← Chapters

အခန်း (၁၈၅)

Vol. 19 Ch. 185

အခန်း (၁၈၅)

Vol. 19 Ch. 185

လူတိုင်းက တူညီသည့်ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ကြခြင်းဖြစ်ပေ၏။

ထိုရည်ရွယ်ချက်မှာ လင်းကျန်းအန်းထံတွင် သူတို့လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်ကာ သူတို့၏ဘဝများကို တိုးတက်အောင် ကူညီနိုင်မည်လားဟု မေးမြန်းရန် ဖြစ်သည်။

အဆိုးဆုံးအခြေအနေမှာ ဤသတင်းက အနီးအနားရှိ တပ်မဟာအဖွဲ့သို့အထိ ရောက်ရှိသွားခဲ့ခြင်းသာ ဖြစ်ပေသည်။

ထိုတပ်မဟာ၏ခေါင်းဆောင်ပင်လျှင် ဤသတင်းကိုကြားပြီးသည့်နောက် လာရောက်မေးမြန်းခဲ့သည်။

လင်းကျန်းအန်းက စိတ်ကောင်းရှိသည့်လူတစ်ဦးဖြစ်သည့်အတွက် ထိုခဏတာ၌ ဤလူအုပ်စုကို မည်သို့ငြင်းပယ်ရမည်ကို မသိခဲ့ပေ။

ထို့အပြင် အခြားကွန်မြူနတီများမှ လူများကလည်း လာရောက်၍

အခြေနေ မေးမြန်းနေခဲ့ကြသည်။

နောက်ဆုံး၌ သူက ဤကိစ္စနှင့်ပတ်သက်၍ တပ်မဟာခေါင်းဆောင်ကိုပြောပြ၍ အကြံဉာဏ်ပေးရန် တောင်းဆိုခဲ့ရသည်။

တပ်ခွဲခေါင်းဆောင်အနေဖြင့် မည်သည့်အရာကို လုပ်နိုင်ဦးမည်နည်း။

ဤအလုပ်ကို ပထမဆုံးအဆိုပြုခဲ့သူသည်က လင်းကျန်းအန်းကိုယ်တိုင် မဟုတ်ပါလား။ ဤကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန်အတွက် သူ့ထံတွင် မည်သို့အရည်အချင်းပြည့်မီနိုင်မည်နည်း။

သို့သော်လည်း လင်းကျန်းအန်းက ခေါင်းကိုက်နေသည်ကိုကြည့်ပြီး သူသည် သူ့နှင့်အတူ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

သို့သော်လည်း နောက်ဆုံးတွင် ကိစ္စများက သူတို့၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည့်အတွက် ဤဆုံးဖြတ်ချက်က အမှန်တကယ်ပင် ခက်ခဲခဲ့သည်။

ထို့ကြောင့် နှစ်ရက်ကြာအောင် ဤလူအုပ်စုက ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ကြသေးပေ။

အဘွားလင်းမှာ ဤအကြောင်းကိုတွေးလိုက်လျှင် ကူကယ်ရာမဲ့စွာဖြင့် ထပ်မံသက်ပြင်းချခဲ့သည်။

“ငါက ကပ်စေးမနဲပါဘူး၊ ဒါပေမဲ့ တောင်တွေက ဒီလောက်ပဲရှိတယ်၊ လူတွေပိုများသွားရင် သူ့ရဲ့ ဝေစုက နည်းသွားလိမ့်မယ်၊

ဒီကလေးရဲ့ အဲဒီစိတ်နေစိတ်ထားနှင့်ရင် သူ ဘယ်သူနဲ့တူတယ်ဆိုတာကိုတောင် ငါ တကယ်မသိတော့ဘူး”

အဘွားလင်းသည်ကား အမှန်တကယ်ပင် ကပ်စေးနဲတတ်သည့်သူမျိုး မဟုတ်ပါချေပေ။

သို့သော် သူမ၏ မိသားစုနှင့် တခြားသူများအကြား ရွေးချယ်ရမည်ဆိုပါက သူမအနေဖြင့် အခြားသူများကို ဂရုမစိုက်မီ သူမ၏မိသားစုကိုယ်တိုင်အတွက်သာ ကောင်းစွာနေထိုင်ရန်ကို သေချာပေါက် ရွေးချယ်လိမ့်မည်ဖြစ်သည်။

သို့သော်လည်း လင်းကျန်းအန်း၏ စိတ်နေစိတ်ထားကိုကြည့်ရလျှင် တစ်ဖက်လူက တခြားသူများကိုပါ အတူတကွ ခေါ်ဆောင်ရန် ရွေးချယ်နိုင်သည်ဟု သူမ တွေးခဲ့သည်။

လင်းကျန်းဖူသည်လည်း သူမ ဒုတိယအစ်ကို၏ စိတ်နေစိတ်ထားကို သိခဲ့သည့်အတွက် အဘွားလင်းကိုသာ အပြုံးနှင့် နှစ်သိမ့်ပေးခဲ့ရသည်။

“အမေ၊ တခြားရှုထောင့်ကနေ စဉ်းစားကြည့်ပါဦး၊ စိတ်သဘောကောင်းမွန်တဲ့သူတွေ ဆုလာဘ်ရတယ်ဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား၊ ကျွန်မရဲ့ ဒုတိယအစ်ကိုက အခု အခြားသူတွေကို ကူညီခဲ့တဲ့အတွက် တခြားသူတွေကလည်း သူ့ကို အနာဂတ်မှာ သေချာပေါက် ပြန်ပေးဆပ်ကြမှာပါ”

အဘွားလင်းက တိကျသည့်အဖြေကို မပေးခဲ့ပေ။

“အဲလိုဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

လင်းရန်သည်လည်း ပြီးခဲ့သည့်နှစ်ရက်အတွင်း အဖေလင်း၏ အခြေအနေအကြောင်းကို သူတို့၏စကားများမှသာ သိရှိခဲ့သည်။

သူမာ ပြီးခဲ့သည့်နှစ်ရက်အတွင်း ခေါင်းဆောင်ဟောင်းအတွက် ဟင်းချက်ရန် ပြင်ဆင်နေခဲ့ရသည်။ နေ့စဥ် နေ့တိုင်း ဟင်းပွဲများကို လေ့လာနေခဲ့သည်။

ထို့အပြင် အဖေလင်းက ပြန်လာပြီးနောက် သ အရုဏ်မတက်မီ အပြင်သို့ထွက်ပြီး ညဘက်မှသာ အိမ်သို့ပြန်ရောက်ခဲ့တတ်သည်။

ထို့ကြောင့် သူ ပင်ပန်းနေပုံရသည့်အတွက် သူမသည်လည်း မေးချင်လျှင်ပင် မမေးရဲတော့ဘဲ သူ့ကို ကောင်းကောင်းအနားယူရန်သာ ပြောခဲ့ရသည်။

ဤအကြောင်းကြောင့် သူမအနေဖြင့် အဘွားလင်းလောက်ပင် တပ်မဟာအတွင်းမှ အကြောင်းအရာများကို မသိခဲ့ပေ။

“အဖေက ရလဒ် ဘယ်တော့လောက်ကို ရနိုင်မယ်လို့ ပြောခဲ့သေးလား”

လင်းရန်က အဘွားလင်း၏စကားများကို ကြားရပြီးနောက်တွင် သိချင်စိတ်များပြင်းပြလာခဲ့သည်။

အဘွားလင်းက ခေါင်းခါလိုက်သည်။

“သူတို့က ရလဒ်တွေက အမြန်ဆုံးရသင့်တယ်လို့ ပြောခဲ့ပေမဲ့ ငါကတော့ သိပ်မထင်ဘူး”

ယခုအချိန်တွင် တပ်မဟာမှ ပါဝင်လိုသည့် လူများ ပိုများလာသည်နှင့်အမျှ လူတိုင်းကလည်း အထဲတွင် ပါဝင်ပြီး တစ်စိတ်တစ်ပိုင်းကို ရယူလိုကြသည်။

သို့သော်လည်း အမှန်တကယ်တွင် လူတိုင်းက အခြေအနေများနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် အချိန်ကျလာသည့်အခါ သူတို့က တချို့လူများကို ငြင်းပယ်လိမ့်မည်ဖြစ်သည်။

သို့သော် ငြင်းပယ်ခံရသူများက ဤကဲ့သို့ လက်လျှော့အရှုံးပေးမည်မဟုတ်သည်က သေချာပေသည်။

“မင်းက ဘာလို့ ငါ့ကို ငြင်းရတာလဲ” ဆိုသည်စကားများကို ပြောဆိုလာမည်ဖြစ်ကာ နောက်ပိုင်းတွင် ပြဿနာများရှိလာနိုင်သည်။

လင်းရန်လည်း ဤအကြောင်းကိုကြားလျှင် ၎င်းက ပြဿနာတစ်ခုဖြစ်လာနိုင်ကြောင်းကို သဘောပေါက်ခဲ့သည်။

အဘွားလင်းကဲ့သို့ပင် သူမသည်လညား တခြားသူများကို သူနှင့်အတူ လုပ်ဆောင်ခိုင်းခြင်း မပြုလုပ်သင့်ဟု တွေးခဲ့သည်။

ဤလူအုပ်စုသည်ကို ယခုအချိန်တွင် ငြင်းဆန်ခြင်းက နောက်ပိုင်းတွင် ဖြစ်လာမည့် ပြဿနာများစွာကို သက်သာစေလိမ့်မည်။

ဤအချိန်တွင် ဆွေးနွေးပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်သည့် လင်းကျန်းအန်းသည်လည်း တပ်မဟာဌာနချုပ်တွင် တပ်အဟာခေါင်းဆောင်နှင့် အခြားသူများနှင့်အတူ နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်နေခဲ့သည်။

နှစ်ရက် သို့မဟုတ် သုံးရက်ကြာ စဉ်းစားပြီး ဆွေးနွေးပြီးနောက် လင်းကျန်းအန်းက နောက်ထပ်လူအချို့ကို ထပ်မံထည့်သွင်းကာ သူတို့နှင့်အတူ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ဤဆုံးဖြတ်ချက်ကို သူက အမှန်တကယ်ပင် ဂရုတစိုက် လေ့လာပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပထမဦးစွာ သူတို့အုပ်စုသည်က ပြီးခဲ့သည့်အကြိမ်က တောင်များကိုသွားရောက်ခဲ့ပြီးနောက် တောင်များရှိ ဆေးဖက်ဝင်ပစ္စည်းများက သူတို့စိတ်ကူးထားသည်ထက် များစွာ ပို၍ကြွယ်ဝကြောင်း တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် သူတို့အနည်းငယ်နှင့်သာဆိုလျှင် ၎င်းတို့အားလုံးကို စုဆောင်းနိုင်မည်မဟုတ်ပေ။

ထို့အပြင် နောက်ထပ်အလွန်အရေးကြီးသည့်အကြောင်းပြချက်တစ်ခုရှိသေးသည်။

၎င်းမှာ လင်းကျန်းအန်းက မြို့သို့ နှစ်ကြိမ်သွားခဲ့ပြီးနောက်တွင် သူတို့၏နေရာငယ်သည်က မြို့နှင့် နီးစပ်သည့် တချို့တပ်ခွဲများနှင့် နှိုင်းယှဉ်ပါက မည်မျှနောက်ကျကျန်ခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။

ဤ “နောက်ကျကျန်မှု” သည်ကား သူတို့၏စားသောက်နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုနှင့် သယ်ယူပို့ဆောင်ရေးတို့မှာ ထိုလူများလောက် မကောင်းမွန်သည်ကို ဆိုလိုသည်သာမကဘဲ အရေးအကြီးဆုံးအချက်မှာ သူတို့၏ သတင်းအချက်အလက်များက များစွာ နောက်ကျကျန်နေခြင်းဖြစ်သည်။

သူတို့သည်က မြို့ကြီးများနှင့် အလွန်ဝေးကွာနေခဲ့ပြီး သယ်ယူပို့ဆောင်ရေးသည်လည်း အဆင်မပြေပေ။ လူများစွာက ဤသို့သော မရေရာသည့်ဘဝမျိုးတွင် နေသားတကျဖြင့် နေထိုင်နေခဲ့ကြရသည်။

သို့သော်လည်း တကယ်တမ်းတွင် အပြင်ဘက်ရှိ မြို့ကြီးများသို့ သွားကြည့်ပြီးနောက် အပြင်လောကကြီးက အလွန်အမင်းအံ့သြစရာကောင်းကြောင်းကို တွေ့ရလိမ့်မည်။

လမ်းများပေါ်တွင် ကားများကို နေရာတိုင်း၌ မြင်တွေ့နိုင်ပြီး ပစ္စည်းဝယ်ယူသည့်နေရာများမှာလညား ကုန်ပစ္စည်းနှင့် စျေးကွက်ရှာဖွေရေးသမဝါယမငယ်လေးများတွင်သာ ဝယ်ရမည်ဟူ၍ ကန့်သတ်ထားခြင်းမရှိပေ။

အိမ်များသည်ပင် အထပ်ပေါင်းများစွာရှိနိုင်သည်။ ထို့အပြင် ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်ကဲ့သို့သော သူ မည်သို့ ခေါ်ဆိုရမည်ကိုပင်မသိခဲ့သည့် စကားလုံးများကိုလည်း တစ်စုံတစ်ဦးက ပြောသည်ကို ကြားခဲ့သည်။

ထို့ကြောင့် နှစ်ကြိမ်တိုင်တိုင် အပြင်ဘက်သို့သွားခဲ့ပြီးနောက်တွင် လင်းကျန်းအန်း၏ စိတ်ထဲ၌ ဝိုးတဝါးအကြံတစ်ခုရှိလာခဲ့သည်။

၎င်းသည်ကား သူ၏မိသားစုကို တောင်များကြားမှ ခေါ်ထုတ်ပြီး အပြင်လောကကို အတူတကွမြင်တွေ့ခံစားနိုင်ပင် ဖြစ်လေ၏။

သူ ယခုလုပ်နေသကဲ့သို့ ဆေးဖက်ဝင်ပစ္စည်းအနည်းငယ်ကို မြို့ဆေးရုံသို့ ငွေလဲလှယ်ရန် သယ်ဆောင်ရုံလောက်နှင့် သေချာပေါက် မလုံလောက်ပါချေ။

ထို့ကြောင့် လင်းကျန်းအန်းက ဤအကြိမ်တွင် အတော်လေးရဲရင့်သည့် ဆုံးဖြတ်ချက်ကိုလည်း ချခဲ့သည်။

သူက တပ်မဟာခေါင်းဆောင်နှင့် ဆွေးနွေးခဲ့ပြီး ဤအကြိမ်တွင် အတူတကွရောက်ရှိလာသည့် တခြားသော တပ်မဟာခေါင်းဆောင်များကိုပါ အတူတကွလုပ်ဆောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆွဲဆောင်ရန် စီစဉ်ခဲ့သည်။

လူများပိုများလာသည့်အချိနာတွင် သူတို့အပေါ် အဖွဲ့အစည်း၏ သဘောထားကလည်း သေချာပေါက် ပို၍ပြေလျော့လာလိမ့်မည်။

အနာဂတ်တွင် အခြေအနေကောင်းပါက သူတို့သည်လည်း တခြားတပ်မဟာများကဲ့သို့ ကိုယ်ပိုင်စက်ရုံငယ်တစ်ခုပင် ရှိလာနိုင်ပေမည်။

တပ်မဟာတစ်ခုမှ စက်ရုံတစ်ခုကို တည်ထောင်နိုင်သညာ့အကြောင်းကို လင်းကျန်းအန်း မြို့သို့သွားစဉ် အခြားသူများထံမှ မတော်တဆကြားခဲ့ရသည်။

တချို့နေရာများတွင် ထူးခြားသည့်ဒေသထွက်ကုန်များ သို့မဟုတ် နည်းပညာများရှိပါက ၎င်းတို့က ကိုယ်ပိုင်စက်ရုံများကို တည်ထောင်ပြီး မြို့ပေါ်ရှိ တခြားသော ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်။

ဤအရာသည်က တပ်မဟာ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရုံသာမက၊ အတခြားသော အလုပ်ဌာနများကိုလည်း အထောက်အကူဖြစ်စေသည်။

အစိုးရက ဤသည်ကို မကန့်ကွက်ရုံသည့်အပြင် ခိုင်မာသည့်ပံ့ပိုးမှုများကိုလည်း ပေးလာလိမ့်မည်။

ဤသတင်းက သူ့အတွက် ဉာဏ်အလင်းရခြင်းဟု ဆိုနိုင်သည်။ သူ ဤကမ္ဘာပေါ်တွင် အလွန် ပျော်ရွှင်ဖြစ်နေစဉ်တွင် နောက်ထပ် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သလိုပင်။

စက်ရုံကို တည်ထောင်ပြီးသည်နှင့် မြို့၊ ခရိုင်၊ မြို့တော်ပင်လျှင် သူတို့အတွက် ပံ့ပိုးမှုနှင့် တည်ဆောက်မှုများကို ပေးလာလိမ့်မည်။

ယခုအချိန်ကစပြီး သူတို့က မည်သူမှ ဂရုမစိုက်သည့် ဝေးလံသည့် တောင်ပေါ်ရွာများဟု ခေါ်ဆိုခံရတော့မည် မဟုတ်ပေ။

အနာဂတ်တွင် တပ်မဟာတစ်ဖွဲ့လုံးက ငွေအများကြီးရရှိလာနိုင်ပြီး မြို့ပေါ်သို့ အတူတကွနေထိုင်ရန် သွားနိုင်လိမ့်မည်။

သို့သော်လည်း လင်းကျန်းအန်းက သူ၏အတွေးများကို ဖော်ပြခဲ့သော်လည်း တပ်မဟာခေါင်းဆောင်နှင့် အခြားသူများသည် သူ့ကို အလေးအနက်ထားခြင်းမရှိခဲ့ပေ။

သူတို့သည်ကား အပြင်ဘက်လောကကြီးသို့ တစ်ခါမျှမသွားဖူးသကဲ့သို့ တခြားနေရာများရှိ အခြေအနေများကိုလည်း မသိခဲ့ကြပေ။

သူတို့ကို ရေတွင်းထဲက ဖားများဟု ပြောဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်။ ထို့ကြောင့် လင်းကျန်းအန်းက အလွန်အမင်းရှင်းပြနေခြင်းကို နားထောင်ခြင်းမှာ နတ်ပြည်မှ စာအုပ်တစ်အုပ်ကို နားထောင်ခြင်းနှင့် တူနေခဲ့သည်။

စက်ရုံဖွင့်မှာလား။

သူတို့၏မြို့တွင် စက်ရုံတစ်ရုံသာရှိသည်။ ဤကဲ့သို့နေရာငယ်လေးတွင် စက်ရုံတစ်ခုကို မည်သို့ဖွင့်နိုင်မည်နည်း။

ဤကလေးသည်က အလွန်အမင်း ရိုးသားလွန်းပေသည်။

သို့သော် တခြားမည်သည့်ကိစ္စမှမရှိဘဲ လင်းကျန်းအန်းမှ လူတိုင်းကိုခေါ်၍ ဤအလုပ်ထံသို့ အတူတကွလုပ်ဆောင်ရန် သဘောတူခဲ့ခြင်းက ကျန်ရှိနေသော လူများကို အလွန်စိတ်ကျေနပ်စေခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် လူတိုင်းက အတူတကွဆွေးနွေးခဲ့ပြီး တပ်မဟာ အဖွဲ့နှစ်ခုက အတူတကွလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ၎င်းသည်က ပူးပေါင်းဆောင်ရွက်မှုဖြစ်သော်လည်း ဦးစားပေးများရှိသည်။ ချွမ်ဖန်း တပ်မဟာ၊ အထူးသဖြင့် လင်းကျန်းအန်းကိုယ်တိုင်က မြို့ဆေးရုံနှင့် ဆက်သွယ်ခြင်း၊ လူတိုင်း၏တာဝန်များကို စီစဉ်ခြင်းနှင့် အမျိုးအစားခွဲခြားခြင်းတို့ကို လုပ်ဆောင်ကာ “ခေါင်းဆောင်မှု” ရာထူးတွင် ဆက်လက်ရှိနေမည်ဖြစ်သည်။

လူတိုင်းကလည်း ဤကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်စရာမရှိကြပေ။ နောက်ဆုံးတွင် လင်းကျန်းအန်းက ဤရာထူးတွင် ထိုင်ခြင်းက သဘာဝကျသည်။

၎င်းအပြင် ပါဝင်မည့်လူဦးရေအတွက်လည်း ရှိနေသေးသည်။

ဆွေးနွေးပြီးနောက် တပ်မဟာခေါင်းဆောင်နှစ်ဦးက ဆေးဘက်ဝင်အပင်စုဆောင်းရေးအဖွဲ့တွင် ချွမ်ဖန်း တပ်မဟာအတွက် နေရာ ၂၅ နေရာနှင့် အသစ်ပါဝင်သည့် ပါ့နန် တပ်မအတွက် နေရာ ၁၅ နေရာထားရှိရန် သဘောတူခဲ့ကြသည်။

ဆေးဝါးကို ကိုင်တွယ်မည့် လူဦးရေအတွက် ချွမ်ဖန်း တပ်ခွဲအတွက် ၅ နေရာနှင့် ပါ့နန် တပ်ခွဲအတွက် ၃ နေရာရှိသည်။

ဆေးဝါးပို့ဆောင်မည့်လူဦးရေအတွက်ကတော့ မဆုံးဖြတ်ရသေးပေ။

သို့သော်လည်း အချိန်ကျလာလျှင် လင်းကျန်းအန်းကသာ ထိုလူများကို ဦးစီးဆောင်ရွက်လိမ့်မည်ဖြစ်သည်။

လူအုပ်စုက ဤကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ပြီးနောက် လမ်းခွဲကာ အသီးသီးထွက်ခွာလာခဲ့ကြသည်။

*

All Chapters