← Chapters

အခန်း (၁၈၆)

Vol. 19 Ch. 186

အခန်း (၁၈၆)

Vol. 19 Ch. 186

လင်းကျန်းအန်းက ကိစ္စများကို ဖြေရှင်းပြီးနောက် မနက်ပိုင်းတွင်ပင် အိမ်သို့ ပြန်လာခဲ့သည်။

သူ အိမ်သို့ပြန်ရောက်လာချိန်တွင် စုန့်ရှီးယန်က ခြံဝင်းထဲတွင် တစ်ယောက်တည်း ရပ်နေသည်ကို မတော်တဆ တွေ့လိုက်ရသည်။

လင်းကျန်းအန်းက စုန့်ရှီးယန်ဆီသို့ ရှုပ်ထွေးစွာဖြင့် လျှောက်သွားပြီး သူ့ပခုံးကို ပုတ်လိုက်သည်။

“ရှောင်စုန့်၊ မင်း ဘာလုပ်နေတာလဲ”

သူက စုန့်ရှီးယန်၏ အကြည့်နောက်သို့ လိုက်ကာ ထိုဘက်သို့ ကြည့်လိုက်လျှင် တစ်ဖက်လူက မီးဖိုချောင်ဘက်ကို ကြည့်နေကြောင်းကို တွေ့ရှိခဲ့ရသည်။

ဘာလဲ။ ဒီကလေးက မနက်စာ ဝအောင်မစားခဲ့ရလို့ အခုထပ်ဆာနေပြန်တာလား။

လင်းကျန်းအန်းတစ်ယောက် လူငယ်များ၏ အစာချေဖျက်မှုစနစ်က အမှန်တကယ်ပင် ကောင်းမွန်ကြောင်းတွေးတောကာ သက်ပြင်းချခဲ့မိသည်။

စုန့်ရှီးယန်သည်ကား မီးဖိုချောင်ကိုကြည့်နေသည့်အပေါ်တွင် အလွန်အမင်း နှစ်မြှုပ်နေခဲ့သည့်အတွက် သူ့၏ ကောင်းမွန်လွန်းသော အကြားအာရုံနှင့်ပင်လျှင် လင်းကျန်းအန်း၏ ခြေလှမ်းသံများကို သတိမပြုမိခဲ့ပါချေ။

သူ၏ပခုံးကို အပုတ်ခံရသည့်အချိန်မှသာ ရုတ်တရက် ထိတ်လန့်သွားရသည်။ သို့သော်လည်း လျင်မြန်စွာဖြင့် သတိပြန်ဝင်လာခဲ့ကာ အမူအရာကို ထွန်းချုပ်လိုက်လေသည်။

“ဘာမှမဟုတ်ပါဘူး၊ ခဏလောက်ရပ်ပြီး တွေးတောနေတာပါ”

လင်းကျန်းအန်း အရိပ်အမြွက်များကို မမြင်တွေ့မီတွင် စုန့်ရှီးယန်က စကားပြောသည့် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲခဲ့သည်။

“ဒုတိယဦးလေး၊ ဦးလေးရဲ့ကိစ္စ ပြီးသွားပြီလား”

လင်းကျန်းအန်းက ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် သူ၏သံသယများကို ဘေးသို့ဖယ်ထားလိုက်ပြီး စိတ်သက်သာရာရသည့်အပြုံးဖြင့် ပြန်ဖြေခဲ့သည်။

“ပြီးသွားပြီ”

စုန့်ရှီးယန်အနေဖြင့် ဤမေးခွန်းကို ပေါ့ပေါ့ပါးပါးသာ မေးခဲ့ခြင်းဖြစ်သော်လည်း လင်းကျန်းအန်းအနေဖြင့် ကိစ္စများကို အမှန်တကယ် ဖြေရှင်း၍ပြီးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခုအချိန်တွင်တော့ သူလည်း အခြေအနေနှင့်ပတ်သက်၍ စိတ်ဝင်စားလာခဲ့ရသည်။

လင်းကျန်းအန်းကလည်း သူ၏ သိချင်စိတ်ကို မြင်တွေ့ရလျှင် မဖုံးကွယ်ထားတော့ပေ။ သူက မတိုင်ခင်က ဆွေးနွေးပွဲ၏ရလဒ်ကို စုန့်ရှီးယန်ထံသို့ ရိုးသားစွာပြောပြခဲ့သည်။

ဆိုရလျှင် သူ့အနေဖြင့် စုန့်ရှီးယန်ဆီသို့ ပြောပြရချင်မှာ သူ့ထံတွင်ရည်ရွယ်ချက်တချို့လည်း ရှိနေခဲ့၍ဖြစ်ပေသည်။

အဆုံးတွင်တော့ လင်းကျန်းအန်း၏အမြင်တွင် စုန့်ရှီးယန်ဆိုသည့် ဤလူငယ်သည်ကား စိတ်နေစိတ်ထားကောင်းမွန်ရုံသာမက ဗဟုသုတလည်း အလွန်ကျယ်ပြန့်သည်။

ထိုသူကသာ သူ့အား အပိုလုပ်ငန်းတစ်ခုကို စတင်ရန်ဆိုသည့် အကြံဥာဏ်ကို ပထမဆုံးအဆိုပြုခဲ့သူမဟုတ်ပါလား။

ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ တစ်ဖက်လူ၏ထင်မြင်ချက်ကို နားထောင်လိုခဲ့သည်။

စုန့်ရှီးယန်လည်း သူ့၏အကြံအစည်နှင့်အတွေးများကိုကြားရပြီးနောက်တွင် အနည်းငယ် အံ့သြသွားခဲ့ရလေသည်။

လင်းကျန်းအန်းထံတွင် ထိုသို့သောအကြံမျိုး ရှိလာလိမ့်မည်ဟု မထင်မှတာမိခဲ့ပေ။

သို့သော် သူ၏အံ့သြမှုက တစ်ဖက်လူကို စိတ်ကူးယဉ်လွန်းသည်ဟု ထင်ခဲ့ခြင်းကြောင့် မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် သူက လင်းကျန်းအန်း၏အိပ်မက်ကို အလွန်ပင် ထောက်ခံမိသည်။

“ဒုတိယဦးလေး၊ ဦးလေး လုပ်ခဲ့တာ တကယ်မှန်တယ်လို့ ကျွန်တော်ထင်တယ်၊ တစ်ခါတလေကျရင် အစစ်အမှန် အောင်မြင်တဲ့သူမျိုးက အလုပ်အများဆုံးလုပ်တဲ့သူ မဟုတ်ဘဲ ကိစ္စတွေကို ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်ပြီး ဆုံးဖြတ်နိုင်တဲ့လူ ဖြစ်နိုင်တယ်”

ဥပမာအားဖြင့် မတိုင်ခင်က လင်းကျန်းအန်းအနေဖြင့် တောင်ပေါ်သို့ တက်ကာ ဆေးဘက်ဝင်အပင်များစုဆောင်းခြင်း၊ ဆေးဘက်ဝင်အပင်များကို ဖလှယ်လိုခြင်းနှင့် မြို့ဆေးရုံသို့ အထိသွားရောက်ပြီး လဲလှယ်ခြင်းတို့အားလုံးကို သူ၏နောက်ကျောပေါ်တွင် သယ်ဆောင်ကာ စီစဉ်ခဲ့သည်။

သူက အရာအားလုံးကို လုပ်ခဲ့သည်။ နောက်ဆုံးတွင် ငွေကြေးများစွာ ရရှိခဲ့သော်လည်း အလုပ်ကုန်ကျစရိတ်သည်လည်း များပြားခဲ့သည်။

သို့သော် တခြားသူများမှ သူ့နှင့်ပူးပေါင်းပြီးနောက်တွင် သူ၏ကိုယ်ပေါ်မှ ဖိအားက ချက်ချင်းသက်သာသွားခဲ့သည်။ ထို့အပြင် သူ တစ်ယောက်တည်း လုပ်ခဲ့စဥ်ကထက် ပိုမိုများပြားသည့်ငွေကြေးကို ရရှိခဲ့သည်။

ဤသည်မှာ အဖွဲ့လိုက် လုပ်ဆောင်ခြင်း၏ အင်အားပင် ဖြစ်လေသည်။

ထို့နောက် လင်းကျန်းအန်းက သူ၏အဖွဲ့ကို ကောင်းစွာ စီမံခန့်ခွဲပါက သူသည်က ဆုလာဘ်များကို ပိုမိုရရှိလာလိမ့်မည်။

သို့သော်လည်း အဖွဲ့တစ်ခုကို စီမံခန့်ခွဲခြင်းသည်လည်း လွယ်ကူသည့်အလုပ်မဟုတ်ပေ။

ဆိုရလျှင် လင်းကျန်းအန်းသည် ၎င်းနှင့်ပတ်သက်၍ များများစားစားမတွေးခဲ့ပါချေ။

သူသည် အိုးထဲတွင် အလွန်များပြားစွာရှိနေသည့်အတွက် သူ တစ်ယောက်တည်း မကုန်နိုင်ဟု တွေးခဲ့သည်။ ထို့အတွက်ကြောင့် လိုအပ်နေသည့် လူအချို့ကို အတူတကွ စားသောက်ရန် ဖိတ်ခေါ်ခြင်းက ပိုကောင်းသည်ဟု တွေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စုန့်ရှီးယန်၏ အတည်ပြုချက်က ခွန်အားတစ်ခုဖြစ်လာခဲ့သည်။

သူသည် ထပ်မံရယ်မောလိုက်မိပြီး စုန့်ရှီးယန်၏ လက်မောင်းကို ပုတ်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီကိစ္စအတွက် ငါ မင်းကို ကျေးဇူးတင်ရဦးမယ်၊ ငါ အများကြီး ပိုက်ဆံရှာနိုင်တဲ့အချိန်ကျရင် မင်း ဘာလိုချင်လဲဆိုတာ ပြောလိုက် ငါမင်းအတွက် လက်ဆောင်ပေးမယ်!”

သူက စုန့်ရှီးယန်လိုချင်သည့်အရာကို မျက်တောင်မခတ်ဘဲ ဝယ်ပေးလိမ့်မည်။

သူပြောသည့်စကားကို ကြားပြီးနောက်တွင် စုန့်ရှီးယန်က နှိမ့်ချစွာဖြင့် သူ၏လက်ကို လျင်မြန်စွာ ဝှေ့ရမ်းလိုက်သည်။

“ဒုတိယဦးလေး၊ ဒါတွေက ကျွန်တော် လုပ်သင့်တဲ့အရာတွေပါ”

အဟမ်း..

နောက်ဆုံးတွင်တော့ သူတို့အားလုံးက ယခုကစပြီး မိသားစုတစ်ခုဖြစ်လာမည်ဖြစ်သည့်အတွက် မည်သူမည်ဝါဟူ၍ ခွဲခြားရန် အဘယ်ကြောင့် လိုအပ်မည်နည်း။

လင်းကျန်းအန်းကတော့ စုန့်ရှီးယန်ပြောလာသည့် စကား၏အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။

ရှောင်စုန့်က သူ ကူညီခဲ့သည့်အရာများကို ပြန်လည်ပေးဆပ်ရန် မတောင်းဆိုသည့်အတွက် အမှန်တကယ် ကောင်းမွန်သည့်ကလေးတစ်ဦးဖြစ်သည်ဟုသာ တွေးခဲ့သည်။

လင်းကျန်းအန်း၏ ကျေးဇူးတင်လေးစားသည့်အမူအရာကို မြင်လျှင် စုန့်ရှီးယန်တစ်ယောက် အပြစ်ရှိသကဲ့သို့ ခံစားရပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။

သူနှင့်လင်းရန်တို့ အတူရှိနေသည်ကို သိပြီးနောတွက်က် လင်းကျန်းအန်းက သူ့ကို ဤကဲ့သို့ ဆက်တွေးနိုင်ပါဦးမည်လားဆိုသည်ကို မသိနိုင်ပါချေ။

အပြင်ဘက်မှ လူနှစ်ဦး၏ စကားပြောဆိုမှုများက မီးဖိုချောင်တွင်ရှိသည့် လင်းရန်အပါအဝင် လူသုံးဦး၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

သူတို့သည်လည်း ကိစ္စများ၏ရလဒ်ကို သိလိုသည့်အတွက် အလျင်အမြန်ပင် အပြင်ဘက်သို့ ထွက်လာခဲ့ကြပြီး အခြေအနေအကြောင်းကို မေးမြန်းခဲ့ကြသည်။

လင်းကျန်းအန်းတစ်ယောက် သမီးဖြစ်သူနှင့် မိသားစုဝင်များ၏ အကြည့်များကိုမြင်လျှင် ဇာတ်လမ်းကို ထပ်မံပြောပြရုံသာ တတ်နိုင်ခဲ့သည်။

ရလဒ်နှင့်ပတ်သက်၍ သိရပြီးနောက်တွင် အဘွားလင်းတစ်ယောက် လင်းကျန်းအန်းကို မျက်စောင်းမထိုးဘဲ မနေနိုင်တော့ပေ။

“ငါကတော့ မင်းကိုယ်မင်း နေ့တိုင်း အရမ်းတော်တယ်လို့ ခံစားနေရတာဖြစ်မယ်လို့ပဲ ထင်တယ်! မင်းက မင်းအတွက် လုပ်စရာတွေ အများကြီးရှာနေတာပဲ၊ အချိန်ကျလို့ ပြဿနာဖြစ်လာမှ မင်း ဘာလုပ်မလဲဆိုတာ ငါ ကြည့်ဦးမယ်!”

မင်းက တစ်ယောက်တည်း တိတ်တိတ်လေး ငွေရှာနိုင်တာကို လူအများကြီးကို မင်းနဲ့အတူ ခေါ်သွားချင်နေတယ်!

ဒါက ရူးနှမ်းတာပဲ မဟုတ်ဘူးလား!

အဘွားလင်း၏ စိတ်နေစိတ်ထားက ဤကဲ့သို့ဖြစ်ခဲ့ပြီး လင်းကျန်းအန်းသည်လည်း လွန်ခဲ့သည့် အချိန်များစွာကတည်းက နေသားကျနေခဲ့သည့်အတွက် ဤသို့အပြောခံရလျှင်ပင် သူ ဒေါသမထွက်ခဲ့ဘဲ ကူကယ်ရာမဲ့စွာဖြင့်သာ ပြုံးလိုက်လေသည်။

လင်းရန်ကတော့ ဤအကြိမ်တွင် အဘွားလင်း၏ဘက်မှ ရပ်တည်ခြင်းမပြုခဲ့ပေ။

အဆုံးတွင်တော့ သူမကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ထားခဲ့သည့်အတွက်ကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုများကိုလည်း သိရှိခဲ့သည်။

အဖေလင်းသည်ကား ပင်ပန်းစွာဖြင့် ငွေရှာသည့် အလုပ်သမားတစ်ဦး၏အခန်းကဏ္ဍတွင်ရှိနေရာမှ လက်ရှိတွင် လူတိုင်းကို အတူတကွစုပေါင်း၍ လုပ်ဆောင်ရန် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ငယ်တစ်ဦး၏အခန်းကဏ္ဍသို့ မသိလိုက်ွသိဘာသာဖြင့်ည ပြောင်းလဲနိုင်ခဲ့သည်။

ဤသည် အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။

ဘယ်လိုအလုပ်သမားမျိုးကများ သူဌေးထက် ပိုကောင်းနိုင်မှာတဲ့လဲ?

သေချာပေါက် သူဌေးဖြစ်တာက ပိုကောင်းတာပေါ့!

ယခုအချိန်တွင် အဖေလင်း ဤကဲ့သို့အသိဥာဏ်နှင့် အတွေ့အကြုံကို ရရှိထားပြီးဖြစ်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းလာပြီးနောက်တွင် သူသည်က အောင်မြင်ထွန်းပေါက်သည့်လူများ၏ ပထမဆုံးအုပ်စုတွင် သေချာပေါက် ပါဝင်လာလိမ့်မည်။

သူမသည်လည်း ချမ်းသာကြွယ်ဝသည့် သူဌေးဒုတိယမျိုးဆက်ဆိုသည့်နာမည်ကိုပင် အခွင့်ကောင်းယူလာနိုင်ပေမည်။

လင်းရန်က ထိုကဲ့သို့ အကြောင်းများကိုတွေးလိုက်ရုံနှင့်ပင် စိတ်ကြည်လင်သွားခဲ့သည်။

မိသားစုမှ တခြားသူများက လင်းကျန်းအန်း၏ဆုံးဖြတ်ချက်ကို သဘောတူနေသည်ကို မြင်လျှင် အဘွားလင်းသည်လည်း မည်သည့်စကားကိုမှ မပြောနိုင်တော့ပေ။

သူမအနေဖြင့် တခြားမည်သည့်အရာကိုမှ မတောင်းဆိုပါချေ။ သူမက သူမ၏မိသားစုရှိ လူတိုင်း ဘေးကင်းလုံခြုံပြီး အရာအားလုံး အဆင်ပြေစေရန်သာ လိုလားခဲ့သည်။

ဤကိစ္စကို အတည်ပြုပြီးနောက် နှစ်ရက်အတွင်း ဘေးဘက်ရှိတပ်မဟာမှ ရွေးချယ်ခံရသူများက သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ချွမ်ဖန်းတပ်မဟာသို့ ရောက်ရှိလာကြကာ လင်းကျန်းအန်း၏ သင်တန်းကို နားထောင်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း လင်းရန်နှင့် စုန့်ရှီးယန်တို့က ဆက်ဆံရေးအသစ်တစ်ခုကို စတင်ခဲ့သော်လည်း လင်းမိသားစုတွင် မကြာသေးမီက နေ့စဥ်နေ့တိုင်း လူများစွာ ရှိနေခဲ့သောကြောင့် စုန့်ရှီးယန်တစ်ယောက် လင်းရန်နှင့်အတူ နှစ်ယောက်တည်းနေရန် အခွင့်အရေးကို ရှာမတွေ့နိုင်ခဲ့ပေ။

သူ့အနေဖြင့် ဟိုးအရင်တုန်းက လင်းရန်ကို နေ့တိုင်းမြင်တွေ့ရဖို့အတွက်ကိုသာ တွေးတော့ခဲ့သော်လည်း ဤကဲ့သို့ ဆက်ဆံရေးအသစ်ကို ရောက်ရှိလာသည့်အချိန်တွင်တော့ သူက အနည်းငယ် လောဘကြီးလာခဲ့ကြောင်းကို တွေ့ရှိခဲ့သည်။

ယခုအချိန်တွင် သူက လင်းရန်ကို နေ့တိုင်း မြင်တွေ့နေရရုံလောက်ကို မကျေနပ်တော့ဘဲ သူမနှင့်အတူ နှစ်ယောက်တည်း ပူးကပ်၍ စကားပြောချင်နေခဲ့သည်။

စုန့်ရှီးယန်တစ်ယောက် ဘယ်၊ ညာလှည့်ကြည့်လိုက်သည်။

သို့ရာတွင် လင်းရန်ရောက်လာသည်နှင့် သူမ၏အနားသို့ ချက်ချင်းရောက်လာသည့် သူမ၏ဒေါ်လေး လင်းကျန်းဖူကို မြင်လျှင် အခွင့်အရေးရှာ၍ မရနိုင်တော့သည်ကို တွေ့လိုက်ရသဖြင့် ဘေးဘက်မှသာ မတတ်နိုင်စွာဖြင့် ကြည့်နေလိုက်ရသည်။

စုန့်ရှီးယန်၏ စိတ်အားထက်သန်သော မျက်လုံးများက အလွန်ပြင်းထန်လွန်းသဖြင့် လင်းကျန်းဖူပင်လျှင် အကြိမ်ကြိမ် သတိထားမိလုနီးပါး ဖြစ်ခဲ့သည်။

စုန့်ရှီးယန်က လင်းရန်အား တွေ့လို၍လား၊ သို့မဟုတ် တစ်ခုခု ပြောလို၍လား၊ သို့မဟုတ်လျှင် သူမတို့အား အဘယ်ကြောင့် ဤကဲ့သို့ မကြာခဏကြည့်နေရသနည်း။

နောက်ဆုံးတွင် သူမ မအောင့်နိုင်တော့ဘဲ လင်းရန်ကို မေးလိုက်သည်။

လင်းရန်က မသိဟန်ဆောင်လျက် ပြန်ပြောလိုက်လေသည်။

“ကျွန်မလည်း မသိဘူးလေ၊ သူ ပျင်းနေလို့ ဖြစ်မှာ‌ပေါ့”

လင်းရန်မှ ထိုသို့ ပြောလိုက်လျှင် လင်းကျန်းဖူသည်လည်း များများမတွေးတောတော့ဘဲ လင်းရန်ပြောသကဲ့သို့ ဖြစ်နိုင်သည်ဟုသာ တွေးလိုက်လေတော့သည်။

*

All Chapters