← Chapters

အခန်း (၁၈၂)

Vol. 19 Ch. 182

အခန်း (၁၈၂)

Vol. 19 Ch. 182

စုန့်ရှီးယန်တစ်ယောက် သံသယများဖြင့် ပြည့်နှက်နေခဲ့သော်လည်း သူ၏စိတ်ခံစားချက်များက ထိုမျှလောက်အထိ ရောက်ရှိနေပြီဖြစ်၍ သူ့အနေဖြင့် ထပ်မံ၍ လက်လျှော့တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူ နောက်ထပ်အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး လင်းရန်၏အာရုံကို ပြန်လည်ဆွဲခေါ်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း လင်းရန်မှ ပြန်လည် လှည့်မကြည့်ခဲ့ဘဲ တစ်ဖက်တွင်ရှိနေသည့် အဘွားလင်းကသာ စုန့်ရှီးယန်အား စိုးရိမ်ပူပန်နေသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလာလေသည်။

“အိုး၊ ရှောင်စုန့်၊ မင်းရဲ့ လည်ချောင်းက မသက်မသာဖြစ်နေတာလား၊

အအေးမိနေတာလား”

စုန့်ရှီးယန်တစ်ယောက် လင်းရန်ထံမှ အကြည့်ကို လျင်မြန်စွာ လွှဲလိုက်ပြီး အဘွားလင်းထံသို့ ကြည့်လိုက်မိသည်။

ထို့နောက် အပြစ်ရှိစိတ်များနှင့်အတူ

ရှက်ရွံ့မှုကို ထိန်းချုပ်ကာ ပြောလိုက်ရလေသည်။

“မဟုတ်ပါဘူး အဘွား၊ ကျွန်တော့်ရဲ့လည်ချောင်းက ရုတ်တရက် နည်းနည်း ယားလာလို့ပါ၊ ဘာမှမဖြစ်ပါဘူး”

“မင်းက ခန္ဓာကိုယ်ကြံ့ခိုင်တယ်ဆိုပေမယ့် တစ်ခုခုဆိုရင် ပေါ့ပေါ့တန်တန် မနေသင့်ဘူး၊ တကယ်ကြီးနေမကောင်းဖြစ်လာရင် မသက်မသာ ဖြစ်ရလိမ့်မယ်”

အဘွားလင်းကစိတ်မချသေးဘဲ စုန့်ရှီးယန်ဆီသို့ စေတနာထက်သန်စွာဖြင့် အကြံဉာဏ်အနည်းငယ် ပေးခဲ့လေသည်။

စုန့်ရှီးယန်အနေဖြင့် မည်သည်ကိုများ တတ်နိုင်ပါဦးမည်နည်း။

သူ ခြောက်ကပ်ကပ်အပြုံးဖြင့် နားထောင်နေရုံသာ ရှိပေတော့သည်။

လင်းရန်တစ်ယောက် ဤမြင်ကွင်းကို ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် မရယ်‌မိစေရန် အတင်းအကြပ်ထိန်းထားလိုက်ရသည်။

အဘွားလင်းမှ စုန့်ရှီးယန်၏ အခြေအနေကို အာရုံစိုက်ပြီးသည့်နောက်၌ စုန့်ရှီးယန်သည်လည်း လင်းရန်ထံသို့ ထပ်မံ ကပ်မသွားဝံ့တော့ဘဲ

ပိုမိုကောင်းမွန်သည့်အခွင့်အရေးရရန်အတွက် ဘေးနား၌သာ စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင် လူတိုင်း စားသောက်၊ပြီးစီးပြီးနောက် ရေချိုးပြီးချိန်တွင်

အေးမြသည့်လေကို ခံစားရန်အတွက် အပြင်သို့ လမ်းလျှောက်ထွက်သွားသည့်အချိန်သို့ရောက်မှသာ စုန့်ရှီးယန်တစ်ယောက် အခွင့်အရေးကို တွေ့ရှိခဲ့သည်။

ခြံ၀င်းတစ်ခုလုံးတွင်

လင်းရန်တစ်ယောက်တည်း ထိုင်နေခဲ့ကာ အဘွားလင်းသည်လည်း ခြင်ဆေးခွေယူရန်အတွက် အိမ်ထဲသို့ ဝင်သွားသည်ကို စုန့်ရှီးယန် မြင်လိုက်ရသည်။

ထို့ကြောင့် သူ လင်းရန်ထံသို့ အလျင်အမြန် လျှောက်သွားခဲ့လေသည်။

သူက ရုတ်တရက် ထွက်ပေါ်လာပြီး လင်းရန်၏ အရှေ့တွင် ရပ်လိုက်လေသည်။ သူ၏ အရပ်မှာ ရှည်လျားလွန်းသည့်အတွက် ခေါင်းပေါ်ရှိ လရောင်ကိုပင် ကွယ်ထားနေပြီး

ရုတ်တရက် ခုန်ထွက်လာသည့် ဝက်ဝံမည်းကြီးတစ်ကောင်နှင့်ပင် တူနဆခဲ့သည်။

လင်းရန်သာ စုန့်ရှီးယန်၏ လှုပ်ရှားမှုများကို တိတ်တဆိတ် သတိပြုမိခြင်းမရှိခဲ့ပါက ရုတ်တရက်ပေါ်လာသည့် အရိပ်နက်ကြီးကြောင့် ထိတ်လန့်တကြား အော်ဟစ်မိလိမ့်မည်။

လင်းရန်တစ်ယောက် ခေါင်းကိုမော့လိုက်ပြီး မည်သည်ကိုမှ မသိသကဲ့သို့

ဟန်ဆောင်ကာ တစ်ဖက်လူထံသို့ မေးရန် ဟန်ပြင်လိုက်သော်လည်း

မမျှော်လင့်ဘဲ စုန့်ရှီးယန်မှ

တည့်တည့်မတ်မတ်ပင် ပြောလာခဲ့သည်။

“လင်းရန်၊ ကိုယ် မင်းကို ပြောစရာရှိတယ်၊ ကိုယ်နဲ့အတူ ခဏလောက် လမ်းလျှောက်ထွက်နိုင်မလား”

စုန့်ရှီးယန်ဘက်မှ ဤကဲ့သို့ ရှင်းလင်းစွာ ပြောလိုက်သည့်အတွက် လင်းရန်အနေဖြင့် မသိသကဲ့သို့ ဟန်ဆောင်နိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် လင်းရန်သည်လည်း

စုန့်ရှီးယန် ပြောလာမည့်စကားကို

အမှန်တကယ်ပင် သိချင်နေခဲ့သည်။

“ဒါဆို ရှင် အပြင်မှာ ခဏ စောင့်နေလိုက်ဦး၊ကျွန်မ အဘွားကို ပြောပြီးရင် ပြန်လာခဲ့မယ်”

စုန့်ရှီးယန်လည်း ထိုစကားကို ကြားသည်နှင့်လင်းရန် ရုတ်တရက် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ အလျင်အမြန်ပင် ထွက်သွားခဲ့သည်။

လင်းရန် နေရာမှ ထရပ်လိုက်ကာ

အိမ်ထဲသို့ ဝင်သွားခဲ့ပြီး အဘွားလင်းထံသို့ သူမ အနီးအနားတွင် လမ်းလျှောက်ထွက်လိုကြောင်း ပြောလိုက်လေ၏။

အဘွားလင်းလည်း လင်းရန်နှင့်အတူ လမ်းလျှောက်ထွက်ရန် တွေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လင်းရန်တစ်ဦးတည်း အပြင်ဘက်သို့ လမ်းလျှောက်ထွက်လျှင် ကြောက်ရွံ့မည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖြစ်ပေသည်။

ယနေ့ညတွင် လရောင်က အလွန်ထိန်လင်းနေပြီး အပြင်ဘက်တွင် နေ့ခင်းဘက်ကဲ့သို့ လင်းနေသော်လည်း မိန်းကလေးတစ်ယောက်အနေဖြင့် ကြောက်နေပေလိမ့်မည်။

သို့သော် လင်းရန်က လက်ကို ဝှေ့ယမ်းကာ သူမအနေဖြင့် အိမ်ရှေ့တွင် လမ်းလျှောက်ရုံသာဖြစ်ပြီး မည်သည့်နေရာကိုမှ မသွားကြောင်းပြောသည့်အတွက် အဘွားလင်းလည်း စိတ်မပူတော့ပေ။

အဘွားလင်းက နောက်ထပ်မေးခွန်းများ ဆက်လက်မေးမြန်းခြင်း မပြုတော့ဘဲ လင်းရန်ကို စောစောပြန်လာရန်သာ ပြောလိုက်သည်။

လင်းရန်လည်း သူမ၏စကားကိုတုံ့ပြန်ကာ တံခါးဝသို့ လျှောက်လာခဲ့လေသည်။

စုန့်ရှီးယန်က တံခါးအပြင်ဘက်၌ စောင့်ဆိုင်းနေခဲ့ပြီး လင်းရန် ထွက်လာသည်ကို မြင်သည့်အခါမှသာ စိတ်သက်သာရာရသွားခဲ့သည်။

“သွားကြရအောင်”

လင်းရန် စုန့်ရှီးယန်ဘက်သို့ ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီးနောက် အရှေ့မှ ဦးဆောင်ကာ လျှောက်သွားခဲ့သည်။

စုန့်ရှီးယန်လည်း ချက်ချင်းပင် နောက်မှ လိုက်ပါသွားခဲ့သည်။

ခဏကြာမျှ လမ်းလျှောက်ပြီးသည့်နောက်တွင်ပင် စုန့်ရှီးယန်တစ်ယောက် မည်သို့စကားစရမည်ကို မသိသေးပါချေ။ အခန်းထဲတွင်ရှိနေစဉ်က လင်းရန်အား ပြောရန်အတွက် စကားလုံးများကို ကောင်းစွာစဉ်းစားထားခဲ့သော်လည်း ယခုအခါတွင်တော့ ရှင်းမပြနိုင်လောက်အောင်ပင် တုံ့ဆိုင်းနေခဲ့သည်။

လင်းရန်တစ်ယေ်က် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သော်လည်း

စုန့်ရှီးယန်မှ စကားမပြောလာသေးသည့်အတွက် မျက်လုံးများကို လှိမ့်လိုက်မိသည်။

ဒီလူက ဘာလို့ ဒီလောက်တာေင် တွန့်ဆုတ်နေရတာလဲ?

ဒါက စကားတစ်ခွန်းလောက် ပြောရုံပဲမဟုတ်ဘူးလာ?

ဒီအတိုင်း ပြောချလိုက်ရုံပဲမဟုတ်ဘူးလား။

လင်းရန်၏ စိတ်ထဲတွင် ကိန်းဂဏန်းတစ်ခုကို တိတ်တဆိတ်ရေတွက်နေခဲ့ပြီး ဤအချိန်အတွင်း စုန့်ရှီးယန်သာ

စကားမပြောလာပါက သူမဘက်မှ

သူနှင့်အတူ အချိန်မဖြုန်းတော့ဟု တွေးခဲ့သည်။

ထိုသို့ဖြင့် သူမ စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေသည့်အချိန်တွင် သူမ၏နောက်ဘက်ရှိ စုန့်ရှီးယန်၏ ခြေလှမ်းများက ပို၍မြန်ဆန်လာပြီး သူမ၏အနီးသို့ လျှောက်လာနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက် နောက်တစ်စက္ကန့်တွင် စုန့်ရှီးယန်၏ စိုးရိမ်တကြီး ပြောလာသည့် စကားသံကို သူမ ကြားလိုက်ရသည်။

“ လင်းရန်၊ မင်း ကိုယ်နဲ့ တွဲဖို့ ဆန္ဒရှိလား”

လင်းရန်တစ်ယောက် မင်တက်ကြောင်အမ်းသွားခဲ့ရသည်။

သူမအနေဖြင့် စုန့်ရှီးယန်၏ အတွေးကို ယခင်ကတည်းက ခန့်မှန်းထားခဲ့ပြီးဖြစ်သော်လည်း စုန့်ရှီးယန် ပြောသည့်စကားကို သူမကိုယ်တိုင် ကြားရသည့်အခါတွင်တော့ သူမကိုယ်တိုင်သည်လည်း ထင်ထားသလောက် အေးဆေးတည်ငြိမ်ခြင်း မရှိတော့ပေ။

လင်းရန် စုန့်ရှီးယန်ကို မော့ကြည့်လိုက်မိလျှင် သူမ၏အရှေ့မှ လူသည်လည်း သူမထက် အဆပေါင်းများစွာ

ပို၍စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

စုန့်ရှီးယန်၏ လက်များပင် အနည်းငယ်တုန်နေသည်ကိုပင် သူမ မြင်လိုက်ရပေသည်။

လင်းရန်သည် သူမ၏ ပါးစပ်ကိုအသာ ဖုံးအုပ်လိုက်မိကာ အလွန်အံ့အားသင့်နေခဲ့ရပြီး

စုန့်ရှီးယန်အား ကြည့်လိုက်မိသည်။

“အာ...ဒါ...”

လင်းရန်၏ အမူအရာကို မြင်လျှင် စုန့်ရှီးယန်၏နှလုံးက အလွန်အမင်း တုန်ခါနေခဲ့ရသည်။

သူမ၏နောက်ထပ် ပြောလာမည့်စကားများသည်က သူ့အား ငြင်းပယ်ကြောင်းများ ဖြစ်နေမည်လား။

မဖြစ်နိုင်ဘူး!

စုန့်ရှီးယန်တစ်ယောက် သူ ကြိုတင်ပြင်ဆင်ထားခဲ့သည့် စာကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။

မည်သူမဆို ထိုစာကို ဖတ်ကြည့်လိုက်မည်ဆိုပါက ဤလူငယ်မှာ အမှန်တကယ်ပင် စိတ်ရင်းမှန်ဖြင့် ပြောခြင်းဖြစ်သည်ဟု ပြောလာလိမ့်မည်။

“ဒါက ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ မိသားစုအချက်အလက်တွေပါ၊ ကိုယ် စဉ်းစားမိသမျှ အရာအားလုံးကိုလည်းဒီမှာ ရေးထားတယ်”

ထိုစာထဲတွင် စုန့်ရှီးယန်၏ အရပ်အမြင့်နှင့် ကိုယ်အလေးချိန်၊ မွေးရပ်မြေ၊ မိဘများ၊ ဆွေမျိုးများစသည့် အချက်အလက်များအပြင် စုန့်ရှီးယန်၏ လက်ရှိရာထူးနှင့် လစဉ်ထောက်ပံ့ကြေးများ၊ သူ ယခုက စုဆောင်ထားသည့် ငွေကြေး

မည်မျှရှိသည်အထိ ပါဝင်သည်။

စုန့်ရှီးယန်အနေဖြင့် သူ အကူအညီရယူနိုင်သည့်အရာအားလုံးကို ထိုစာထဲတွင် ရေးထားခဲ့လေသည်။

ဤစာရွက်အပိုင်းအစမှာ လင်းရန်၏ရှေ့၌ သူ့ကိုယ်သူ ထုတ်ဖော်ပြသ( ကြွားဝါပြသခြင်း)ခြင်းဖြစ်ကာ ဤသည်မှာ သူ၏အခြေအနေအားလုံးဖြစ်ပေသည်။

လင်းရန်သာ ဤအချက်အလက်များအပေါ် နှစ်သက်ပြီး စိတ်ကျေနပ်မှုရရှိပါက သူ့အား လက်ခံလာရနာ အခွင့်အရေးတိုးမြင့်လာလိမ့်မည်။

သို့သော် လင်းရန်သာ သူ့ကို အမှန်တကယ် မကြိုက်နှစ်သက်သည့်

အရာတစ်ခုခုရှိပါက စုန့်ရှီးယန်ထံတွင် ရွေးချယ်စရာမရှိတော့ပေ။

စုန့်ရှီးယန်အနေဖြင့် သူ့ထံတွင် ရှိနေသည့်အရာအားလုံးကို ပြသထားပြီးသားဖြစ်နေပေပြီ။

စုန့်ရှီးယန် ထုတ်လာသည့်အရာမှာ စာရွက်တစ်ရွက်ဖြစ်နေပြီး ၎င်း၏ကိုယ်ရေးကိုယ်တာ မိတ်ဆက်ခြင်းနှင့် ဆင်တူသည့် စာရွက်တစ်ရွက်ဖြစ်လိမ့်မည်ဟု လင်းရန် မမျှော်လင့်ထားခဲ့ပေ။

စုန့်ရှီးယန်အနေဖြင့် ယခင်ကဲ့သို့ပင် သူမကို နှုတ်ခမ်းနီ၊မျက်ခုံးမွှေးခဲတံနှင့် တခြားမိန်းကလေးငယ်များ နှစ်သက်သည့် ပစ္စည်းများကို ပေးလိမ့်မည်ဟု ထင်ခဲ့သော်လည်း ထိုသို့လေးနက်သည့်စာရွက်မျိုးကို ပေးလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ဟု ဆိုရပေမည်။

လင်းရန်၏အမြင်တွင် ဤစာရွက်သည်က အခြားအရာများစွာထက် ပို၍ အဖိုးတန်သည်ဟု ဆိုနိုင်သည်။

လင်းရန်တစ်ယောက် အံ့အားသင့်နေခဲ့သော်လည်း အနည်းငယ်လည်း မကျေမနပ်ဖြစ်နေခဲ့သည်။

စုန့်ရှီးယန်သည်က သူမထံ၌ အထူးစွမ်းအားများရှိသည်ဟု ထင်နေသည်လား။

ထိုစာရွက်ပေါ်၌ ရေးထားသည့် စာများကို ဤကဲ့သို့ ညအချိန်တွင် မည်သူက ရှင်းရှင်းလင်းလင်းမြင်နိုင်ပါမည်နည်း။

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် လင်းရန်တစ်ယောက် သူမ၏ရှုပ်ထွေးနေသည့်စိတ်ခံစားချက်များကို ထိန်းချုပ်ကာ စုန့်ရှီးယန်ကို ပြောလိုက်သည်။

“ကျွန်မ မနက်ဖြန်ကျမှ ရှင့်ကို

အကြောင်းပြန်ပါ့မယ်၊ ရမလား”

သူမအနေဖြင့် မနက်ဖြန် နေ့ခင်းဘက်တွင် ထိုစာကို သေသေချာချာ ဖတ်ကြည့်ရလိမ့်မည်။

စုန့်ရှီးယန်တစ်ယောက် ဤတုံ့ပြန်မှုက သူ စိတ်ကူးထားခဲ့သည်နှင့် လုံးလုံးလျားလျား ကွာခြားနေသည်ဟု တွေးမိရသည်။

လင်းရန်သည်က သဘောတူခြင်းလည်းမရှိသကဲ့သို့ ငြင်းပယ်ခြင်းလည်းမရှိခဲ့ပေ။

သို့သော် အကောင်းဘက်မှ တွေးကြည့်ပါက သူ့ထံတွင် အခွင့်အရေးရှိနေသေးသည်မဟုတ်ပါလား။

ထို့ကြောင့် သူ ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ရပါတယ်၊ ကိုယ် မင်းဆီက အဖြေကို စောင့်နေပါ့မယ်”

လင်းရန်လည်း စာရွက်ထဲ၌ ရေးထားသည့် အကြောင်းအရာကို သိချင်စိတ်ပြင်းပြနေသည့်အတွက် အိမ်သို့ အမြန်ပြန်သွားခဲ့သည်။

စုန့်ရှီးယန်က သူမအား တံခါးဝအထိ လိုက်ပို့ခဲ့သည်။ ထို့နောက် လင်းရန်နှင့် အဘွားလင်းတို့ အိမ်ထဲ၌ စကားပြောနေသည်ကို ကြားပြီးသည့်နောက်မှသာ သူ အထဲသို့ ဝင်သွားခဲ့သည်။

သူတို့နှစ်ဦးသာ အတူဝင်သွားပါက အဘွားလင်း အတွေးလွန်လိမ့်မည်ကို သူ စိုးရိမ်နေခဲ့သည်။

သူ့အနေဖြင့် အ

တခြားသူများ၏ သံသယကို ရှောင်ရှားရန် လိုအပ်နေပေသေးသည်။

ခြံဝင်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် စုန့်ရှီးယန်က သူနှင့် လင်းကွမ်းချင်းတို့နေသည့် အိမ်ခန်းသို့ လျှောက်သွားခဲ့သော်လည်း သူ၏မျက်လုံးများမှာမူ လင်းရန်၏အခန်းဘက်သို့သာ ကြည့်နေခဲ့သည်။

လင်းရန်၏အခန်းထဲမှ မီးရောင်ကို မြင်လိုက်ရသည့်အချိန်တွင် သူ ထပ်မံ၍ စိတ်ပူပန်ပြီး စိုးရိမ်လာခဲ့ပြန်သည်။

လင်းရန်ကအခု သူရဲ့စာရွက်ကို ကြည့်နေလောက်ပြီလားလား။ ဒါမှမဟုတ် မကြည့်သေးတာများလား။

စုန့်ရှီးယန်တစ်ယောက် သူ၏ဆံပင်များကို စိတ်ညစ်ညူးစွာဖြင့် ကုတ်ခြစ်လိုက်ပြီးသည့်နောက် ဤညတွင် သူ့အနေဖြင့် ကောင်းစွာအိပ်စက်နိုင်မည်မဟုတ်ကြောင်းကို သိလိုက်ရလေသည်။

…

All Chapters