ပါးစပ်အပြည့်ရှိ မစင်
Vol. 4 Ch. 35
အငွ့ထနေသည့် ချီးပူများ ပြည့်နေသည့် ပုံးကြီးတစ်ခုသည် လူတစ်ယောက်ကိုသေစေနိုင်သည်အထိပူပြင်းလှ၏။ ၎င်းကိုလွှတ်ချလိုက်ပြီး…
ထိုကောင်မျက်နှာကို ငါချီးသုတ်ပေးမယ်။
ပတ်ဝန်းကျင်မှ လော့မိသားစုဝင်တပည့်များသည် မိမိတို့အား လာစင်သွားမည်ကို ကြောက်ရွံ့ကြသဖြင့် မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြစ်ကာ အလျင်အမြန်ပင် ရှောင်တိမ်းလိုက်ကြ၏။
လော့ချန်သည် စိတ်ပြင်ဆင်ထားခြင်းမရှိပေ။ သူ၏ဖခင်မှာ ဒုတိယခေါင်းဆောင်ဖြစ်ပြီး စင်မြင့်ပေါ်တွင် ထိုင်နေခြင်းဖြစ်၏။ သူကိုယ်တိုင်၏ ကျင့်ကြံမှုမှာလည်း အလွန်အားကောင်းသည့်အပြင် လော့မိသားစုတွင် ပါရမီရှင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရသူဖြစ်ပေသည်။ လော့ထျန်အား အဆတစ်သောင်းမက သတ္တိရှိစေကာမူ သူ့ကို ဆန့်ကျင်ရန်နည်းလမ်းမရှိပေ။ ဤသည်မှာ သူ့မာနပင်။
ထို့အပြင် တိုက်ခိုက်မှုတစ်ခုရှိပါက နက်နဲ တပည့်အဆင့် ၇ အစွမ်းသည် အမှိုက်တစ်စအား တုန်လှုပ်စေပါသည်။ ထို့ကြောင့် လော့ချန်သည် မာနကြီးစွာဖြင့် လော့ထျန်အား အထင်သေးသော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
သူ၏ မာနထောင်လွှားသော အပြုံးက “အကယ်လို့ ဒီအဖေက သူပြောခဲ့တဲ့ စကားတွေကို မတည်နိုင်ဘူးဆိုရင် ဒီအမှိုက်က ဒီအဖေ့ကို ဘာများ လုပ်နိုင်မှာလဲ” ပြောနေသယောင်ရှိ၏။
လော့ထျန်သည် ချီးပုံးကြီးကို အမှန်တကယ် ပစ်ချမည် သူ ထင်မထားခဲ့ချေ။ အဆိုးဆုံးမှာ သူ အမှန်တကယ် မရွေ့လျားနိုင်ခြင်းပင်ဖြစ်၏။
ချီးပုံးကြီးသည် သူ၏မျက်နှာဆီသို့ တည့်တိုးလာသည်ကိုသာ သူ ကြည့်နေခဲ့ရ၏။
“ဖပ်”
လော့ထျန်သည် ချီးပုံးကြီးကို တိတိကျကျ ပစ်ချလိုက်ရာ လော့ချန်၏ မျက်နှာပေါ်သို့ ရောက်ရှိသွားတော့၏။
ချီးများသည် နေရာအနှံ့သို့ ပက်ကျဲသွား၏။
လော့ထျန်သည် ပုံးကြီးကို သူ၏လက်ထဲမှ လွှတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် မီတာအနည်းငယ် ဝေးသောနေရာသို့ လွင့်ထွက်သွားလေ၏။
“အိုးဟိုး ငါ နောက်ဆုတ်လိုက်တာ ကံကောင်းတယ် ဒါမှမဟုတ်ရင် ငါ့ကိုလည်း စင်သွားတော့မှာ” သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေ၏။
လော့ထျန်၏လက်ထဲမှ လွတ်ထားသွားသည်နှင့်ချီးပုံးသည် လော့ချန်၏မျက်နှာမှ ဖြည်းဖြည်းချင်းအောက်သို့ ပြုတ်ကျလာတော့၏။
ပြဲလန်နေသော ချီးများလည်း စတင်စိမ့်ယိုကျလာ၏။
လော့ထျန်၏လုပ်ရပ်ကြောင့် သူ မလှုပ်ရှားနိုင်တော့ဘဲ လော့ချန်၏ပါးစပ်သည် အနည်းငယ်ဟနေရာ ချီးများမှာ…
ပါးစပ်အတွင်း၊ နှာခေါင်းပေါက်များအတွင်း ၊မျက်လုံးများ၊ ဦးခေါင်းနှင့် ရင်ဘတ်တို့ပေါ်တွင် သူသည် ချီးများဖြင့် လုံးဝဖုံးလွှမ်းသွား၏။
လော့ချန်၏ မျက်လုံးများမှာ ပြူးထွက်နေပြီး လော့ထျန်အား အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲလိုနေတော့၏။
သူ့ဒေါသသည် ခေါင်းထိပ်သို့ ရောက်ရှိလာခဲ့သော်လည်း သူ ဘာမှမတတ်နိုင်ပေ။
သူ၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့သလို စကားတစ်ခွန်းမျှပင် မပြောနိုင်ချေ။
“ဟား ဟား ဟား…”
“ဟား ဟား ဟား…”
လော့ချန်၏ လက်ရှိရုပ်ပုံသဏ္ဌာန်ကို မကြည့်ဝံ့ကြပေ။
ပတ်ဝန်းကျင်ရှိ လော့မိသားစုဝင်တပည့်များသည် မရယ်ချင်သော်လည်း မအောင့်နိုင်ကာ ရယ်မောနေကြတော့၏။
ဤရှက်စရာကောင်းသော ပုံရိပ်သည် သူ့မာနကို ရိုက်ချိုးလိုက်လေတော့သည်။
စင်မြင့်ပေါ်ရှိ လော့ချန်းရှန်း၏ မျက်လုံးများသည် ရက်စက်သွား၏။
သူ၏ ခန္ဓာကိုယ်သည် ပျောက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း လော့ထျန်၏ ဘေးနားသို့ ရောက်ရှိသွားတော့၏။
အမှောင်ထုထဲမှ ဆန့်ထွက်လာသည့်အလား ဧရာမအနက်ရောင်လက်တစ်ဖက်သည် ဆန့်တန်းလာသည်နှင့်အမျှ ဒေါသတကြီးဟိန်းဟောက်လေ၏
“ငါ့သားကို အနိုင်ကျင့်ရဲတယ်။ မင်း သေတွင်းကို တူးနေတာပဲ”
လော့ထျန်၏ မျက်ခုံးများသည် တင်းမာသွားပြီးနောက် သူသည် အလျင်အမြန်ပင် နောက်သို့ဆုတ်လိုက်၏။
သူသည် တစ်ချိန်တည်းမှာပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်
“လူသတ်သမား …လူသတ်သမား လော့မိသားစု ဒုတိယခေါင်းဆောင်ဟာ လော့မိသားစုရဲ့ သခင်လေးကို သတ်ဖို့ ကြိုးစားနေတယ်”
“အားလုံးလာကြည့်ကြ”
“သူက ငါ့ သခင်လေးကို သတ်နေတယ်။ ဒါမှ သူက ခေါင်းဆောင်ဖြစ်လာနိုင်မှာ”
လော့ထျန်သည် ပရိသတ်အကြား ပြေးလွှားရင်း စိတ်ဖောက်ပြန်နေသော အမျိုးသမီးတစ်ဦးကဲ့သို့ အော်ဟစ်နေ၏။
ပတ်ဝန်းကျင်မှ လော့မိသားစုဝင်တပည့်များသည် လော့ချန်ရှန်းအား ထူးဆန်းသော အကြည့်များဖြင့် လျှို့ဝှက်စွာ စောင်းငဲ့ကြည့်နေကြ၏။
လော့ချန်ရှန်း၏ မျက်လုံးများသည် မှောင်မိုက်သွားပြီး သူသည် သူ၏ မေးရိုးများကို ဆုပ်ကိုင်ကာ စိတ်ထဲမှ
“စိတ်အေးအေးထား စိတ်အေးအေးထား လော့ထျန်သာ ငါ့လက်ထဲမှာ သေသွားရင် လော့ကျန့်ရှန်ဟာ ခေါင်းဆောင်နေရာမှာ လွယ်လွယ်ကူကူ ထိုင်နေတော့မှာ၊ ဒီ အားနည်းချက်အတွက်နဲ့ သူ့ကို ဆုပ်ကိုင်ခွင့် လုံးဝ မပေးနိုင်ဘူး”
လော့ချန်ရှန်းသည် အသက် လေးဆယ်ကျော်ပြီဖြစ်သောကြောင့် လိမ္မာပါးနပ်သည်။
သူ၏ဒေါသသည် ကောင်းကင်သို့ တက်ရောက်နေသော်လည်း သူ၏ ဆင်ခြင်တုံတရားရှိသော စိတ်သည် သူ့အား မှားယွင်းသောလှုပ်ရှားမှုကို မပြုလုပ်နိုင်ကြောင်း ပြောနေ၏။
သူ့သားဘက်က မှားပြီး ယခု သူသည် သိုင်းပညာလေ့ကျင့်ရေးကွင်းတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်နေခြင်းပင်ဖြစ်၏။
မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ ဤလုပ်ရပ်သည် သင့်တော်သော လုပ်ရပ်မဟုတ်ပေ။
ထို့အပြင် လော့ကျန့်ရှန်သည် ၎င်းဖြင့် သူ့အား ဆန့်ကျင်ရန် ဆုပ်ကိုင်ထားပေလိမ့်မည်။
စက္ကန့်အနည်းငယ်အတွင်း လော့ချန်ရှန်းသည် သူ့ကိုယ်သူ တည်ငြိမ်နိုင်ခဲ့သည်။
သူသည် သူ၏ တိုက်ခိုက်မှုကို ရပ်လိုက်ပြီး နက်နဲ စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဧရာမလက်တစ်ဖက်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့၏။
လော့ထျန်သည်လည်း ရပ်တန့်လိုက်ပြီးနောက် သာသာယာယာပြုံးကာ
“မင်း အဘိုးကြီးက ငါ့ကို ရှုပ်ချင်တာလား မင်းမှာ အရည်အချင်း မရှိသေးဘူး”
သူ့ကိုယ်သူ ရေရွတ်လိုက်၏။
လော့ထျန်သည် လူအုပ်ထဲတွင် ခဏတာငြိမ်နေသည့်အချိန်တွင် လော့ချန်သည် သူ၏ လက်သီးများကို ဆုပ်ကိုင်ထားရင်း လော့ထျန်အား စိုက်ကြည့်နေပြီးနောက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်
“ငါ မင်းကို သတ်တော့မယ်”
သူ၏ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ချီးများ ထွက်လာတော့၏။
ချီးတစ်ဇွန်းကြီးသည် “ဖပ်” ဟူပြီး ထွက်ကျသွား၏။
မြင်ကွင်းသည် အလွန်ပင် ထိတ်လန့်စရာကောင်းလှရာ လော့ထျန်သည်ပင် သူ၏ ပါးစပ်ကို ဟနေလျက် စိုက်ကြည့်နေတော့၏။
သူ မမြင်ဖူးသော အရာရှိသေးပါလား။
အကြောင်းအရင်းမှာ လူတစ်ဦး၏ပါးစပ်မှ ချီးများ ပက်ဖျန်းလာသည်ကို သူ တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့်ပင်ဖြစ်၏။
၎င်းသည် အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
ချီးတစ်ဇွန်းကြီး ပက်ဖျန်းသွားသည်နှင့်အမျှ လော့ချန်၏ဗိုက်သည် အသံများမြည်လာပြီးနောက် သူသည် အန်တော့၏။
တစ်စုံတစ်ယောက်ကို သတ်ပစ်လိုစိတ်ကိုမပြောနှင့် အန်ရန် အားကုန်သုံးနေရတော့၏။
ဤသည်မှာ လုံးဝရှက်စရာပင်။
လော့ထျန်သည် ကြောက်ရွံ့သောအသွင်ကို ဆောင်ကာ
“ယာယီခေါင်းဆောင် သူ ကျွန်တော့်ကို သတ်ချင်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတစ်ခုခုမဆုံးဖြတ်တော့ဘူးလာ”
လော့ကျန့်ရှန်၏ မျက်ခုံးများသည် တုန်ယင်သွားပြီးနောက် သူသည် သူ၏ လည်ချောင်းကို ရှင်းလိုက်၏။
သူသည် သူ၏ နက်နဲ စွမ်းအင်ကို လည်ပတ်လိုက်ပြီး စင်မြင့်ပေါ်မှ မြေပြင်သို့ လွင့်မျောလာ၏။
ထို့နောက် သူသည် ခန့်ညားစွာဖြင့်
“တော်ပြီ ဒီမှာ ဘယ်သူမှ မရှုပ်ကြနဲ့တော့”
ထိုစကားကို ပြောပြီးနောက် လော့ကျန့်ရှန်သည် လော့ထျန်အား အေးစက်စက်ကြည့်လိုက်၏။
လော့ထျန်၏ပါးစပ်မှ သရေများ စတင်ကျလာတော့၏။
နောက်ဆုံး ဘော့စ် က ငါနဲ့ အရမ်းနီးနေတယ်…
လော့ကျန့်ရှန်ပတ်လည်ရှိ တောက်ပသောရွှေရောင်အလင်းသည် လော့ထျန်အား သူ၏မျက်လုံးများကို လုံးဝဖွင့်နိုင်စွမ်းမရှိစေပေ။
သူသည် လော့ကျန့်ရှန်အား ယခုချက်ချင်းပင် ရိုက်ချိုးပစ်လိုနေသော်လည်း သူ၏အသိစိတ်သည် သူ့အား အရမ်းအလောတကြီးမလုပ်ရန် ပြောနေ၏။
လော့ကျန့်ရှန်၏ ခွန်အားသည် လော့မိသားစုအားလုံးထဲတွင် အားအကောင်းဆုံးဖြစ်ရမည်။
သို့မဟုတ်လျှင် သူသည် ယာယီခေါင်းဆောင်ဖြစ်လာမည်မဟုတ်ပေ။
သူ့ကို စိန်ခေါ်လိုပါက ခွန်အားနှင့် လုံလောက်သော ပြင်ဆင်မှုများ လိုအပ်၏။
လော့ထျန်သည် တံတွေးမျိုချလိုက်ပြီးနောက်
“ဒီအဖေက မင်းကို သေအောင်လုပ်ပြမယ်”
သူကိုယ်သူ ရေရွတ်လိုက်တော့၏။
လော့ကျန့်ရှန်၏ ရုပ်သွင်သည် မိုးကြိုးနွားသိုး၏ဦးခေါင်းဘေးနားသို့ ရွေ့လျားသွားပြီးနောက် သူ၏ လက်ဖဝါးများမှ နက်နဲသည့် စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာ၏။
ထွက်ပေါ်လာသော နက်နဲစွမ်းအင်သည် ဦးခေါင်းခွံတစ်ဝိုက်ကို စတင်၍ အာရုံခံလိုက်ရာ
“နတ်ဆိုးအနှစ်က တကယ် ပျောက်ဆုံးနေတာပဲ”
ထို့နောက် သူသည် စင်မြင့်ပေါ်သို့ ချက်ချင်းပြန်သွားပြီး အသံကျယ်ကျယ်ဖြင့်လိုက်၏။
“တွက်ချက်မှုတွေကို ဆက်လုပ်”
တွက်ချက်မှုများ၏တာဝန်ခံဝန်ထမ်းက
“ခေါင်းဆောင်ကိုသတင်းပို့ပါတယ်။ လော့ထျန်က နောက်ဆုံးပါ”
ပြန်ဖြေလိုက်၏။
ဤအချိန်တွင်…
လော့ကွန်းရှန်သည် သိုင်းပညာလေ့ကျင့်ရေးကွင်းသို့ ဝင်သွားပြီး စင်မြင့်ပေါ်သို့ အလျင်အမြန်တက်သွား၏။
သူသည် လော့ကျန့်ရှန်အား အရိုအသေပြုပြီးနောက်
“တပည့်တွေအကုန်လုံးက အမဲလိုက်ကွင်းမှာ မရှိတော့ဘူး”
“ဘာ”
လော့ကျန့်ရှန်၏ မျက်ခုံးများသည် တွန့်သွားပြီး တစ်ကြိမ်တုန်ယင်သွားပြီးနောက် စိုးရိမ်တကြီးမေးလိုက်သည်။
“ငါ့သားရော”
လော့ကွန်းရှန်က ခေါင်းခါလိုက်ပြီး
“သူ ထွက်မလာဘူးဆိုတော့ ဖြစ်နိုင်တာက…”
“မဖြစ်နိုင်တာ”
“မဖြစ်နိုင်တာ ငါ့သားရဲ့ ခွန်အားက နက်နဲတပည့် ၈ အဆင့်မှာ ရှိတယ်ဆိုတော့ အဲဒီမှာ သေဆုံးဖို့ မဖြစ်နိုင်ဘူး”
လော့ကျန့်ရှန်၏ အသံမှာ အနည်းငယ်တုန်ယင်နေပြီး သူ၏ မျက်လုံးများသည် တွေဝေသွား၏။
“တစ်ယောက်ယောက်က တောင်ကို သွားရှာလိုက်ပါ ငါ့သားက အသက်ရှင်နေတုန်းပဲ အသက်ရှင်နေတုန်းပဲ”
လော့ရှောင်းရှန်သည် လမ်းလျှောက်လာပြီး
“မင်းတို့ အားလုံး ဘာကိုစောင့်နေကြတာလဲ ဘာလို့ တောင်ဆီကို မြန်မြန်သွားပြီး မရှာကြတာလဲ”
ဟူ၍ ဟိန်းဟောက်လိုက်တော့၏။
“နေအုံး”
“အမဲလိုက်ကွင်းကို သုံးရက်ပဲ ထိန်းသိမ်းဖို့ စီစဉ်ထားခဲ့တာပါ။
သုံးရက်ကြာပြီးနောက် နတ်ဆိုးသားရဲတွေ အားလုံး ပြန်ဝင်လာကြတော့မယ်ဆိုတော့ ကျွန်တော်တို့ အလျင်စလို ပြန်သွားရင် ကြောက်ပါတယ်…”
ဟူ၍ လော့ကျုံးရှန်က လူတိုင်းကို သတိပေးလိုက်၏။
လော့ရှောင်းရှန်၏ မျက်လုံးများသည် ကျယ်လာပြီး
“မင်း အဲဒါ ဘာကိုဆိုလိုတာလဲ လော့ကျုံးရှန်း၊ အဲဒါ မင်းသားမဟုတ်လို့ ပြောနိုင်တာလား” သူအော်ပြောလိုက်သည်။
လော့ချန်းရှန်းသည် စင်မြင့်သို့ ပြန်လာပြီး
“ဘယ်သူ့သားလဲဆိုတာ အရေးမကြီးဘူး ဝိညာဉ်တောင်တန်းက အန္တရာယ်တွေနဲ့ ပြည့်နေတော့ ကျွန်တော်တို့ အပြည့်အဝပြင်ဆင်ထားရမယ်”
“ဘာပြင်ဆင်မှုလဲ မြန်မြန် သွားလုပ်ကြ”
“ပဉ္စမခေါင်းဆောင် မင်း အနည်းငယ် သတိပြန်ထားလို့မရဘူးလား။ မင်းက လော့မိသားစုရဲ့ ကံကြမ္မာတစ်ခုလုံးကို ရှုပ်ချင်တာလား”
“ဒုတိယခေါင်းဆောင် မင်းသားက ထွက်လာပြီဆိုတော့ မင်းက စိတ်မပူဘူးပေါ့။
လော့လင်က ကျွန်တော်တို့ရဲ့ လော့မိသားစုမှာ ရာစုနှစ်အတွင်း တွေ့ရခဲတဲ့ ပါရမီရှင်တစ်ဦးပဲ။
သူ့ကိုရှာဖွေရာမှာ မင်းက ကျွန်တော်တို့ကို နှောင့်နှေးစေခဲ့ရင် အဲဒါကလည်း ကျွန်တော်တို့လော့မိသားစုရဲ့ ကံကြမ္မာကို ရှုပ်နေတာ မဟုတ်ဘူးလား။
အဲဒီတာဝန်ကို ယူနိုင်မှာလား”
“မင်း…”
“ဘာ မင်းလဲ အစ်ကိုကြီး။
ကျွန်တော် အထက်တန်းလွှာ လော့မိသားစုဝင်တပည့်တွေကို ချက်ချင်း စုပြီး ရှာဖွေမှုတွေ စတင်လိုက်မယ်။
ကျွန်တော် လော့လင်ကို ပြန်ခေါ်လာမှာ သေချာတယ်”
ထိုစကားကို ပြောပြီးနောက် လော့ရှောင်းရှန်သည် ထွက်သွားတော့၏…
လော့ကျန့်ရှန်သည် သက်ပြင်းချလိုက်ပြီး
“မသွားနဲ့တော့”
လော့လင်၏ ခွန်အားအပြင် လော့မင်၏ နက်နဲသည့် ဆရာအဆင့် ၃နှင့်ဆိုလျှင် သူတို့သည် မိုးကြိုးနွာသိုးနှင့် တွေ့ဆုံခဲ့လျှင်ပင် ဘေးကင်းစွာ ထွက်နိုင်ခဲ့ရမည်ဖြစ်သည်။
သူတို့သည် မထွက်သေးသည့်အကြောင်းမှာ ကြီးမားသော ဖြစ်ရပ်တစ်ခုနှင့် တွေ့ဆုံခဲ့ရခြင်းပင်ဖြစ်ပေမည်။
ဖြစ်နိုင်သည်မှာ သူတို့သည် ထပ်မံ၍ ထွက်လာတော့မည်မဟုတ်ပေ။
ထို့နောက် လော့ကျန့်ရှန်၏ မျက်လုံးများသည် လော့ထျန်အား စူးဝါးစွာ စိုက်ကြည့်လိုက်သည်။