အနိုင်ကျင့်နေတာ မများလွန်းသွားဘူးလာ
Vol. 4 Ch. 36
လူရှာရန် စေလွှတ်လိုက်မည်ဆိုလျှင်မူ ဝိညာဉ်တောင်တန်းက အလွန်အန္တရာယ်များသည့်အတွက် မတော်တဆမှုများ ဖြစ်လာနိုင်ပါသည်။
အထက်တန်းစား တပည့်များသည် လော့ မိသားစု၏ ကျောရိုးထောက်တိုင်များဖြစ်ပါသည်။ သူတို့တစ်ခုခုဖြစ်ခဲ့ပါက လော့ မိသားစုတစ်ခုလုံး အကျပ်အတည်းထဲ ရောက်သွားပေလိမ့်မည်။ ထိုအခါ သူ့ ရာထူးကိုပါ ခြိမ်းခြောက်ခံရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူဤသို့ မလုပ်နိုင်ချေ။
လော့ထျန်က နားရွက်ကိုကုတ်လိုက်ပြီး သူတို့၏ ဆွေးနွေးမှုများကို စိတ်မဝင်စားဟန် ပြလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့လျှောက်လာပြီး
“ခဏလောက်မေးပါရစေ၊ ယာယီခေါင်းဆောင်က အမဲလိုက်ပြိုင်ပွဲ၏ ရလဒ်များကို ကြေညာပေးနိုင်မလား” မေးလိုက်သည်။
သူသည် သူ့၏မစ်ရှင် ကို အပ်ဖို့ စောင့်နေဆဲဖြစ်သည်။
လော့ကျန့်ရှန်က ရလဒ်များကို အသိအမှတ်မပြုဘူးဆိုလျှင် ထို မစ်ရှင် က ပြီးဆုံးမည်မဟုတ်ပေ။ ဆိုလိုသည်မှာ သူသည် မစ်ရှင် ကို မအပ်ဘဲ ဆုလာဘ်များ ရတော့မည်မဟုတ်ပေ။
လော့ကျန့်ရှန်၏ မျက်လုံးများက အေးစက်သွား၏။ သူသည် အဆင့်၂ သားရဲခေါင်းများ၊ အဆင့်၃ နတ်ဆိုးသားခေါင်းများအပြင် နောက်ဆုံးတွင် မိုးကြိုးနွားသိုးကို ကြည့်လိုက်သည်။ သူ့၏ ရင်ထဲတွင် ရုတ်တရက် တင်းကြပ်သွားပြီး
‘လင်အာ၏ သေဆုံးမှုက လော့ထျန်ကြောင့် ဖြစ်နိုင်မလား’ သူသည် စိတ်ထဲမှ တွေးလိုက်သည်။
ဤအချက်ကိုတွေးမိသောအခါ လော့ကျန့်ရှန်၏ မျက်လုံးများမှာ ပို၍အေးစက်လာသည်။ သူသည် လူအုပ်ကို လှမ်းကြည့်လိုက်ပြီး မုဆိုးပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် လော့မိသားစု တပည့်တစ်ချို့မှာ အလိုအလျောက်ပင် ခေါင်းငုံ့သွားကြသည်ကို တွေ့ရလေသည်။ ဤသည်က သူ့၏ သံသယကို ပို၍အားကောင်းလာစေသည်။
ချက်ချင်းပင်…
လော့ကျန့်ရှန်က အေးစက်စွာ ပြုံးပြီး
“လော့ထျန်၊ မင်း ဒန်ထျန် ပျက်စီးနေတယ်ဆိုတာ လူတိုင်းသိကြသည်။ ဒန်ထျန် ပျက်တဲ့သူက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ သားရဲတွေကို သတ်နိုင်တာလဲ။ အထူးသဖြင့် ဒီအဆင့်၂ သားရဲတွေ၊ အဆင့်၃ နတ်ဆိုးသားတွေ၊ ပြီးတော့ အဆင့်၄ နတ်ဆိုးသားအထိကိုပါ သတ်နိုင်ခဲ့တာလဲ။ နက်နဲဆရာ အဆင့်ရှိတဲ့သူတောင် အဆင့်၂ သားရဲကို ကိုင်တွယ်ဖို့ ခက်ခဲနေသေးသည်။ ဒါဆို မင်းဘယ်လိုလုပ်ပြီး သူတို့ကို အမဲလိုက်နိုင်ခဲ့လဲ”
လော့ထျန်၏ မျက်လုံးများက မှောင်မိုက်သွားပြီး
“မင်းဘာကို ဆိုလိုချင်တာလဲ”
“ကောင်းပြီ”
“ငါက မင်းလိမ်လည်နေတယ်လို့ သံသယရှိတယ်” လော့ကျန့်ရှန်က အော်လိုက်သည်။
လော့ချန်းရှန် မျက်လုံးများတွင် မျှော်လင့်ချက်တစ်ချက် ပေါ်လာပြီး
“ယာယီခေါင်းဆောင် ပြောတာ မှန်ပါသည်။ လော့ထျန်၏ ရလဒ်တွေက တကယ်ကို သံသယဖြစ်ဖွယ် ကောင်းပါတယ်” အော်လိုက်သည်။
ဖြူဖတ်နေသော မျက်နှာဖြင့် အန်နေသော လော့ချန်က ချက်ချင်းပင် ခေါင်းကိုမော့လိုက်ပြီး
“အဲ့ဒီအသုံးမကျတဲ့ လော့ထျန်က သေချာပေါက် လိမ်လည်နေတာပဲ” စိတ်လှုပ်ရှားစွာနှင့် လော့ထျန်ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ပြောလိုက်သည်။
သူ၏ ရုတ်တရက် လက်ညှိုးထိုးလိုက်မှုကြောင့် သူ၏ လက်မောင်းက ရွေ့သွားပြီး စေးကပ်နေသည့် အညစ်အကြေး တစ်ခုသည် သူ့၏ ပါးစပ်ထဲ တိုက်ရိုက် ရောက်ရှိသွားသည်။
လော့ချန်က ထိုအရာကို စားမိလိုက်သည့်အခါ ထပ်ပြီး အော့အန်လေတော့သည်။
“ချီးပဲ”
လော့ထျန်က ကျိန်ဆဲလိုက်ပြီးနောက် မေးခွန်းထုတ်သကဲ့သို့ ပြုံးပြလိုက်သည်။
“ယာယီခေါင်းဆောင်က ဆုလာဘ်ကိုပေးဖို့ ကျောက်နက် မထုတ်ပေးနိုင်ဘူးလို့ ကျွန်တော်သံသယရှိပါတယ်။ ပြီးတော့ သူက သူ့သားကို ပေးလိုက်တာကြောင့် ကျောက်နက် မရှိတော့တာလား” မေးလိုက်သည်။
လော့ထျန်၏ အသံကို ကြားလိုက်သောအခါ ခေါင်းဆောင်များစွာသည် လော့ကျန့်ရှန်ကို ကြည့်လိုက်ကြသည်။
လော့ကျန့်ရှန်၏ မျက်နှာက မဲမှောင်သွားသော်လည်း သူသည် အေးဆေးစွာ ဟန်ဆောင်နေလေသည်။
“အဓိပ္ပာယ်မရှိတာ၊ အိမ်တော်ခေါင်းဆောင်ဖြစ်တဲ့ ငါက ဘာလို့အဲ့လိုလုပ်ရမှာလဲ။ လော့ထျန်၊ မင်းက ငါ့ရဲ့ မေးမြန်းမှုကို ကြောက်နေသလိုပဲ။ ထပ်မေးမယ်၊ မင်းလို အသုံးမကျတဲ့သူက ဘယ်လိုလုပ် ဒီလိုရလဒ်တွေကို ရနိုင်တာလဲ”
လော့ထျန်၏ အဖြေကို မစောင့်ဘဲ လော့ကျန့်ရှန်က ဆက်ပြောလိုက်သည်၊
“ခေါင်းဆောင်များ၊ ဒီကိစ္စကို သေချာစုံစမ်းပြီးတဲ့အထိ လော့ထျန်၏ ရလဒ်တွေကို ဆိုင်းငံ့ထားတာရင် ဘယ်လိုမြင်လဲ” မေးလိုက်သည်။
“ကောင်းတယ်”
“လော့ထျန်၏ ရလဒ်တွေက အရမ်းသံသယဖြစ်စရာ ကောင်းတဲ့အတွက် တရားမျှတမှုရှိစေဖို့ ကျွန်တော်က ယာယီခေါင်းဆောင်၏ အကြံပြုချက်ကို သဘောတူပါတယ်”
“မင်းအမေကို သဘောတူခိုင်းလိုက်”
“မင်းတို့ သေသင့်တဲ့ အဘိုးအိုတွေ၊ ငါက မင်းတို့အားလုံးကို သိပြီးသား” လော့ထျန်က ဒေါသထွက်နေလေသည်။ ဤအဘိုးကြီးများက လော့မိသားစုကို ဦးဆောင်နေသောကြောင့် လော့မိသားစုက တဖြည်းဖြည်း ကျဆင်းနေခြင်းမှာ အံ့သြစရာ မဟုတ်ချေ။
လော့ထျန်သည် လော့ကျန့်ရှန်၏ မိသားစုရှိ လူတိုင်းကို စိတ်ထဲတွင် ကျိန်ဆဲလေတော့သည်။ သူသည်လည်း စိတ်ပူနေသည်။ အဘယ်ကြောင့်ဆိုသော် လော့ကျန့်ရှန်၏ အသိအမှတ်ပြုမှုကို မရပါက အမဲလိုက်ပြိုင်ပွဲ၏ ပထမဆုကို ကြေညာမည်မဟုတ်ချေ။
ထို ကျောက်နက်ကတော့ လော့ကျန့်ရှန်က ထုတ်မပေးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုအရာကို သူ့၏ ကိုယ်ပေါ်တွင် ယူလာခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ သူသည်ကျောက်နက် ကို တကယ်တမ်း စိတ်မဝင်စားပါ။ သူက A-အဆင့်မစ်ရှင် ကိုသာ ပြီးမြောက်အောင် လုပ်ချင်သည်။
မစ်ရှင်ကို လော့ကျန့်ရှန်က ပေးခဲ့ခြင်းဖြစ်သောကြောင့် သူက ပြီးဆုံးသွားကြောင်း အသိအမှတ်မပြုလျှင် လော့ထျန်သည် ဆုလာဘ်များ ရရှိမည်မဟုတ်ပေ။ ထိုဆုလာဘ်က အဆင့် ၃ အထောက်အကူပြု သိုင်းပညာ ဖြစ်သည်။
အထောက်အကူပြု သိုင်းပညာက အလွန်အားကောင်းသည်။ လော့ထျန်က အဆင့်တူသူများနှင့် ရင်ဆိုင်သည့်အခါ ထိုအရာကြောင့် အကျိုးကျေးဇူးများကို ခံစားခဲ့ရသည်။ ကောင်းသော တိုက်ခိုက်ရေး ကျွမ်းကျင်မှုသည် တစ်ဦးတစ်ယောက်၏ အရင်းအနှီးဖြစ်ပေလိမ့်မည်။
⸻
အထောက်အကူပြု သိုင်းပညာ ဆိုသည်မှာ အဘယ်နည်း။
ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်ဖန်တီးခြင်း၊ စာသားရေးထွင်းခြင်းတို့ကို အထောက်အကူပြု သိုင်းပညာများအဖြစ် သတ်မှတ်နိုင်သည်။ ထိုအရာတစ်ခုချင်းစီသည် အံ့သြဖွယ်ရာများဖြစ်သည်။ အထူးသဖြင့် ဆေးလုံးဖော်စပ်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် လော့ထျန်သည် နတ်ဆိုးများကို သတ်ခြင်းဖြင့်သာ သူ၏နက်နဲစွမ်းအင် များကို ဖြည့်နိုင်သေးသည်။ သူက နတ်ဆိုးများကို မသတ်နိုင်ရင် ဆေးလုံးများဖြင့်သာ သူ၏စွမ်းအင်ကို ဖြည့်တင်းနိုင်သည်။ ထို့ကြောင့် ဆေးလုံးများသည် သူ့အတွက် အလွန်အရေးကြီးသည်။
A-အဆင့် ဆုလာဘ်ကို မြင်လိုက်သောအခါ လော့ထျန်သည် အလွန်စိတ်လှုပ်ရှားခဲ့သည်။
လော့ထျန်က သူ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး
“ဒါဆို ရခေါင်းဆောင်တွေက ဘယ်အချိန်မှာ စုံစမ်းမှုတွေကို ပြီးမြောက်နိုင်မယ်ဆိုတာကို သိချင်ပါတယ်” မေးလိုက်သည်။
လော့ရှောင်းရှန်က မျက်နှာပေါ်တွင် အထက်စီးဆန်သည့်စန်ဖြင့်
“တစ်ရက်လည်း ဖြစ်နိုင်တယ်။ တစ်လလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လည်းဖြစ်နိုင်တယ်။ ဒီလိုကိစ္စမျိုးကို အတိအကျဆုံးဖြတ်ဖို့ ခက်ပါတယ်” ပြန်ဖြေလိုက်သည်။
လော့ကျုံးရှန်က
“လော့ထျန်၊ ကျွန်တော်တို့ ဒီကိစ္စကို တတ်နိုင်သလောက် မြန်မြန်စုံစမ်းပါ့မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း အချိန်သတ်မှတ်ချက် မရှိပါဘူး”
စုံစမ်းမလား။
သူတို့က ဘာကိုစုံစမ်းမှာလဲ။
သူတို့၏ အမေအစ်မကို စုံစမ်းလေ။ ဤသည်က သူတို့သည် လော့ထျန်ကို ရန်ရှာနေသည်မှာ သိသာပါသည်။
လော့ထျန် အကုန်သိပါသည်။ သူသည် သုံးရက်ကြာ ပင်ပန်းစွာ သတ်ခဲ့သည်ကို ဤသည်က နိဂုံးချုပ်လား။
ဒေါသမီးတောက်များက သူ့၏ ခေါင်းထဲအထိ တက်သွားလေသည်။
လော့ကျန့်ရှန်၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ပွင့်ရှိနေပြီး
“လော့ထျန်၊ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ မြန်တဲ့နည်းလမ်းတစ်ခုတော့ရှိတယ်” လေးနက်စွာ ပြောလိုက်သည်။
လော့ကျန့်ရှန်၏ နှုတ်ခမ်းကို မြင်လိုက်သောအခါ လော့ထျန်သည် ထိုအရာက ကောင်းသောအရာ မဟုတ်သည်ကို သိသော်လည်း
“ဘယ်လိုနည်းလမ်းလဲ” မေးလိုက်သည်။
“အရမ်းရိုးရှင်းတဲ့ နည်းလမ်းပဲ”
“မင်းလုပ်ရမှာက လူတိုင်းကို မင်းအဆင့်၄ နတ်ဆိုးသားတစ်ကောင်ကို သတ်နိုင်တယ်ဆိုတာ သက်သေပြရမယ်” လော့ကျန့်ရှန်က ပြန်ဖြေသည်။
“အဆင့်၄ နတ်ဆိုးသားကို သတ်ရမှာလား”
“ဒါက ကောင်းတဲ့နည်းလမ်းပဲ။ လော့ထျန် ခွန်အားကို အလိုအလျောက် သက်သေပြနိုင်လိမ့်မယ်။ ပြီးတော့ အဆင့်၄ နတ်ဆိုးသားကို သတ်နိုင်ရင် သူ့၏ ရလဒ်တွေအတွက် ထိုက်တန်တယ်ဆိုတာကို ပြသနိုင်လိမ့်မယ်”
“ကျွန်တော် ဒီအဆိုပြုချက်ကို ထောက်ခံပါတယ်”
နက်နဲဆရာ အဆင့် ကျွမ်းကျင်သူပင်လျှင် အဆင့်၄ နတ်ဆိုးသား၏ ရှေ့တွင် သေနိုင်သည်။ ယခုတွင် သူတို့က သူ့ကို သူတို့၏ ရှေ့တွင် တစ်ကောင်သတ်ခိုင်းနေသည်။ သူတို့၏ အနိုင်ကျင့်မှုတွေက အရမ်းများနေပြီ မဟုတ်လား။
လော့ထျန်သည် စိတ်ထဲမှ
“မင်းတို့ အမေသွားပါစေ”
ထို့နောက် လော့ကျန့်ရှန်က
“ဟုတ်ပါတယ်၊ အဆင့်၄ နတ်ဆိုးသားက ထိပ်တန်း အစွမ်းရှိသူဖြစ်တဲ့အတွက် မင်းနဲ့အတူ တခြားတစ်ယောက်ကို ခေါ်သွားဖို့ ငါခွင့်ပြုမယ်။ အဲ့ဒီလူက သဘောတူသရွေ့ လော့မိသားစုက ဘယ်သူမဆို ရပါတယ်”
“ကျွန်တော် သဘောတူပါတယ်”
“ကျွန်မ သဘောတူပါတယ်”
ဖုန်းလေနှင့် လီရွှယ်အာတို့ နှစ်ယောက်လုံး တစ်ချိန်တည်း ပြောလိုက်သည်။
လော့ထျန်က သူတို့ကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် သူတို့၏ အကူအညီကို မလိုချေ။
အဆင့်၄ နတ်ဆိုးသားတစ်ကောင်က အရမ်းအားကောင်းသည်။ သူနှင့်အတူ နက်နဲဆရာ အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို ခေါ်သွားရင်တောင် ပုံမှန်နည်းလမ်းနဲ့တော့ သတ်နိုင်မည် မဟုတ်ချေ။
လော့ကျန့်ရှန်က သူ့ကို သေစေရန် တမင်လုပ်နေခြင်းက ရှင်းနေသည်။
အဆင့်၄ နတ်ဆိုးသားတိုင်းသည် ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးလို နှေးကွေးသည်မဟုတ်ချေ။ သူသည် ပိုမြန်သော တစ်ကောင်နှင့်တွေ့ရင် လော့ထျန်သည် ပြန်လည်တိုက်ခိုက်ဖို့ ဘာမှလုပ်နိုင်မည် မဟုတ်ချေ။
မှော်မန္တန်ကို သုံးဖို့အချိန်ပင် ရမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် သေပြီးသားဖြစ်နေလိမ့်မည်။
လော့ကျန့်ရှန်၏ ပရိယာယ်က အရမ်းဆိုးရွားလှသည်။ သူသာ ဤအရာကို လက်မခံဘူးဆိုရင် မစ်ရှင် ၏ဆုလာဘ်တွေကို သူရတော့မည်မဟုတ်ချေ။
သူလက်ခံမည်ဆိုလျှင်တော့ သူ့ကို သေတွင်းပို့လိုက်သည်နှင့် တူသည်။
လော့ထျန်သည် အလေးအနက် မစဉ်းစားတော့ဘဲ ပြုံးလိုက်သည်။
“ယာယီခေါင်းဆောင်က တကယ်ကို အရမ်းဆိုးရွားလွန်းပါတယ်။ ဒီပထမနေရာ သက်သက်ကို ကျွန်တော်မျက်စိထဲတောင် မထည့်ပါဘူး” ပြောလိုက်သည်။
“ဟမ့်”
“မင်းလိမ်လည်နေတယ်ဆိုတာကို ငါသိပြီးသား”
“မျိုးနွယ်စု၏ စည်းမျဉ်းတွေအရ အမဲလိုက်ပြိုင်ပွဲမှာ လိမ်လည်သူ၏ ခြေထောက်ကို ရိုက်ချိုးပြီး လော့မိသားစုကနေ နှင်ထုတ်ရမယ်” လော့ကျန့်ရှန်က မျက်မှောင်ကြုတ်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
သူသည် လော့ထျန်က သဘောတူမည်မဟုတ်သည်ကို ကြိုသိနှင့်နေသည်။
“တစ်ယောက်ယောက်လာပြီး သူ့ကို ဖမ်းလိုက်” လော့ကျန့်ရှန်က လက်ဝှေ့ယမ်းလိုက်ပြီး အထက်တန်းစားတပည့်များစွာက လော့ထျန်ဆီသို့ ပြေးသွားကြသည်။
လော့ကျန့်ရှန်၏ မျက်နှာပေါ်တွင် အောင်မြင်မှုအရိပ်အယောင် ပေါ်နေပြီး သူသည် စိတ်ထဲမှ
“လော့ထျန်၊ မင်းက ငါတို့အားလုံးကို အဆင့်၄နတ်ဆိုး သားရဲကို သတ်နိုင်တယ်ဆိုတာ သက်သေပြရမယ် ဒါမှမဟုတ်… ဟီဟီ… မင်းခြေထောက်တွေကို ကိုယ့်ဘာသာ ရိုက်ချိုးလိုက်” ရေရွတ်လိုက်သည်။
အစွန်းရောက်သော ရက်စက်မှု ဖြစ်သည်။
လော့ထျန်သည် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ဒေါသက ပို၍ပြင်းထန်လာပြီး သူသည် တခြားတစ်ယောက်၏ လက်ဖဝါးပေါ်တွင် ကခုန်နေရသလို ခံစားရသည်။
သူ့၏ မျက်လုံးများက မှောင်မိုက်သွားပြီး လော့ကျန့်ရှန်ကို အေးစက်စွာ ကြည့်လိုက်သည်။
“လော့ကျန့်ရှန်၊ မင်းက တကယ်ကို ယုတ်လွန်းပါတယ်”
“ယုတ်တာလား”
“ငါက ငါ့တာဝန်တွေကိုပဲ လုပ်ဆောင်နေတာပါ” လော့ကျန့်ရှန်က အေးစက်စွာ ရယ်မောလိုက်ပြီး
“မင်းကို ရွေးချယ်မှုလုပ်ဖို့ သုံးစက္ကန့် အချိန်ပေးမယ်၊ အဆင့်၄နတ်ဆိုး သားရဲကို သတ်မှာလား ဒါမှမဟုတ် မင်း၏ ခြေထောက်တွေကို ရိုက်ချိုးရမှာလား”
ဘယ်ရွေးချယ်မှုဖြစ်ဖြစ် နောက်ဆုံးတွင် သေခြင်းသည် ရလဒ်ဖြစ်ပေလိမ့်မည်။
ဖုန်းလေက ချက်ချင်းပင် ထွက်ရပ်လိုက်ပြီး
“ကျွန်တော်တို့ အဆင့်၄နတ်ဆိုး သားရဲကို သတ်ဖို့ကို ရွေးချယ်ပါတယ်။ ကျွန်တော်က သခင်လေးနဲ့အတူ လိုက်ပါသွားပါမယ်” အော်ပြောလိုက်သည်။
“ကောင်းပြီ”
“လော့ထျန်၊ မင်းက မင်းလက်အောက်ခံလောက်ဍတောင် မပွင့်လင်းဘူး” လော့ကျန့်ရှန်က ပြုံးလိုက်သည်။
သူ့၏ ပရိယာယ်က အလုပ်ဖြစ်သွားသည်။
“တစ်လခွဲကြာပြီးနောက် ကျောက်စိမ်းတောင်မြို့၏ တိုက်ပွဲနယ်မြေမှာ အဆင့်၄နတ်ဆိုး သားရဲရှိနေပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းက အဲ့ဒီသားရဲကို သတ်လိုက်ရုံပါပဲ။ အမှန်တရားက ထင်ရှားလာပြီး မုဆိုးပြိုင်ပွဲ၏ ပထမနေရာကလည်း သဘာဝအတိုင်း မင်းအတွက် ဖြစ်သွားပါလိမ့်မယ်” ပြောလိုက်သည်။
“ဝတုတ်လေ” လော့ထျန်က ဖုန်းလေကို ကြည့်လိုက်သည်။
ဖုန်းလေက မျက်နှာတွင် အပြုံးတစ်ပွင့်နှင့်
“သခင်လေး၊ ကျွန်တော်တို့ အခွင့်အရေး ယူလိုက်ပါမယ်” ပြုံးလိုက်သည်။
ဖုန်းလေသည် လော့ထျန်အတွက် ဤရွေးချယ်မှုကို လုပ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် လော့ထျန်က လီရွှယ်အာကို အန္တရာယ်ထဲသို့ ထည့်သွင်းမည်မဟုတ်သည်ကို သူသိသောကြောင့် ဖြစ်သည်။
လော့ကျန့်ရှန်က သူ့၏ ရည်ရွယ်ချက်အမှန်များကို ထုတ်ဖော်လိုက်ပြီးပြီဖြစ်သောကြောင့် ဖုန်းလေက ထိုရွေးချယ်မှုကို မလုပ်လျှင် လော့ကျန့်ရှန်သည် လော့ထျန်ကို တစ်ခုခုလုပ်လိမ့်မည်မှာ သေချာသည်။
ဖုန်းလေသည် အပြင်ပန်းတွင် အရူးတစ်ယောက်ကဲ့သို့ ပုံရသော်လည်း သူသည် တကယ်တမ်းတွင် အတော်လေး ဉာဏ်ကောင်းလေသည်။
သဘောတူပြီးပြီ ဖြစ်သောကြောင့် လော့ထျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး
“လော့ကျန့်ရှန်၊ မင်းက တကယ်ကောင်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပဲ။ ငါတို့ မင်းကို နောက်မှ ငါတို့၏ အစွမ်းတွေကို ပြသပါ့မယ်။ ဒါကြောင့် မင်း အရမ်းမအံ့သြပါနဲ့”
“ဟားဟားဟား”
“စိတ်မပူပါနဲ့။ မင်းတို့က နတ်ဆိုးသားရဲ အစာဖြစ်သွားတာကို ငါက ကြောက်နေတာလား” လော့ကျန့်ရှန်က အထင်သေးစွာ ပြောလိုက်သည်။
လော့ထျန်သည် အဆင့်၄နတ်ဆိုး သားရဲနှင့် တိုက်ခိုက်ရန် သဘောတူလိုက်သည်က ကောင်းပါသည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာက လော့ကျန့်ရှန်ကို အရာအားလုံးကို စုံစမ်းဖို့အတွက် ၁၅ ရက် အချိန် ပေးလိုက်သည်။
အရေးကြီးဆုံးကတော့ နတ်ဆိုး၏ အနှစ်က ဘယ်မှာလဲဆိုတာကို ရှာဖွေနိုင်တော့မည် ဖြစ်သည်။
“သွားကြရအောင်”
လော့ထျန်က လှည့်ပြီး ထွက်သွားတော့မည် ဖြစ်သော်လည်း သူ့၏ မျက်လုံးများတွင် တစ်ခုခု လင်းလက်သွားပြီး
သူသည် ရိုသေစွာဖြင့်
“အိမ်တော်ခေါင်းဆောင်၊ မုဆိုးပြိုင်ပွဲမှာ အမှတ် ၁၂၀၀ ရတာက ပထမနေရာရတယ်လို့ သတ်မှတ်လို့ရလား”
“လိမ်လည်ပြီးရတဲ့ ရလဒ်တွေက…” လော့ကျန့်ရှန်က ပြုံးလိုက်သည်။
သူ့စကားမဆုံးခင်မှာပင် လော့ထျန်က
“အဲ့ဒီအချက်ကို အသာထားပါ။ ကျွန်တော်က ဒါက စည်းမျဉ်းအရ သတ်မှတ်လို့ရလားလို့ မေးနေတာပါ” ဖြတ်ပြောလိုက်သည်။
လော့ထျန်သည် လော့ကျန့်ရှန်ကို ကြည့်ကာ ပြုံးလိုက်ပြီး
“ရပါတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ မင်းက လိမ်လည်ခဲ့တာပဲကို”
“ဟားဟားဟား”
ရုတ်တရက်…
လော့ထျန်က လေထဲတွင် ကျယ်လောင်စွာ ရယ်လိုက်ပြီး
“ကျွန်တော်လိုချင်တာက ‘ရတယ်’ ဆိုတဲ့ မင်းရဲ့စကားပဲ။ မင်းအမေ၊ မင်းက ဒီအဖေကို ပရိယာယ်သုံးချင်ခဲ့ပေမဲ့ ဒီအဖေကကို ပြန်ပြီး တိုက်ခိုက်နိုင်အောင် ခွင့်ပြုလိုက်တာပဲ” စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လော့ကျန့်ရှန်သည် လော့ထျန်က မည်သည်ကိုရယ်နေမှန်းမသိသောကြောင့် အနည်းငယ် ထိတ်လန့်သွားလေသည်။
ထိုအချိန်တွင်…
ချိုမြိန်ပြီး ရင်းနှီးသော အသံတစ်ခုသည် လော့ထျန်၏ စိတ်ထဲတွင် မြည်လာသည်။
“ဒင်”