အခန်း (၁၇၄)
Vol. 18 Ch. 174
ရထားဘူတာမှ ဝန်ထမ်းက လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူ၏ ခေါင်းဆောင်နှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် သူနှင့် ခေါင်းဆောင်တို့က စုန့်ရှီးယန်ကိုခေါ်ကာ ဝန်ထမ်းလမ်းကြောင်းမှတစ်ဆင့် ရထားပေါ်သို့ အတူတက်သွားခဲ့ကြသည်။
ထိုအချိန်တွင် ရထားပေါ်၌
လူအနည်းငယ်သာ ကျန်တော့သည့်အတွက်ကြောင့် စုန့်ရှီးယန်နှင့် တခြားသူများက လူများကို ရှာဖွေရန် ပိုမို၍ လွယ်ကူခဲ့လေသည်။
ရထား၏ ရှေ့ဆုံးမှ နောက်ဆုံးသို့အထိ လျှောက်လာခဲ့သော်လည်း စုန့်ရှီးယန်နှင့်အဖွဲ့မှာ သူတို့ရှာဖွေနေသည့်လူကို ရှာမတွေ့နိုင်ခဲ့ပေ။
ဤအခြေအနေကို မြင်တွေ့ရသည့်အချိန်၌ အနီးအနားမှ ဝန်ထမ်းများလည်း စိတ်ပူပန်လာခဲ့ကြသည်။
“ရဲဘော်စုန့်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ၊ တစ်ဖက်ကအကြီးအကဲက ဘတ်စ်ကားပေါ် လုံးဝမတက်လာတာလား၊ ဒါမှမဟုတ် သူ အပြင်ထွက်သွားပြီး ခင်ဗျားတို့က မမြင်လိုက်တာများလား”
စုန့်ရှီးယန် မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်၏။
အထက်အရာရှိများက
ဤတာဝန်ကို စီစဉ်ပြီးသည့်နောက်တွက် အချိန်ကိုပါ အတိအကျ အသိပေးခဲ့သည့်အတွက်ကြောင့် ထိုနေရာတွင် မတော်တဆမှုများ ဖြစ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် တစ်ဖက်မှအကြီးအကဲခေါင်းဆောင်သည်က ဘတ်စ်ကားပေါ်သို့ တက်လာသည်မှာ သေချာသည်။
သို့သော်လည်း လမ်းတွင် တစ်ခုခုဖြစ်ခဲ့သည်လား သို့မဟုတ် တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်များလားဆိုသည်ကို သူတို့မသိနိုင်ပေ။
ဤသို့ဆိုပါက ထိုအကြီးအကဲအား မခေါ်ဆောင်နိုင်ခဲ့ခြင်းမှာ သူတို့၏ အပြစ်ကြောင့်သာ ဖြစ်သွားပေလိမ့်သည်။
သူတို့ခေါ်ဆောင်ရမည့် လူမှာ
အသက်ကြီးသော အကြီးအကဲရဲဘော်တစ်ဦး ဖြစ်သည်။
ထိုအကြီးအကဲရဲဘော်မှာ မြို့တော်မှ
ပြန်လာပြီး ဤမြို့ငယ်ဧရိယာသို့ စက်ပစ္စည်းနှင့် နည်းပညာအထောက်အပံ့များ ပေးရန် လာရောက်ခြင်းဖြစ်သည်။
သူ့နှင့်အတူလိုက်ပါလာသော ခရီးသွားတစ်ဦးသာပါရှိပြီး ထိုသူမှာ ထိုအကြီးအကဲ၏ မြေးဖြစ်သူသာ ဖြစ်ပေသည်။
အကြီးအကဲရဲဘော်မှာ အသက်ကြီးပြီး သူ၏မြေးဖြစ်သူသည်ကား အသက်နှစ်ဆယ်အရွယ်ဖြစ်သည့်အတွက် သိသာထင်ရှားသောလူနှစ်ယောက်သာ ဖြစ်ပြီး လွဲချော်ရန် မဖြစ်နိုင်ပေ။
ခဏတာမျှ စဉ်းစားပြီးသည့်နောက်၌
စုန့်ရှီးယန် ထပ်မံ၍
မေးမြန်းလိုက်သည်။
“ဒီရထားမှာ တခြားအတွဲတွေ ရှိသေးလား၊ ဒါမှမဟုတ် ငါတို့ မရှာရသေးတဲ့ နေရာတွေ ရှိသေးလား”
“မရှိတော့ပါဘူး၊ ကျွန်တော်တို့ ရှေ့ဆုံးကနေ နောက်ဆုံးအထိ အကုန်ရှာပြီးပြီ...”
ရထားဘူတာခေါင်းဆောင်မှ ဤသို့ပြောပြီးသည့်အချိန်တွင်သူ၏လက်အောက်ငယ်သားမှ ရုတ်တရက် စကားပြောလာခဲ့သည်။
“ဟုတ်သားပဲ၊ အိမ်သာကျန်သေးတယ်လေ”
သူတို့သည်ကား ရထား၏ရှေ့ဆုံးမှ နောက်ဆုံးအထိ အခန်းတိုင်းကို ရှာဖွေခဲ့ကြသော်လည်း မည်သူ့ကိုမျှ မတွေ့ခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် လမ်းတစ်လျှောက်တွင် သူတို့က ရထား၏ သန့်စင်ခန်းအိမ်သာကို လုံးဝပင် မရှာဖွေခဲ့ကြပေ။
ဤအကြောင်းကိုကြားသည်နှင့် စုန့်ရှီးယန်လည်း ချက်ချင်းပြန်ပြေးသွားခဲ့ပြီး ရထားတွဲတိုင်း၏ အိမ်သာတံခါးကို ခေါက်နေခဲ့သည်။
ရထားဘူတာရုံမှ ဝန်ထမ်းများကလည်း သူ၏အနောက်သို့ အလျင်အမြန် လိုက်ပါလာခဲ့ကြသည်။
သူတို့၏ ရထားများသည်ကား ဘူတာရုံသို့ ရောက်ရှိခါနီးသည့်အချိန်တွင်
အိမ်သာတံခါးများကို သော့ခတ်ထားလေ့ရှိသည်။
အကြောင်းရင်းမှာ တစ်စုံတစ်ယောက်မှ ထိုရထားရပ်နားသည့်အချိန်တွင် သန့်စင်ခန်းသို့ သွားနေခြင်းကြောင့် ဘူတာရုံတွင် ဆင်းသက်ရန် လွဲချော်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖြစ်သည်။
သို့သော်လည်း ဤရထားပေါ်ရှိ စပယ်ယာမှာ အိမ်သာထဲတွင် လူတစ်ယောက်ကို သော့ခတ်ထားရလောက်သည်အထိ ပေါ့ဆမည်မဟုတ်သကဲ့သို့ သော့ခတ်ထားခဲ့သည်ဆိုလျှင်လည်း အိမ်သာအတွင်းမှလူများက အကူအညီတောင်းခံကြပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဤအချိန်တွင် သန့်စင်ခန်းတစ်ခုတည်းကသာ သူတို့မရှာဖွေရသေးသည့် နောက်ဆုံးနေရာဖြစ်လေ၏။ ထို့ကြောင့် စုန့်ရှီးယန်သည်လည်း စိတ်ချရစေရန်အတွက် တစ်ခန်းချင်းစီ လိုက်ပါ စစ်ဆေးနေခဲ့သည်။
ထို့ကြောင့် သူ အိမ်သာများကို တစ်ခုပြီးတစ်ခု ရှာဖွေခဲ့ရင်းဖြင့် တစ်နေရာအရောက်တွင် တစ်ခုခုမှားယွင်းနေသည်ကို တွေ့ရှိခဲ့သည်။
ရထားတွင်းအိမ်သာများ၏ သော့မှာ ရထား၏ စပယ်ယာနှင့်အတူ ရှိနေသည့်အတွက်ကြောင့် စုန့်ရှီးယန်အနေဖြင့် စပယ်ယာ ရောက်ရှိလာသည့်အချိန်အထိ စောင့်ဆိုင်းရန် အချိန်မရှိပေ။
သူက သော့ခတ်ထားသော အိမ်သာတံခါးများကို တစ်ခုပြီးတစ်ခု ခေါက်နေရင်းဖြင့် အိမ်သာတစ်ခုမှ တီးတိုး အော်ဟစ်သံများ ထွက်ပေါ်နေသည်ကို သတိပြုမိခဲ့သည်။
စုန့်ရှီးယန်သည် သူ၏နားကို တံခါးနှင့် ကပ်လိုက်ပြီး သေသေချာချာနားထောင်လိုက်ရာ အထဲဘက်တွင် လူတစ်ယောက်ရှိနေသေးကြောင်း သေချာသွားခဲ့သည်။
“တံခါးဖွင့်လိုက် ၊ အထဲမှာ လူရှိနေတယ်”
“ကောင်းပြီ၊ အခုပဲ သော့သွားယူလိုက်မယ်!”
မကြာမီပင် ရထားဘူတာရုံမှ ဝန်ထမ်းများက ဤရထား၏ စပယ်ယာထံသို့ပြေးသွားပြီး သော့ကိုယူလာခဲ့သည်။
လူအုပ်စုက အိမ်သာတံခါးကို အလျင်အမြန် ဖွင့်လိုက်ကြပြီးသည့်နောက်တွင် အဝတ်အစားကောင်းများ ဝတ်ဆင်ထားသော သက်ကြီးရွယ်အိုတစ်ဦးက အိမ်သာကြမ်းပြင်ပေါ်တွင် အားအင်မရှိစွာ လဲလျောင်းနေသည်ကို တွေ့မြင်ခဲ့ရလေ၏။
သူက အားနည်းသောအသံဖြင့်အော်နေခဲ့သည်။
“အိမ်သာထဲမှာ လူတစ်ယောက်ရှိသေးတယ်....”
စုန့်ရှီးယန် မျက်မှောင်ကြုတ်လိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ အဘိုးအိုအား သူ၏နောက်ကျောပေါ်သို့ တင်နေရင်းဖြင့် မေးလိုက်သည်။
“ပါမောက္ခဟောင်လား”
သူ၏နောက်ကျောပေါ်ရှိ အဘိုးအိုသည်လည်း မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီး ပြန်၍ ဖြေလိုက်သည်။
“ဟုတ်တယ်”
အဘိုးအို၏ ပုံပန်းသဏ္ဌာန်လက္ခဏာကို အတည်ပြုပြီးနောက် စုန့်ရှီးယန်တစ်ယောက် ချက်ချင်းပင် စိတ်နှလုံးပေါ့ပါးသွားခဲ့သည်။
သူက ပါမောက္ခဟောင်အား သူ၏နောက်ကျောပေါ်သို့
တွန်းတင်လိုက်ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။
သူ၏နောက်တွင်ရှိနေခဲ့သော
ရထားဘူတာရုံမှ ဝန်ထမ်းများမှာ ဤမြင်ကွင်းကိုမြင်သည့်အခါ၌ မေ့လဲလုနီးပါး ဖြစ်သွားကြ၏။
သူတို့ကစပယ်ယာကို ဆူပူနေရင်းဖြင့် စုန့်ရှီးယန်အား အနီးဆုံးဆေးရုံသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့ကြသည်။
“ရဲဘော်စုန့်၊ ဒီဘက်မှာ!”
သို့သော်လည်း စုန့်ရှီးယန်က မြို့ထဲသို့ ရောက်ဖူးပြီး မြို့ဆေးရုံက မည်သည့်နေရာတွင်ရှိနေသည်ကို သိထားသည့်အတွက်ကြောင့် သူတို့အား လမ်းပြခိုင်းရန် မလိုအပ်ခဲ့ပေ။
ထို့အပြင် လင်းကွမ်းချင်းကလည်း အပြင်ဘက်၌ စောင့်ဆိုင်းနေသည့်အတွက်ကြောင့် သူ တစ်စုံတစ်ယောက်အား လင်းကွမ်းချင်းထံသို့ အသိပေးစေခဲ့ပြီး ဆေးရုံသို့ လာခဲ့ရန် ပြောခိုင်းရပေလိမ့်မည်။
ထို့ကြောင့် သူက ရထားဘူတာရုံမှ ဝန်ထမ်းများကို လင်းကွမ်းချင်းအားသွားရောက်ရှာဖွေခိုင်းခဲ့ပြီး အခြေအနေအား ပြောပြစေခဲ့သည်။
ရထားဘူတာရုံအပြင်ဘက်ရှိ လူအုပ်စုနှင့်ပတ်သက်သည်ကိုတော့ သူ စိတ်မဝင်စားတော့ပေ။
ဝန်ထမ်းများက စုန့်ရှီးယန်၏ အရှိန်အဟုန်ကို အမီလိုက်နိုင်ရန် ပြေးလိုက်ခဲ့သော်လည်း လိုက်မမီခဲ့ပေ။ ထို့အပြင် လှမ်းကြည့်လိုက်ချိန်၌ စုန့်ရှီးယန်င မြို့ဆေးရုံဘက်သို့ လျှောက်သွားနေသည်ကို သိသည့်အတွက်ကြောင့် သူ၏နောက်မှလိုက်ကာ အချိန်မဖြုန်းကြတော့ပါချေ။
သူတို့က လင်းကွမ်းချင်းအား အသိပေးလိုက်မည်ဖြစ်ကြောင့် စုန့်ရှီးယန်အား အော်ပြောလိုက်ကြသည်။
ထို့နောက် စုန့်ရှီးယန်မှ ပါမောက္ခကို လုယူထွက်ပြေးနေသကဲ့သို့ ကျောပိုးကာ သယ်ဆောင်သွားသည်ကိုသာ သူတို့ မတတ်နိုင်စွာဖြင့် ကြည့်နေခဲ့ကြရသည်။
စုန့်ရှီးယန်တစ်ယောက် ပါမောက္ခဟောင်အား ကျောပိုးသွားပြီး မကြာမီတွင် မြို့ဆေးရုံသို့ ရောက်ရှိခဲ့လေသည်။ သူ ခဏလောက်စဉ်းစားပြီးနောက် ပါမောက္ခကို ဒေါက်တာကျိုးကျယ်ပင်း၏ ရုံးခန်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
“လောင်ကျိုး လာပါဦး၊ ဒီလူကြီးကို ကြည့်ပေးဦး!”
ကံကောင်းစွာဖြင့် ထိုအချိန်တွင် ကျိုးကျယ်ပင်းသည်လည်း ရုံးခန်းထဲ၌ ရှိနေခဲ့သည်။ စုန့်ရှီးယန်မှ တစ်စုံတစ်ယောက်အား နောက်ကျောပေါ်တွင်တင်ကာ အလျင်အမြန် ဝင်လာသည်ကို မြင်လျှင် ချက်ချင်းပင် ထရပ်လိုက်ပြီး တခြားမည်သည်စကားမှ မမေးတော့ဘဲ ပါမောက္ခဟောင်အား စတင်၍ စစ်ဆေးတော့သည်။
နောက်ဆုံးစစ်ဆေးမှုပြီးဆုံးသည့်အချိန်တွင် သူက စုန့်ရှီးယန်အား စိတ်အေးအေးထားရန် ပြောလိုက်သည်။
“ဒီလူကြီးက ချော်လဲပြီး ခေါင်းထိသွားတာ၊ ဒါကြောင့် ခဏလောက် ခေါင်းမူးပြီး မေ့လဲသွားရုံပါပဲ၊ ဘာမှပြင်းပြင်းထန်ထန် ဖြစ်တာမျိုး မရှိပါဘူး၊ ဒါပေမဲ့ သူ သတိရလာမှ အသေးစိတ် အခြေအနေကို ပိုသိနိုင်လိမ့်မယ်”
မည်သို့ပင်ဆိုစေကာမူ အသက်အန္တရာယ်မရှိသည့်အတွက် စိတ်ချ၍ ရလေပြီ။
စုန့်ရှီးယန်လည်း ဤအကြောင်းကို ကြားလျှင် သက်ပြင်းချလိုက်ပြီး သူ၏ မေးစေ့မှ ချွေးများကို သုတ်လိုက်သည်။
ထို့နောက် အိပ်ရာပေါ်တွင် အေးအေးဆေးဆေး အိပ်ပျော်နေသော ပါမောက္ခဟောင်ကို ကြည့်ကာ ကျိုးကျယ်ပင်းအား ပြောလိုက်သည်။
“အပြင်ထွက်ပြီး ပြောကြရအောင်”
ကျိုးကျယ်ပင်းလည်း ခေါင်းညိတ်လိုက်ပြီး လူနာဆောင်၏ တံခါးကို ဖြည်းညှင်းစွာပိတ်ကာ စုန့်ရှီးယန်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။
“ဘာတွေဖြစ်ခဲ့တာလဲ၊ ဒီလူအိုကြီးက ဘယ်သူလဲ”
စုန့်ရှီးယန်က ကျိုးကျယ်ပင်းအား မဖုံးကွယ်ထားလိုသည့်အတွက်ကြောင့် ယခု ဖြစ်ပျက်ခဲ့သည့်အရာများကို ပြောပြလိုက်သည်။
စုန့်ရှီးယန်မှ ပါမောက္ခဟောင်ကို အိမ်သာထဲတွင် တွေ့ရှိခဲ့သည်ဟူသောစကားကို ကျိုးကျယ်ပင်း ကြားသည့်အခါ၌ ချွေးများပင် ထွက်လာခဲ့ရသည်။
“လောင်စုန့်၊ မင်း အချိန်မီ ရောက်လာတာကို ကျေးဇူးတင်ရမှာပဲ၊ အသက်ကြီးတဲ့သူတွေက အဲဒီလိုအခြေအနေမှာ ချော်လဲသွားခဲ့ရင် ပြင်းပြင်းထန်ထန်ဘာမှ မဖြစ်ခဲ့ရင်တောင် အထဲမှာ အချိန်ခဏလောက် ပိတ်မိနေခဲ့တဲ့အတွက် အန္တရာယ် ဖြစ်နိုင်တယ်”
ဆိုရလျှင် အသက်ကြီးလာသည့်အချိန်မျိုး၌ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား ကျဆင်းလာလိမ့်မည် ဖြစ်သည်။
စုန့်ရှီးယန်၏ စကားအရ ထိုအခြေအနေမျိုးတွင် သူ့အနေဖြင့် မည်သို့မျှ အော်ခေါ်၍မရနိုင်တော့ခြင်းမျိုး ဖြစ်နိုင်သည်။
ထိုအချိန်မျိုး၌ စိတ်လှုပ်ရှား၍ စိတ်ပူပန်မှု ဖြစ်လာမည်ဆိုလျှင် တခြားပြဿနာများလည်း ဖြစ်ပွားလာနိုင်ပြီး အသက်အန္တရာယ်ဖြစ်လာနိုင်ပေသည်။
စုန့်ရှီးယန်က အေးဆေးတည်ငြိမ်သည့်အသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
“ငါ ဒါကို အလွယ်ဆုံးမစ်ရှင်လို့ ထင်ထားတာ၊ ဒီလောက်အချိုးအကွေ့တွေ ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
အကယ်၍ အဖွဲ့ကို ဦးဆောင်လာသူများမှာ ဤကဲ့သို့ စိတ်မချရကြောင်းကိုသာ သူ ကြိုသိခဲ့လျှင် ထိုလူများ ပြောသည့်အတိုင်း နားထောင်ပြီး အချိန်ကြာမြင့်စွာ ရပ်စောင့်နေခဲ့မည်မဟုတ်ပေ။
သူက အချိန်နောက်ကျပြီးမှ ဝင်သွားခဲ့ပါက အမှန်တကယ်ပင် အန္တရာယ် ဖြစ်နိုင်ပေသည်။
ကျိုးကျယ်ပင်းသည်လည်း မျက်မှောင်ကြုတ်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။
“အချိန်ကျလာရင် ဒီကိစ္စကို မင်းရဲ့ခေါင်းဆောင်တွေကို ပြောပြပြီး ပြန်စဉ်းစားကြည့်ခိုင်းသင့်တယ်”
မည်သို့ပင်ဆိုစေကာမူ သူ့အနေဖြင့် ဤမြို့ဆေးရုံတွင် အချိန်အကြာကြီးရှိနေခဲ့သည့်အတွက် မြို့ထဲမှ ‘အနေနီးသည့် ဆွေမျိုးများအပေါ် ခံစားချက်’ ဟုခေါ်သည့်အရာများနှင့် အတော်လေးရင်းနှီးကျွမ်းဝင်သည်။
စုန့်ရှီးယန်၏ နောက်ခံကြောင့်သာ မဟုတ်လျှင် ဤကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။
စုန့်ရှီးယန်သည် သက်းပြင်းအသာချလိုက်ပြီး ပါမောက္ခဟောင်က အတော်လေး မယုံကြည်နိုင်စရာကောင်းကြောင်းကို ပြောတော့မည့်အချိန်တွင် သူ၏မြေးဖြစ်သူမှာလည်း ပို၍ပင် ယုံကြည်နိုင်စရာမကောင်းလှကြောင်း ပြန်တွေးမိသွားသည်။
ထိုသူက သူ၏အဖိုးပျောက်သွားသည့်အချိန်တွင် မည်သည့်နေရာတွင် ရှာဖွေရမည်ကို မသိခဲ့သည့်အပြင် လက်ရှိအချိန်တွင်လည်း မည်သည့်နေရာကို ရောက်နေသည်ကိုပင် မသိသေးပေ။
သူ တွေးတောနေစဥ်မှာပင် ရုတ်တရက် စိုးရိမ်ပူပန်နေသော အသံတစ်ခုက စင်္ကြံ၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
“အဖိုး!”
*