အခန်း (၁၇၉)
Vol. 18 Ch. 179
ခရိုင်မှူးခေါင်းဆောင်တို့ဇနီးမောင်နှံသည်ကား ဆင်ခြင်တုံတရားရှိသည်သာမက သူတို့၏ရွေးချယ်မှုများမှာလည်း ပြတ်သားသည်ဟု ထင်ရပေသည်။
သို့မဟုတ်ဘဲ စိတ်ထားနူးညံ့နေပြီး တုန်လိလိတို့သားအမိကိုသာ ယနေ့လာရန် ခွင့်ပြုခဲ့ပါက ပြဿနာများ ပိုမိုကြီးထွားလိမ့်မည်ဟု ထင်ရသည်။
ထို့အပြင် တုန်လိလိ မလာခဲ့သည့်အတွက် လော်ပင်းသည်လည်း ဤပွဲသို့ ဝင်ရောက်ရန် အခွင့်အရေး မရှိတော့ပေ။
စားပွဲဝိုင်းရှိ အရေးပါသည့် လူများစွာကို ကြည့်လိုက်ပြီးနောက် လော်ပင်းတစ်ယောက် အိမ်တွင် သူ၏ခေါင်းကို ကုတ်ကာ နောင်တရနေလိမ့်မည်ကို တွေးတောလိုက်မိပြီး လင်းရန်တစ်ယောက် ရယ်မောချင်စိတ် ဖြစ်လာခဲ့သည်။
သို့သော်လည်း လင်းရန် သူမ၏ဘေးမှ လင်းကျန်းဖူကို ကြည့်လိုက်လျှက် ဒေါ်လေးဖြစ်သူမှာ လော်ပင်းနှင့် တုန်လိလိတို့၏ အကြောင်းကို တွေးမိပုံမရကြောင်းကို တွေ့ခဲ့ရသည့်အတွက်ကြောင့် သူမသည်လည်း ထိုစိတ်အနှောင့်အယှက်ဖြစ်စရာလူနှစ်ယောက်အကြောင်းကို မပြောတော့ပေ။
သူတို့နှစ်ယောက်က မီးဖိုချောင်တွင် အစားအစာအချို့ ချန်ထားခဲ့ကြပြီး လူအုပ်စုကတော့ အပြင်စားပွဲဝိုင်းတွင် စားသောက်နေခဲ့ကြသည်။
သူတို့လည်း တစ်မနက်လုံး ပင်ပန်းခဲ့ကြသည့်အတွက်ကြောင့် ဤအချိန်ကို အခွင့်ကောင်းယူကာ စားသောက်ခဲ့ကြသည်။
လင်းရန်အနေဖြင့် အစားအသောက်များအပေါ်၌ စိတ်နှစ်မြှုပ်နေခဲ့သည့်အတွက်ကြောင့် အပြင်ဘက်မှ မည်သည့်အသံကိုမျှ မကြားခဲ့ရပေ။
ထိုအချိန်တွင် စားပွဲဝိုင်းတွင်
ရှိနေသော တစ်စုံတစ်ယောက်က
စားပွဲပေါ်ရှိ အစားအစာများအား အဆက်မပြတ် ချီးမွမ်းနေခဲ့သည်။
လူတိုင်းမှ ယနေ့ညစာနှင့်ပတ်သက်ပြီး အလွန်ကျေနပ်နေကြသည်ကို မြင်သည့်အတွက် ခေါင်းဆောင်တို့ဇနီးမောင်နှံသည်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် ရယ်မောခဲ့ကြသည်။
သူတို့အနေဖြင့် အစပိုင်းတွင် ဤသို့ပြုလုပ်ရန် မစဉ်းစားခဲ့ကြသော်လည်း ယခုအချိန်တွင်မူ
ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည့်အတွက်ကြောင့် အတတ်နိုင်ဆုံး ပြီးပြည့်စုံအောင် လုပ်ဆောင်ချင်ခဲ့ကြသည်ပင်။
ယနေ့ လင်းရန်နှင့် လင်းကျန်းဖူတို့၏ အကူအညီက အစားအသောက်ဝိုင်းအတွက် ပြီးပြည့်စုံသော အခြေအနေကို ပေးခဲ့သည်။
ညစာစားပြီးသည့်နောက် ဧည့်သည်များက ခေါင်းဆောင်၏အိမ်တွင် အချိန်ကြာကြာမနေခဲ့ကြတော့ဘဲ ထွက်ခွာသွားခဲ့ကြသည်။
တခြားဧည့်သည်များအားလုံး ထွက်ခွာသွားပြီးနောက် ဧည့်ခန်းထဲတွင် ခေါင်းဆောင် ယုံကြည်ရသော မိတ်ဆွေများနှင့် ဆွေမျိုးများသာ ကျန်ရှိတော့သည့်အချိန်တွင် သူတို့က လင်းရန်နှင့် လင်းကျန်းဖူတို့ကို အပြင်သို့ ဖိတ်ခေါ်ခဲ့ကြသည်။
သူတို့နှစ်ဦးက လင်းရန်နှင့် လင်းကျန်းဖူကို ထပ်မံ၍ကျေးဇူးတင်ခဲ့ကြပြီး ယခင်က သဘောတူညီခဲ့သည့်အတိုင်း လင်းရန်နှင့် လင်းကျန်းဖူတို့အား တစ်ဦးလျှင် ဟုန်ပေါင်း
တစ်ခုစီ ပေးခဲ့ကြသည်။
“ရှောင်လင်း၊ ဒါက မင်းတို့နှစ်ယောက်အတွက် ဟုန်ပေါင်းတွေပါ၊ ယူထားလိုက်ကြနော်”
လင်းရန်နှင့် လင်းကျန်းဖူတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ရိုးသားစွာဖြင့် ဟုန်ပေါင်းကို လက်ခံလိုက်ကြသည်။
အိတ်ထဲ၌ ငွေမည်မျှ ရှိသည်ကိုမူ
သူတို့အနေဖြင့် စစ်ဆေးရန် သို့မဟုတ် စိစစ်ရန် မလိုအပ်ပေ။
ခေါင်းဆောင်နှင့် သူ၏ဇနီးတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအရ သူတို့အား ပေးခဲ့သည့်ပမာဏမှာ ယခင်က သဘောတူညီခဲ့သည့်ပမာဏထက် ပို၍များဖို့သာ ရှိနေနိုင်ပြီး မလျော့နည်းနိုင်ပေ။
လင်းရန်တို့နှစ်ယောက်လည်း
ပိုက်ဆံအိတ်များကို ယူပြီးသည့်နောက်တွင် ဤနေရာတွင် အခြားလုပ်စရာမရှိတော့ဟု တွေးလိုက်ကြပြီး ထွက်သွားရန် စီစဉ်ခဲ့ကြသည်။
သို့သော်လည်း မမျှော်လင့်ဘဲ လီကတော်မှ ရုတ်တရက် လှည့်ကာ လင်းကျန်းဖူအား ပြောလိုက်သည်။
“ကျန်းဖူ၊ အိမ်ကို ပြန်ဖို့ အလျင်လိုနေတာလား၊ တကယ်လို့ အလျင်မလိုဘူးဆိုရင် ငါတို့နဲ့အတူ လာထိုင်ပြီး စကား ခဏလောက်လာပြောပါလား”
လင်းကျန်းဖူတစ်ယောက် ထိတ်လန့်သွားခဲ့ရသည်။ လီကတော်မှ သူမအား စကားပြောရန် ဖိတ်ခေါ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သူမ ခေတ္တမျှ မည်သို့လုပ်ရမည်ကို မသိတော့ဘဲ လင်းရန်ဘက်ကို လှန်းကြည့်ရုံသာ တတ်နိုင်တော့သည်။
လင်းရန်သည်လည်း သံသယများ ပြည့်နေခဲ့သည်။
သို့သော်လည်း လီကတော်၏ ကြင်နာသော အပြုံးကို ကြည့်ပြီးသည့်နောက် တစ်ဖက်မှ သူမ၏ဒေါ်လေး လင်းကျန်းဖူအား ခေါ်ကာ ပြဿနာရှာမည့်အရေးကို စိတ်မပူတော့ပေ။
ထို့ကြောင့် သူမက လင်းကျန်းဖူအား အေးဆေးတည်ငြိမ်သောအမူအရာကိုသာ ပြလိုက်ပြီး လီကတော်၏ ဖိတ်ခေါ်မှုကို လက်ခံစေလိုသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
လင်းကျန်းဖူအနေဖြင့် အစပိုင်း၌
အံ့အားသင့်သွားခဲ့ပြီး အလျင်အမြန်ပင် အေးဆေးတည်ငြိမ်သွားခဲ့သည်။
“ကျွန်မမှာ ဘယ်လိုအရေးကြီးကိစ္စမှ မရှိပါဘူး၊ ကျွန်မ အဘွားနဲ့ စကားပြောလို့ရပါတယ်”
လီကတော်က လင်းကျန်းဖူ၏လက်ကို ရင်းရင်းနှီးနှီးဖြင့် ဆုပ်ကိုင်လိုက်သည်။
“မကြောက်ပါနဲ့၊ ငါတို့ အတူတူ စကားပြောရုံသက်သက်ပါပဲ”
လီကတော်မှ လင်းရန်အား မဖိတ်ခေါ်ခဲ့သည့်အတွက်ကြောင့်
လင်းရန်အနေဖြင့် ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့ကာ သူမ၏ဒေါ်လေး ထွက်လာသည်အထိ စောင့်ရန်အတွက် နေရာတစ်ခုကို ရှာရန်သာ တတ်နိုင်တော့သည်။
သူမ၏ဒေါ်လေး လင်းကျန်းဖူအား
လီကတော်မှ အိမ်ခန်းတစ်ခုထံသို့ ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသည်။
ဤအိမ်မကြီးတွင် လီကတော်၏ မိသားစုဝင်နှင့် ဆွေမျိုးအချို့ ရှိနေခဲ့သည့်အတွက်ကြောင့်
လီကတော်သည် လင်းကျန်းဖူကို ထိုအိမ်သို့ ခေါ်သွားခြင်းမှာ လော်ပင်းအကြောင်းကို မေးမြန်းရန် ဖြစ်နိုင်လောက်ပေသည်။
ထိုသို့ဆိုလျှင် လီကတော်မှ သူမအစား သူမ၏ဒေါ်လေးကို ခေါ်သွားခဲ့သည်ကို လင်းရန် လုံးဝနားလည်နိုင်ပေပြီ။
ယခင်တစ်ကြိမ်က လီကတော်အနေဖြင့်တုန်လိလိအား အပြစ်တင်ခဲ့သည့်ပုံစံကို ကြည့်ခြင်းအားဖြင့် လီကတော်မှာ တုန်လိလိနှင့် လော်ပင်းတို့ ဘက်မှ ရှိပုံမပေါ်ပေ။
လီကတော်မှ သူမ၏ဒေါ်လေးအား ခေါ်လိုက်ခြင်းမှာ လျော်ကြေးပေးရန်ပင် ဖြစ်နိုင်ပေသည်။
လင်းရန်၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ လီကတော်က လင်းကျန်းဖူအား ခေါ်ပြီးသည့်နောက် သူမနှင့် လော်ပင်းတို့အကြား ဖြစ်ပျက်ခဲ့သည့်အရာများကို မေးချင်ခဲ့သည်။
ဆိုရလျှင် ဤကိစ္စသည်က သူတို့မိသားစု၏ တုန်လိလိနှင့်လည်း ဆက်စပ်နေပေသည်။ လီကတော်အနေဖြင့် ယခင်တစ်ကြိမ်က အလွန်ရှင်းလင်းစွာ ပြောခဲ့ပြီး တုန်လိလိနှင့် ထပ်မံ၍ မဆက်သွယ်တော့ရန်
ဆုံးဖြတ်ခဲ့သော်လည်း အမေတုန်က အိမ်အပြင်ဘက်တွင် နေ့တိုင်းလာ၍ ထိုင်နေသည်ကို လီကတော် တွေ့ခဲ့ရသည်။
အမေတုန်က အပြင်တွင် ထိုင်နေခဲ့ပြီး
သူတို့ဘက်မှ အိမ်ထဲသို့ ဝင်ရောက်ခွင့် မပြုခဲ့သည့်အတွက်ကြောင့် မျက်ရည်များကို သုတ်ရင်း အပြင်ဘက်၌ ငိုကြွေးနေခဲ့ပြီးအိမ်နီးနားချင်းများက သူမထံသို့ လာရောက်မေးမြန်းစေရန် လုပ်ဆောင်နေခဲ့သည်။
နောက်ပိုင်း၌ လီကတော်မှ အလွန်ဒေါသထွက်သွားသည့်အတွက်ကြောင့် တံခါးဝတွင် ရပ်ကာ အမေတုန်အား သင်ခန်းစာပေးခဲ့သည့်အတွက်ကြောင့် အမေတုန်လည်း ဤကဲ့သို့ ထပ်မံ၍ မပြုလုပ်ဝံ့တော့ပေ။
သို့သော်လည်း အမေတုန်က သူမ၏သမီး တုန်လိလိကို လော်ပင်းမှ အမှန်တကယ်လှည့်စားခဲ့သည်ဟု ပြောဆိုခဲ့သည်။
ထို့အပြင် သူမအား အပြစ်မတင်ရန်နှင့် သူမ ပြောင်းလဲပါ့မည်ဟုလည်း ပြောခဲ့လေသည်။
လီကတော်ကတော့ သူတို့ကို လက်လွှတ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် အမေတုန်၏အမူအရာမှာ ရုတ်တရက် အနည်းငယ် ဝမ်းနည်းနေပုံရပြီး ပြောဆိုရန် မဝံ့မရဲဖြစ်နေသည်ကို လီကတော် မြင်ခဲ့ရသည်။
နောက်ဆုံး၌ သူမက သေရန် ဆုံးဖြတ်ထားသည်ဟုပင် ပြောနိုင်လုနီးပါး ဖြစ်ခဲ့ပြီး လီကတော်အား ကိစ္စတစ်ခုကို တိုးတိုးလေး ပြောပြခဲ့သည်။
ထိုကိစ္စမှာ တုန်လိလိထံတွင် ကိုယ်ဝန်ရှိနေပုံရသည် ဟူ၍ ဖြစ်ပေသည်။
အမှန်တကယ်တမ်းတွင် အမေတုန် လီကတော်ထံသို့ လာတွေ့ခဲ့ခြင်းမှာ ဤကိစ္စနှင့်ပတ်သက်နေခဲ့သည်ပင်။
သူမအနေဖြင့် မည်သို့လုပ်ရမည်ကိုပင် မဆုံးဖြတ်နိုင်တော့သည့်ပာံရသည်။
လော်ပင်းနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သည့်ကိစ္စများနောက်ပိုင်း၌ တုန်မိသားစုက သူတို့၏သမီး တုန်လိလိအား လော်ပင်းနှင့်ဆက်သွယ်ခြင်းကို ခွင့်မပြုတော့ရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်။
တုန်လိလိသည်လည်း ထိုနေ့က ခေါင်းဆောင်၏အိမ်မှ ငိုလျက်ပြေးထွက်သွားပြီးသည့်နောက်တွင် လော်ပင်းနှင့် ထပ်မံ၍ စကားမပြောလိုတော့ပေ။
သူမက အချိန် နှစ်ရက်ကြာအောင် အိမ်ထဲတွင်နေကာ ငိုနေခဲ့သည်။
မည်သူက သိပါမည်နည်း။
သုံးရက်မြောက်နေ့တွင် တုန်လိလိတစ်ယောက် ရှင်းပြ၍မရနိုင်သော ပျို့အန်ခြင်းနှင့် လေအန်ထုတ်ခြင်းများ ဖြစ်လာခဲ့သည်။
အမေဖြစ်သူမှာ အလွန်ပင် ကြောက်လန့်သွားခဲ့၏။
အစပိုင်းတွင် အမေတုန်က တုန်လိလိမှာ လွန်ခဲ့သောနှစ်ရက်အတွင်း အစာများစွာ မစားခဲ့ရသည့်အတွက် ဆာလောင်မှုကြောင့် နေမကောင်းဖြစ်နေသည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် တုန်လိလိကို ဆေးရုံသို့ ခေါ်သွားပြီး အလျင်အမြန်စစ်ဆေးရန် တွေးခဲ့လေသည်။
သို့သော် တုန်လိလိက မည်သည့်အရာကို တွေးနေကြောင်း မသိရဘဲ သူမ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူမ၏မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီးသည့်နောက် ကိုယ်ဝန်ရှိနေသည့်အချိန်များတွင် မည်သို့ဖြစ်လာနိုင်သည်တို့ကို သူမ၏အမေဖြစ်သူထံသို့ စိတ်ပျက်အားငယ်ဟန်ဖြင့် မေးခဲ့သည်။
အမေတုန်ကတော့ သမီးဖြစ်သူ အဘယ်ကြောင်း မေးမြန်းနေသည်ကို နားမလည်ခဲ့ဘဲ နေပါမည်လား။
အမေတုန်က တုန်လိလိ၏ ဗိုက်ကို ကြည့်လိုက်မိသည်။ ထို့နောက် အလွန်အမင်း ဒေါသထွက်လာကာ တုန်လိလိအား ရိုက်နှက်ပစ်ချင်ခဲ့သည်။
ဒီမိန်းကလေး!
ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အသိဉာဏ်မဲ့နိုင်ရတာလဲ!
သူမက လက်မထပ်ရသေးဘဲ လော်ပင်းနှင့် အဲဒီလိုကိစ္စတွေကိုပြုလုပ်ရဲနေတယ်!
တကယ်လို့ သူမက ထိန်းမထားနိုင်ဘဲ လုပ်ခဲ့ရင်တောင် ဘာမှမဖြစ်သေးဘူး။
ဒါပေမဲ့ သူမ ဘာလို့ အခုလိုမျိုး လှည့်စားခံခဲ့ရတာလဲ။
ဘယ်လိုလုပ်ပြီး အဲ့လောက် အရှက်မဲ့ရတာလဲ?
သူမရဲ့ခန္ဓာကိုယ်ကိုရော ဂရုစိုက်ရဲ့လား။
သို့သော်လည်း တုန်လိလိ၏ ကြောက်လန့်နေသည့် အမူအရာကို ကြည့်ကာ ဤအချိန်တွင် သူမ မဆူပူချင်တော့ပေ။
အမေတုန်က တုန်လိလိအား လူအနည်းငယ်သာရှိသည့် ညအချိန်တွင် သူမ၏သွေးခုန်နှုန်းကို စမ်းသပ်နိုင်သည့် အဘွားအိုတစ်ဦးထံသို့ ခေါ်ဆောင်သွားခဲ့ရသည်။
ထိုအဘွားအိုက သွေးခုန်နှုန်းကို စမ်းသပ်ပြီးသည့်နောက် တုန်လိလိတွင် အမှန်တကယ်ပင် ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရသည်။
ကိုယ်၀န်မှာ တစ်လကျော်သာ ရှိနေသေးသည်။
အကယ်၍ ယခုအချိန် ကိုယ်၀န် ဖျက်ချလိုက်ပါက အလုံခြုံဆုံးအချိန်နှင့် ခန္ဓာကိုယ်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေလိမ့်မည်။
ဤခေတ်ကာလတွင် ဆေးရုံသို့သွားခြင်းဆိုသည်မှာ သေးငယ်သောအမှုကိစ္စမဟုတ်ပေ။
လိုအပ်သော လုပ်ထုံးလုပ်နည်းများစွာ ရှိနေသည်။
ထို့အပြင် အရေးအကြီးဆုံးမှာ ဆေးရုံတွင် လူများနှင့် ပြည့်နေခြင်းပင် ဖြစ်သည်။
တုန်လိလိသာ ခွဲစိတ်မှုကိုခံယူကာ ကလေးဖျက်ချလိုက်ပါက ဒုတိယအဆင့်တစ်ခုကို ပြုလုပ်ရန်ပင် မလိုအပ်ပေ။ ထိုညတွင်ပင် ကိုယ်၀န်ဖျက်ချသည့် ကိစ္စက အနီးအနားရှိ အသိမိတ်ဆွေများ၏ နားထဲသို့ ပျံ့နှံ့သွားမည်ကို စိုးရိမ်ရပေသည်။
အမေတုန်တစ်ယောက် ဤကိစ္စအား အကြိမ်ကြိမ်အခါခါ တွေးတောရင်းဖြင့် အလွန်ပင် စိတ်ညစ်နေခဲ့ရသည်။
ဖျက်ချ၍လည်း မရ၊ မဖျက်ချ၍လည်း မဖြစ်သည့်အတွက် မည်သို့လုပ်ရမှန်းမသိဖြစ်နေခဲ့သည်။
အမေတုန်မှာ သမီးဖြစ်သူ တုန်လိလိအား မည်သူမှမသိအောင် ကိုယ်ဝန်ဖျက်ချခိုင်းရန် စဉ်းစားနေဆဲမှာပင်
တုန်လိလိမှ ရုတ်တရက် ဤကိုယ်၀န်အား ဆက်လက်၍လွယ်ထားမည်ဖြစ်ကြောင်း နှင့် လော်ပင်းအား ခွင့်လွှတ်ပြီး ပြန်တွဲ မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။
အမေတုန်ကတော့ တုန်လိလိ ရူးနေပြီဟု တွေးမိခဲ့သည်။
ယခုအချိန်တွင် တုန်လိလိက ကိုယ်ဝန်ဆောင်ထားသည့်အတွက် ကျန်းမာရေးမကောင်းနိုင်သည့်အပြင် ဦးနှောက်ကိုပင် ထိခိုက်နိုင်သည်ဟု တွေးတောပြီး အမေတုန်လည်း တုန်လိလိနှင့် စကားမများလိုတော့ပေ။
ထို့ကြောင့် သူမက လီကတော်ထံသို့ အပြေးအလွှားသွားကာ အကြံဉာဏ်တောင်းခံပြီး အဖြေရှာရန် အကူအညီတောင်းခဲ့သည်။
သူမ၏သမီးကို မည်သူမှမသိအောင် ခွဲစိတ်ကုသရန်အတွက် လီကတော်မှ ခေါင်းဆောင်နှင့် ပတ်သက်သည့် ဆက်ဆံရေးကို အသုံးပြုကာ
စီစဉ်ပေးနိုင်သည်ဟု သူမ ယူဆခဲ့သည်။
*