အခန်း (၁၇၈)
Vol. 18 Ch. 178
လင်းရန်တစ်ယောက် စုန့်ရှီးရန်၏ အမူအရာများကြောင့် အနည်းငယ် မျှော်လင့်နေခဲ့ပေသည်။
သို့သော်လည်း သူမ မမျှော်လင့်ထားသည်မှာ : ညစာစားပြီးနောက်တွင် သူမအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ခြံဝင်းထဲတွင် ခဏတာ အနားယူရန် အခွင့်အရေးယူခဲ့သည်။
သူမ၏လက်မောင်းပေါ်တွင် ခြင်ကိုက်ရာများစွာ ရခဲ့ပြီး အဘွားလင်းကလည်း သူမအား စောစော အိပ်ရန် အကြိမ်အနည်းငယ် တိုက်တွန်းခဲ့သည်။ သို့သော်လည်း သူမသည် စုန့်ရှီးယန်၏ အရိပ်ကိုပင် မမြင်ခဲ့ရပါချေ။
နောက်ဆုံးတွင်တော့ လင်းရန်တစ်ယောက် ဒေါသထွက်စွာဖြင့် အိမ်ထဲသို့ ဝင်သွားခဲ့ရသည်။
စုန့်ရှီးယန်အနေဖြင့် မနက်ဖြန်အချိန်မှသာ သူမကို လာတွေ့ခဲ့ပါက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။
သူမ မသိခဲ့သည်မှာ စုန့်ရှီးယန်က သူမကို လာမတွေ့ချင်ခဲ့သည် မဟုတ်ပေ။ သူသည်က ကိုယ့်ကိုယ်ကိုယ် အဆင်သင့် ဖြစ်အောင် မလုပ်နိုင်သေးခြင်းသာ ဖြစ်သည်။
သူသည်ကား သူ့ခံစားချက်များကို တိုက်ရိုက်ဖော်ပြလိုက်ရုံသာတွေးထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုအကြောင်းကို ပြန်လည် စဉ်းစားပြီးနောက် ထိုသို့ပြုမူခြင်းမှာ ရိုးသားမှုများမရှိသေးဟု ခံစားမိသည့်အတွက်ကြောင့် တစ်ညတာလုံး ကောင်းစွာပြင်ဆင်ပြီး နောက်နေ့တွင်မှ လင်းရန်ကို ဖွင့်ပြောရန် စီစဉ်ခဲ့သည်။
သို့သော်လည်း သူ့အနေဖြင်် ၎င်းကို လုပ်ဆောင်ရန် အကောင်းဆုံးနည်းလမ်းကို စဉ်းစားရဦးမည် ဖြစ်သည်။
ထို့ကြောင့် ထိုညတွင် စုန့်ရှီးယန်တစ်ယောက် ကောင်းစွာအိပ်စက်နိုင်ခဲ့ခြင်း မရှိပေ။ သူ၏အိပ်မက်ထဲတွင်ပင် လင်းရန်မှ သူ့ကို ချက်ချင်း သဘောတူစေရန် မည်သို့လုပ်ရမည်ကို စဉ်းစားနေခဲ့သည်။
နောက်ဆုံးတွင်တော့ လင်းမိသားစုမှ တခြားလူများ အိမ်တွင် မရှိသည့်အချိန်တွင် လင်းရန်ကို သွားရှာရန် စီစဉ်ခဲ့သည်။
သို့သော်လည်း သူ မနက်စောစော နိုးလာသည့်အချိန်တွင် လင်းရန်နှင့် လင်းကျန်းဖူတို့မှာ မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းကို ရုတ်တရက် သိလိုက်ရလေသည်။
စုန့်ရှီးယန်တစ်ယောက် ဆွံ့အသွားခဲ့ရ၏။
“သူတို့ ဘာလို့ မြို့ကို ဒီလောက်စောစော သွားကြတာလဲ”
အဘွားကြီးက ပြုံးလိုက်ပြီး ရှင်းပြခဲ့သည်။
“ခရိုင်မှူး ခေါင်းဆောင်ကြီး အတွက် ချက်ပြုတ်ဖို့ ခရိုင်ကို သွားကြတာလေ”
စုန့်ရှီးယန်လည်း အဘွားလင်း၏စကားကို ကြားမှ ထိုကဲ့သို့သော ကိစ္စတစ်ခုရှိခဲ့သည်ကို သတိရသွားခဲ့ပြီး မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
သူ့အနေဖြင့် နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးဖြစ်သော်လည်း လင်းရန်က မရှိတော့သည့်အဖြစ်ကိုတော့ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ဤသိာ့ဖြစ်ခဲ့သည်ကလည်း အဆင်ပြေပေသည်။ သို့ဆိုပါက သူထံတွင် တခြားအရာများကို ပြင်ဆင်ရန် အချိန်ပိုရှိလာလိမ့်မည်။
ထိုသို့ တွေးမိလျှင် စုန့်ရှီးယန်တစ်ယောက် ရုတ်တရက် ယုံကြည်မှုအပြည့်အဝရှိသကဲ့သို့ ခံစားလိုက်ရသည်။
*
“ရန်ရန်၊ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား”
လင်းရန်နှင့် လင်းကျန်းဖူတို့နှစ်ယောက်ဘက်တွင်တော့ ယမန်နေ့မနက်ကပင် ချန်ဝမ်မှ သူတို့အား ယနေ့တွင် ခရိုင်သို့ သွားရမည်ဟု အသိပေးခဲ့ခြင်းဖြစ်ပေသည်။
ထိုအချိန်တုန်းက မည်သည့် စိတ်မသက်မသာ ဖြစ်မှုမှ မရှိခဲ့ပေ။
သို့သော်လည်း ယနေ့တွင်မူ လင်းကျန်းဖူအနေဖြင့် လင်းရန်၏ အမူအရာကို ကြည့်လိုက်ပြီး သူမ မပျော်ရွှင်ပုံရသည်ဟု ခံစားမိခဲ့၏။
ယမန်နေ့က အိမ်တွင် မည်သည်မှ အကြောင်းကိစ္စမှ မဖြစ်ခဲ့ကြောင်းနှင့် လင်းရန်သည်လည်း မည်သည့်မတော်တဆမှုနှင့်မှ မကြုံတွေ့ခဲ့ကြောင်း တွေးမိသည့်အတွက်
လင်းရန်တစ်ယောက် ကောင်းစွာ
မအိပ်ပျော်ခဲ့ခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု မှတ်ချက်ချလိုက်သည်။
လင်းရန်သည်လည်း လင်းကျန်းဖူ၏ ခန့်မှန်းချက်အတိုင်း ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ မနေ့ညက ခြင်တွေ အရမ်းများလွန်းတယ်၊ တစ်ညလုံးကိုက်နေတာလေ၊ စိတ်အနှောင့်အယှက် အရမ်းဖြစ်ရတယ်”
လင်းကျန်းဖူလည်း လင်းရန်၏လက်မောင်းကို လှမ်းကြည့်လိုက်သည်။
သူမ၏ ဖြူဖွေးသော အသားအရေပေါ်တွင် ခြင်ကိုက်ခံရသည့်အတွက်ကြောင့် အနီရောင်အဖုအပိန့်လေးများ အများအပြား ရှိနေခဲ့ပေသည်။
လင်းကျန်းဖူ ရုတ်တရက် ဝမ်းနည်းသွားပြီး ဒေါသထွက်လာခဲ့၏။
“ဒီခြင်တွေ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ၊ ဘာလို့ မင်းကိုပဲ အချိန်ပြည့်ကိုက်နေရတာလဲ၊ ဒီအဖုတွေကိုကြည့်ပါဦး၊
ငါတို့အလုပ်တွေ ပြီးသွားတဲ့အချိန်
လိမ်းရမယ့် ဆေးတစ်ခုခု သွားဝယ်ပေးမယ်”
လင်းရန်လည်း စုန့်ရှီးယန်အကြောင်းကို တွေးမိပြီး ပြောလိုက်သည်။
“ဟုတ်တယ်၊ အဲဒီခြင်က တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ!”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဘတ်စ်ကားက ခရိုင်သို့ ရောက်ရှိလာခဲ့သည်။
ချန်ဝမ်ကတော့ ဤတစ်ကြိမ်တွင် သူတို့နှင့်အတူ မလိုက်ခဲ့ပေ။ ဖိတ်ကြားခံရသူအဖြစ် လီကျင်းခမ်းနှင့် လင်းရန်တို့သာ ပါလာခဲ့သည်။
ကားပေါ်မှ ဆင်းပြီးသည့်နောက်၌
သူတို့ သုံးယောက် ခေါင်းဆောင်ကြီး၏ အိမ်သို့ အတူလျှောက်သွားခဲ့ကြသည်။
သူတို့အနေဖြင့် အလျင်အမြန် ချက်ပြုတ်ရန်နှင့် စားပွဲသုံးပွဲအတွက် အစားအစာများ ပြင်ဆင်ရန် ရှိသည့်အတွက်ကြောင့် လင်းရန်နှင့် လင်းကျန်းဖူတို့တွင် အလုပ်တာဝန်များစွာရှိနေခဲ့ပြီး စောစီးစွာ လာခဲ့ကြခြင်းဖြစ်သည်။
သူတို့က ခေါင်းဆောင်ကြီး၏
အိမ်သို့ ရောက်ရှိပြီးသည့်နောက်၌
ခေါင်းဆောင်ကြီး၏ ဇနီးဖြစ်သူက ပြုံးလျက် မီးဖိုချောင်သို့ ခေါ်ဆောင်သွားခဲ့သည်။
“ဒီနေ့ ဒီမှာ လူတွေ အများကြီးပဲ ရှိမှာ၊ မင်းတို့ နှစ်ယောက် အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မင်းတို့တွေ လုပ်ရမှာ များပြီး အလျင်မမီဖြစ်လာခဲ့ရင်
ငါ့ကို ပြောခဲ့နော်၊ မင်းတို့ကို ကူညီဖို့ လူနှစ်ယောက်လောက် ခေါ်ပေးခဲ့ပါ့မယ်”
လင်းရန်လည်း မီးဖိုချောင်တွင် ပြင်ဆင်ထားသော ဟင်းလျာပစ္စည်းများကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် အများအပြား ရှိနေခဲ့ပေသည်။ သို့သော်လည်း သူမနှင့် လင်းကျန်းဖူတို့တွင် ချက်ပြုတ်ရန် အချိန်အလုံအလောက် ရှိခဲ့သည်။
“ရပါတယ် အဘွား၊
ကျွန်မတို့ ကိုင်တွယ်နိုင်ပါတယ်၊
အဘွားလည်း ဒီနေ့ အရမ်းအလုပ်ရှုပ်နေမှာဆိုတော့ ကျွန်မတို့အတွက်တော့ စိတ်မပူပါနဲ့”
“ကောင်းပါပြီ၊ ဘာပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် ငါ့ကို ခေါ်ဖို့ သတိရနော်”
အိမ်ရှင်ဖြစ်သည့် ခေါင်းဆောင်ဟောင်း၏ဇနီးသည်လည်း ယနေ့တွင် အမှန်တကယ်ပင် လုပ်စရာကိစ္စ အများအပြား ရှိနေပသည်။
ထို့ကြောင့် လင်းရန်ဘက်မှ ဤသို့ပြောလာသည်ကို မြင်လျှင် သူမက လင်းရန်တို့နှစ်ဦးအပေါ် ပို၍ကောင်းမွန်သော စိတ်ခံစားချက်ရှိလာခဲ့သည်။
ခေါင်းဆောင်ကြီး၏ဇနီးက
သူတို့နှစ်ဦးအား ညွှန်ကြားချက်များ ပေးပြီးသည့်နောက်တွင် သူမ၏ကလေးများနှင့်အတူ ဧည့်သည်များကို ကြိုဆိုရန်အတွက် ဧည့်ခန်းသို့ ပြန်သွားခဲ့သည်။
လင်းရန်နှင့် လင်းကျန်းဖူတို့သည်လည်း ချက်ချင်းပင် အလုပ်များခဲ့ကြသည်။
ကံကောင်းစွာဖြင့် လင်းရန်က အိမ်တွင်ရှိနေစဉ်ကပင် လင်းကျန်းဖူအား ကိစ္စများစွာကို သင်ကြားပြောပြခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် လင်းကျန်းဖူသည်လည်း ကိစ္စများကို
အလွယ်တကူ ကိုင်တွယ်နိုင်ပေပြီ။
သူတို့နှစ်ယောက် ကိုးနာရီတွင်
စတင်အလုပ်လုပ်ခဲ့ကြပြီး
ဆယ့်တစ်နာရီခွဲတွင် ဟင်းပွဲများ အားလုံးနီးပါး အဆင်သင့်ဖြစ်သွားခဲ့သည်။
လင်းရန် အပြင်ဘက်ကို ကြည့်လိုက်ပြီးသည့်နောက် လင်းကျန်းဖူအား ပြောလိုက်သည်။
“ဒေါ်လေး၊ ကျွန်မ အပြင်ကို သွားပြီး အခြေအနေကို တစ်ချက်ကြည့်လိုက်ဦးမယ်၊ ဒေါ်လေးလည်း ခဏနားနေလိုက်ဦး”
လင်းရန်အနေဖြင့် ဤအချိန်အတွင်း ကွန်မြူနတီစားဖိုဆောင်တွင် ချက်ပြုတ်ရသည့်အတွက် အသားကျသွားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများလည်း တိုးတက်လာခဲ့သည့်အတွက်ကြောင့် သူမအနေဖြင့် သုံးနာရီကြာအောင် အလုပ်များခဲ့သော်လည်း အလွန်အမင်းပင်ပန်းခြင်း မရှိပေ။
လင်းကျန်းဖူမှာမူ တစ်မနက်လုံး ဆက်တိုက် လုပ်နေခဲ့သည့်အတွက်ကြောင့် သူမ၏ လက်များက နာကျင်နေခဲ့ရသည်။
“ကောင်းပြီ၊ မင်း သွားလိုက်လေ၊
ဒီမှာ ငါ ကြည့်ထားပေးမယ်”
ဤအစားအစာများသည်က သူတို့နှစ်ဦး ခက်ခဲပင်ပန်းစွာ ချက်ပြုတ်ထားရသည့် အစားအစာဖြစ်သည်။
ဧည့်သည်များ မစားမီတွင် ဘေးကင်းရေးကိစ္စများကို ဂရုစိုက်ရပေမည်။
နှစ်ယောက်သား သဘောတူပြီးသည့်နောက် လင်းရန်က မီးဖိုချောင်မှ ထွက်သွားပြီး ဧည့်ခန်းသို့သွားကာ ခေါင်းဆောင်၏ ဇနီးကို ရှာဖွေခဲ့သည်။
သူမ မီးဖိုချောင်တံခါးမှ ထွက်လာသည့်အချိနာမှသာ ယနေ့ ဤမိသားစုထဲတွင် မည်မျှတက်ကြွနေသည်ကို သဘောပေါက်သွားခဲ့သည်။
သူမ ယခင်က တွေ့ဖူးသည့် ဆွေမျိုးအုပ်စုတစ်စုသာမက သူမ မသိမြင်ဖူးသော လူများစွာလည်း ရှိနေပြီး ရာထူးနှင့် အဆင့်အတန်းမြင့်မားပုံရပေသည်။
သူတို့က ခေါင်းဆောင်ဟောင်း၏ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် သူ၏လက်အောက်ခံများ ဖြစ်ကြပေလိမ့်မည်။
ဤလူအုပ်စုကြီးကို တွေ့လိုက်လျှင် လင်းရန်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားလာခဲ့သည်။
လူအများစု၏မျက်လုံးများတွင် ဤလူအုပ်စုသည်က အရေးပါသောပုဂ္ဂိုလ်များ၊ အရေးကြီးသော ဆက်ဆံရေးများ စသည်တို့ကို ကိုယ်စားပြုပေလိမ့်မည်။
သို့သော်လည်း သူမ၏မျက်လုံးထဲတွင် စီးပွားရေးဟူသော စကားလုံးတစ်လုံးသာ ရှိပေသည်။
ဤအုပ်စုထဲတွင် သူမအား ချက်ပြုတ်ရန် ခေါ်မည့် လူအနည်းငယ် ထပ်၍ ရှိခဲ့ပါက သူမအနေဖြင့် နောက်ထပ် ကံကောင်းခြင်းကို ရနိုင်မည်မဟုတ်ပါလား။
သို့သော်လည်း သူမအနေဖြင့် လူမှုရေးနားမလည်ဘဲ မိမိကိုယ်ကို ဂုဏ်ဖော်မိတ်ဆက်လိုစိတ်
မရှိခဲ့ပေ။
တစ်စုံတစ်ယောက်ကသာ စူးစမ်းလိုခဲ့ပါက သူတို့အနေဖြင့် ခေါင်းဆောင်နှင့် သူ၏မိသားစုထံသို့ သေချာပေါက် မေးမြန်းပေလိမ့်မည်။
ထို့နောက်တွင် လင်းရန်သည် ခေါင်းဆောင်၏ဇနီးဖြစ်သူကို စတင်ရှာဖွေခဲ့ပြီး မကြာမီပင် ခြံဝင်းထဲရှိ လူအုပ်ထဲ၌ ရှာတွေ့ခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် လီကတော်သည်က ဧည့်သည်အသစ်များနှင့်အတူ ဧည့်ခန်းသို့ လျှောက်သွားနေသည့်အတွက်ကြောင့် လင်းရန် အနားသို့ကပ်၍ မလိုက်တော့ပေ။
လီကတော်မှ ဧည့်သည်အသစ်များကို ဧည့်ခန်းသို့ ခေါ်ဆောင်လာပြီးသည့်နောက်မှသာ လင်းရန်က အလျင်အမြန် အရှေ့သို့တက်လာပြီး လီကတော်အား မြန်ဆန်သွက်လက်စွာ ပြောလိုက်သည်။
“အဘွားလီ၊ အစားအသောက်တွေ အကုန်နီးပါး အဆင်သင့်ဖြစ်နေပါပြီ၊
အစားအသောက်တွေကို ဘယ်အချိန်မဆို သုံးဆောင်လို့ရပါပြီ”
လီကတော်သည်လည်း ဤအကြောင်းကို ကြားသည့်အခါ သူမ၏မျက်လုံးထဲတွင် ကျေနပ်မှုများကို ပြသလာခဲ့သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါ သူတို့ကို ချက်ချင်းအကြောင်းကြားပေးလိုက်မယ်၊ ရှောင်လင်း၊ မင်းနဲ့ မင်းရဲ့ဒေါ်လေးတို့ အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လင်းရန်က ပြုံးလျက် ခေါင်းခါလိုက်ပြီး ထပ်၍ပြောလိုက်သည်။
“ရပါတယ်”
ထိုသို့ အသိပေးပြီးသည့်နောက် လီကတော်က ဧည့်သည်များကို ထိုင်စေကာ လင်းရန်နှင့် လင်းကျန်းဖူတို့ကလည်း ဟင်းပွဲများကို စတင်၍ချပေးခဲ့ကြသည်။
လင်းရန်နှင့် လင်းကျန်းဖူတို့ကို ရက်အနည်းငယ်အကြာက တွေ့မြင်ခဲ့ဖူးသော လူများက တစ်ဖန်ပြန်၍ မြင်ရသည့်အတွက်ကြောင့် အံ့အားမသင့်တော့ပေ။
သို့သော်လည်း လင်းရန်တို့အား
ပထမဆုံးအကြိမ်မြင်တွေ့သူများကတော့ စူးစမ်းစွာဖြင့် ကြည့်ခဲ့ကြသည်။
လင်းရန်နှင့် လင်းကျန်းဖူတို့ကတော့ သူတို့၏ စူးစမ်းမှုကို သတိမထားမိသကဲ့သို့ ဟန်ဆောင်ခဲ့ကြပြီး သူတို့ လုပ်နေသောအရာများကိုသာ ဆက်လက်၍ လုပ်နေခဲ့ကြသည်။
နှစ်ယောက်သား လက်မြန်စွာ လုပာခဲ့ကြသည့်အတွက် ခဏအကြာတွင် ဟင်းပွဲများအားလုံး စားပွဲပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် လူအုပ်စုကြီးက စတင်စားသောက်ကြပြီး လင်းရန်တို့လည်း မီးဖိုချောင်သို့ ပြန်လာခဲ့ကြသည်။
မီးဖိုချောင်ထဲသို့ ဝင်ပြီးနောက် မတိုင်ခင်က ဧည့်ခန်းထဲအတွင်း မြင်ခဲ့ရသည့် လူအုပ်စုထဲ၌ တုန်လိလိတို့ သားအမိ မရှိသည်ကို တွေးမိသည့်အတွက် လင်းရန်တစ်ယောက် ရုတ်တရက် ခံစားချက်များ ပို၍ကောင်းလာခဲ့သည်။
*