီးဖြင့် ထိုနှစ်ဦးအား လက်ရှိအခြေအနေကို ပြောပြရန် လျှောက်သွားခဲ့သည်။

ထိုအချိန်တွင် စုန့်ရှီးယန်သည်ကား လင်းကွမ်းချင်း၏ မှတ်ပုံတင်ကို ထုတ်ယူပြီး ထွက်ပေါက်ကို စောင့်နေသော ဝန်ထမ်းအား ပြသကာ ကိစ္စကို လျင်မြန်စွာ ရှင်းပြလိုက်ပြီး အလွန်လေးနက်သောမျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

“အခြေအနေကို စစ်ဆေးဖို့အတွက် ရထားပေါ်ကိုတက်ခွင့်ပေးဖို့ လျှောက်ထားပါတယ်”

ဘူတာရုံမှဝန်ထမ်းသည်လည်း ယနေ့ ရထားပေါ်တွင် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး ပါလာမည်ဟု မမျှော်လင့်ထားမိခဲ့ချေ။ ထိုအရေးကျီးပုဂ္ဂိုလ်များထဲမှ မည်သူမျှ ထွက်မလာသေးပုံရသည့်အတွက်ကြောင့် ချက်ချင်းပင် စိုးရိမ်လာခဲ့သည်။

“ရဲဘော်၊ ကျွန်တော်နဲ့လိုက်ခဲ့ပါ”

ထိုသို့ပြောပြီးနောက် သူသည် စုန့်ရှီးယန်ကို ခေါင်းဆောင်ထံသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့လေသည်။

*

All Chapters