← Chapters

ပြင်းပြသောဒေါသ

Vol. 4 Ch. 44

ပြင်းပြသောဒေါသ

Vol. 4 Ch. 44

ကျောက်စိမ်းတောင်မြို့၏ တောင်ဘက်တံခါးဝတွင် လသည်သာသာသော်လည်း ကြယ်များကား မရှိသလောက်ပင်။ လော့ထျန်နှင့် အခြားနှစ်ဦးတို့သည် ထိုနေရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေခဲ့ကြ၏။

“သခင်လေး ကျွန်တော့်ကိုလည်း ခေါ်သွားသင့်တယ်” ဖုန်းလေက စိုးရိမ်သောလေသံဖြင့် ပြောကြား၏။

လီရွှယ်အာ၏ နှုတ်ခမ်းသေးသေးလေးကလည်း တင်းတင်းစေ့ထားပြီး “အစ်ကိုကြီးလော့ထျန် ညီမလေးကိုပါ ခေါ်သွားသင့်တယ်။ ညီမလေးက ရှင်အတွက် ဘာပြဿနာမှ မဖြစ်စေရပါဘူး”

လော့ထျန်သည် အစွမ်းကုန်သတ်ဖြတ်ပြီး အဆင့်မြှင့်တင်ရန်အတွက် ဝိညာဉ်တောင်တန်းသို့ တစ်ယောက်တည်း ဝင်ရောက်လိုခြင်းဖြစ်၏။ ထိုနည်းအားဖြင့် သူသည် မည်သည့်အတားအဆီးမှ မရှိဘဲ သူလိုချင်သည့်အရာကို လုပ်နိုင်ပေလိမ့်မည်။

သူ့တွင် ၈ ရက်သာရှိ၏။ သူသည် ၈ ရက်အတွင်း နက်နဲဆရာအဆင့်သို့ ဖောက်ထွင်းဝင်ရောက်ရမည်။ မဟုတ်လျှင် အဆင့် ၄ နတ်ဆိုးသားရဲနှင့် တိုက်ခိုက်ခြင်းက သူ့ကို သေလမ်းကိုသာ ကို့ခံရလိမ့်မည်။ သူသည် လော့ကျန့်ရှန်၏အကြံကို အောင်မြင်စေမည်မဟုတ်ပေ။

သူသည် လော့ကျန့်ရှန် ကျောက်နက်ကို မယူဆောင်နိုင်သည့်သူ့မျက်နှာကို မြင်ချင်ပြီး လော့မိသားစုတွင် သူ၏အဆင့်အတန်းကို မည်သို့ထိန်းသိမ်းထားမည်ကို မြင်ချင်ပေသည်။

ကျောက်စိမ်းတောင်မြို့ရှိ လူတိုင်းကိုလည်း သူတို့၏ ပါးစပ်များကို ပိတ်စေချင်၏။

ဤအဖေကို ဆန့်ကျင်ရဲသူ မည်သူမဆို ဤလောကတွင် မွေးဖွားလာခဲ့ခြင်းအတွက် နောင်တရစေမည်ကို သူက လူတိုင်းကို သက်သေပြလို၏။

သို့သော် အရာအားလုံးက ခွန်အားလိုအပ်၏။

လော့ထျန်၏အမြင်အရ သူ၏ခွန်အားကို မြှင့်တင်ရန် နည်းလမ်းတစ်ခုတည်းသာ ရှိ၏။ နတ်ဆိုးသားရဲများကို သတ်ပြီး အဆင့်မြှင့်တင်ခြင်းပင်။

ဝိညာဉ်တောင်တန်းသည် နတ်ဆိုးသာရဲများ ပေါများနေသောကြောင့် အလွန်အန္တရာယ်များ၏။ နက်နဲဝိညာဉ်အဆင့်ရှိသူတစ်ဦးပင်လျှင် အတွင်းပိုင်းသို့ ဝင်ရောက်ရန် မဝံ့ရဲချေ။ သို့သော် လော့ထျန်အတွက် ဤနေရာသည် ငရဲနှင့် နိဗ္ဗာန်ဖြစ်၏။

အဆင့်မြှင့်တင်ရန်အတွက် နိဗ္ဗာန်ပင်။

လော့ထျန်သည် ညင်သာစွာ ပြုံးလိုက်ပြီး “ကျွန်တော်က နက်နဲဆရာအဆင့်ကို ဖောက်ထွင်းဝင်ရောက်ဖို့အတွက် ဝိညာဉ်တောင်တန်းထဲကို ဝင်တော့မှာဖြစ်လို့ တစ်ယောက်တည်းရှိနေတာက ပိုကောင်းပါတယ်။ စိတ်မပူပါနဲ့ ဘာအန္တရာယ်မှ ကျွန်တော့်အပေါ် ကျရောက်လာမှာမဟုတ်ဘူး။ ကျွန်တော့်မှာ သံမဏိစက်ရုပ် ၄ ကောင် ပါတယ်ဆိုတာ မမေ့နဲ့”

လီရွှယ်အာနှင့် ဖုန်းလေတို့သည် သူ့ကို စိုးရိမ်နေကြသည်ကို သူသိ၏။

လီရွှယ်အာသည် သူမ၏နှုတ်ခမ်းများကို ကိုက်လိုက်ပြီး အခြားတစ်ခုခုပြောတော့မလိုလုပ်စဉ် သူမ၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူမက အန္တရာယ်ရှိသည်ကို ခံစားလိုက်ရပြီး သတ်မှတ်ထားသော ဦးတည်ရာသို့ လှမ်းကြည့်လိုက်လေသည်။

လော့ထျန်လည်း ထိုနည်းအတိုင်းပင် သူ၏စိတ်တင်းကြပ်သွားပြီး အမှောင်ထဲသို့ စိုက်ကြည့်နေ၏။

“မင်းတို့အားလုံး ဘယ်ကို ထွက်ပြေးဖို့ ကြံစည်နေကြတာလဲ”

အမှောင်ထဲမှ ပုံရိပ်များစွာ ပေါ်လာ၏။ အရှေ့မှ ဦးဆောင်သူမှာ လော့ကျန့်ရှန်ဖြစ်ပြီး သူ့နောက်တွင် လော့ရှောင်းရှန်နှင့် လော့ချန်းရှန်းတို့ နှစ်ယောက်ရှိနေ၏။

သူ့ရှေ့တွင် ရွှေရောင် တောက်ပနေမှုနှင့်အတူ လော့ထျန်၏ မျက်လုံးများက လောဘရိပ်များ ပေါ်လာပြီး သူအသည်း ယားလာ၏။

လော့ကျန့်ရှန်နှင့်တွေ့တိုင်း လော့ထျန်သည် ရှေ့သို့ခုန်ထွက်ပြီး စတင်ထိုးနှက်ရန် တွန်းအားရှိနေ၏။ ထို့နောက် သူက သူ့ကိုယ်သူ ထိန်းချုပ်၍ မရတော့မည်ကို ကြောက်ရွံ့သဖြင့် သူ၏စိတ်ဆန္ဒများကို ဖိနှိပ်ထားရလေသည်။

နောက်ဆုံးဘော့စ်တစ်ဦး၏ ဆွဲဆောင်မှုသည် အလွန်ကြီးမား၏။

လော့ရှောင်းရှန်သည် အေးစက်စွာ ပြုံးလိုက်ပြီးနောက် အထင်သေးစွာနှင့် “မင်းက ကြောက်လို့ ထွက်ပြေးဖို့ ကြိုးစားနေတာလား”

လော့ချန်းရှန်းက ပေါ့ပေါ့ပါးပါးကြည့်ကာ “ကြောက်လို့ပြေးတာလည်း ကောင်းပါတယ်။ ငါတို့ ၈ ရက်ထပ်စောင့်ရမယ့်အစား သူ့ကို ဒီနေရာမှာ ရှင်းပစ်လို့ရတာပေါ့”

“ဟားဟားဟား…”

“မှန်တယ် သူက ၈ ရက်အတွင်း အဆင့် ၄ နတ်ဆိုးသားရဲရဲ့ လက်သည်းတွေအောက်မှာ သေတော့မှာပဲ” လော့ရှောင်းရှန်က အရူးအမူးရယ်၏။

“မင်း အဘိုးကြီး မင်းဘာပြောလိုက်တာလဲ” ဖုန်းလေက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဘာကြောက်ရွံ့မှုမှ မပြတော့ပေ။ သူ၏မျက်လုံးများက လော့ရှောင်းရှန်ကို ကိုယ်တိုင်ကိုယ်ကျ မျောက်ဝံဘုရင်နှယ် စိုက်ကြည့်နေ၏။

“မင်းအဘိုးတွေကို မလေးမစားလုပ်တာ မင်း သေတွင်းတူးနေတာပဲ”

လော့ရှောင်းရှန်၏ မျက်လုံးများ အေးစက်လာပြီး သူ၏ခန္ဓာကိုယ် ရွေ့သွားကာ လက်ဝါးရိုက်ချက်တစ်ခုသည် ဖုန်းလေဆီသို့ ရောက်လာ၏။ နက်နဲစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေများ မြင့်တက်လာ၏။ မျက်နှာကိုသာမန်ရိုက်ခြင်းသည် အမှန်တကယ်တွင် စွမ်းအင်များစွာ ပြည့်နှက်နေ၏။ လူမသေခဲ့ရင်တောင်မှ အသက်မရှူနိုင်အောင် ကြောက်လန့်နေလိမ့်မည်။

ပေါ်လာသည်နှင့် သတ်ချင်နေပြီ မျှော်လင့်ထားသည့်အတိုင်း အနီရောင်နာမည်ပါသော အထက်တန်းစားဖြစ်ပြီး အနီးသို့ရောက်လျှင် သူအလိုအလျောက်တိုက်ခိုက်လိမ့်မည်။

ဖုန်းလေသည် နက်နဲဆရာ အဆင့် ၃ အဆင့်ရှိသူကို လျင်မြန်စွာ တုံ့ပြန်နိုင်မည်မဟုတ်ပေ။

လော့ထျန်၏မျက်လုံးများ နစ်မြုပ်သွားပြီး မဆိုင်းမတွ ကြမ်းတမ်းခြင်းကို ထုတ်လွှတ်လိုက်၏။ သူ၏ခန္ဓာကိုယ်က ခြောက်ပြစ်ကင်းပြီး သူသည် ဖုန်းလေ၏ရှေ့တွင် တိုက်ရိုက်ပေါ်လာကာ လက်ဝါးရိုက်ချက်ကို တွေ့ဆုံရန် လက်ဝါးဖြင့်ရိုက်ထုတ်လိုက်၏။

“ဘန်း”

ခွန်အားအပြည့်ရှိသော လက်ဝါးနှစ်ဖက် တိုက်မိကြ၏။ လော့ထျန်၏လက်များ ထုံကျဉ်သွားပြီး သူ၏စိတ်က ထိတ်လန့်သွားကာ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်အတွက် အဆင့်အနည်းငယ် ပြန်လှည့်ရ၏။

“နက်နဲဆရာ အဆင့် ၃ ရဲ့ ခွန်အားက တကယ်ကို အားကောင်းတာပဲ… ကျွန်တော့်ရဲ့ ကြမ်းတမ်းခြင်းနဲ့ ပေါင်းထားတဲ့ နက်နဲတပည့် အဆင့် ၉ က လုံးဝ ပြိုင်ဘက်မဖြစ်နိုင်ဘူး” သူ၏နှလုံးသား နစ်မြုပ်သွားပြီး ကိုယ့်ဘာသာကိုယ် ပြောလိုက်၏။

လော့ရှောင်းရှန်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ရပ်လိုက်ခြင်းမပြုမီ ခြေ ၃ လှမ်း ပြန်ဆုတ်လိုက်၏။ သူ၏မျက်နှာပေါ်တွင် ရုပ်ဆိုးသောအမူအရာရှိနေပြီး ထိတ်လန့်မှုများက သူ၏နှလုံးသားကို ဖုံးလွှမ်းသွား၏။

“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ရက်အနည်းငယ်အတွင်း သူ့ရဲ့ခွန်အားကို ဒီလောက်အထိ တိုးလာအောင် လေကျင့်နိုင်ခဲ့တာလဲ”

လော့ကျန့်ရှန်နှင့် လော့ချန်းရှန်းတို့၏ မျက်နှာများကလည်း မှောင်သွားကြ၏။

အမဲလိုက်ပြိုင်ပွဲပြီးနောက် လော့ထျန် လှုပ်ရှားသည်ကို ၎င်းတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။

လော့ရှောင်းရှန်၏ နက်နဲဆရာ အဆင့် ၃ သည် လော့ထျန်အပေါ် အနည်းငယ်သာ အားသာသည်ကို ၎င်းတို့ မည်သို့မျှ မတွေးခဲ့ကြပေ။ သူ့ကို အချိန်ပိုပေးလိုက်ပါက ပြဿနာမဖြစ်နိုင်ဘူးလား။

ဤသုံးယောက်၏ နှလုံးသားထဲတွင် လော့ထျန်၏ ခြိမ်းခြောက်မှုသည် နောက်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

တစ်ချိန်တည်းတွင် ၎င်းတို့၏ စိတ်ထဲတွင် ဘုံအတွေးတစ်ခု ပေါ်လာ၏။ ဤကောင်လေးကို အသက်ရှင်ခွင့်ပေးထား၍ မရချေ။

“ခေါင်းဆောင်လော့ ကျွန်တော့်ရဲ့လူတွေကို ဆုံးမဖို့ ခင်ဗျားမှာ အရည်အချင်းမရှိဘူး” လော့ထျန်က သူ၏အရှိန်ဖြင့် ရှေ့သို့ ဆက်လျှောက်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

လော့ရှောင်းရှန်၏ မျက်လုံးများ အေးစက်သွားပြီး နောက်ထပ်လှုပ်ရှားမှုတစ်ခု ပြုလုပ်တော့မလိုလုပ်စဉ် လော့ကျန့်ရှန်က သူ့ကို တားဆီးလိုက်၏။

“လော့ထျန် မင်း ဘယ်သွားဖို့ ကြံစည်နေတာလဲ”

“၈ ရက်အတွင်း မင်း စစ်မြေပြင်မှာ အဆင့် ၄ နတ်ဆိုးသားရဲနဲ့ တိုက်ခိုက်ရမယ်ဆိုတာ မမေ့ပါနဲ့။ ညဘက် ဒီလောက်နောက်ကျတဲ့အချိန်မှာ အိပ်တာကလွဲလို့ မင်း ထွက်ပြေးဖို့ ကြံစည်နေတာမဟုတ်ဘူးလား” လော့ကျန့်ရှန်က ညင်သာစွာ ပြောကြား၏။

“ကျွန်တော် ဘယ်ကို သွားနေလဲဆိုတာ ခင်ဗျား သိပိုင်ခွင့်မရှိဘူးလို့ ထင်တယ် ကျွန်တော့်ရဲ့ ယာယီမျိုးနွယ်စုခေါင်းဆောင်” လော့ထျန်၏ စကားများက နောက်ဆုတ်ခြင်းမရှိပေ။

ထို “ယာယီမျိုးနွယ်စုခေါင်းဆောင်” ဟူသော စကားများသည် လော့ကျန့်ရှန်၏ နှလုံးသားကို ဓားဖြင့် ထိုးနေသကဲ့သို့ပင်။ သူ၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး သူ၏ လက်သီးများကို သူ၏ အင်္ကျီလက်ဖြင့် ဖုံးကွယ်ထားခဲ့၏။

မိုးကြိုးနွားသိုး၏ နတိဆိုးအနှစ်က ဘယ်မှာရှိသည်ကို သူရှာဖွေရန် မကြိုးစားပါက သူသည် ရှုံးပြီးသား ဖြစ်လိမ့်မည်။

လော့ကျန့်ရှန်သည် တစ်ကြိမ် ရယ်မောလိုက်ပြီးနောက် “မင်းက တိုက်ခိုက်ဖို့ သဘောတူထားတာဆိုတော့ မင်း ဘယ်ကို သွားနေလဲဆိုတာ ငါသိဖို့လိုတယ်။ အရင်ဆုံး ငါ လော့မိသားစုတစ်ခုလုံးကို ဘယ်လို ရှင်းပြရမလဲ”

“ပြောလိုက်စမ်း မင်း ဘယ်ကို သွားနေလဲ။ မင်း ထွက်ပြေးဖို့ ကြံစည်နေရင်တော့ အဲဒီအတွေးကို လက်လျှော့လိုက်သင့်တယ်။ ငါတို့ရဲ့ လော့မိသားစုက ကျောက်စိမ်းတောင်မြို့မှာ အသန်ဆုံး မဟုတ်ပေမဲ့ နက်နဲတပည့် အဆင့် အမှိုက်က ထွက်ပြေးတာကို တားဆီးဖို့ကတော့ လုံလောက်ပါတယ်”

လော့ထျန်၏ မျက်လုံးများ ပြောင်းလဲသွား၏။ ၎င်းသည် တကယ်ပင် မှန်ကန်နေခဲ့၏။

သူ၏ ကိုယ်ပိုင်ခွန်အားသည် နက်နဲတပည့် အဆင့် ၉ တွင်သာရှိပြီး လော့မိသားစု၏ နက်နဲဆရာများနှင့် ယှဉ်ပြိုင်ရန် မလုံလောက်ပေ။

သူလုပ်ခဲ့သည့် လှုပ်ရှားမှုတိုင်းကို လော့ကျန့်ရှန် သိရှိနေလိမ့်မည်။ သူ၏ ပေါ့ဆမှုကြောင့် သူ၏ နှလုံးသား တုန်လှုပ်သွား၏။

ဤသို့ ဖြစ်လာသောကြောင့် လော့ထျန်သည် မည်သည့်အရာကိုမျှ ပုန်းကွယ်ရန် စိတ်မပူတော့ပေ။ ထို့နောက် သူက “ကျွန်တော် နတ်ဆိုးတောင်တန်းထဲမှာ ကျင့်ကြံဖို့ စီစဉ်ထားပါတယ်။ ဒါက စည်းကမ်းတွေကို ဆန့်ကျင်တာ မဟုတ်ဘူးမလား” ပြုံး၍ ပြောလိုက်၏။

“ဟားဟား…”

“နတ်ဆိုးတောင်တန်းထဲမှာ ကျင့်ကြံဖို့လား။ မင်းလို အမှိုက်တစ်စက နတ်ဆိုးတောင်တန်းထဲမှာ လေကျင့်ချင်တာလား။ သူများတွေ ကြားရင် ရယ်ကြလိမ့်မယ်လို့ မင်းမထင်ဘူးလား။ မင်း ထွက်ပြေးဖို့ ကြံစည်နေပုံရတယ်…” လော့ရှောင်းရှန်က အထင်သေးစွာ ပြောလိုက်၏။

လော့ထျန်၏ မျက်လုံးများ အေးစက်လာပြီး လော့ရှောင်းရှန်က သူ့ကို လုံးဝ ဒေါသထွက်စေခဲ့၏။

လော့ကျန့်ရှန်၏မျက်နှာသည် တည်ငြိမ်နေပုံရပြီး

“ဒါက စည်းကမ်းတွေကို ဆန့်ကျင်တာ လုံးဝမဟုတ်ဘူး ဒါပေမဲ့ မင်းက ထွက်ပြေးဖို့ မကြံစည်ဘူးဆိုတဲ့ အာမခံချက်က ဘယ်မှာလဲ”

“လခွမ်း”

“ကျွန်တော့်သခင်လေးက နတ်ဆိုးတောင်တန်းကို ကျင့်ကြံဖို့သွားမယ်လို့ ပြောတယ်လေ ဒါဆို သူ ကျင့်ကြံဖို့ သွားမယ်လို့ ဆိုလိုတာပဲပေါ့”

ဖုန်းလေက ထိန်းမနိုင်သိမ်းမနိုင် ဒေါသတကြီး အော်ဟစ်လိုက်၏။

လော့ကျန့်ရှန်က ဖုန်းလေကို စိုက်ကြည့်ပြီး

“သူက ကျင့်ကြံဖို့သွားတယ်လို့ ပြောတော့ သူ ကျင့်ကြံနေတာပေါ့… သူသာ ထွက်ပြေးရင်ရော ဘယ်လိုလုပ်မလဲ။ သူ ထွက်ပြေးမှာမဟုတ်ဘူးလို့ မင်း အာမခံနိုင်သလား”

“ကျွန်တော် အာမခံပါတယ်”

ဖုန်းလေက ချက်ချင်းအော်ပြောလိုက်၏။

လော့ကျန့်ရှန်က အေးစက်စွာ ရယ်မောပြီး

“မင်းလို လော့မိသားစုရဲ့ အစေခံတစ်ယောက်က အာမခံချက်ပေးဖို့ အရည်အချင်းရှိလို့လား”

ပြောလိုက်၏။

လော့ထျန်က

“ပြောစရာရှိတာ ပြောလိုက်ပါ ကျွန်တော့်အချိန်တွေကို မဖြုန်းပါနဲ့တော့”

ကြားဖြတ်ပြောလိုက်၏။

အချိန်သည် တန်ဖိုးရှိပြီး လော့ထျန်သည် ၎င်းကို မဖြုန်းတီးချင်ပေ။

သူ့ရှေ့တွင် ဆွဲဆောင်မှုရှိသော နောက်ဆုံးဘော့စ်တစ်ဦးရှိနေသည်ကို မပြောလိုတော့ပေ။

သူသည် သည်းမခံနိုင်တော့ဘဲ မတော်တဆ လက်သီးဖြင့် ထိုးမိမည်ကို ကြောက်နေပြီး ထိုအခါ ရလဒ်များက…

လော့ကျန့်ရှန်သည် လီရွှယ်အာကို ကြည့်လိုက်ပြီး

“မင်း လေကျင့်ဖို့ ထွက်သွားတာကို ငါ ဂရုမစိုက်ဘူး

ဒါပေမဲ့ မင်း ထွက်ပြေးဖို့ ကြိုးစားရင်တော့ ငါက လော့မိသားစုကို ရှင်းပြနိုင်မှာမဘူး။

ဒါကြောင့် သူမနဲ့ သူက နေခဲ့ရမယ်”

သူပြောနေစဉ် လီရွှယ်အာနှင့် ဖုန်းလေတို့ကို လက်ညှိုးထိုးပြ၏။

“ငါက အဲဒီနှစ်ယောက်ကို ဓားစာခံအဖြစ် နေစေချင်တယ်။

မင်း ပြန်မလာရင် ဟဲဟဲ… ဒီလိုချောတဲ့မိန်းကလေးကို ပျော်ရွှင်သောနွေဦးဥယျာဉ်ကို ရောင်းလိုက်ရင် ငါတို့က ပိုက်ဆံအများကြီးရလိမ့်မယ်။

အထူးသဖြင့် သူမက သိုင်းပညာရှင်ဆိုရင် ဖောက်သည်တွေက သူ့ကို သိမ်းပိုက်ဖို့ ပိုစိတ်အားထက်သန်လိမ့်မယ်။

ဒီအဆီတုံးကောင်အတွက်ကတော့ ကျွန်အဖြစ် ရောင်းလိုက်တာက ဆိုးတဲ့ရွေးချယ်မှုတော့ မဟုတ်ဘူး”

သူ၏အသံ ပျောက်ကွယ်သွားသည်နှင့်…

နက်နဲတပည့် အဆင့် ၉ ရှိသော လော့မိသားစု၏ အထက်တန်းစားတပည့်များအဖွဲ့သည် ပတ်ဝန်းကျင်မှ ထွက်လာကြ၏။

တစ်ခဏလေးအတွင်း သူတို့သည် လီရွှယ်အာနှင့် ဖုန်းလေတို့ကို ဝိုင်းရံထားကြ၏။

လော့ထျန်၏ဒေါသသည် ချက်ချင်းထွက်ပေါ်လာ၏။

အပိုင်း(၄၅) သူတို့ကိုထိရဲရင်ထိကြည့်လိုက်

ဒေါသထွက်မှု

တစ်ခဏအတွင်းမှာပဲ ဒေါသတွေက လော့ထျန်တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့သည်။

“မင်းက ငါ့ကိုတော့ လာရန်စလို့ရတယ် ငါ့နားမှာရှိတဲ့သူတွေကိုတော့ လာထိလို့မရဘူး” လော့ထျန်အသံက ဒေါသနှင့်ပြည့်နှက်နေပြီး လော့ကျန့်ရှန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ဒေါသထွက်နေတာလား”

“ဟားဟားဟား…”

“ဒီလောက်တောင် ဒေါသထွက်နေတယ်ဆိုတော့ မင်းအတွက် သူတို့က အရမ်းအရေးပါတာပေါ့။ အခုမှပဲ ငါစိတ်အေးရတော့တယ်” လော့ကျန့်ရှန်က အေးစက်သော လှောင်ပြုံးပြုံးလိုက်၏။

ဂရုစိုက်နေသူကိုထိလျှင် ဒေါသထွက်တတ်ကြသည်မဟုတ်လား။ ဤသိုးဆိုလျှင် လော့ထျန်ထွက်ပြေးရန် ကြိုးစားမှာကို သူစိတ်ပူစရာ မလိုတော့ပေ။

သူ၏စိတ်ထဲတွင် နတ်ဆိုးအနှစ်ရရှိရေး အတွက် စိတ်ကူးတစ်ခု ပေါ်လာပြီး သူ့ဘာသာသူ အသံတိတ်ရယ်မောနေမိ၏။

ထိုအချိန်တွင်…

လော့ကျန့်ရှန်၏ ယုတ်မာသည့်အပြုံးကို မြင်တော့ လော့ထျန်မှာ Optimus ခေါင်းဆောင် ကို အခုချက်ချင်း ခေါ်ထုတ်ပြီး တိုက်ခိုက်ချင်နေသည်။ သူတကယ် မခံစားနိုင်တော့ပေ။

သူ၏ သံမဏိစက်ရုပ်လေးက လော့ကျန့်ရှန်၏ ပြိုင်ဘက်ဟုတ်မဟုတ်တော့ လော့ထျန်မသိ။

သို့သော် သူ့နှလုံးသားထဲတွင်ရှိသည့် တစ်ခုတည်းသော အရာကတော့ လော့ကျန့်ရှန်ကို သေလောက်အောင် ကစားပစ်ချင်သည့် အတွေးပင်ဖြစ်သည်။

ထိုအတွေးဖြင့် တစ်ပိုင်းသေလုနီးပါးဖြစ်ပြီး လော့ထျန်မှာ မထိန်းနိုင်လုနီးပါးပင်။

“ဟားဟားဟား…”

“ဒေါသထွက်ပါစေ လာလေ ဒေါသထွက်လိုက်စမ်းပါ။ မင်းရဲရင် တိုက်ခိုက်လိုက်လေ လော့မိသားစုရဲ့ ခေါင်းဆောင်ပိုင်းတွေကို မင်းတိုက်ခိုက်ရင်တော့ မင်းကို ချက်ချင်းအပြစ်ပေးလို့ရတယ်” လော့ရှောင်းရှန်က ဝင့်ကြွားစွာ ရယ်မောလိုက်ပြီး လော့ထျန်ဤမျှ ဒေါသထွက်နေသည်ကို မြင်ရသည့်အတွက် ပျော်ရွှင်နေမိ၏။

“အစ်ကိုကြီးလော့ထျန် မတိုက်ပါနဲ့”

“သခင်လေး ကျွန်တော်တို့ အဆင်ပြေပါတယ်”

လီရွှယ်အာနှင့် ဖုန်းလေတို့နှစ်ဦးက ဝင်ပြောလိုက်သည်။

လီရွှယ်အာသည် လော့ကျန့်ရှန်ကို တစ်ချက်ကြည့်ပြီး လော့ထျန်ဘက်သို့ ကြည့်ကာ “အစ်ကိုကြီးလော့ထျန် အစ်ကိုကြီး စိတ်ဖြောင့်ဖြောင့်နဲ့ ဝိညာဉ်တောင်တန်း မှာ လေ့ကျင့်နိုင်ပါတယ် ကျွန်မတို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး”

ထို့နောက် ဖုန်းလေကလည်း အလေးအနက်ထားပြီး “စိတ်မပူပါနဲ့ သခင်လေး အစ်မကြီးရဲ့ဆံပင်လေးတစ်မျှင်တောင် ဘယ်သူမှ လာထိရဲမှာ မဟုတ်ပါဘူး”

အစ်မကြီးဟူသော စကားကိုကြားလိုက်ရတော့ လီရွှယ်အာမျက်နှာလေး နီရဲသွားခဲ့သည်။ သူမ၏နှလုံးသားမှာ ပီတိဖြစ်နေသော်လည်း ဖုန်းလေကို မျက်စောင်းထိုးလိုက်ပြီး “ဖုန်းလေ နင် ခုနက ဘာပြောလိုက်တာလဲ”

ဖုန်းလေသည် လီရွှယ်အာ၏ စိုက်ကြည့်ခြင်းကို ရှောင်လွှဲပြီး လော့ထျန်ကို အူတူတူရယ်ပြလိုက်သည်။

“လော့ထျန် မင်းချိန်းထားတဲ့နေ့မှာ ရောက်လာတာနဲ့ သူတို့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့်…” လော့ကျန့်ရှန် အေးစက်စက်ပြုံးလိုက်ပြီး “ငါဘယ်လိုလူမျိုးလဲဆိုတာ မင်းသိမှာပါ”

“မင်းသာ ရှစ်ရက်အတွင်း မလာရင် ဘာအကျိုးဆက်တွေ ဘာဖြစ်လာမလဲဆိုတာ မင်းရှင်းရှင်းလင်းလင်း သိထားပါ” လော့ကျန့်ရှန်၏မျက်နှာပေါ်တွင် လော့ထျန်ကို သူသေချာပေါက် အနိုင်ယူနိုင်မည့် ပုံပေါ်နေသည်။

“ဒီလိုလှတဲ့မိန်းကလေးမျိုးကို ငါတောင် မခုခံနိုင်ဘူး… ဟားဟားဟား” လော့ရှောင်းရှန်က လီရွှယ်အာကို ကောက်ကျစ်စွာ ကြည့်ရင်း ပြောလိုက်၏။

လော့ထျန်သည် သူ၏ဒေါသကို ဖြေဖျောက်ရန် အသက်ရှူသွင်းလိုက်သည်။ ထို့နောက် ရှေ့သို့တစ်လှမ်းတိုးပြီး လော့ကျန့်ရှန်ကို “လော့ကျန့်ရှန် သေသေချာချာ နားထောင်ထား”

“မင်းသာ သူတို့ကို မလေးမစားလုပ်ရဲရင် မင်းရဲ့မိသားစုတစ်ခုလုံးကို မင်းနဲ့အတူ မြေမြုပ်ပစ်မယ်”

“မင်းလည်း အတူတူပဲ လော့ရှောင်းရှန်”

“အသံဗလံပေးနေတဲ့ ယင်ကောင်လိုမျိုး ပတ်လည်မလိုက်နဲ့တော့။ မင်းငါ့ကို ရန်စနေတာလို့ သိရင်ဒီအဖေက မင်းကို ရိုက်သတ်ပစ်မှာပါ”

“လော့ချန်းရှန်းနဲ့ လော့မိသားစုရဲ့အထက်တန်း တပည့်တွေအားလုံးလည်းတူတူပဲ မင်းတို့အားလုံးရဲ့ မျက်နှာတွေကို ငါမှတ်မိတယ်။ သူတို့ရဲ့ ဆံပင်လေးတစ်မျှင်တောင် ပျက်စီးသွားခဲ့ရင် မင်းတို့တစ်ယောက်ချင်းစီရဲ့ ဦးခေါင်းတွေကို ငါလှည့်ပြီး ဖြုတ်ပစ်မယ်။ ငါ လော့ထျန်ပြောတဲ့ စကားအတိုင်း ငါအာမခံတယ်။ မယုံရင် စမ်းကြည့်လို့ရတယ်”

ခြိမ်းခြောက်မှုလား။

မဟုတ်ပေ။ မာနကြီးသည့် ယုံကြည်မှုဖြစ်ပြီး သူ၏ အင်အားအရှိဆုံး ယုံကြည်မှုပင်ဖြစ်၏။

ဤစကားများသည် သတ်လိုစိတ်နှင့်ပြည့်နေသော ရင်ထဲကလာသော စကားများပင်ဖြစ်သည်။

ထိုစကားများ ပြောလိုက်သည့်အခါတွင် လော့ထျန်၏ ခန္ဓာကိုယ်မှ အလွန်အားကောင်းတဲ့ စွမ်းအင်များထွက်ပေါ်လာခဲ့သည်။ ၎င်းသည် လော့ကျန့်ရှန်ပင် အနည်းငယ် အံ့အားသင့်စေသော ဖိနှိပ်မှုကို ခံစားစေသည်။

“ဘယ်လိုရိုင်းစိုင်းတဲ့ စကားတွေလဲ လော့ထျန် မင်းကိုယ်မင်း အထင်ကြီးနေတယ်ထင်တယ်”

“မင်းက တကယ်ကို အရမ်းအစွမ်းထက်တယ်လို့ ထင်နေတာလား”

“လော့မိသားစုရဲ့ ပြင်ပဂိုဏ်းခွဲမှာ အောင်မြင်မှုအချို့ ရခဲ့ရုံနဲ့ မင်းရဲ့နာမည်အရင်းကို မေ့သွားပြီလား။ ငါတို့က ပြင်ပဂိုဏ်းခွဲက အမှိုက်တွေနဲ့ မတူဘူး”

စိတ်ဆိုးနေကြသော တပည့်အချို့က လော့ထျန်၏ စကားများကို ပြန်လည်ချေပပြောလိုက်ကြသည်။

လော့ထျန်၏ မျက်လုံးများက သူတို့အားလုံးကို ဝေ့ကြည့်ပြီး “သူတို့ကို သွားထိကြည့်လေ” ပြုံးပြုံးလေး ပြောလိုက်၏။

“ငါ အခုချက်ချင်း သွားထိမှာ မင်းအဖေက အမှိုက်

တစ်စကို ကြောက်ရမယ်လို့ ထင်နေတာလား”

ထိုစကားများ ပျောက်ကွယ်သွားသည်နှင့် နက်နဲတပည့် အဆင့် ၉ ရှိသော တပည့်တစ်ဦးက ရိုက်လိုက်

သည်။ ရိုက်ချက်၏ လေတိုက်ခတ်သံသည် ဖုန်းလေ၏ မျက်နှာဆီသို့ တည့်တည့်ပျံသန်းသွားခဲ့သည်။

“မင်းအဖေကို စိန်ခေါ်နေတာလား” လော့ထျန်၏ မျက်လုံးများ နစ်ဝင်သွားပြီး သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသည့်အခါ သူ၏ညာလက်သီးသည် အမြောက်ဆံကဲ့သို့ ရှေ့သို့ပစ်ထွက်လာပြီး “မင်းသေမယ့်လမ်းကို ရှာနေတာပဲ”

“ဗျောင်း”

ရိုက်ချက် မကျရောက်မီတွင် တပည့်၏ဝမ်းဗိုက်သည် ပြင်းထန်သော ဒဏ်ရာကိုခံစားရပြီး သူ၏အတွင်းအင်္ဂါများ တုန်ခါသွားသည်။ ထိုတိုက်ခိုက်မှုကြောင့် သူလေထဲသို့ မြောက်တက်သွားခဲ့ပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်သွားခဲ့သည်။

သူသေပြီ။

လက်သီးတစ်ချက်တည်းနဲ့ တိုက်ခိုက်ပြီး သတ်လိုက်တာ

စနစ်က သတိပေးသံကို ပေးလိုက်သည်။

လော့ထျန်သည် သေဆုံးသွားသော တပည့်ကို ကြည့်ရန်တောင် အချိန်မပေးလိုက်ပေ။ အဲဒီအစား သူက အေးစက်စက် အကြည့်နဲ့ ထိုနေရာမှာရှိသည့်တခြားသူကို ကြည့်လိုက်ပြီး “ တခြားသူရှိသေးလား။ တခြားဘယ်သူ ငါ့ကို စမ်းချင်သေးလဲ” မာနကြီးသောအသံဖြင့် ပြောလိုက်သည်။

All Chapters