← Chapters

အခန်း (၁၈၁)

Vol. 19 Ch. 181

အခန်း (၁၈၁)

Vol. 19 Ch. 181

မကြာမီ၌ လီကတော်၏သမီး စွန်းယင် ဝင်လာခဲ့သည်။

လင်းကျန်းဖူအား မြင်သည့်အချိန်တွင် စွန်းယင်တစ်ယောက် လင်းကျန်းဖူအပေါ်၌ ကောင်းမွန်သည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လင်းကျန်းဖူ၏ ပြင်ပရုပ်ရည်ကိုသာ ကြည့်လျှင် သူမက ချောမောလှပသည်မှာ သေချာပေသည်။

ရုပ်ရည်ချောမောရုံသာမက

အဓိကအချက်မှာ သူမ၏အပြုံးပင်ဖြစ်သည်။ ထိုအပြုံးမှာ အလွန်နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားရသည်။

ဤသည်မှာ သူတို့၏လုပ်ငန်းအတွက် သင့်တော်သည် မဟုတ်ပါလား။

ထို့နောက် စွန်းယင်တစ်ယောက် လုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စများအကြောင်းကို လင်းကျန်းဖူနှင့် စကားပြောကြည့်ခဲ့လေ၏။

ထိုအချိမ်တွင်လည်း လင်းကျန်းဖူ၏အဖြေများက သူမအား အလွန်စိတ်ကျေနပ်စေခဲ့သည်။

နောက်ဆုံး၌ စွန်းယင်က ခေါင်းညိတ်ပြီး လင်းကျန်းဖူအား ပြောလိုက်လေသည်။

“နင့်ရဲ့အခြေအနေက

ငါတို့ကုန်တိုက်ရဲ့ လိုအပ်ချက်တွေနဲ့ လုံးဝကို ကိုက်ညီတယ်၊ ငါကိုယ်တိုင်ကလည်း နင့်ကို သဘောကျတယ်”

“ဒါပေမဲ့ လုပ်ငန်းစဉ်နဲ့ စည်းမျဉ်းတွေကို ပြန်သုံး သပ်ဖို့ လိုနေသေးတယ်၊ဒီတော့ နင်ကိုယ်တိုင် မြို့ကိုလာရလိမ့်မယ်”

အချိန်ကျလာလျှင် လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး စာချုပ်များကို ချုပ်ဆိုမည်ဖြစ်သည်။

လင်းကျန်းဖူလည်း ခေါင်းညိတ်လိုက်ပြီးနောက် စွန်းယင်ပြောပြသည့် လိပ်စာနှင့် အချိန်ကို သေချာစွာ မှတ်သားထားခဲ့ပြီး ပြောလိုက်သည်။

“ကျွန်မ အချိန်မီ လာခဲ့ပါ့မယ်!”

စွန်းယင်လည်း ရယ်မောကာ ပြောလိုက်သည်။

“ကောင်းပါပြီ၊ အနာဂတ်မှာ ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်လာဖို့ကို မျှော်လင့်ပါတယ်”

အခန်းငယ်လေးမှ ထွက်လာပြီးသည့်နောက်တွင် လင်းကျန်းဖူမှာ သူမ၏ခြေထောက်များ လေပေါ်လွင့်နေသည်ဟုပင် ခံစားခဲ့ရပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် လင်းရန်ဆီသို့ ပြန်သွားခဲ့သည်။

လင်းရန်အတွက်တော့ အပြင်ဘက်တွင် ခဏတာမျှစောင့်ဆိုင်းနေရချိန်တွင် လင်းကျန်းဖူနှင့် လီကတော်တို့အပေါ် စိတ်ပူပန်နေခြင်းမရှိပါချေ။ သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ သူမ စိတ်မပူဘဲ မနေနိုင်တော့ပေ။

နောက်ဆုံး၌ သူမ၏ဒေါ်လေး လင်းကျန်းဖူ ပြန်လာသည်ကို မြင်လိုက်ရလျှင် လင်းရန် စိတ်ပူပန်စွာဖြင့် မေးလိုက်သည်။

“ဒေါ်လေး၊ အဆင်ပြေရဲ့လား”

လင်းကျန်းဖူက ချက်ချင်းမဖြေသေးဘဲ လင်းရန်အား ငေးကြောင်းစွာဖြင့် ကြည့်နေခဲ့သည်။

သူမ၏ တုံ့ပြန်မှုမှာ လင်းရန်အား

ပို၍ပင် စိုးရိမ်လာစေခဲ့သည်။

လင်းရန်မှ ထပ်မံ၍ မေးခွန်းတစ်ခုမေးတော့မည့်အချိန်တွင် လင်းကျန်းဖူတစ်ယောက် သတိပြန်ဝင်လာခဲ့သည်။

လင်းကျန်းဖူ၏အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။

“ရန်ရန်၊ ငါ တကယ်ပဲ ကံကောင်းတာလား မသိဘူး၊ ငါ မြို့ပေါ်က ကုန်တိုက်တစ်ခုမှာ အလုပ်လုပ်ရတော့မယ့်ပုံပဲ!”

လင်းရန်တစ်ယောက် မျက်တောင်ခတ်လိုက်မိပြီး ခေတ္တမျှ မှင်တက်သွားခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် လင်းရန် သတိပြန်ဝင်လာပြီး မည်သည်များဖြစ်ပျက်ခဲ့သည်ကို စိတ်လှုပ်ရှားစွာဖြင့် မေးခဲ့လေသည်။

လင်းကျန်းဖူကလည်း လင်းရန်ဆီသို့ လီကတော်နှင့် စွန်းယင်တို့နှင့် ပြောဆိုမှုများကို လျင်မြန်စွာ ပြောပြခဲ့သည်။ အငုန်လုံးကို ကြားခဲ့ရပြီးနောက်တွင် လင်းရန် ပို၍ ပြုံးရွှင်လာခဲ့သည်။

“ဂုဏ်ယူပါတယ် ဒေါ်လေး၊ အလုပ်ပြန်လုပ်ရတော့မယ်”

လင်းရန်တစ်ယောက် အမှန်တကယ်ပင် ပျော်ရွှင်နေသည်ကို မြင်ရသည့်အချိန်တွင် လင်းကျန်းဖူတစ်ယောက် ရုတ်တရက် ရယ်မောခြင်းကို ရပ်တန့်လိုက်မိပြီး သူမ၏လေသံသည်လည်း တုံ့ဆိုင်းသွားခဲ့သည်။

“ဒါပေမဲ့ ငါသာ အလုပ်ပြန်လုပ်မယ်ဆိုရင် နင့်ကို ကူညီဖို့ ဘယ်သူမှ ရှိတော့မှာမဟုတ်ဘူး”

မူလက သူမအနေဖြင့် လင်းရန်အတွက် အိမ်မှ ကိစ္စများကို ကူညီပေးပြီး ချက်ပြုတ်မည့်အချိန်တွင် လင်းရန်နှင့်အတူလိုက်ပါမည်ဖြစ်ကြောင်း သဘောတူထားခဲ့ကြသည်။

သူမတို့နှစ်ဦး အတူချက်ပြုတ်ကြမည်ဆိုပါက မည်သို့မျှ မရှုံးနိမ့်နိုင်ပေ။

သို့သော်လည်း ယနေ့တွင် ထိုကဲ့သို့သောအခြေအနေမျိုး ရှိလာလိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။

လင်းရန်အတွက်ကတော့ သူမ၏ ဒေါ်လေးနှင့် ယခင်က ထိုကဲ့သို့ သဘောတူထားခဲ့ကြခြင်းမှာ သူမ၏ဒေါ်လေးက တစ်နေ့လုံး အိမ်တွင် မည်သည်မှမလုပ်ဘဲရှိနေရသည့်အတွက် ပျင်းရိနေရသည့်အပြင် ကွာရှင်းပြတ်စဲပြီးနောက်တွင်လည်း စိတ်ဓာတ်ကျနေသည့်အတွက် သူမအား အလုပ်များစေပြီး သူမ၏ စိတ်အခြေအနေကို ပြောင်းလဲစေရန်အတွက် တမင်တကာ အလုပ်တစ်ခု ရှာပေးခဲ့ခြင်းဖြစ်သည်။

သူမကိုယ်တိုင်ပင်လျှင် အနာဂတ်တွင် သူမ၏ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်ရန်အတွက် အဆက်အသွယ်များနှင့် ငွေများ စုဆောင်းရန်အတွက်သာ ဤအလုပ်ကို လုပ်နေခြင်းဖြစ်ပေသည်။

“ဒေါ်လေး၊ ကျွန်မ ဘယ်လိုတွေးနေတာလဲဆိုတာ ဒေါ်လေး မသိဘူးလား၊ ကျွန်မက ဒေါ်လေးကို စိတ်ပြေလက်ပျောက်ဖြစ်စေပြီး အလုပ်တစ်ခု ရှာပေးချင်ရုံသက်သက်ပါ၊

အခုလို အခွင့်အရေးမျိုးရပြီဆိုမှတော့ ကျွန်မက ၀မ်းသာအားရ လက်ခံရမှာပေါ့၊

ဒေါ်လေးကို ကျွန်မနဲ့အတူ ဆက်မလုပ်စေချင်ပါဘူး”

စကားပြောနေရင်း လင်းရန်က သူမ၏နှုတ်ခမ်းများကို ဖုံးအုပ်ကာ အသံကို လျှော့ချလိုက်သည်။

“ကျွန်မရဲ့ အလုပ်က အရမ်းရှုပ်ထွေးနေတာဆိုတော့ ကျွန်မ ကိုယ်တိုင်တောင် ဆက်ပြီး ရပ်တည်နိုင်မလားတောင် မသိဘူး!”

လင်းရန် ပြောသည့်စကားကို ကြားပြီးသည့်နောက် လင်းကျန်းဖူသည် လည်း ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ ရယ်မောလိုက်မိသည်။

အတူတကွ ပျော်ရွှင်စွာရယ်မောပြီးသည့်နောက် သူမပ လင်းရန်၏ မျက်လုံးများကို စိုက်ကြည့်ပြီး အလေးအနက်ထားကာ ပြောလိုက်သည်။

“ရန်ရန်၊ ကျေးဇူးတင်ပါတယ်”

လင်းရန်မှ သူမအတွက် တခြားအလုပ်တစ်ခုကို ရှာဖွေပေးခဲ့သည်ဖြစ်စေ သို့မဟုတ် သူမက လင်းရန်၏ ကံကောင်းခြင်းကို ငှားရမ်းခဲ့သည်ပင်ဖြစ်စေ ယနေ့ကဲ့သို့ အခွင့်အရေးရခဲ့ခြင်းအတွက် သူမအနေဖြင့် လင်းရန်အား အမှန်တကယ် ကျေးဇူးတင်သင့်ပေသည်။

လင်းရန် ပြုံးလိုက်ပြီးနောက် လင်းကျန်းဖူအား နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“အနာဂတ်မှာ ဒေါ်လေးရဲ့ ဘဝက ပိုပြီးကောင်းလာတော့မှာပါ”

“ဟုတ်တယ်၊ တကယ်ကို ပိုကောင်းလာမှာပါ!”

လွန်ခဲ့သည့်အချိန် အနည်းငယ်ခန့်က သူမအနေဖြင့် သူမ၏ဘဝတစ်လျှောက်လုံး ဤကဲ့သို့သာ ဆက်သွားရတော့မည်ဟု ထင်ခဲ့သည်။

သူမက သူမ၏ ခင်ပွန်းဟောင်းနှင့် ကွာရှင်းခဲ့ပြီးနောက်တွင် ဆယ်နှစ်ကြာ လုပ်ကိုင်ခဲ့သည့် အလုပ်မှလည်း ထွက်လာခဲ့သည့်အတွက် နောက်ထပ် လုပ်ရန် အလုပ်မရှိတော့ပေ။

သူမ၌ ကိုယ်ပိုင်အိမ်ပင် မရှိနေခဲ့ပါချေ။

သူမက သူမ၏ခရီးဆောင်အိတ်များကို သယ်ဆောင်ပြီး သူမ၏မိဘများအိမ်သို့သာ စိတ်ပျက်အားငယ်စွာဖြင့် ပြန်သွားခဲ့ရပြီး အရပ်လေးမျက်နှာမှ ထူးဆန်းသည့်အကြည့်အမျိုးမျိုးဖြင့် စိုက်လာကြည့်ခြင်းကို ခံခဲ့ရသည်။

ထိုသို့သော မှောင်မိုက်သည့်နေ့ရက်များအကြား သူမ၏ ဘဝကို ဖြည်းဖြည်းချင်း အဆုံးသတ်သွားရတော့မည်ဟု တွေးမိနေခဲ့ရသည်။

သို့သော်လည်း ကိစ္စများက မခန့်မှန်းနိုင်လောက်အောင် ကောင်းမွန်သည့်အခြေအနေမျိုးဖြစ်လာခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ရဲခဲ့ပါချေ။

သူမက ရုတ်တရက် ယခင်ကထက် ပိုမို၍ ကောင်းမွန်သည့်အလုပ်တစ်ခုကို ရရှိခဲ့သည်။

သူမ၏မိဘအိမ်တွင်လည်း သူမ၏ မိသားစုဝင်များကလည်း သူမကို ကာကွယ်ပေးခဲ့ကြပြီး အပြင်ဘက်မှထူးဆန်းသည့်အကြည့်အားလုံးကို ရှောင်ဖယ်စေခဲ့သည်။

အရာအားလုံးက သူမ စိတ်ကူးထားသည်ထက် များစွာ ပို၍ ကောင်းခဲ့သည်။

ထို့ကြောင့် အနာဂတ်တွင် သူမအနေဖြင့် သူမအပေါ် မိသားစု၀င်များ၏ စိုးရိမ်ပူပန်မှုနှင့် အကူအညီများကို အလဟဿ မဖြစ်စေရန် ပိုမိုအလေးအနက်ထားကာ အလုပ်လုပ်ပြီး နေထိုင်ရမည်ဖြစ်သည်။

…

သူတို့နှစ်ယောက် မကြာမီတွင် အိမ်သို့ပြန်ရောက်ရှိခဲ့သည်။

သူတို့ပြန်ရောက်လာပြီးနောက်တွင် လင်းကျန်းဖူ၏အကြောင်းကို ပြောပြခဲ့ကြပြီး တစ်မိသားစုလုံးသည်လည်း ဝမ်းသာပျော်ရွှင်သွားခဲ့ကြသည်။

မူလက လင်းကျန်းဖူအနေဖြင့် မြို့ပေါ်ရှိ ကုန်ပစ္စည်းနှင့် စျေးကွက်ရှာဖွေရေးသမဝါယမတွင် အလုပ်လုပ်ခဲ့ပြီး ထိုအလုပ်မှာ သူမ၏မိသားစု မျက်စိထဲတွင် အလွန်ကောင်းမွန်သည့်အလုပ်တစ်ခုဖြစ်ခဲ့သည်။

သို့သော် လော်ပင်း၏ကိစ္စကြောင့် သူမအ‌နေဖြင့် ထိုအလုပ်ကို ဆက်လုပ်နိုင်ခြင်း မရှိတော့သည်မှာ ဝမ်းနည်းစရာပင် ဖြစ်ပေသည်။

မမျှော်လင့်ထားသည်မှာ မူလအလုပ်ကို ဆုံးရှုံးခဲ့ပြီး‌နောက်တွင် ပိုမိုကောင်းမွန်သည့်အလုပ်တစ်ခုက လင်းကျန်းဖူအား စောင့်ကြိုနေခဲ့သည်။

ထိုအလုပ်နေရာမှာ မြို့ရှိ အသေးစားကုန်ပစ္စည်းနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ တစ်ခု မဟုတ်ပေ။

ထိုနေရာမှာ ခရိုင်မြို့ပေါ်ရှိကုန်တိုက်ကြီး တစ်ခုဖြစ်ပြီး သူတို့တစ်ခါမျှ မရောက်ဖူးသေးသည့်နေရာလည်း ဖြစ်နေခဲ့သည်။

“ကျန်းဖူ၊ နင် ဒီအခွင့်အရေးကို မြဲမြဲ ဆုပ်ကိုင်ထားရမယ်၊ ခရိုင်မြို့ကိုရောက်တာနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်”

ထိုသတင်းကောင်းကို ကြားရပြီးသည့်နောက် အမြဲတမ်း စကားကို အနည်းငယ်သာ ပြောလေ့ရှိသည့် အကြီးဆုံးချွေးမ ဝမ်ချူးကျူသည်ပင် ပျော်ရွှင်မှုကို မထိန်းနိုင်တော့ဘဲ ဆက်တိုက်ပြောနေခဲ့သည်။

သူမ၏ ဘေးတွင်ရှိနေသော တတိယချွေးမကတော့ အစောကြီးကတည်းက လင်းကျန်းဖူထံသို့ အပြေးအလွှား ကပ်သွားခဲ့ပြီးဖြစ်ပေသည်။

“ဟုတ်တယ်၊ ကျန်းဖူ၊ နင်က ငါတို့ကွန်မြူနတီမှာဆိုရင် မြို့ကို အလုပ်သွားလုပ်နိုင်တဲ့ ပထမဆုံးလူပဲ၊ အခုကစပြီး နင်က ငါတို့မိသားစုအတွက် ဂုဏ်ယူစရာဖြစ်သလို ကွန်မြူနတီတစ်ခုလုံးအတွက်လည်း ဂုဏ်ယူစရာဖြစ်လာပြီ၊ နင်ခရိုင်မြို့မှာ အခြေကျပြီး အောင်မြင်လာရင် ငါတို့ကို မမေ့နဲ့ဦးနော်!”

လင်းမိသားစုမှာ ယင်းဖန်၏ အခွင့်အရေးရလျှင် ရသကဲ့သို့ ကိုယ်ကျိုးရှာတတ်သည့် စိတ်နေစိတ်ထားကို ယခင်ကတည်းက အသားကျနေပြီဖြစ်သည်။

ထို့အပြင် တစ်မိသားစုလုံးက ယခုအချိန်၌ စိတ်ဓာတ်တက်ကြွနေသည့်အတွက် သူမနှင့် ငြင်းခုန်စကားပြောရန် စိတ်မဝင်စားကြပေ။

အဘွားလင်းကပင် ယင်းဖန်အား မျက်စောင်းထိုးလိုက်ရုံသာ ပြုမူခဲ့သည်။

ထို့နောက် အဘွားလင်းက လင်းကျန်းဖူအား သူမဘက်သို့ ဆွဲကာ ခရိုင်မြို့သို့ အလုပ်သွားသည့်အခါ၌ မည်သို့လုပ်ဆောင်ရမည်ကို စတင်၍ ပြောပြခဲ့သည်။

လင်းကျန်းဖူသည်လည်း ကူကယ်ရာမဲ့စွာဖြင့် ပြန်‌၍ ပြောလိုက်သည်။

“အမေ၊ အခုအချိန်က ဒါတွေပြောဖို့ အရမ်းစောနေပါသေးတယ်၊ ကျွန်မ ခရိုင်မြို့ကိုသွားပြီး အခြေအနေကို အတည်ပြုပြီးတဲ့အထိ စောင့်ပါဦး”

“နင် ဘာလို့ စိတ်ဓာတ်ကျစရာစကားတွေ ပြောနေတာလဲ၊ သူတို့က နင့်ကို သဘောကျတယ်လို့ ပြောခဲ့တယ်မလား၊ တခြားဘာများ ဖြစ်လာနိုင်ဦးမှာမလို့လဲ”

အဘွားလင်းက မျက်လုံးပြူး၍ ကြည့်လိုက်ပြီး လင်းကျန်းဖူပြောသည့်စကားကို သဘောမကျခဲ့ပေ။

“ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစမ်းပါ!”

လင်းကျန်းဖူလည်း ငြင်းဆို၀ံ့ခြင်းမရှိတော့ဘဲ ထောက်ခံလိုက်သည်။

“ကျွန်မ သိပါတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်!”

“မှန်တယ်!”

သူတို့သည် စကားပြောနေသည်ကို နားထောင်ရင်း တစ်မိသားစုလုံးလည်း လိုက်ပါ၍ ရယ်မောခဲ့ကြသည်။

လင်းရန်က သူတို့၏အနီးတွင် ရပ်နေပြီး သူမ၏မိသားစုဝင်များအားလုံး ပြုံးရွှင်နေသည်ကိုကြည့်ကာ သူမ၏နှုတ်ခမ်းထောင့်များသည်လည်း မသိစိတ်မှတဆင့် မြင့်တက်လာခဲ့သည်။

ဤအချိန်တွင် သူမ၏ နားရွက်အနီး၌ တမင်တကာ ချောင်းဆိုးသံကို ရုတ်တရက်ကြားလိုက်ရသည်။

“အဟွတ်”

လင်းရန် ခေတ္တရပ်တန့်သွားခဲ့ရပြီးနောက် ဘေးသို့ကြည့်လိုက်လျှင် သူမ၏နောက်သို့ ရောက်လာခဲ့သည့် စုန့်ရှီးယန်ကို မြင်လိုက်ရသည်။

စုန့်ရှီးယန်က လင်းရန်မှ သူ့ကို သတိပြုမိပြီဖြစ်ကြောင်းကို မြင်လျှင် သူမအား တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။

မမျှော်လင့်စွာဖြင့် နောက်တစ်စက္ကန့်တွင် လင်းရန်က မည်သည့်အရာကိုမှမမြင်ခဲ့ရသကဲ့သို့ ခေါင်းကို ပြန်လှည့်သွားခဲ့လေသည်။

စုန့်ရှီးယန်: “?”

လင်းရန်က သူ့ကို မမြင်လိုက်ဘူးလား?



All Chapters