← Chapters

အခန်း (၁၈၄)

Vol. 19 Ch. 184

အခန်း (၁၈၄)

Vol. 19 Ch. 184

လင်းရန်တစ်ယောက် သူမ၏ ပထမဆုံးအနမ်းက ဤကဲ့သို့အဆုံးသတ်မည်ကို အမှန်တကယ်စိုးရိမ်နေခဲ့သည်။

သို့သော် သူမ အတွေးလွန်သွားခဲ့ခြင်းသာဖြစ်ပေသည်။

စုန့်ရှီးယန်က စိတ်လှုပ်ရှားနေခဲ့သော်လည်း သူ၏ဆင်ခြင်တုံတရားနှင့် ကျိုးကြောင်းဆီလျော်မှုကတော့ ပုံမှန်အနေအထားတွင် ရှိနေဆဲဖြစ်သည်။

သူက သူနှင့် အနီးကပ်ရှိနေသည့် လင်းရန်၏ နီရဲလှသောနှုတ်ခမ်းကို နမ်းရှိုက်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သော်လည်း စုန့်ရှီးယန်တစ်ယောက် ခက်ခဲစွာဖြင့် တွန်းလှန်လိုက်လေ၏။

သူက သူ၏ မျက်လုံးများကို အပေါ်သို့ ရွှေ့ရန် အတင်းအကြပ်ဖိအားပေးလိုက်သည်။

သူက သူ့ကိုယ်သူ အပြင်းအထန်

ထိန်းချုပ်ကာ လင်းရန်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

သို့သော်လည်း သူ့အနေဖြင့် စကားပြောတော့မယောင်ဖြစ်နေသည့် လင်းရန်၏ ရွှန်းလဲ့နေသည့်

မျက်လုံးများကို ကြည့်မိလိုက်သည့်ခဏတွင် သူ၏ဆုံးဖြတ်ချက်က မှားယွင်းသွားပြီဟု ခံစားလိုက်ရပြန်သည်။

လင်းရန်၏ ချစ်မြတ်နိုးဖွယ်ရာ မျက်လုံးများဖြင့် ကြည့်ရှုခံနေရချိန်တွင် မည်သူက အေးဆေးတည်ငြိမ်နိုင်ပါမည်နည်း။

နောက်ဆုံးတွင်တော့ စုန့်ရှီးယန်တစ်ယောက် လင်းရန်၏ပါးပေါ်သို့ အာရုံစိုက်၍ ကြည့်လိုက်မိသည်။

သို့သော် လင်းရန်၏ ပါးများသည်က

အဘယ်ကြောင့် ဤကဲ့သို့ ပန်းနုရောင်သမ်းနေပြီး လက်ဖြင့် ဖြစ်ညစ်ပစ်လိုက်ချင်စိတ်ကို ဖြစ်ပေါ်စေရသနည်း။

နောက်ဆုံး၌ စုန့်ရှီးယန်တစ်ယောက် သူ့ကိုယ်သူ မျှော်လင့်ချက် မရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

လင်းရန်အနေဖြင့် အစပိုင်း၌ အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း

စုန့်ရှီးယန်၏ အာရုံစိုက်မှုမရှိသည့်အကြည့်တို့ကို သတိပြုမိသည့်အခိုက်တွင်အတွေ့အကြုံရင့်ကျက်သည့်လူများ ခံစားရသည့်ခံစားချက်မျိုးကို ရရှိလိုက်သည်။

သူမသည်လည်း အတွေ့အကြုံမရှုသော်လည်း စုန့်ရှီးယန်နှင့်ယှဉ်လျှင်တေခ့ သူမက မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့သည်များရှိ၍ အတွေ့အကြုံရှိသည့်သူဟုပင် ပြောနိုင်လိမ့်မည်။

လင်းရန်တစ်ယောက် ရယ်ရမည်လား၊ ငိုရမည်လားပင် မသိတော့ပေ။

“ပြောစရာရှိရင် မြန်မြန်ပြောတော့၊

ကျွန်မ အပြင်ဘက်မှာ မနက်စာသွားစားရဦးမှာ”

စုန့်ရှီးယန် တိတ်ဆိတ်နေသည်ကို မြင်သည့်အတွက် လင်းရန် အနည်းငယ် စိတ်မရှည်လာတော့ပေ။

သူမ မနက်က အိပ်ယာထနောက်ကျခဲ့ခြင်းမှာ ယမန်နေ့ညက စုန့်ရှီးယန် ပေးခဲ့သည့် စာရွက်နှင့်ပတ်သက်၍ တွေးနေခဲ့သည့်အတွက်ကြောင့်သာဖြစ်သည်။

ယခုအချိန်တွင်တော့ လင်းရန်မှာ အလွန်ပင် ဆာလောင်နေခဲ့သည်။

ချစ်ကြိုက်၍ လက်တွဲရမည့် ပထမဆုံးနေ့တွင် စုန့်ရှီးယန်မှ သူမအား မနက်စာစားခြင်းကို တားဆီးမည်ဆိုပါက ဤကိစ္စကို အလေးအနက်ထားကာ ထပ်မံ၍ စဉ်းစားရလိမ့်မည်ဟု သူမ တွေးလိုက်သည်။

“အာ ကိုယ်......”

စုန့်ရှီးယန်တစ်ယောက်ပြောတော့မည့်စကားကို မေ့သွားခဲ့ရသည်။

သူသည်က အမှန်တကယ်ပင် လင်းမိသားစုရှိ အခြားသူများကို ရှောင်ရှားလိုသည့်အတွက် လင်းရန်အား သူမ၏အခန်းဘက်သို့ ဆွဲခေါ်ခဲ့မိသည်။

...သို့သော် လုပ်စရာ မည်သည်အရာမှမရှိသကဲ့သို့ လုပ်ရဲခြင်းလည်း မရှိခဲ့ပေ။

သူသည်က သူမနှင့်အတူ နှစ်ဦးတည်းနေချင်ရုံသာ ဖြစ်သည်။

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်ပြီးသည့်နောက်၌ စုန့်ရှီးယန်က လင်းရန်အား ကြည့်လိုက်ပြီး စကားတစ်ခွန်း ပြောလိုက်သည်။

“ဒါဆိုရင် ကိုယ် အခုကစပြီး မင်းကို ရန်ရန် လို့ခေါ်လို့ရမလား”

လင်းရန်: “......”

ဒီစကားက သူ ဒီလောက်အချိန်အကြာကြီး စဉ်းစားနေပြီးမှ သူမကို ပြောချင်တဲ့ စကားလား?!

သို့သော် စုန့်ရှီးယန်၏ မျှော်လင့်နေသည့် မျက်လုံးများကို တွေ့လိုက်ရလျှင် လင်းရန်တစ်ယောက် စိတ်နှလုံးပျော့ပြောင်းသွားရသည်။

ဤသည်က သူမတို့နှစ်ဦး စတင်တွဲသည့် ပထမဆုံးနေ့ဖြစ်သည့်အတွက် သူမက ခေါင်းညိတ်ကာ အလေးအနက်ထား၍ ပြောလိုက်သည်။

“ရပတယ်”

စုန့်ရှီးယန်၏ ပခုံးများ ပြေလျော့သွားပြီး သူ၏တင်းကြပ်နေသော အာရုံတစ်ခုလုံးသည်လည်း ပြေလျော့သွားခဲ့သည်။

ဤကာလအတွင်း လင်းမိသားစုရှိ လူတိုင်းက လင်းရန်အား “ရန်ရန်” ဟု ချစ်ခင်စွာ ခေါ်ဆိုကြသော်လည်း

စုန့်ရှီးယန်မှာ “လင်းရန်” ဟုသာ ခေါ်ဆိုနိုင်ခဲ့ပြီး ရံဖန်ရံခါတွင် လင်းကျန်းအန်း၏အရှေ့၌ “ရဲဘော် လင်းရန်” ဟုပင် ခေါ်ခဲ့ရသည်။

ဤသည်မှာ “သူတို့က မရင်းနှီးဘူး” ဟူသည့်စကားလုံးများကိုသူ၏မျက်နှာပေါ်၌ ရေးထားသကဲ့သို့ပင် ဖြစ်သည်။

“ရန်ရန်” ဟူသည့် ထိုစကားလုံးကတော့အနာဂတ်၌ သူတို့နှစ်ဦးက

သူစိမ်းမဟုတ်တော့ဘဲ

သူတို့၏ ဆက်ဆံရေးမှာ နောက်ထပ်ခြေလှမ်းတစ်ခုတိုးတက်လာသည့ဟူသည့် အဓိပ္ပာယ်လည်း ဖြစ်ပေသည်။

ထို့ကြောင့် အခေါ်အဝေါ်များ ပြောင်းလဲခြင်းမှာ အမှန်တကယ်ပင် လိုအပ်ပေသည်။

ထိုသို့တွေးပြီးသည့်နောက် စုန့်ရှီးယန်မှာ ထိုနာမည်ကို ခေါ်ရန် မစောင့်နိုင်တော့ပေ။

“ရန်ရန်”

လင်းရန် မသိသကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်သည်။

“တခြားပြောစရာ ရှိသေးလို့လား”

“မရှိဘူး၊ ဒီအတိုင်း ခေါ်ကြည့်လိုက်တာ”

စုန့်ရှီးယန်တစ်ယောက် လင်းရန်အား ပျော်ရွှင်စွာဖြင့် ငေးကြည့်နေခဲ့သည်။

လင်းရန်တ တိတ်ဆိတ်သွားခဲ့ရသည်။

ထို့နောက် အသက်ပြင်းပြင်းရှူကာ

သူမ၏စိတ်ထဲ၌ ပြောလိုက်မိသည်။

ဒါက ငါ ရွေးချယ်ထားတဲ့လူပဲ!

သည်းခံရမယ် သည်းခံရမယ်!!

“ကောင်းပြီ ၊ ဒါဆို ကျွန်မရှေ့ကနေ ဖယ်ပေးတော့၊ ကျွန်မ မနက်စာသွားစားတော့မယ်”

လင်းရန်တစ်ယောက် နောက်ဆုံးတွင်

စုန့်ရှီးယန်အား သူမအနားမှ တွန်းဖယ်လိုက်နိုင်ခဲ့ပြီး မီးဖိုချောင်သို့ထွက်သွားခဲ့သည်။

စုန့်ရှီးယန်ကတော့ တွန်းဖယ်ခံရသော်လည်း စိတ်မဆိုးခဲ့ပေ။

သူ၏မျက်လုံးထဲတွင် လင်းရန်၏ တွန်းလိုက်သည့်အားမှာ ကြောင်လေးတစ်ကောင် ကလိထိုးနေသည်နှင့်ပင် တူနေသည်။

အင်အားက မပြင်းထန်လှသော်လည်း ထိုလက်ဖဝါးက စုန့်ရှီးယန်၏နှလုံးသားပေါ်၌ အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပေသည်။

စုန့်ရှီးယန်တစ်ယောက် သူ၏ရင်ဘတ်ကို ထိလိုက်သည်။

ဒီနေရာက လင်းရန် ထိခဲ့တဲ့နေရာပဲ။

ထိုသို့ဆိုလျှင် သူနှင့် လင်းရန်တို့က ပို၍ ရင်းနှီးမှုရှိလာသည် ဆိုလိုခြင်းမဟုတ်ပါလား။

ဤသည်မှာ လင်းရန်မှ သူ့အား အပြင်လူတစ်ဦးအဖြစ် လုံးဝမသတ်မှတ်ကြောင်းကိုလည်း ဖော်ပြရာ ရောက်ပေသည်။

စုန့်ရှီးယန်တစ်ယောက် သူ၏လျှာကို ကိုက်လိုက်ပြီးနောက် ပူလောင်နေသည့် နားရွက်များကို ထိလိုက်သည်။

“ ငါထင်ထားတာထက် ပိုအဆင်ပြေနေတာပဲ”

လက်ရှိအချိန်တွင်တော့ စုန့်ရှီးယန်မှာ သူနှင့်လင်းရန်တို့၏ အနာဂတ်ကလေးများ၏ အမည်များကိုပင် တွေးတောနေခဲ့ပေပြီ။

…

လင်းရန် မီးဖိုချောင်သို့ ရောက်ရှိပြီးသည့်နောက်တွင် ပန်းကန်များကိုဆေးကြောနေကြသည့် သူမ၏ဒေါ် လေး လင်းကျန်းဖူနှင့် အဘွားလင်းတို့က သူမ၏ ခန္ဓာကိုယ်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ကြသည်။

သူတို့က လင်းရန် နောက်ကျမှ အိပ်ယာထခြင်းမှာ နေမကောင်းဖြစ်နေသောကြောင့်ဟု ထင်ခဲ့ကြသည်။

လင်းရန်က ပြုံးပြီး ခေါင်းခါရမ်းလိုက်ကာ ဝိုးတဝါး ရှင်းပြလိုက်သည်။

“မဟုတ်ပါဘူး၊ ကျွန်မ ညက ကောင်းကောင်းမအိပ်ခဲ့ရလို့ အိပ်ရာထ နောက်ကျသွားတာပါ”

လင်းရန်က ခဏတာ တုံ့ဆိုင်းတသွားသော်လည်း အဆုံးတွင် စုန့်ရှီးယန်နှင့် သူမ၏ ဆက်ဆံရေးကို အတည်ပြုလိုက်သည့် အကြောင်းကို

မပြောပြခဲ့သေးပေ။

သူမအနေဖြင့် စုန့်ရှီးယန်နှင့် ဆက်ဆံရေးကို လွန်ခဲ့သည့် မိနစ်အနည်းငယ်အတွင်းကမှ အတည်ပြုခဲ့ခြင်းဖြစ်ပေသည်။

သူမနှင့် စုန့်ရှီးယန်တို့သာ အတူရှိပြီးသည့်နောက်တွင် မသင့်‌တော်ကြောင်း တွေ့ရှိပါက ရှက်စရာဖြစ်လိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် လင်းရန်က သူမနှင့် စုန့်ရှီးယန်တို့၏ ဆက်ဆံရေးတည်ငြိမ်သည့်အချိန်မှသာ သူမ၏မိသားစုအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။

သူမက နေမကောင်းဖြစ်နေခြင်း မဟုတ်ကြောင်းကို မြင်လျှင် လင်းကျန်းဖူနှင့် အဘွားလင်းတို့သးလည်း

ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ဘဲ သူတို့၏ မူလက စကားဝိုင်းကိုသာဆက်လက်၍ ပြောနေခဲ့ကြသည်။

“ကြည့်ရတာ

သူနဲ့ အလုပ်လုပ်ဖို့ စီစဉ်ထားတဲ့လူတွေက ပိုပိုများလာတယ်၊

ဒါက ကောင်းလား ၊ ဆိုးလားတောင် မသိတော့ဘူး”

အဘွားလင်းနှင့် လင်းကျန်းဖူတို့ ပြောနေသည့်အကြောင်းမှာ

လင်းရန်၏ဖခင် လင်းကျန်းအန်း၏ အပိုစီးပွားရေး လုပ်ငန်းအကြောင်းဖြစ်ပေသည်။

လင်းကျန်းအန်းက လွန်ခဲ့သည့်ရက်အနည်းငယ်က မြို့ဆေးရုံသို့ ဆေးဖက်ဝင်ပစ္စည်းများ၏ ပထမဆုံးအသုတ်ကို ပို့ဆောင်ခဲ့ပြီးသည့်နောက် မြို့ဆေးရုံမှ လင်းကျန်းအန်းကို ကတိပေးထားသည့်အတိုင်း သက်ဆိုင်ရာငွေနှင့် လက်မှတ်များကို ပေးခဲ့သည်။

သို့သော် ဤငွေနှင့်လက်မှတ်များသည်က လင်းကျန်းအန်းတစ်ဦးတည်းအတွက် မဟုတ်ဘဲ သူ၏ လုပ်ဖော်ကိုင်ဘက်များအတွက်လည်း ပါ၀င်နေခဲ့သည်။

ထို့ကြောင့် ထိုနေ့က ပြန်လာပြီးသည့်နောက် လင်းကျန်းအန်းက ထိုအလုပ်၌ ပါဝင်ခဲ့သည့်လူများကို ခေါ်ခဲ့ပြီး လူတစ်ဦးစီ၏လုပ်ဆောင်မှုအလိုက် ငွေနှင့်လက်မှတ်များကို ခွဲဝေပေးခဲ့သည်။

စုစုပေါင်း ယွမ်ရာနှင့်ချီရှိခဲ့ပြီး

တစ်ဦးလျှင် ယွမ်ဒါဇင်နှင့်ချီရရှိခဲ့ကြသည်။ အများဆုံးမှာ ယွမ် ၈၀ ကျော်ရရှိသည့် လင်းကျန်းအန်းဖြစ်ပြီး အနည်းဆုံးမှာ ယွမ် ၃၀ ကျော်ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ သူတို့သည်က ငွေအပြင် လက်မှတ်အချို့ကိုလည်း ရရှိခဲ့ကြသည်။

ငွေကြေးက အဖိုးတန်သော်လည်း ဤလက်မှတ်သည်လည်း လူတိုင်းအား အံ့အားသင့်စေသည်။

သူတို့က ကျေးလက်ဒေသတွင်ရှိနေကြသည့်အတွက် သူတို့ အလိုအပ်ဆုံးမှာ သုံးစွဲနမှုလက်မှတ်အမျိုးမျိုးသာ ဖြစ်ပေသည်။

သူတို့ဒကွန်မြူနတီသည်က နှစ်စဉ်လုပ်ငန်းခွင်ရမှတ်များကို ရှင်းပေးသည့်အခါ၌ လက်မှတ်များကို လူတစ်ဦးချင်းစီအလိုက် ပေးအပ်သည်။

သို့သော် တစ်နှစ်လျှင် တစ်ကြိမ်သာ လက်မှတ်ထုတ်ပေးခြင်းက မလုံလောက်သည့်အတွက် ကျေးလက်ဒေသရှိ အိမ်တိုင်းတွင် ဤလက်မှတ်များက အလိုအပ်ဆုံးဖြစ်နေခဲ့ရသည်။

သူတို့အနေဖြင့် မြို့သို့လည်း အလုပ်သွားစရာမလိုဘဲ ကွန်မြူနတီမှ လက်မှတ်များအပြင် လက်မှတ်အမျိုးမျိုးကိုလည်း ထပ်မံရရှိနိုင်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

မြို့ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်က အမှန်တကယ်ပင် မှန်ကန်သည့်အရာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထင်ခဲ့ကြသည်။

ထိုနေ့တွင် လင်းကျန်းအန်းမှ ပစ္စည်းများဝေငှပြီးသည့်နောက် မည်သူက ထိန်းချုပ်နိုင်ခြင်းမရှိဘဲ သတင်းကို ဖြန့်ခဲ့သည် မသိခဲ့ရပေ။

အချိန်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြသူများနှင့် လင်းကျန်းအန်းအား မကောင်းပြောခဲ့ကြသည့်သူများမှာ အလွန်အမင်း မနာလိုဖြစ်ကာ နောင်တရလာခဲ့ကြသည်။

လင်းကျန်းအန်း၏ လုပ်ငန်းလည်ပတ်မှုက ကောင်းမွန် မှန်ကန်ရုံသာမက ငွေကြေးများစွာကို ရနိုင်ကြောင်း သိခဲ့ပါက သူတို့သည်လည်း လင်းကျန်းအန်းနှင့်အတူ ပူးပေါင်း

လုပ်ဆောင်ခဲ့လိမ့်မည်ဖြစ်သည်။

ကွန်မြူနတီအတွင်း၌ လယ်ယာစိုက်ပျိုးခြင်းမှ ရရှိသည့် ငွေနှင့် လက်မှတ်အနည်းငယ်လောက်က သူတို့အတွက် စိတ်အေးချမ်းမှုခံစားရလောက်အောင် ပြည့်စုံခြင်းမရှိပေ။

အရေးအကြီးဆုံးအချက်မှာ ယခုအချိန်ကာလတွင် အိမ်တိုင်း၌ လူဦးရေက အလွန်များပြားနေခဲ်ပေသည်။

အဆုံးတွင် လူတိုင်းက မိသားစုတစ်စုမှ မိသားစုဝင်တစ်ဝက်လောက်အထိ လယ်ယာလုပ်ကိုင်ရန် စေလွှတ်ပါက သူတို့၏မိသားစုက စားသောက်ရန် လုံလောက်မည်ဖြစ်ပြီး ကျန်သည့် မိသားစု၀င်များမှ လင်းကျန်းအန်းနှင့်အတူ တောင်ပေါ်သို့သွားကာ ဆေးဝါးများစုဆောင်းနိုင်ပြီး

ငွေကြေးနှင့် လက်မှတ်အမျိုးမျိုးကို ရရှိနိုင်မည်ဟု တွေးလာကြသည်။

ဤသည်မှာ နှစ်ဖက်လုံး အကျိုးရှိသည် မဟုတ်ပါလား။

ထို့ကြောင့် ထိုနေ့မှစ၍ ကွန်မြူနတီမှ လူများက လင်းကျန်းအန်းထံသို့ လာခဲ့သည်။

*

All Chapters