အခန်း (၁၉၀)
Vol. 19 Ch. 190
လင်းရန်၏ အတွေးများအရ ဆိုရလျှင် သူမ၏အကြံသည်က အလွန်ပင် ရိုးရှင်းပေသည်။ ကွန်မြူနတီတွင် စားဖိုဆောင် ရှိပြီး ထိုစားဖိုဆောင်ကလည်း မသေးငယ်လှပေ။
သူမက တစ်စားပွဲစာအတွက် ချက်ပြုတ်နိုင်သည်ဆိုပါကနှစ်စားပွဲ သို့မဟုတ် သုံးစားပွဲစာအတွက်လည်း ချက်ပြုတ်နိုင်ပေသည်။ ချက်ပြုတ်သည့်အချိန်တွင် အတူတကွ မလုပ်နိုင်စရာ အကြောင်းမရှိပေ။
ဤနေရာတွင် စားဖိုဆောင်ရှိခြင်းကြောင်း အဆင်ပြေသည့်အပြင် ကွန်မြူနတီက သူတို့၏ ချွမ်ဖန်းတပ်မဟာနှင့်လည်း သိပ်မဝေးလှပေ။
ထို့ကြောင့် ပါ့နန်တပ်မဟာမှ လူများအနေဖြင့် အိမ်သို့ ပြန်၍ မရနိုင်သောကြောင့် ကွန်မြူနတီ စားဖိုဆောင်သို့ ဆယ်မိနစ်ခန့် လမ်းလျှောက်၍ ထမင်းစားခြင်းသည်က အသင့်တော်ဆုံးဖြစ်လိမ့်မည် မဟုတ်ပါလား။
ပါ့နန်တပ်မဟာမှ အဖွဲ့ဝင်များ မည်သို့ပေးချေမည်နှင့် ကွန်မြူနတီစားဖိုဆောင်တွင် ပိုမိုကုန်ကျမည့် အစားအစာများအတွက် မည်သို့လုပ်ဆောင်မည်ဆိုသည်ကတော့ ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူပေသည်။
ထိုသူတို့မှာ သူတို့၏ လုပ်ငန်းမှတ်များဖြင့် တိုက်ရိုက်ပေးချေနိုင်လိမ့်မည်ဖြစ်သည်။ အလုပ်ရမှတ်တချို့ကို နုတ်ယူမည်ဆိုလျှင် အဆင်ပြေပေလိမ့်မရ်။
မည်သို့ပင်ဖြစ်စေ၊ သူတို့က အပိုအလုပ်တွင် ပါဝင်နေပြီး တပ်မဟာတွင် စုပေါင်း၍ အလုပ်မလုပ်သော်လည်း အမှန်တကယ်တမ်းတွင် နှစ်ကုန်၌ နောက်ဆုံး ရှင်းလင်းမှုပြုလုပ်သောအခါ “အပိုအလုပ်ဝင်ငွေ”မှ တစ်စိတ်တစ်ပိုင်းကို တပ်မဟာသို့ ပေးအပ်ရလိမ့်မည်ပင်။
၎င်းတို့၏ တပ်မဟာမှ လုပ်ငန်းမှတ်များကို ရှင်းလင်းပြီးနောက်တွင် ကွန်မြူနတီ၏ ခေါင်းဆောင်များထံသို့ ပြသရလိမ့်မည်။ ဤအခြေအနေကို အခွင့်အရေးယူ၍ ကွန်မြူနတီစားဖိုဆောင်တွင် ထမင်းစားသောသူများ၏ လုပ်ငန်းမှတ်များမှ ထမင်းစားသော အကြိမ်အရေအတွက်အလိုက် အမှတ်တချို့ကို နုတ်ယူနိုင်ပေသည်။
ပုံမှန်ထက် ပိုမိုကုန်ကျမည့် အစားအစာများအတွက်ကတော့ ကွန်မြူနတီအနေဖြင့် ထိုမျှလောက် အစားအစာကို အလွယ်တကူရနိုင်ပေသည်။
အကယ်၍ မလုံလောက်ခဲ့ပါက ပါ့နန်တပ်မဟာမှ လူများကို ၎င်းတို့၏ အိမ်မှ ကောက်နှံနှင့် ချက်ပြုန်စရာများကိာ ယူလာခိုင်းနိုင်သည်။ သူတို့က ၎င်းတို့အတွက် ချက်ပြုတ်ပေးရန် ကူညီပေးနိုင်ပေသည်။
ချန်ဝမ်တစ်ယောက် လင်းရန်၏ အတွေးများကို နားထောင်ပြီးချိန်တွင် သူ ပို၍ အံ့အားသင့်လာခဲ့ကာ တစ်ချိန်တည်းမှာပင် ပျော်ရွှင်လာခဲ့လေသည်။
“ရှောင်လင်း၊ မင်းက ဟင်းချက်တဲ့နေရာမှာ တော်ရုံတင်မကဘူး၊ မင်းရဲ့ဦးနှောက်ကလည်း သာမန်လူတွေထက် ပိုမြန်နေပုံပဲ၊ မင်းခုနက ပြောတာကို နားထောင်ကြည့်တော့ ဒါက ဖြစ်နိုင်ခြေရှိတယ်လို့ ထင်တယ်၊
ခဏ စောင့်နေဦး၊ ငါ အခုချက်ချင်း အထဲကို သွားပြီး သူတို့နဲ့ ဆွေးနွေးလိုက်မယ်၊ ဒါပေမဲ့ ဒီလိုဖြစ်သွားရင် မင်းကတော့ နောက်ပိုင်းမှာ အရမ်းအလုပ်များတော့မှာပဲ၊ ဟားဟား”
ချန်ဝမ်က ပြုံးလိုက်ပြီး ရုံးခန်းဘက်သို့ လျင်မြန်စွာ လျှောက်သွားလေသည်။ သူ့အနေဖြင့် ဤကိစ္စကို လူတိုင်းနှင့် ဆွေးနွေးရလိမ့်မည်။
အကယ်၍ လူတိုင်း သဘောတူပါက စားဖိုဆောင်အတွက် အလျင်အမြန် ပြင်ဆင်ရလိမ့်မည်။
ချန်ဝမ် အလျင်စလို ထွက်ပြေးသွားသည်ကို ကြည့်ပြီးနောက် လင်းရန်လည်း ပျော်ရွှင်စွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။
ချန်ဝမ်က သူမ၏ စိတ်နေစိတ်ထားကို တကယ်ပင် အထင်ကြီးလွန်းသည်။ သူမက သူတစ်ပါးအတွက်ကိုသာ စဉ်းစားပေးတတ်သည့် ပုံစံမျိုး မဟုတ်ပါချေ။
သူမ ဤမေးခွန်းကို ရုတ်တရက် မေးခဲ့ခြင်းသည်က သူမကိုယ်တိုင် အကျိုးအမြတ်ရရှိရန်အတွက်သာ ဖြစ်ပေသည်။
စားဖိုဆောင်တွင် စားသောက်မည့် လူများ ပိုမို ရောက်လာမညာဆိုပါက သူမ တစ်ယောက်တည်းဆိုလျှင် အလွန်အမင်း အလုပ်များနေမည် မဟုတ်ပါလား။
ဆိုရလျှင် သူမ အမှန်တကယ်အလုပ်များများ လုပ်နိုင်သော်လည်း ထိာအရာက ဤအလုပ်တွင် မည်မျှ ပင်ပန်းလိမ့်မည်ဆိုသည်နှင့်တော့ မသက်ဆိုင်ပါချေ။
ထိုကြောင့် အလုပ်များ ပို၍ ထိရောက်စေရန်အတွက် တစ်ဖက်မှလည်း သူမကို အကူအညီပေးရလိမ့်မည်။ သို့ဆိုပါက နောက်ဆုံးတွင် သူမသည်လည်း ပန်းကန်ဆေးကြောရခြင်းမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
ဤတောင်းဆိုမှုက အခြေအနေနှင့်သင့်တော်နေပြီး ကျိုးကြောင်းလည်း ဆီလျော်ပေသည်။ ကွန်မြူနတီက လုံးဝငြင်းဆိုမည်မဟုတ်ပေ။
ထိုသို့ တွေးလိုက်ရုံနှင့်ပသ့ လင်းရန်တစ်ယောက် ပျော်ရွှင်သွားခဲ့ရသည်။
ချန်ဝမ်က ကွန်မြူနတီရှိ တခြားဝမ်ထမ်းများထံသိာ့သွားခဲ့ကာ လင်းရန်၏ အဆိုပြုချက်နှင့် သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည့်အခြေအနေအကြောင်းကို ပြောပြခဲ့လေသည်။
ထို့နောက်တွင် လူတိုင်းကလည်း ထိုကိစ္စကို လ်ခံနိုင်ခဲ့ကြပြီး ကန့်ကွက်ခြင်းမရှိခဲ့ပေ။ ချန်ဝမ်ကဲ့သို့ပင် သူတို့သည်လည်း လင်းရန်၏ အကြံဉာဏ်က အလွန်ကောင်းမွန်သည်ဟု ခံစားခဲ့ကြသည်။
ယခင်က ကြီးမားသော ပြဿနာများကို ကူညီပြီး ဖြေရှင်းပေးခဲ့သောကြောင်း ဤအသေးအမွှားပြဿနာလေးကိုလည်း ကူညီဖြေရှင်းပေးရမည်။
ဆိုရလျှင် သူတို့က ပါ့နန်တပ်မဟာမှ လူများကို ကူညီပေးနေသကဲ့သို့ ဖြစ်နေသော်လည်း အမှန်တကယ်တွင်တေား သူတို့ကိုယ်တိုင်အတွက် အကူအညီပေးနေခြင်းပင် မဟုတ်ပါလား။
ထို့ကြောင့် နေ့လယ်စာစားချိန်တွင် ကွန်မြူနတီ၏ ခေါင်းဆောင်များက လင်းရန်ကို ဤအကြောင်းနှင့်ပတ်သက်၍ ပြောလာခဲ့ကြသည်။
သူတို့က သဘောတူခဲ့ကြပြီး လင်းရန်ကိုလည်း စနောက်ခဲ့ကြသည်။
သူမအနေဖြင့် အနာဂတ်တွင် ပိုမိာများပြားလာသော လူများအတွက် ထမင်းချက်ခြင်းတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သောကြောင့် လစာကို တိုးပေးသင့်မသင့်ကို မေးခဲ့ကြသည်။
ဆိုရလျှင် သူတို့အထဲမှ မည်သူကမျှ ထမင်းမချက်နိုင်သောကြောင့် တွေးတောစဉ်းစားပြီးနောက်တွင် လင်းရန်သည်ပင် ပါ့နန်တပ်မဟာမှ လူများအတွက် ထမင်းချက်ပေးရန် တာဝန်ကျခဲ့သည်။
ဤအခြေအနေတွင် လင်းရန်က နဂို တာဝန်ကိုလည်း ထမ်းဆောင်ရမည်ဖြစ်သောကြောင်း သူမအတွက် လုံလောက်သော လစာကို တိုးပေးသင့်သည်ဟု ယူဆခဲ့ကြသည်။
သို့သော် လစာတိုးခြင်းထက် လင်းရန် အလိုချင်ဆုံးအရသည်ကား သူမကို ကူညီမည့်သူသာ ဖြစ်ပေသည်။
ထို့ကြောင့် သူမက အလေးအနက်ထားဟန်ဆောင်ကာ အစပိုင်းတွင် ငြင်းဆိုခဲ့သည်။
ခေါင်းဆောင်များက သူမကို ပိုပြီး စိတ်ကျေနပ်နေကြောင်းကို မြင်ပြီးမှသာ လင်းရန်က စကားကို လမ်းကြောင်းကို ပြောင်းလဲလိုက်လေသည်။
“ဒါပေမဲ့ အဲဒီအချိန်ကျရင် ချက်ပြုတ်စရာတွေ အများကြီး ရှိလာလိမ့်မယ်၊ ကျွန်မ အကုန်လုံးကို အဆုံးထိ ဂရုစိုက်နိုင်မလား မသိဘူး၊ အဲဒီလိုဆိုရင် ခေါင်းဆောင်တို့အတွက် ချက်ပြုတ်တဲ့ အစားအသောက်ရဲ့ အရသာက နဂိုထက် နိမ့်သွားခဲ့မယ်ဆိုရင် ခေါင်းဆောင်တို့တွေ...”
ချန်ဝမ်နှင့် တခြားသူများမှာ ထိုစကားကို ကြားသောအချိန်တွင် သူတို့၏အမူအရာများက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ သူတို့၏ အနာဂတ်တွင် ဤမျှကောင်းမွန်ကာ အရသာရှိသော အစားအစာများကို နေ့တိုင်း စားရမည် မဟုတ်တော့ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
လင်းရန် ချက်ကျွေးခဲ့သည့်အစားအသောက်များကို အချိန်ကြာမြင့်စွာ စားခဲ့ရသော လူများ အားလုံးက ချက်ချင်းပင် ပြောလာခဲ့ကြလေ၏။
“ရှောင်လင်း၊ တခြားနည်းလမ်းတစ်ခုခု စဉ်းစားကြည့်ပါဦး၊ မင်းတစ်ယောက်တည်း ငါတို့တွေအတွက် ချက်ပြုတ်ရတာက အရမ်းပင်ပန်းနေပြီ၊ နောက်ပိုင်းမှာ လုပ်စရာတွေ များလာရင် မင်းဘယ်လိုလုပ်ပြီး ဒါကို ဆက်လုပ်နိုင်တော့မှာလဲ”
ထိုသူများ တုံ့ဆိုင်းလာကြသည်ကို မြင်လျှင် လင်းရန်က သူမ မတိုင်မီကတည်းက စဉ်းစားထားသည့် စိတ်ကူးကို ပြောပြလိုက်လေသည်။
“ကျွန်မတို့ မီးဖိုချောင် အကူတစ်ယောက်လောက် ရှာမယ်ဆိုရင် ဘယ်လိုလဲ၊ သူမက ဟင်းအိား ကူကြည့်ပေးတာ၊ ဟင်းသီးဟင်းရွက်လှီးတာ၊ ပန်းကန်ဆေးတာ စတဲ့ကိစ္စတွေကို ကူညီပေးနိုင်လိမ့်မယ်၊
ဒီလိုဆိုရင် သူမရဲ့အကူအညီနဲ့ဆိုရင် ကျွန်မရဲ့ အလုပ်က အရမ်းမပင်ပန်းတော့ဘူးလေ၊ ဒါဆို နှစ်ခုလုံးကို ကောင်းကောင်းလုပ်နိုင်မှာပါ”
လင်းရန် ပြောသည်ကို ကြားပြီးနောက် ခေါင်းဆောင်အဖွဲ့က ခဏမျှ စဉ်းစားပြီးနောက်တွင် လင်းရန်၏ အဆိုပြုချက်ကို စိတ်အားထက်သန်စွာဖြင့် သဘောတူလိုက်ကြလေ၏။
အခုအချိန်တွင် လုပ်စရာများက များပြားလွန်းသဖြင့် လင်းရန် တစ်ယောက်တည်းနှင့် အလုပ်မနိုင်တော့ပေ။ သူမအတွက် ကူညီပေးရန် နောက်ထပ်လူတစ်ယောက်ကို ရှာလိုက်မည်ဆိုပါက အလုပ်တွင် ကူညီပေးနိုင်လိမ့်မည်။
ထို့အပြင် သူတို့အားလုံးက လင်းရန်ကို လစာအနည်းငယ် ပိုပေးရန် စဉ်းစားထားကြပြီးဖြစ်ပေ၏။ လစာတိုးရန် စီစဉ်ထားပြီးဖြစ်သောကြောင့် ထိုအပိုလစာကို နောက်ထပ်ခေါ်မည့်အကူတစ်ဦးကို ပေးနိုင်ပေသည်။
အကူဖြစ်သည့်အတွက် သူမ၏လစာကို လင်းရန်နှင့် နှိုင်းယှဉ်၍ မရနိုင်နိုင်သော်လည်း မည်သူကမျှ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
“ကောင်းပြီ၊ မင်းလည်း သိတဲ့အတိုင်း ငါတို့က ဒီကိစ္စတွေကို နားမလည်ဘူး၊ ဒါကြောင့် ရှောင်လင်း ၊ မင်းအနေနဲ့ ကိုယ့်တိုင်ပဲ စဉ်းစားရလိမ့်မယ်၊ သင့်တော်တဲ့လူကို ရှာတွေ့ရင် ငါတို့ကို တိုက်ရိုက်ပြောပြလိုက်လေ”
သူတို့က သဘောတူလက်ခံလာသည်ကို မြင်လျှင် လင်းရန်၏ စိုးရိမ်ပူပန်မှုများက လုံးဝ ပျောက်ကွယ်သွားတော့၏။
ခေါင်းဆောင်များ စားသောက်ပြီးနောက်တွက် လင်းရန်သည် မီးဖိုချောင်ထဲရှိ ပစ္စည်းများကို သိမ်းဆည်းကာ အိမ်သို့ပြန်ခဲ့လေသည်။
သူမက ထိုသတင်းကောင်းကို မိသားစုအား ဦးစွာ ပြန်ပြောရန် ဆုံးဖြတ်ထား၏။
ကွန်မြူနတီ စားသောက်ဆောင်တွင် ကူညီလုပ်ကိုင်မည့်သူအတွက် ကွန်မြူနတီက မည်သည့်လိုအပ်ချက်ကိုမျှ မသတ်မှတ်ထားသောကြောင့် သူမက သဘာဝကျစွာဖြင့် ထိုနေရာကို မိသားစုဝင်ဆီသို့ ပေးရန် တွေးထားခဲ့ပေသည်။
အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် မိသားစုထဲတွင် အသင့်တော်ဆုံးလူမှာ သူမ၏ အကြီးဆုံးအဒေါ်ဖြစ်သူ ဝမ်ရှို့ကျူဖြစ်ကြောင်း ဆုံးဖြတ်လိုက်လေ၏။
အကြီးဆုံးအဒေါ်နှင့် အကြီးဆုံးဦးလေးတို့နှစ်ယောက်လုံးမှာ အလွန်ရိုးသားပြီး စကားလည်း သိပ်မပြောသော်လည်း အလုပ်လုပ်ရာတွင် အလွန်အရည်အချင်းရှိကာ ဇွဲလည်းရှိကြသည်။
သူတို့မှာ အလွန် အလုပ်ကြိုးစားသူများ ဖြစ်ကြပေသည်။
သူမ အကြိုက်ဆုံးလူများမှာလည်း သူမ၏ အကြီးဆုံးအဒေါ်ကဲ့သို့ လူမျိုးများပင် ဖြစ်ပေသည်။
အကြီးဆုံးအဒေါ်၏ အကူအညီဖြင့်ဆိုပါက ကွန်မြူနတီ စားဖိုဆောင်တွင် သူမအနေဖြင့် ပိုပြီးသက်တောင့်သက်သာရှိလာမည်မှာ သေချာပေသည်။
သူမတွေးတောရင်းဖြင့် ဒုတိယအဒေါ် ယင်းဖန်၏အကြောင်းကို တွေးတောမိလိုက်ပြန်သည်။ သူမသာ အကြီးဆုံးအဒေါ်ကို ခေါ်ယူမည်ဆိုပါက ဒုတိယအဒေါ် ယင်းဖန်မှာ သေချာပေါက် ဆူပူအော်ဟစ်လာလိမ့်မည်။
သို့သော်လည်း အလုပ်နေရာက တစ်နေရာတည်းသာ ရှိသောကြောင့် လူနှစ်ဦးလုံးကို ထည့်ပေးရန် မဖြစ်နိုင်ပေ။
သူမဘက်မှ ဆူပူချင်သည်ေိုလျှင်လည်း သူမကို ဆူပူခွင့်ပေးလိုက်ရုံပင်။
မည်သို့ပင်ဆိုစေ သူမသည်လည်း ခိုင်မာသော စိတ်နေစိတ်ထားရှိသူဖြစ်ပြီး အဘွားလင်းသည်လည်း ဒုတိယအဒေါ်ကို ဖိအားပေးထားသည်ဖြစ်၍ မည်သည့်အရာမျှ ဖြစ်လာနိုင်မည် မဟုတ်ပေ။
ကိစ္စများအားလုံးကို စဉ်းစားပြီးနောက်တွင် လင်းရန်၏ တစ်ကိုယ်လုံး ပေါ့ပါးသွားခဲ့လေ၏။
*