← Chapters

အခန်း (၁၈၈)

Vol. 19 Ch. 188

အခန်း (၁၈၈)

Vol. 19 Ch. 188

လင်းရန်တစ်ယောက် ကွန်မြူနတီ စားဖိုဆောင်သို့ သွားသည့် လမ်းတစ်လျှောက်လုံး၌ အမူအရာကင်းမဲ့စွာ ဖြင့် လျှောက်လာခဲ့သည်။

သူမဘေးတွင် ဓာတ်တိုင်တစ်တိုင်နှင့်တူသည့် စုန့်ရှီးယန်လိုက်ပါလာသည်မှလွဲ၍ သူမ၏ ယခင်အလုပ်ရက်များနှင့် မည်သို့မှ ကွာခြားမှု မရှိချေ။

ကွန်မြူနတီသို့ ရောက်ရှိပြီဖြစ်ကြောင်းကို တွေ့ရလျှင် လင်းရန်မှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလုနီးပါး ဖြစ်ခဲ့ရသည်။

နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။

စုန့်ရှီးယန်ကတော့ သူ၏ရှေ့တွင် ရှိနေသည့် ကွန်မြူနတီ အဆောက်အဦးကို ကြည့်ကာ နောင်တရစွာဖြင့် သက်ပြင်းချမိသည်။

လင်းရန် တီးတိုးရေရွတ်လိုက်သည်။

“ကွန်မြူနတီက ဒီလောက် ဝေးလိမ့်မယ်လို့ မထင်ခဲ့မိဘူး”

ယနေ့တွင် အဘယ်ကြောင့် ဤမျှလောက်ကြာနေရသနည်း။

လင်းရန် သူမ၏နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး ထိုသို့ ပြောလိုက်သည်။

“အာ”

စုန့်ရှီးယန်သည် ထိုစကားကို ကြားလိုက်ရလျှင် ရှုပ်ထွေးသွားခဲ့ရသည်။

သူ လင်းရန်ကိုလှည့်ကြည့်လိုက်ချိန်တွင်လည်း လင်းရန်မှာ သိပ်ပြီးပျော်နေပုံမရသည်ကို သတိပြုမိလေသည်။

၎င်းကို တွေ့လိုက်ရလျှင် စုန့်ရှီးယန်တစ်ယောက် ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားရကာ လင်းရန်ကို မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

လင်းရန်: “……”

စုန့်ရှီးယန်အနေဖြင့်ည မည်သည်ကိုမှ မသိသည့်ဟန်ဖြင့် ရိုးသားစွာ မေးနေသည်ကို တွေ့လိုက်ရလျှင် လင်းရန်တစ်ယောက် မနက်ခင်းတုန်းက စုန့်ရှီးယန်အပေါ် စိတ်သဘောထား နူးညံ့ပျော့ပြောင်းခဲ့ခြင်းသည်က

သူမ၏ အကြီးမားဆုံး အမှားဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

လင်းရန်သည် သွားများကို တင်းတင်းကြိတ်ထားပြီး အတင်းအကျပ်ပြုံးကာ ပြောလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး”

“ဒါပေမဲ့ မင်း……”

လင်းရမ်ရဲ့ မျက်နှာက အဆင်ပြေပုံမပေါ်ဘူး။

စုန့်ရှီးယန်အနေဖြင့် မူလက စကားပြောလိုခဲ့သော်လည်း အရေးကြီးသည့်အခိုက်တွင် အသက်ရှင်လိုသည့်ဆန္ဒပြင်းပြမှုက သူ့ကို နှုတ်ပိတ်စေခဲ့ပြီး သတိဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ၊ အဆင်ပြေတယ်ဆိုရင်ရပြီ”

လင်းရန်တစ်ယောက် သူ့ကုု မည်သည့်စကညးမှ မပြောလိုတော့ချေ။

“ကျွန်မ အလုပ်သွားတော့မယ်၊

ရှင် ပြန်လို့ရပြီ”

ထိုသို့ ပြောပြီးသည့်နှင့်

သူမ အနောက်သိာ့ လှည့်၍ ထွက်သွားခဲ့သည်။

စုန့်ရှီးယန်နှင့် စကားအနည်းငယ်သာ ထပ်၍ ပြောမိပါက သူမ စိတ်ဆိုးရလွန်း၍ ဤဆက်ဆံရေးကို အဆုံးသတ်မိလိမ့်မည်ကို စိုးရိမ်မိပေသည်။

လင်းရန် ထိုသို့ ထွက်ခွာသွားသည်ကို မြင်လျှင် စုန့်ရှီးယန်လည်း ထပ်မံ

မမေးမြန်းနိုင်ခဲ့တော့ဘဲ စိတ်ထဲ၌ သံသယများဖြင့်သာ ပြည့်နှက်နေခဲ့ရသည်။

သူက ထိုနေရာတွင်သာ ရပ်နေခဲ့ပြီး သူ၏မျက်လုံးများရှေ့မှ လင်းရန် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။

“ဒါပေမဲ့ အခု ရှစ်နာရီကျော်လေးပဲ ရှိသေးတယ်လေ…”

များသောအားဖြင့် လင်းရန်က ဆယ်နာရီမှသာ အလုပ်သို့ သွားသည်မဟုတ်ပါလား။

ယနေ့တွင် အဘယ်ကြောင့် ဤမျှလောက် စောစီးစွာဖြင့် အလုပ်သိားသွားရသနည်း။

စုန့်ရှီးယန်တစ်ယောက် စိတ်ရှုပ်ထွေးနေခဲ့ရပြီး အနည်းငယ်လည်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။

သူ့အနေဖြင့် ခဏနေမှသာ လင်းရန်ကို သတင်းကောင်း ပြောပြမည်ဟု စီစဉ်ထားသော်လည်း လင်းရန်အနေဖြင့် ထိုမျှလောက် အလျင်လိုစွာ အလုပ်သွားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

ဒီကွန်မြူနတီက လူတွေက

အလုပ်သမားတွေကို ဒီလောက်တောင်အစောကြီး အလုပ်ကို လာခိုင်းထားတာလား?

ဒါက တမင်သက်သက် ဖိအားပေးခိုင်းစေတာပဲ မဟုတ်ဘူးလား?

အခွင့်အရေးရရင် အထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေနှင့် စကားပြောပြီး အကြံဉာဏ်တချို့ ပေးမှဖြစ်တော့မယ်။

လင်းရန် အထဲသို့ ဝင်ပြီးနောက်တွင် စုန့်ရှီးယန်က အပြင်ဘက်၌ ခဏတာမျှ ရပ်နေခဲ့ပြီးနောက် အထီးကျန်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။

အမှန်တကယ်တမ်းတွင် လင်းရန်က ကွန်မြူနတီထဲသို့ ဝင်ပြီးသည့်နောက် အလုပ်နေရာသို့ တွုက်ရိုက်မသွားသေးချေ။

သူမက စုန့်ရှီးယန် မမြင်နိုင်သည့် နေရာတစ်ခုကို ရှာကာ ထောင့်တွင် ရပ်၍ စိုက်ကြည့်နေခဲ့သည်။

မတိုင်ခင်က သူမ အနည်းငယ် ဒေါသထွက်ခဲ့သော်လည်း စုန့်ရှီးယန်တစ်ယောက် ရှုပ်ထွေးပြီး နောင်တရသည့် အမူအရာဖြင့် တံခါးဝတွင်ရပ်တန့်နေခဲ့သည်ကိာ တွေ့လိုက်ရချိန်တွင်တော့ ရယ်မောလိုက်မိလေသည်။

မူလက အချိန်ခဏလောက်ကြာပြီးလျှင် အပြင်သို့ ပြန်ထွက်ကာ စုန့်ရှီးယန်ကို အနီးအနားရှိ ပတ်ဝန်းကျင်သို့ ခေါ်သွားရန် စီစဉ်ထားခဲ့သော်လည်း စုန့်ရှီးယန်မှ ဤအတိုင်း ထွက်ခွာသွားလိမ့်မည်ဟု သူမ မထင်ထားမိခဲ့ချေ။

ထို့အပြင် သူ ထွက်ခွာသွားသည့် လမ်းကြောင်းမှာ တပ်မဟာသို့ ပြန်သည့် လမ်းကြောင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်လမ်းဖြစ်သည့် မြို့ဘက်သို့ သွားသည့် လမ်းဖြစ်နေခဲ့သည်။

လင်းရန် ကြောင်အမ်းသွားသည်။

စုန့်ရှီးယန်က မြို့ပေါ်မှ် လုပ်စရာ တစ်ခုခု ရှိနေတာများလား။

သူမ မတွေးတောရသေးမီတွင်

အဝေးမှ လူအုပ်စုတစ်စုက စုန့်ရှီးယန်အား ဖြတ်ကျော်ကာ ကွန်မြူနတီဘက်သို့ လျှောက်လာကြသည်ကို တွေ့လိုက်ရသည်။

လင်းရန် တစ်ချက်ကြည့်လိုက်လျှင် ထိုလူအုပ်စုအတွင်း၌ လူများစွာ ပါဝင်ကြောင်းကို တွေ့လိုက်ရသည်။

စုစုပေါင်း လူအယောက် တစ်ဆယ်နှစ်ဆယ်ကျော်ခန့် ရှိနိုင်ပြီး ထိုလူများ၏ မျက်နှာကိုလည်း သူမ မရင်းနှီးချေ။

ဆိုရလျှင် ဤလူအုပ်စုသည်ာ သူမတို့၏ တပ်မဟာမှ မဟုတ်သည်ကို သူမ သေသေချာချာသိပေသည်။

ထိုသို့ဆိုလျှင် ထိုလူများက သူမတို့၏ တပ်မဟာဘက်သို့ အဘယ်ကြောင့် သွားနေကြသနည်း။

လင်းရန်တစ်ယောက် တစ်ခုခု မှားယွင်းနေသည်ဟု မသိစိတ်မှ ခံစားလိုက်မိသည်။

“ဟေး၊ ရှောင်လင်း၊ မင်း ဒီနေ့ ဘာလို့ ဒီလောက် စောစောရောက်နေတာလဲ”

ချန်ဝမ်၏ အသံသည် သူမ၏ နားထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံက လင်းရန်ကို ထိတ်လန့်သွားစေခဲ့သော်လည်း သူမ အလျှင်အမြန် သတိပြန်ဝင်လာကာ

ချန်ဝမ်ကို မေးလိုက်လေသည်။

“ဦးလေးချန်၊ အဲဒီလူအုပ်စုကို သိလား၊ သူတို့က ကျွန်မတို့တပ်မဟာကို သွားနေတာလား”

ချန်ဝမ်တစ်ယောက် လင်းရန်၏ စကားကို ကြားပြီးနောက်

အပြင်ဘက်သို့ ကြည့်လိုက်လျှင်

ထိုလူများကို လျင်မြန်စွာ မှတ်မိသွားခဲ့ကာ ပြန်ဖြေလာခဲ့သည်။

“အဲဒါ ပါ့နန်တပ်မဟာက လူတွေ မဟုတ်ဘူးလား”

ချန်ဝမ်သည်ကား ကွန်မြူနတီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ကွန်မြူနတီရှိ လူအများစုကို တွေ့ဖူးပေသည်။

ထို့ကြောင့် အပြင်ဘက်ရှိ လူအုပ်ထဲ၌ သူနှင့် ရင်းနှီးသည့် လူများကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်နိုင်သည်။

ပါ့နန်တပ်မဟာက လူတွေလား။

လင်းရန် ရုတ်တရက် နားလည်သွားခဲ့သည်။

သူမ ခန့်မှန်းချက် မမှားပါက

သူမ၏ရှေ့မှ လူအုပ်စုမှာ သူမ၏အဖေနှင့်အတူ ဆေးဖက်ဝင်အပင်များ စုဆောင်းရန် သွားမည့် လူများ ဖြစ်လိမ့်မည်။

သို့သော်လည်း ယနေ့တွင် သူတို့က သင်တန်းကို ဆက်လက် တက်ရောက်ရမည်ဖြစ်ပြီး တောင်ပေါ်သို့ သွားရန် အလှည့် မရောက်သေးချေ။

လင်းရန်အနေဖြင့် ထိုလူများမှာ မည်သူဖြစ်ကြောင်းကို သိပြီးသည့်နောက်တွင် စိတ်ဝင်စားမှု မရှိတော့ချေ။

သူမသည် လှည့်၍ ချန်ဝမ်၏ မေးခွန်းကို ဖြေရန် ပြင်လိုက်သည့်အခိုက်တွင် အပြင်ဘက်မှ အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြန်သည်။

“အိုး၊ ငါ ဒီနေ့ အစားအစာ ယူလာဖို့ကို မေ့သွားတယ်”

“မနေ့က ငါ သတိပေးထားတယ် မဟုတ်ဘူးလား၊ ဘယ်လိုလုပ် မေ့သွားရတာလဲ၊ ငါတို့ ဒီနေ့ တစ်နေကုန် နေရမှာ၊ နေ့လည်စာ မစားရင်

တစ်နေ့လုံး ဆာနေလိမ့်မယ်နော်”

“ ငါ့မှတ်ဉာဏ်က တော်တော်ဆိုးတာပဲ၊ မနက်က ငါ အပြင်ထွက်ခါနီး ငါ့မိန်းမက သတိပေးခဲ့သေးတယ် ၊

ဒါပေမဲ့ ငါ မေ့သွားတာ၊

နေ့လည်ကျရင် အိမ်ပြန်လို့ မရဘူးဆိုတော့ ငါတော့ အငတ်ခံရတော့မယ်”

“အဲဒီလိုလည်း မဟုတ်ပါဘူး၊

ငါတို့လည်း အစားအစာတွေ ယူလာခဲ့တယ်ဆိုပေမဲ့ ဒီလို ပူတဲ့နေ့မှာ ဒီလိုအခြောက်ခံထားတဲ့ ဘီစကစ်တွေကို ဘယ်သူက စားချင်မှာလဲ၊

အိုက်ယား .. ချွမ်ဖန်းကွန်မြူနတီက အဖွဲ့ဝင်တွေဆီ သွားစားနိုင်ရင် တော်တော် ကောင်းမှာပဲ၊

ထမင်းတစ်ပွဲလောက် ပြင်ပေးဖို့ ပိုက်ဆံ ပေးရမယ်ဆိုရင်‌လည်း ငါ ပေးနိုင်တယ်”

သူတို့က သင်တန်းအတွက် ထိုနေရာတွင် ရှိနေသော်လည်း အလုပ်မှာ အမှန်တကယ်တွင် မပေါ့ပါးချေ။

ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာအချို့ကို သင်ယူခြင်းအပြင် ဆေးဖက်ဝင်အပင်များ ခူးခြင်း၊ တောင်တက်ခြင်း စသည်တို့ကိုလည်း လေ့ကျင့်ရသည်။

သင်ယူစရာများစွာ ရှိသည့်အတွက်ကြောင့် ခွန်အားများမှာ အလွယ်တကူ ကုန်ဆုံးသွားခဲ့သည်။

နေ့လယ်စာအတွက် အိမ်မှ ယူဆောင်လာသည့် အခြောက်ခံထားသော အစားအစာအချို့ကို စားသည်မှာလည်း ခွန်အားမဖြစ်ချေ။

အားကောင်းမောင်းသန် အမျိုးသားအုပ်စုတစ်စုမှာ ထိုသို့သော ဆာလောင်နေသည့် နေ့ရက်များကို နှစ်ရက်တာ ဖြတ်သန်းခဲ့ကြပြီးသည့်‌နောက်၌ ငိုချင်စိတ်ပင် ပေါ်လာခဲ့ကြသည်။

ဖြစ်နိုင်လျှင် သူတို့အနေဖြင့် ချွမ်ဖန်း ကော်မြူနတီမှ ဝန်ထမ်းတစ်ဦး၏ အိမ်၌ ထမင်းတစ်နပ်လောက်ကို ပိုက်ဆံပေး၍ စားရမည်ဆိုလျှင်ပင် စားချင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အိမ်တွင်ရှိနေသည့် အစားအစာသည်က အပြင်မှ စားသောက်ဆိုင်များရှိ အစားအစာများကဲ့သို့ စျေးကြီးမည် မဟုတ်သည့်အပြင် သူတို့သည်လည်းဆေးဖက်ဝင်အပင်များ စုဆောင်းသည့် လုပ်ငန်းသို့ ရောက်လာသည်ဖြစ်၍ အရာသာဆိုသည်ကို အလွန်အမင်း ထည့်တွက်နေလိမ့်မည် မဟုတ်ချေ။

တကယ်တမ်းတွင် ထိုသူ ပြောသည့်စကားများက မှန်ပေသည်။

တောင်ပေါ်တွင် ဆေးပင် ဆေးမြစ်ရှာခြင်းဆိုသည်မှ် ကိုယ်ကာယအားကို အသုံးပြုရသော အလုပ်ဖြစ်သောကြောင့် အားပြည့်နေရန် လိုအပ်သည်။

ထို့ကြောင့် ငွေကြေးအနည်းငယ် သုံးစွဲရုံဖြင့် ဗိုက်ပြည့်သွားကာ သင်ယူလေ့လာရန်အတွက်လည်း အားအင်ပြည့်ဝနေမည်ဆိုပါက ထိုငွေကို မခြွေတာသင့်ပေ။

ထိုလူများက ညည်းညူနေခဲ့ရင်းဖြင့်ပင် ရှေ့သို့ ဆက်လျှောက်သွားရင်း အချိန်တိုအတွင်း ထွက်ခွာသွားကြသည်။

သူတို့ အဝေးသို့ ရောက်သွားချိန်အထိ လင်းရန် ထိုငူတို့ကို လိုက်ကြည့်နေမိခဲ့သည်။ ထို့နောက်တွင်တော့ လင်းရန်တစ်ယောက် မတိုင်ခင်က စကားပြောခဲ့သော လူနှစ်ဦးမှလွဲ၍ ကျန်သူများအားလုံး လက်ထဲတွင် တစ်ခုခုကို ကိုင်ထားသည်ကို တွေ့ရှိလိုက်ရလေသည်။

တချို့က ရေနွေးအိုးကို ကိုင်ထားပြီး တချို့က ပန်းကန်လုံးကို ကိုင်ထားကာ အချို့ကမူ ပန်ကိတ်ထုတ်ကို ကိုင်ထားခဲ့သည်။

ဒါတွေက သူတို့ယူလာတဲ့ နေ့လယ်စာဆိုတာလား။

မည်သည့်အရာကို စဉ်းစားမိသွားမှန်းမသိရဘဲ လင်းရန်တစ်ယောက် ရုတ်တရက် အတွေးနယ်ချဲ့နေမိသည်။

မတိုင်ခင်က ထိုလူနှစ်ယောက်၏ စကားပြောဆိုမှုမှာ အလွန်ရှင်းလင်းနေခဲ့သည်။

သူတို့က ချွမ်ဖန်းတပ်မဟာတွင် လေ့ကျင့်ရေး သွားခဲ့ကြသော်လည်း နေ့လယ်စာစားချိန်သို့ရောက်လျှင် အိမ်သို့ပြန်သွားရန်အတွက်က အလွန်ဝေးကွာလွန်းနေခဲ့သောကြောင့် အစားအစာခြောက်များကိုသာ နေ့လယ်စာအတွက် ယူဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

တချို့လူများမှာ မေ့လျော့တတ်သောကြောင့် နေ့လယ်စာကို မေ့ကျန်နေခဲ့တတ်သည်။ တစ်ချိန်တည်းမှာပင် တချို့ကတော့ သူတို့ ယူဆောင်လာသော အစားအစာများက အားအင်မဖြစ်စေဟု ခံစားနေခဲ့ရပြီး၊ ပူနွေးသော အစားအစာများကိုသာ တောင့်တနေကြသည်။

သို့သော် သူတို့၏အခြေအနေအရ ချက်ချင်း မီးမွှေးပြီး ထမင်းချက်ရန်လည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် နေ့လယ်စာနှင့်ပတ်သက်၍ ညည်းညူရုံသာ တတ်နိုင်ခဲ့ကြသည်။

လင်းရန် သူမ၏မေးစေ့ကို ပွတ်သပ်ပြီးနောက် ဘေးတွင်ရှိသော ချန်ဝမ်အား ရုတ်တရက် မေးလိုက်သည်။

“ဦးလေးချန်၊ ကျွန်မတို့ရဲ့ ချွမ်ဖန်းတပ်မဟာက ပါ့နန်တပ်မဟာနဲ့ ဝေးလား”

ချန်ဝမ်အနေဖြင်် သူမက ရုတ်တရက် ထိုမေးခွန်းကို အဘယ်ကြောင့်မေးလာကြောင်းကို နားမလည်သော်လည်း လင်းရန်ကို အလေးအနက်ထား၍ ပြန်ဖြေလိုက်သည်။

“သိပ်မဝေးပါဘူး၊ ဒါပေမဲ့ လမ်းလျှောက်သွားမယ်ဆိုရင် တစ်နာရီလောက် ကြာလိမ့်မယ်၊ မြို့ကိုသွားတာနဲ့ အချိန် အတူတူလောက်ပါပဲ”

ထိုစကားကို ကြားပြီးနောက်တွင် လင်းရန်က သူမ၏စိတ်ထဲမှ အတွေးများအပေါ် ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

*

All Chapters