အခန်း (၁၈၉)
Vol. 19 Ch. 189
လင်းရန် သူမ၏ အကြံကို ဆက်လက်တွေးတောနေခဲ့သည်။
ဤပါ့နန်မှ လူများမှာ သူတို့၏ နေအိအ်သို့ ပြန်မည်ဆိုပါက လမ်းလျှောက်လျှင် တစ်ကြောင်းတည်းကို တစ်နာရီ ကြာမည်ဖြစာပြီး အသွားအပြန်ဆိုလျှင် နှစ်နာရီခန့် ကြာလိမ့်မည်။
သူမအနေဖြင့် အဖေလင်း၏အကြောင်းကို သိထားခဲ့သည်။ အဖေလင်းမှာ အလုပ်တစ်ခု စတင်လုပ်ပြီဆိုသည်နှင့် အချိန်နှင့် ယှဥ်ပြိုင်ပြီး အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်လိမ့်မည်။
ထို့ကြောင့် လူတိုင်းကို နေ့လယ်စာစားရန်အတွက် နှစ်နာရီ အချိန်ပေးရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ အများဆုံး တစ်နာရီသာ ဖြစ်ပေလိမ့်မည်။
ဤအချိန်ပမာဏက ပါ့နန်တပ်မဟာမှ လူများအတွက် အိမ်သို့ပြန်ပြီး ထမင်းစားရန် အချိန် မလုံလောက်ပါချေ။
ထိုကဲ့သို့ အချိန်တွင် ဤလူနှစ်ဆယ်၊ သုံးဆယ်ခန့်ကို ပူနွေးသော အစားအစာများ ကျွေးနိုင်မည့် နေရာတစ်ခု ရှိနေမည်ဆိုလျှင် လူတိုင်းက ပျော်ရွှင်သွားပေလိမ့်မည် မဟုတ်ပါလား။
ထိုလူများ၏ နေ့လယ်စာ ပြဿနာကို ဖြေရှင်းပေးနိုင်သည့်အပြင် သူမအတွက်လည်း အသေးစားစီးပွားရေးမှ အကျိုးအမြတ်တစ်ခုကို ရရှိနိုင်သည်။
ဤသည်က မည်သူမျှ မငြင်းဆိုနိုင်လောက်သည့် ကိစ္စပင် ဖြစ်ပေလိမ့်မည်။
ထိုအချက်ကို တွေးမိပြီးနောက် လင်းရန်တစ်ယောက် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။
သူမအနေဖြင့် သူမ၏ ကိုယ်ပိုင်အချိန်များကို ပိုင်ဆိုင်နိုင်ရန် မည်သို့သော အကြောင်းပြချက်ကို ရှာရမည်နည်းဟု စဉ်းစားနေခဲ့ရသည်။ ထိုသို့ဖြစ်လာရန်အတွက် သူမက ပန်းကန်များကို မဆေးကြောရဖို့ လိုအပ်ပေသည်။
ယခုအချိန်တွင် ဤအခွင့်အရေး ရောက်လာပြီ မဟုတ်ပါလား။
သူမ၏အတွေးများကို ကြမ်းဖျင်းရေးဆွဲပြီးနောက် လင်းရန်က ဘေးတွင်ရှိသော ချန်ဝမ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဦးလေးချန်၊ ကျွန်မမှာ ပိုက်ဆံရှာဖို့အတွက် နည်းလမ်းတစ်ခု ရှိတယ်၊ ဦးလေး နားထောင်ချင်လား”
ချန်ဝမ်တစ်ယောက် အံ့အားသင့်သွားပြီး ပြောလိုက်လေသည်။
“ဘာလဲ၊ ပိုက်ဆံရှာနည်းလား”
ဒီကောင်မလေးကလည်း သူ့အဖေလိုပဲ “အပိုအလုပ်” တချို့ကို သင်ယူချင်နေတာလား။
သူကတော့ မလုပ်ချင်ပါချေ။
သူသည်က ကွန်မြူနတီတွင် ကောင်းကောင်းအလုပ်လုပ်နေခဲ့သည်။ အစိုးရဝန်ထမ်းတစ်ဦးအနေဖြင့် ထိုသို့သော ကိစ္စမျိုးကို ကိုယ်ပိုင်လုပ်ဆောင်ရန် လုံးဝမရဲပါချေ။ အကယ်၍ ပေါ်သွားခဲ့လျှင် သူ၏အလုပ်ကို ထိခိုက်နိုင်သည် မဟုတ်ပါလား။
“အင်း၊ စီးပွားရေးကိစ္စတွေကိုတော့ ပါဖို့က မေ့လိုက်ပါတော့... ဦးလေးရဲ့ ဦးနှောက်က ဒါတွေလုပ်ဖို့ မသင့်တော်ပါဘူး၊ ပြီးတော့… အဟမ်း၊ ရှောင်လင်း၊ ဦးလေးရဲ့ ရာထူးကလည်း ဒါမျိုးလုပ်ဖို့ မသင့်တော်ဘူးလေ”
ထို့အပြင် ချန်ဝမ်သည်က အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သည်။
“ဒါအပြင်၊ မင်းမှာ တခြားအလုပ်တွေ ရှိနေသေးတာ မဟုတ်ဘူးလား၊ အဲဒီအလုပ်မျိုး ထပ်လုပ်မယ်ဆိုရင် မင်း လိုက်နိုင်ပါ့မလား”
ချန်ဝမ်၏ “တခြားအလုပ်များ” ဟူသော စကားများမှာ ဝိုးတိုးဝါးတား ဖြစ်နေသော်လည်း ပတ်သက်သူတစ်ဦးအနေဖြင့် လင်းရန်က ချန်ဝမ် ပြောနေသည်ကို နားမလည်ဘဲ မနေနိုင်ပါချေ။
သူ ပြောနေသည့်ကိစ္စမှာ သူမက တခြားသူများအတွက် အိမ်သို့လိုက်ကာ ဟင်းချက်ပေးခြင်းနှင့် စားသောက်ဝိုင်း ပြင်ဆင်ပေးခြင်းအကြောင်းကိုပင် ဖြစ်ပေသည်။
တစ်ဖက်လူက မှားယွင်းစွာ တွေးတောနေသည်ကို မြင်သောအခါတွင် လင်းရန်တစ်ယောက် မရယ်မောဘဲ မနေနိုင်ခဲ့ပေ။
သူမ တစ်ဖက်လူကို စနောက်လုစွာနှင့် ပြောလိုက်သည်။
“ဦးလေးချန်၊ ကျွန်မလည်း အဲဒီလိုစီးပွားရေးကို တကယ် လုပ်ချင်တယ်ဆိုပေမဲ့ ဦးလေးက ကျွန်မကို အရမ်းအထင်ကြီးလွန်းနေပြီ၊ ကျွန်မတစ်ယောက်တည်း ပိုက်ဆံရှာဖို့အတွက် ဘယ်လိုလုပ်ပြီး အဲဒီလောက် အင်အားတွေ ရှိနိုင်မှာလဲ”
“အာ”
သူ နားလည်မှုလွဲသွားတာလား။
လင်းရန်က သူ၏မှန်းဆချက်ကို ငြင်းဆိုသည်ကို ကြားလျှင် ချန်ဝမ်တစ်ယောက် ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်လာခဲ့သည်။
“ဒါဆို မင်း ခုနက ပြောတဲ့ ပိုက်ဆံရှာနည်းက ဘာလဲ”
လင်းရန်က အဖြေကို ချက်ချင်းထုတ်မပြောဘဲ ချန်ဝမ်ကို ရုတ်တရက် မေးလိုက်သည်။
“ဦးလေးချန်၊ ကျွန်မအဖေရဲ့ ကွန်မြူနတီက တပ်မဟာနှစ်ခုပေါင်းပြီး အပိုအလုပ်လုပ်တာကို ဦးလေးတို့ သိတယ်မလား”
ချန်ဝမ်က စဥ်းပင်မစဉ်းစားဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“သိတာပေါ့”
မည်သည့်ကိစ္စမဆို ကိစ္စကြီးဖြစ်စေ၊ ကိစ္စသေးဖြစ်စေ အောက်ဘက်မှ လူများ အလုပ် မလုပ်ဆောင်မီ အထက်သို့ သတင်းပို့ရမည် ဖြစ်သည်။
ထို့ကြောင့် တပ်မဟာနှစ်ခု၏ ပူးပေါင်းဆောင်ရွက်လိုမှုနှင့်ပတ်သက်၍ ကွန်မြူနတီက အမြန်ဆုံး သိရှိထားခဲ့ပေသည်။
လင်းရန်ကလည်း ချန်ဝမ်၏စကားကို အံ့အားခြင်းမရှိခဲ့ပေ။
သူမအနေဖြင့် ဤသို့ဖြစ်နေလိမ့်မည်ဟု ကြိုတင်ခန့်မှန်းပြီးသားပင် ဖြစ်သည်။
“ဦးလေးချန်၊ ကျွန်မ ခန့်မှန်းမိတာမှန်တယ်ဆိုရင် ကွန်မြူနတီကလည်း ဒီကိစ္စကို ဝမ်းသာအားရ ထောက်ခံတာ သေချာတယ်၊ ဟုတ်တယ်မလား”
ချန်ဝမ်က ဆက်လက်၍ ခေါင်းညိတ်လာသည်။
“သေချာပေါက် ထောက်ခံတာပေါ့”
“ဒါပေမဲ့ ဦးလေးချန် ကြားမိလားတော့ မသိဘူး၊ ပါ့နန်တပ်မဟာက ကွန်မြူနတီဝင် အယောက်နှစ်ဆယ်လောက်မှာ မနက်စာနဲ့ နေ့လယ်စာကိစ္စတွေနှင့် ပတ်သက်ပြီး ပြဿနာ ရှိနေပုံရတယ်
သူတို့က နေ့လယ်စာစားဖို့အတွက် အိမ်ကိုပြန်ဖို့ အချိန်မရှိဘူးလေ၊ ဒါကြောင့် တချို့က အစားအစာခြောက်တွေကို ယူလာခဲ့ကြပေမဲ့ တချို့ကတော့ မေ့တတ်တဲ့အတွက် မေ့သွားကြတယ်
ဒီတော့ သူတို့တွေ ကျွန်မတို့ရဲ့ တပ်မဟာကို သွားတဲ့အချိန်မှာ စားသောက်စရာ မရှိကြတော့ဘူး၊ ဗိုက်ဆာနေတာက အလုပ်ရဲ့တိုးတက်မှုကို နှောင့်နှေးစေမှာ သေချာတယ် ဒါကြောင့် ကျွန်မအနေနဲ့ သူတို့ရဲ့ နေ့လယ်စာကို သေသေချာချာ ဂရုစိုက်သင့်တယ်လို့ထင်တယ်”
ချန်ဝမ်သည်လည်း ထိုလူများ၏ စကားဝိုင်းကို ကြားခဲ့ရသော်လည်း သိပ်ပြီးအာရုံမစိုက်ခဲ့ပေ။ ယခု လင်းရန်ပြောသည့်စကားများကို ကြားသောအချိန်မှသာ သူမ၏စကားများက အလွန်ကျိုးကြောင်းဆီလျော်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကိုယ်ကာယအားကို အသုံးပြုကာ လုပ်ဆောင်ရသည့် အလုပ်များကို လုပ်ရသည့် လူများကို မဆိုထားနှင့် ။ ချန်ဝမ်ကဲ့သို့ အားစိုက်ထုတ်စရာမလိုသော လူများပင် အစာစားရမည့်အချိန်တွင် မစားရပါက မွန်းလွဲပိုင်းအချိန်၌ စိတ်မသက်မသာ ဖြစ်နေရလိမ့်မည်။
ထို့အပြင် ဆာလောင်နေမှုကြောင့် အလုပ်ကိုလည်း မလုပ်ချင်တော့ပေ။
သူ့ကဲ့သို့လူပင် ဤသို့ဖြစ်နေပါက ထိုအသင်းဝင်များအုပ်စုအတွက်ဆိုလျှင် ပြောနေရန်ပင် မလိုအပ်တော့ချေ။
ချန်ဝမ်တစ်ယောက် အလေးအနက်ထားကာ တွေးတောလာပြီးနောက် လင်းရန် မတိုင်ခင်က မေးခဲ့သည့်မေးခွန်းကို တွေးလိုက်ပြီး ရုတ်တရက် အကြံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒါဆို မင်းက သူတို့အတွက် ထမင်းချက်ပေးဖို့ စီစဉ်နေတာလား”
လင်းရန် အနည်းငယ် ပြုံးလိုက်သည်။
“တိတိကျကျ ပြောရရင်တော့ ကျွန်မတို့ ကွန်မြူနတီက သူတို့အတွက် ထမင်းချက်ပေးဖို့နဲ့ ကွန်မြူနတီဝင်အုပ်စုရဲ့ နေ့လယ်စာပြဿနာကို ဖြေရှင်းပေးဖို့ စီစဉ်နေတာ”
“ဘာလဲ၊ ကွန်မြူနတီက သူတို့အတွက် ထမင်းချက်ပေးမယ်”
ချန်ဝမ် ခဏတာ အံ့အားသင့်သွားပြီးနောက် တစ်စုံတစ်ခုကို လျင်မြန်စွာ သဘောပေါက်သွားသည်။
“ဒီကိစ္စကို ကွန်မြူနတီရဲ့နာမည်အောက်က လုပ်ဖို့ကို တောင်းဆိုဖို့ စီစဉ်နေတာလား”
လင်းရန် ခေါင်းညိတ်လိုက်ကာ ပျော်ရွှင်သောလေသံဖြင့် ပြောလိုက်လေသည်။
“ဟုတ်တယ်၊ ဦးလေးချန် ကျွန်မက ကွန်မြူနတီကို တမင်ချီးမွမ်းပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကွန်မြူနတီက ခေါင်းဆောင်တွေက တကယ်ကောင်းပြီး အောက်ခြေက အသင်းဝင်တွေကို အလေးထားတယ်လို့ ကျွန်မ ထင်တယ်
အဖေကို အခုလို အပိုအလုပ်လုပ်ခွင့်ပြုဖို့အတွကာ ခေါင်းဆောင်တွေ သဘောတူခဲ့တာကို ကြည့်ပါလား၊ ပိတ်ပင်တားဆီးတာတာ ဘာမှ မရှိခဲ့ဘူး
ပြောရရင် ဒီလိုကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးဘူးဆိုရင်တောင် ကွန်မြူနတီရဲ့အသင်းဝင်တွေ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သရွေ့ ပြည်သူလူထုအတွက် စဥ်းစားပေးတဲ့ ခေါင်းဆောင်တွေကပဲ ဒီလိုမျိုး လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်မယ်ဆိုတာ သိနိုင်တယ်လေ၊
ဒီရက်ပိုင်းတွေမှာ အသင်းဝင်တွေရဲ့ စိတ်ထဲမှာ ခေါင်းဆောင်တို့ကို အများကြီး ကျေးဇူးတင်နေခဲ့ကြတာ”
လင်းရန်၏စကားများကို ကြားသောအခါ ချန်ဝမ်တစ်ယောက် စိတ်ချမ်းမြေ့ပျော်ရွှင်သွားပြီး သူ့၏ရင်ဘတ်ကလည်း အရှေ့သိာ့ ကော့လာခဲ့သည်။
“အဟမ်း၊ မင်းပြောတာကို ကြည့်ဦး၊ ငါတို့ဘက်က အသင်းဝင်တွေကို ဂရုစိုက်တာက လုပ်သင့်တဲ့အရာဘဲ မဟုတ်ဘူးလား”
ချန်ဝမ်မှာ လင်းရန်၏စကားလုံးများဖြင့် ချီးမွမ်းခြင်းကို ခံရသောကြောင့် ကောင်းကင်သို့ ပျံတက်လုနီးပါး ဖြစ်နေခဲ့လေသည်။ လင်းရန်လည်း သူ၏အမူအရာကို မြင်လျှင် ရယ်မောချင်စိတ်ကို ထိန်းချုပ်ကာ အလေးအနက်ဖြင့် ဆက်ပြောလာသည်။
“ဒါကြောင့်ပြောတာ၊ ခေါင်းဆောင်တွေက ဒီလောက်အရေးကြီးတဲ့ ကိစ္စကိုတောင် လုပ်ခွင့်ပြုခဲ့တယ်ဆိုတော့ ပါ့နန်တပ်မဟာရဲ့ အသင်းဝင်တွေ နေ့လယ်စာစီစဥ်တာလိုမျိုး အသေးအမွှားကိစ္စမျိုးမှာလည်း ပြဿနာရှိမှာ မဟုတ်ပါဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နေ့လယ်စာစားပြီးသွားပြီဆိုရင် တောင်ပေါ်မှာ ဆေးမြစ်ရှာဖို့နှင့် လေ့ကျင့်ရေးကိစ္စတွေကို ပိုပြီးအာရုံစိုက်နိုင်လာတော့မှာလေ၊
ဒါဆိုရင် အနာဂတ်မှာ ဒီအပိုအလုပ်ကို ပိုကောင်းအောင် လုပ်နိုင်မှာ သေချာတယ်၊ အဲဒီအချိန်ကျရင် တပ်မဟာနှစ်ခုရဲ့ စီးပွားရေးတွေ တိုးတက်လာမယ်ဆိုရင် သူတို့ပထမဆုံး ကျေးဇူးတင်ရဲ့မဲ့လူတွေက ကွန်မြူနတီရဲ့ ခေါင်းဆောင်တွေဖြစ်လာလိမ့်မယ်၊
ခေါင်းဆောင်တွေကြောင့် သူတို့တွေ ပူပူနွေးနွေး နေ့လယ်စာကို စားသုံးခွင့်ရခဲ့တာမလား”
ချန်ဝမ်လည်း လင်းရန်၏ စကားများကို ဂရုတစိုက်စဉ်းစားပြီးနောက် သူမ၏စကားများက အတော်ပင် မှန်ကန်ကြောင်းကို သဘောပေါက်သွားသည်။
မူလက လင်းကျန်းအန်း၏ အပိုအလုပ်ကို လုပ်ဆောင်ရန် သဘောတူပြီးသား ဖြစ်သောကြောင့် ဤအခြေအနေတွင် ထိုသူတို့ကို အနည်းငယ်လောက် ထပ်မံကူညီပေးပြီး ပါ့နန်တပ်မဟာသားများအတွက် နေ့လယ်စာပြဿနာကို ဖြေရှင်းပေးခြင်းက အတော်လေးပင် ကောင်းမွန်ပေလိမ့်မည်။
တပ်မဟာနှစ်ခုလာံးက သူတို့၏ကွန်မြူနတီအောက်တွင် ရှိနေသော တပ်မဟာများ ဖြစ်သည်။
ကိစ္စများက အဆင်ပြေချောမွေ့ပြီး ကောင်းမွန်သောနည်းလမ်းဖြင့် တိုးတက်လာချိန်တွင် သူတို့၏ကွန်မြူနတီသည်လည်း ဤအရာမှ အကျိုးအမြတ်ရရှိလိမ့်မည်။
ထို့ကြောင့် ပါ့နန်တပ်မဟာမှ လူများကို စဉ်းစားကူညီပေးခြင်းဆိုသည်မှာ အမှန်တကယ်တမ်းတွင် သူတို့၏ကွန်မြူနတီကို စဉ်းစားပေးနေခြင်းပင် ဖြစ်သည်။
ချန်ဝမ် ဂရုတစိုက်ဆန်းစစ်ပြီးနောက် ရုတ်တရက် လင်းရန်ကို စိုက်ကြည့်လိုက်သည်။
“ရှောင်လင်း၊ မင်းရဲ့ အကြံဉာဏ်ကို ပိုပြီး အသေးစိတ်ပြောပြပေးဦး၊ ဒါက ဖြစ်နိုင်တယ်ဆိုရင် ငါ သူတို့နဲ့ သွားဆွေးနွေးမယ်”
လင်းရန်လည်း တစ်ဖက်လူ စိတ်လှုပ်ရှားနေသည်ကို မြင်သောကြောင့် သူမ၏အကြံအစည်များအားလုံးကို ထုတ်ဖော် ပြောပြလိုက်လေသည်။
*