← Chapters

အရူးပမာ၊ နတ်ဆိုးပမာ

Vol. 4 Ch. 46

အရူးပမာ၊ နတ်ဆိုးပမာ

Vol. 4 Ch. 46

ညဉ့်နက်သည်အထိ လေမှာ အနည်းငယ် အေးစိမ့်စိမ့်ရှိနေ၏။

တောင်ပေါ်ရှိ ဝိညာဉ်တောင်တန်း၏ ရှေ့တွင် ရပ်နေသောအခါ လော့ထျန်သည် ၎င်းနှင့်နှိုင်းယှဉ်လိုက်ပါက အလွန်သေးငယ်သည်ဟု ခံစားရသည်။

ညနေတုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေကြောင့် သူ အရမ်းဒေါသထွက်နေခဲ့သည်။

လော့ကျန့်ရှန်က လီရွှယ်အာနှင့် ဖုန်းလေတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားရလောက်အောင် မျက်နှာပြောင်နိုင်သည်ကို သူမမျှော်လင့်ခဲ့ပေ။

သူ့ဘဝမှာ အမုန်းဆုံးအရာက သူ့နားကလူကို လာနှောင့်ယှက်ခြင်းပင်ဖြစ်၏။

သူ၏ပြောနေကျစကားအရ မင်းက ငါ့ကို လာထိလို့ရတယ်။ ငါ့သူငယ်ချင်း ဒါမှမဟုတ် မိသားစုကိုတော့ လာထိလို့ မရဘူး။

မင်းသာ ငါ့သူငယ်ချင်းနဲ့မိသားစုကို ထိရဲရင် ငါမည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ မင်းရဲ့မျိုးရိုး ဆယ့်ရှစ်ဆက်ကို ဖျက်ဆီးပစ်မယ်။

လူတို့တွင် စိတ်အားထက်သန်သည့်မီးတောက်များလိုအပ်၏။

လော့ထျန်သည် ဤကမ္ဘာသို့ ပြောင်းရွှေ့လာသည့်အခါ ထိုစိတ်အားထက်သန်မှု မီးတောက်များ ထွန်းညှိခဲ့သည်။

ယခုတွင် ထိုမီးတောက်သည် သူ၏ကိုယ်တွင်းအဂါများအနှံ့သို့ ပျံ့နေပြီး မကြာမီပင် သူ၏စိတ်နှင့် သတိပင်လယ်ထဲသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

ထိုအချိန်ကျရင် ဟဲဟဲ…

လော့ထျန်သည် သုံးကြိမ်တိုင်တိုင် အသက်ပြင်းပြင်းရှူခြင်းဖြင့် သူ၏အတွေးများကို ငြိမ်သက်စေခဲ့သည်။

ထို့နောက် ကျောက်စိမ်းတောင်မြို့ဘက်သို့ လှည့်ကြည့်ကာ “ငါ့ကို စောင့်နေ” သူ တိုးလျစွာပြောသည်။

ထိုစကားလေးလုံးတွင် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ပြည့်နေခဲ့သည်။

ထို့နောက် လော့ထျန်သည် ဝိညာဉ်တောင်တန်းပေါ်သို့ ခြေလှမ်းတက်လိုက်သည်။

သူ၏ရောက်ရှိလာမှုက ငှက်များနှင့် ပိုးမွှားများကို နိုးထစေပြီး ပြင်ပနယ်မြေကို မငြိမ်မသက်ဖြစ်စေခဲ့သည်။

အမဲလိုက်ခြင်း အခမ်းအနားကြီး စတင်ခဲ့ပြီ။

ဝိညာဉ်တောင်တန်းမှာ ကျင့်ကြံရန်မူလရည်ရွယ်ချက်ကတော့ ရှစ်ရက်အတွင်း အဆင့် ၄ ရှိတဲ့ နတ်ဆိုးသားရဲကို ရင်ဆိုင်ရန်ဖြစ်သော်လည်း ယခုတွင် ၎င်းက ကွဲပြားသွားခဲ့သည်။

အဆင့် ၄ နတ်ဆိုးသားရဲကို စိန်ခေါ်ခြင်းမှလွဲ၍ အရေးကြီးဆုံးအချက်ကတော့ နောက်ဆုံးဘော့စ်ကို သတ်ပစ်ရန်ပင်ဖြစ်သည်။

အခြေအနေများကို နောက်ထပ်ဆွဲဆန့်ထားရန် သူ မလိုချင်တော့ပေ။

ဤနောက်ဆုံးဘော့စ်ကို ဖယ်ရှားရမည် မဟုတ်ရင် နောက်တစ်ကြိမ်မှာ သူ့လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားသလောက် ရိုးရှင်းမည်မဟုတ်တော့ပေ။

လော့ထျန်သည် သူ့နားကလူတွေကို ထိခိုက်နစ်နာအောင် လုပ်မည့်သူ မဟုတ်ပေ။

သူရှာတွေ့သည်နှင့်သေချာပေါက် ဖယ်ရှားပစ်လိမ့်မည်။

ညသည် မှင်ကဲ့သို့ မှောင်နေပြီး သစ်တောအတွင်းမှာတော့ အလင်းရောင် အနည်းငယ်မျှပင် မမြင်ရပေ။

နက်နဲတပည့် အဆင့် ၉ ရှိသူတစ်ဦးသည် သူတို့ရှေ့ ရှိမီတာအနည်းငယ်ခန့်ရှိ အကွာအဝေးကိုသာ မြင်နိုင်ပေလိမ့်မည်။

ထိုအခြေအနေများအောက်တွင် နတ်ဆိုးသားရဲများကို ရှာဖွေလိုပါက အလွန်ခက်ခဲပေသည်။

နာရီဝက်ကြာပြီးနောက်…

လော့ထျန်သည် သူ၏ခရီးတွင် အဆင့် ၁ ရှိသော နတ်ဆိုးသားရဲအနည်းငယ်ကိုသာ သတ်နိုင်ခဲ့သည်။

သူ၏မျက်ခုံးများ မသိစိတ်ဖြင့် တွန့်လိမ်သွားပြီး “ဒီလိုဆိုရင်တော့ အဆင်မပြေဘူး ရ။ ဘယ်နတ်ဆိုးသားရဲမှ မတွေ့ရင် ငါ လေကိုပဲ သတ်ရမှာလား”

ခဏကြာစဉ်းစားပြီးနောက်…

လော့ထျန်၏ မျက်ခုံးများ နစ်ဝင်သွားပြီး အော်ဟစ်လိုက်သည်။

သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များကို မထိန်းချုပ်ဘဲ ထုတ်လွှတ်လိုက်ပြီး ထိုအရာက လွှမ်းမိုးခြင်း၊ မာနကြီးခြင်းနှင့် အလွန်အမင်း ရိုင်းစိုင်းခြင်းတို့ကို ပတ်ဝန်းကျင်ရှိ သစ်တောထဲသို့ ထွက်လာစေခဲ့သည်။

သူ၏စွမ်းအင်များ ထွက်လာပြီးနောက် မိနစ်ဝက်အောက်မှာပင် အေးစက်သော အစိမ်းရောင်မျက်လုံး တစ်ဒါဇင်ကျော်က သူ့ကို စိုက်ကြည့်နေကြသည်။

နတ်ဆိုးသားရဲများသည် လူသားများကဲ့သို့ပင် သူတို့က ရန်စခံရတာကို မကြိုက်ကြပေ။

လော့ထျန်၏စွမ်းအင်က သူတို့ကို ဒေါသထွက်စေခဲ့သည်။

သူတို့သည် သူ့ဆီ အုံပြီး ပြေးလာကြသည်။

ထိုသူသည် လူသားတစ်ဦးဖြစ်ကြောင်း သိလိုက်သောအခါတွင် ၎င်းတို့မျက်လုံးများအားလုံး ပြောင်းလဲသွားပြီး အချိန်အကြာကြီး အငတ်ခံထားရသကဲ့သို့ ပုံပေါ်နေခဲ့သည်။

တံတွေးများ ကြမ်းပေါ်သို့ ကျလာပြီး တစ်ကောင်မှာ မြေပြင်ကို ခြေသည်းဖြင့် ကုတ်ဖဲ့လိုက်သည်။

၎င်း၏လည်ချောင်းမှ ဟိန်းသံကျယ်လာပြီး လော့ထျန်သည် ၎င်း၏သားကောင်ဖြစ်ကြောင်းနှင့် ကျန်သူများကို နောက်ဆုတ်ရန် သတိပေးနေသည်။

တစ်ခဏအတွင်း…

အဆင့် ၂ ရှိသော အနီရောင်မီးလျှံဝံပုလွေ သည် အော်ဟစ်သံပေးလိုက်သည်။

လော့ထျန်၏ နှုတ်ခမ်းများက ကောက်ကွေးသွားပြီး “အချိန်ကိုက်ပဲ” အော်လိုက်သည်။

လော့ထျန်သည် နေရာလွတ်ပြားကို ထုတ်ယူရင်း မှုန်ပြပြပြုံးလိုက်ပြီး “ငါ့ရဲ့သံစက်ရုပ်တွေကို စမ်းသပ်ဖို့ အချိန်တန်ပြီ”

“ကျွီ ကျွီ…”

သတ္တုများ အချင်းချင်းပွတ်တိုက်သော အသံကို ကြားရသည်။

အလွန်ကြောက်စရာကောင်းသော အနက်ရောင် သံစက်ရုပ်တစ်ကောင်သည် ၄ မီတာခန့် အမြင့်တွင် ပေါ်လာခဲ့သည်။

လော့ထျန် စဉ်းစားလိုက်သည်နှင့် Bumblebee ၏ မျက်လုံးများက တောက်ပလာပြီး သူ၏ရှေ့တွင် ပိတ်ဆို့လိုက်သည်။

Bumblebee သည် လေထဲသို့ ခုန်တက်ပြီးသား အနီရောင်မီးလျှံဝံပုလွေ ကို ကြည့်နေသည်။

၎င်းက သူ့ရှေ့တွင် သေးငယ်သောပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ မထီမဲ့မြင်ကြည့်နေသည်။

ညာဘက်လက်မောင်းက မြင့်တက်လာပြီး အောက်သို့ပြင်းထန်စွာ ရိုက်လိုက်သည်။

“ဖပ်”

အနီရောင်မီးလျှံဝံပုလွေသည် လေထဲတွင်ပင် ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။

၎င်း၏ကိုယ်ခန္ဓာသည် မြေကြီးထဲသို့ နက်ရှိုင်းကာ နစ်ဝင်သွားခဲ့သည်။

၎င်း၏ ခြေလေးချောင်းသည် ပျံသန်းသွားပြီး ၎င်း၏ဦးခေါင်းနှင့်အမြီးတို့သည် ပုံနှိပ်ထားသည့်ပုံစံကဲ့သို့ ပြားချပ်သွားခဲ့သည်။

“ဒင်”

“ကစားသမား လော့ထျန် အနီရောင်မီးလျှံဝံပုလွေကို သတ်နိုင်ခဲ့တာအတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံ အမှတ် ၃၅၀ ၊ နက်နဲစွမ်းအင် ၃၅ မှတ်ရရှိခဲ့ပါတယ်…”

“ဟာ သေသွားပြီ”

လော့ထျန်သည် စိတ်ထဲမှ တုန်လှုပ်သွားခဲ့သည်။

Bumblebee ကို ကြည့်လိုက်တော့ သူ၏နှလုံးသားတွင် ခံစားချက်လှိုင်းများ ထွက်ပေါ်လာသည်။

အဆင့် ၃ ရုပ်သေးရုပ်က အစွမ်းထက်လိမ့်မည်ဟု သူသိထားပြီးသားဖြစ်သော်လည်း ထိုမျှလောက် အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အဆင့် ၂ နတ်ဆိုးသားရဲက ရိုက်ချက်တစ်ခုတည်းနှင့် သေသွားခဲ့သည်။

ယင်ကောင်တစ်ကောင်ကို ရိုက်သတ်တာထက်တောင် ပိုပြီးလွယ်ပုံပေါ်နေသည်။

ဤအရာက…

“အံ့မခန်းပဲ”

ထိုစကားတစ်လုံးက လော့ထျန် ခံစားနေရသည့်အရာကို ဖော်ပြရန် တစ်ခုတည်းသော စကားလုံးဖြစ်သည်။

“စွမ်းအားကြီးတယ်။ တကယ်ကို အရမ်းစွမ်းအားကြီးတယ်”

လော့ထျန်သည် ပျော်ရွှင်စွာ လေထဲသို့ ခုန်ချလုနီးပါးပင်။

အဆင့် ၃ ရုပ်သေးရုပ်၏ စွမ်းအားသည် သူ၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။

သူ့အတွက် ဤကျင့်ကြံမှုကာလသည်…

လော့ထျန် စိတ်လှုပ်ရှားလာခဲ့သည်။

“လော့ကျန့်ရှန် အဘိုးကြီး မင်းဒီအဖေကို စောင့်နေလိုက်”

“မင်းကို သေချာပေါက် အဖိုးတန်ပစ္စည်းတွေ ထုတ်လွှတ်စေရမယ်”

လော့ထျန်သည် ကြောက်စရာကောင်းသည့် အပြုံးကို ပြလိုက်သည်။

ချက်ချင်းပင်…

လော့ထျန်သည် မြေကြီးထဲတွင် မြုပ်နေသော အနီရောင်မီးလျှံဝံပုလွေကို ဆွဲထုတ်လိုက်ပြီး လည်ချောင်းကို ဖြတ်ကာ သွေးများကို သူ၏ကိုယ်ခန္ဓာပေါ်သို့ ဖျန်းလိုက်သည်။

ဝိညာဉ်တောင်တန်းရှိ နတ်ဆိုးသားရဲအရေအတွက်က ကောင်းကင်ပေါ်က ကြယ်များနှယ် များပြားနေသည်။

ဤသွေးရနံ့သည် အခြားနတ်ဆိုးသားရဲများကို ဆွဲဆောင်ရန် အကောင်းဆုံးပင်။

ထိုရနံ့က လော့ထျန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသောရနံ့ထက် ပိုပြီး ဆွဲဆောင်မှုရှိသည်မှာ သေချာသည်။

ပြင်းထန်သည့် သွေးနံ့က ပတ်ဝန်းကျင်ရှိ လေထုထဲသို့ ပျံ့နှံ့သွားခဲ့ပြီး အနီးအနားနှင့် အဝေးရှိ နှလုံးသားကို ဖောက်ထွင်းဝင်ရောက်သည့် အော်ဟစ်သံများသည်သစ်တောထဲသို့ ပဲ့တင်ထပ်လာတော့သည်။

ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါများအားလုံး မငြိမ်မသက်ဖြစ်လာခဲ့သည်။

အနီးနားရှိ ထိုအငတ်ခံနေသော နတ်ဆိုးသားရဲများသည် မခံနိုင်တော့ဘဲ သူတို့တတ်နိုင်သမျှကို လုယူရန် ကြိုးစားနေသကဲ့သို့ ပြေးထွက်လာကြသည်။

နတ်ဆိုးသားရဲတစ်ဒါဇင်ကျော် သူ့ဆီသို့ ဆင်းသက်လာသညိ့အခါတွင် လော့ထျန်၏ မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ရှိနေခဲ့သည်။

အချိန်ကုန်သက်သာစေရန် သူသည် အခြားနေရာလွတ်ပြားကို ဆွဲထုတ်လိုက်ပြီး “Optimus ခေါင်းဆောင် ထွက်လာ” အော်လိုက်သည်။

“ဗြောင်း”

ကြီးမားသော သံစက်ရုပ်တစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ နတ်ဆိုးသားရဲတစ်ကောင်ကို အသားပြားဖြစ်အောင် တိုက်ရိုက်နင်းပစ်လိုက်သည်။

ထို့နောက် ၎င်းက သံမဏိသေမင်းကဲ့သို့ နတ်ဆိုးသားရဲအုပ်ထဲသို့ ခုန်ဝင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်…

သူ၏စိတ်ဖြင့် ရုပ်သေးရုပ်နှစ်ကောင်ကို ထိန်းချုပ်ခြင်းအပြင်

သူသည် ယခင်က ကျိုးဟန်ရန်၏ ရုပ်အလောင်းမှ ထွက်ပေါ်လာခဲ့သော နဂါးပျံဓား ကို ကိုယ်တိုင်ဆွဲထုတ်ပြီး သတ်ဖြတ်မှုများကိုလည်း စတင်ခဲ့သည်။

ဤအချိန်တွင် အချိန်က သူ့အတွက် အလွန်တန်ဖိုးရှိသည်။

လော့ထျန်သည် တစ်စက္ကန့်လေးမျှပင် အချိန်မဖြုန်းချင်ပေ။

သူသည် လော့ကျန့်ရှန်၏ ယုတ်မာသည့်စကားများကို စဉ်းစားနေခဲ့သည်။

လော့ရှောင်းရှန်၏ ရိုင်းစိုင်းသော ကမ်းလွန်စကားများကိုလည်း စဉ်းစားနေသည်။

လော့ချန်းရှန်း၏ ကောက်ကျစ်သော အဖွဲ့အစည်းတစ်ခုကိုမှီခြင်းအကြောင်း၊ သူ့ကြောင့် လီရွှယ်အာ ဖမ်းဆီးခံနေရခြင်းအကြောင်း၊ ဖုန်းလေ ခံစားခဲ့ရသော အနိုင်ကျင့်မှုများအကြောင်း၊ ကျောက်စိမ်းတောင်မြို့ရှိ လူအားလုံးက သူ့ကို အထင်သေးစွာ ကြည့်နေကြခြင်းအကြောင်းတို့ကို စဉ်းစားနေခဲ့သည်။

သူ၏နှလုံးသားထဲက စိတ်ခံစားမှု မီးတောက်များက ပို၍ပြင်းထန်စွာ တောက်လောင်လာခဲ့သည်။

“သတ်”

ဓားတစ်ချက်သည် ကာကွယ်ရန် မည်သည့်အရာမှမကျန်ဘဲ စွမ်းအားအကုန်ဖြင့် တိုက်ခိုက်ခဲ့သည်။

ဤတိုက်ခိုက်မှုက သူ၏အသက်ကို ဂရုမစိုက်သကဲ့သို့ဖြစ်နေသည်။

နတ်ဆိုးသားရဲ၏ ဦးခေါင်းခွံကို ဓားတစ်ချက်တည်းဖြင့် ထိုးဖောက်လိုက်သည်။

စနစ်က သူနှစ်သက်သည့် ချိုမြိန်သော သတိပေးသံကို ပေးလိုက်သည်။

လော့ထျန် ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ကိုယ်ခန္ဓာသည် ဝေဝါးသွားပြီးနောက် သူ၏ခွန်အား အကုန်ဖြင့် ထပ်မံထိုးလိုက်သည်။

“ပူချီ”

“ဒင်”

“ဒင်”

“ဒင်”

စနစ်၏သတိပေးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လော့ထျန်၏ နားစည်များကိုပင် နာကျင်စေသည်။ သို့သော် သူ အလွန်စိတ်လှုပ်ရှားနေဆဲပင်။

လူတစ်ယောက်သည် ရုပ်သေးနှစ်ရုပ်နှင့်အတူ ရူးသွပ်ပြီး နတ်ဆိုးတစ်ကောင်လို သတ်ဖြတ်နေခဲ့သည်။

ဘုရားသခင်က ပိတ်ဆို့လျှင် ဘုရားသခင်ကိုသတ်၊ ဗုဒ္ဓက ပိတ်ဆို့လျှင် ဗုဒ္ဓကိုသတ်ဆိုသည့် အစွမ်းကြီးမားသည့်စွမ်းအင်နှင့် ဤနေရာ၏ ငြိမ်းချမ်းရေးကို လော့ထျန်က လုံးဝဖျက်ဆီးပစ်ခဲ့သည်။

သူရှေ့သို့ရွေ့သွားသည့်အခါ အော်ဟစ်သံများ၊ သေဆုံးမှုများ သွေးများပန်းထွက်နေလိမ့်မည်။

လော့ထျန်၏ ခန္ဓာကိုယ်မှာ သွေးများ မလွှမ်းခြုံထားသော တစ်ခုတည်းသောအစိတ်အပိုင်းက သူ့မျက်လုံးများပင်ဖြစ်၏။

ကျန်နေရာများမှာတော့ သွေးများပြည့်နေပြီး ညစ်ပေနေသည်။

ထို့နောက် သွေးများက သူ့အပေါ်သို့ ထပ်မံပန်းထွက်လာပြီး အစိုင်အခဲဖြစ်သွားကာ ထိုလုပ်ငန်းစဉ်သည် ထပ်ခါတလဲလဲ ဖြစ်ပျက်နေခဲ့သည်။

နောက်ဆုံးတွင်တော့ လော့ထျန်သည် အဝီစိငရဲမှ ထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ သွေးများဖြင့်ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် မြင်ရသည်။

ဤအရာသည် နံနက်ပိုင်းအထိ၊ နေ့လယ်အထိ၊ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် နောက်တစ်နေ့နံနက်အထိ ဆက်ဖြစ်ခဲ့သည်။

လော့ထျန်သည် ယခုတွင် အလွန်ပင် ပင်ပန်းနေခဲ့သည်။

သူ့ကို ပံ့ပိုးပေးနေသော စိတ်ဆန္ဒကြောင့် မဟုတ်ရင် သူမြေကြီးပေါ်တွင် လဲလျောင်းရုံဖြင့် အိပ်ပျော်သွားနိုင်သည်။

အချိန်တစ်စက္ကန့်မျှပင် အလဟဿဖြစ်သွားမှာကို သို့မဟုတ် အတွေ့အကြုံ တစ်မှတ်မျှကိုပင် လွဲချော်မှာကို ကြောက်ရွံ့သကဲ့သို့ လော့ထျန်သည် နတ်ဆိုးသားရဲများကို သတ်ပြီး သူ့အသက်ကို အဆုံးအရှုံးခံကာ အဆင့်တက်ရန် ကြိုးစားနေသည်။

သူလုံးဝ ရူးသွပ်နေခဲ့သည်။

နောက်ဆုံးတော့…

“ဒင်”

“ကစားသမား လော့ထျန် အဆင့်တက်တဲ့အတွက် ဂုဏ်ယူပါတယ်။ လက်ရှိအဆင့်က နက်နဲဆရာ အဆင့် ၁ ဖြစ်ပါတယ်”

“ဒင်”

“ကစားသမား လော့ထျန် အဆင့်တက်တဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းစနစ်ကနေ သိုင်းပညာတစ်ခုရရှိခဲ့ပါတယ် –လေအရိပ်ခြေလှမ်းသိုင်း”

“အမ်”

ထိုအချိန်တွင်…

အေးစက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် သတ်လိုစိတ်ပင်ဖြစ်သည်။

၎င်းသည် ပြင်းထန်သော သတ်လိုစိတ်ပင်ဖြစ်၏။

လော့ထျန်၏ နှုတ်ခမ်းများသည် အေးစက်သော လှောင်ပြောင်မှုတစ်ခုအဖြစ် ကွေးညွတ်သွားပြီး

“ဒီခွေးကောင်၊ နောက်ဆုံးတော့ မင်း မခံနိုင်တော့ဘူးမလား”

All Chapters