← Chapters

ရုပ်သေးရုပ်စနစ်

Vol. 4 Ch. 37

ရုပ်သေးရုပ်စနစ်

Vol. 4 Ch. 37

လော့ကျန့်ရှန်၏ ပရိယာယ်ထဲသို့ ကျရောက်သွားသောကြောင့် လော့ထျန် အခက်တွေ့သွား၏။

အဆိုးဆုံးတွင် သူ၏ မစ်ရှင်ကို မပြီးမြောက်လိုက်သည့်အတွက် လော့ထျန် စိတ်ပျက်နေသည်။

သို့သော် ပုံမှန်အားဖြင့် စနစ်မှ အသံမမြည်လျှင် လူက မသေပေ။

ထို့ကြောင့်… စနစ်သည် အသိအမှတ်ပြုမှုကိုလိုအပ်သည့်သဘောပင်ဖြစ်သည်။

ထို့ကြောင့် လော့ထျန်သည် သူ၏မေးခွန်းကို ထိုသို့ရည်ရွယ်ချက်ရှိရှိ ပုံဖော်ခဲ့ခြင်းဖြစ်သည်။ သူသည် လော့ကျန့်ရှန်ကို အသိအမှတ်ပြုစေလိုသည်။ သူအသိအမှတ်ပြုလိုက်သည်နှင့် စနစ်က မစ်ရှင်ပြီးမြောက်သည်ဟု သတ်မှတ်မည်ဖြစ်သည်။

“ဒင်”

“ကစားသမား လော့ထျန် အဆင့် A-မစ်ရှင် တစ်ခုကို ပြီးမြောက်သွားခြင်းအတွက် ဂုဏ်ယူပါတယ်။ မစ်ရှင် အမှတ် ၂၀,၀၀၀၊ နက်နဲစွမ်းအင် ၁၀၀၀ နဲ့ ကျပန်း အထောက်အကူပြု သိုင်းပညာ တစ်ခုကို ရရှိခဲ့ပါပြီ”

သူ၏ အတွေ့အကြုံဘားသည် အမှတ် ၂၀,၀၀၀ ထိုးတက်သွားပြီး သူ၏ နက်နဲစွမ်းအင်တန်ဖိုးကလည်း အမှတ် ၁၀၀၀ တိုးလာခဲ့သည်။

“ဒင်”

“ကျပန်းမဲစတင်ရန် စောင့်နေပါတယ်”

လော့ထျန်က မစဉ်းစားတော့ဘဲ “စတင်ပါ” စိတ်ထဲပြောလိုက်သည်။

သူ၏ စိတ်ထဲတွင် ဘီးကြီးတစ်ခု ပေါ်လာပြီး ထိုဘီးပေါ်တွင် မတူညီသော အထောက်အကူဖြစ်ပစ္စည်းများ ထွင်းထုထားသည်ကို တွေ့ရသည်။ ထိုတွင် ဆေးလုံးဖော်စပ်ခြင်း၊၊ လက်နက်ဖန်တီးခြင်း၊ စာသားရေးထွင်းခြင်းနှင့် အခြားအထောက်အကူပြု သိုင်းပညာများလည်း ပါဝင်သည်။

လော့ထျန်သည် ဆေးလုံးဖော်စပ်သည့် စနစ်ကို ကြည့်လိုက်ပြီး

“ဂွမ်ယင်¹၊ အစ်မကြီး ချန်အယ်¹၊ ညီမလေး မာရီယာအိုဇာဝါ²၊ ညီမလေး ဆိုရာအိုအီ²၊ ဆရာမ ရိုလာမိဆာကီ² အစရှိတဲ့သူအပေါင်းတို့… ကျွန်တော့်ကို ဆေးလုံးဖော်စပ်စနစ်ရဖို့အတွက် မဲပေါက်အောင် ကူညီပေးကြပါ”

စိတ်လှုပ်ရှားကာ ဆုတောင်းလိုက်သည်။

သူသည် ဆေးလုံးဖော်စပ်နိုင်သောအခါ သူ၏ နက်နဲစွမ်းအင်ကုန်ဆုံးသွားမှာကို စိုးရိမ်စရာ မလိုတော့ပေ။

သူမယှဉ်နိုင်သောသူနှင့် တွေ့ခဲ့လျှင်မူ ထိုသူကို ပင်ပန်းနွမ်းနယ်စေခြင်းဖြင့် သေအောင်လုပ်နိုင်ပေလိမ့်မည်။

“ဆေးလုံးဖော်စပ်နည်း၊ ဆေးလုံးဖော်စပ်နည်း.. ဖြစ်ရမယ်”

လော့ထျန်သည် အစွမ်းကုန် ဆုတောင်းနေသည်။

ဘီးသည် စတင်လည်ပတ်ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ရပ်သွားကာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုတစ်ခုသို့ ညွှန်ပြနေသည်။

“ဒင်”

“ကစားသမား လော့ထျန် ရုပ်သေးရုပ်စနစ်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါတယ်”

အသံ ပျောက်ကွယ်သွားသောအခါ ရှေးဟောင်းပုံစံ စာအုပ်တစ်အုပ်သည် သူ့၏ စိတ်ထဲတွင် ပေါ်လာပြီး ထိုစာအုပ်၏ အဖုံးတွင် “ရုပ်သေးရုပ်စနစ်” ရေးထားသည်။

လော့ထျန်သည် အားများ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် သူသည် —

“မင်းအစ်မ စနစ်ရေ။ မစ်ရှင်ကို ပြီးအောင် ဝိညာဉ်တောင်တန်းကြီးပေါ်မှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါတောင် မင်းက ငါ့ကို ရုပ်သေးရုပ်စနစ်ကိုပဲပေးသေးတာလား။ လခွမ်း မင်းက ငါ့ကို ဒီလောက်အထိ သေစေချင်နေတာလား။ ငါလိုချင်တာက ဆေးလုံးဖော်စပ်နည်း၊ ဆေးလုံးဖော်စပ်နည်းကို လိုချင်တာလေကွာ…”

သူ အကူအညီမဲ့စွာ ရေရွတ်လိုက်သည်။

မင်းအစ်မကို ယူခိုင်းလိုက်လေ။

လီရွှယ်အာသည် လော့ထျန် စိတ်ဒေါသထွက်နေသည်ကို တွေ့ရသောကြောင့်

“အစ်ကိုကြီး လော့ထျန် အဆင်ပြေရဲ့လား”

စိုးရိမ်တကြီးဖြင့် အမြန်မေးလိုက်သည်။

ထိုရင်းနှီးမှု ၊ ဤမိန်းကလေး၏ နူးညံ့သော မျက်လုံးများက လော့ထျန်၏ နှလုံးသားကို တစ်ချက်ခုန်သွားစေသည်။

ထို့နောက် လော့ထျန်က ခါးသက်သော အပြုံးဖြင့် ခေါင်းခါလိုက်ပြီး

“ငါ အဆင်ပြေပါတယ်”

လီရွှယ်အာက “အို” လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး

“အစ်ကိုကြီး လော့ထျန် အဆင့်၄ နတ်ဆိုး သားရဲနဲ့ တစ်လခွဲကြာအောင် တိုက်ခိုက်ရမှာမို့လို့ စိုးရိမ်နေတာလား။ အကယ်လို့ စိုးရိမ်နေမယ်ဆိုရင် ကျွန်မက…”

“ငါမစိုးရိမ်ပါဘူး”

လော့ထျန်သည် လီရွှယ်အာ စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။

လီရွှယ်အာက သူ့ကို ပေးခဲ့သည့် ခံစားချက်က ပုံမှန် မဟုတ်ပေ။ သူမ၏ အနေအထိုင်၊ သူမပြောဆိုပုံနှင့် သူမ၏ စိတ်တည်ငြိမ်မှုတို့က သူမကို အခြားသာမန် မိန်းကလေးများမှ လုံးဝကွဲပြားစေသည်။

သူမ လေ့ကျင့်ထားသော ဓားကျွမ်းကျင်မှုက အလွန် အားကောင်းပြီး ထိုအရာများကို ပေါင်းလိုက်သောအခါ လော့ထျန်သည် သူမသည် သာမန် မိန်းကလေး မဟုတ်သည်ကို ကောက်ချက်ချလိုက်သည်။

သူမတွင် အလွန်အားကောင်းသော နောက်ခံတစ်ခု ရှိရမည်ဖြစ်သည်။

သူမ၏ နောက်ခံက ဘယ်လောက်အားကောင်းလဲ။ လော့ထျန် မခန့်မှန်းနိုင်ချေ။

သူ့ကလေးဘဝ မှတ်ဉာဏ်များက ဝေဝါးလွန်းသောကြောင့် သူမ လော့မိသားစုကို မည်သို့ရောက်လာသည်ကို မမှတ်မိသကဲ့သို့ သူမ၏ နောက်ခံကမည်မျှ အားကောင်းသည်ကိုလည်း လုံးဝမမှတ်မိချေ။

သိုင်းလေ့ကျင့်ရေးကွင်းထဲတွင် လော့ကျန့်ရှန် ပြောခဲ့သည့် စကားများကို လီရွှယ်အာ၏ စကားတစ်ခွန်းဖြင့်ပင် ပြန်ရုတ်သိမ်းစေနိုင်ပေလိမ့်မည်။

သို့သော် လော့ထျန်သည် သူမကို ထိုသို့ မလုပ်စေပေ။

သူက ယောက်ျားဖြစ်သည်။

သူသည် မိန်းကလေးတစ်ယောက်ကို သူ့အတွက် အကာအကွယ်ပေးရန် ခွင့်မပြုနိုင်ချေ။ အထူးသဖြင့် သူသဘောကျသော မိန်းကလေးနှင့် ပတ်သက်လာသောအခါ ပို၍ပင် ဖြစ်ပေလိမ့်မည်။

မည်သို့ဖြစ်စေ လော့ထျန်သည် လီရွှယ်အာကို တစ်ယောက်ယောက်အား မခယစေပေ။

ထို့ကြောင့် လော့ထျန်သည် ပြတ်သားစွာ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

လီရွှယ်အာ၏ မျက်ခုံးများက အနည်းငယ် တွန့်သွားပြီး သူမ၏ တုံ့ဆိုင်းမှုက အလွန်ချစ်စဖွယ် ကောင်းနေသည်။

လော့ထျန်၏ လက်ညှိုးက လီရွှယ်အာ၏ နှာခေါင်းကို ညင်သာစွာပုတ်လိုက်ပြီး

“အချစ်ရေ စိတ်ပူစရာမလိုပါဘူး။ ဘာမှဖြစ်မှာမဟုတ်ပါဘူး”

ညင်သာစွာ ပြောလိုက်သည်။

ဖုန်းလေတွင် ရူးသွပ်သော အပြုံးတစ်ခုရှိနေပြီး

“ညီမ စိတ်မပူပါနဲ့။ ကျွန်တော်က ကျွန်တော့်

အသက်ကို ရင်းပြီး သခင်လေးကို ကာကွယ်ပေးပါ့မယ်”

သူ၏ ရူးသွပ်သော အပြုံးကို ကြည့်လိုက်သောအခါ သူက အရူးတစ်ယောက်ကဲ့သို့ ထင်ရသည်။ သို့သော် သူ၏ စကားများက အလွန်လေးနက်လေသည်။

လော့ထျန်အတွက် သူ၏ အသက်ကိုပင် စတေးနိုင်လောက်အောင် လေးနက်လွန်းသည်။

ညီအစ်ကိုစိတ်ဓာတ်ဆိုသည်မှာ ဤကဲ့သို့ဖြစ်ရသည်။

လော့ထျန်သည် ထိုသို့သော မိန်းကလေးနှင့် အစ်ကိုတစ်ယောက်ရှိသည်ကို သိသောအခါ အတော်ပင် စိတ်သက်သာရာရသွားသည်။

“မင်းတို့ နှစ်ယောက်အရမ်းစိတ်ပူနေကြတာပဲ။ ငါက ဘယ်သူလဲဆိုတာကို မေ့သွားပြီလား။ လော့ကျန့်ရှန်လုပ်ရပ်အတွက်နဲ့ ငါဒုက္ခအဖြစ်ခံမှာမဟုတ်ဘူး”

တည်ငြိမ်သောအပြုံးဖြင့် ပြောလိုက်သည်။

သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ပြုံးပြကြသည်။

ချက်ချင်းပင်…

လော့ထျန်သည် ရုပ်သေးရုပ်စနစ်၏ အင်္ဂါရပ်များကို စစ်ဆေးရန် စနစ်၏ ကျွမ်းကျင်မှုနေရာကို ဖွင့်လိုက်သည်။

သိုင်းပညာ- ရုပ်သေးရုပ်နည်းစနစ်

အဆင့်- အဆင့်၃

ကျွမ်းကျင်မှု- ၀/၁၀၀၀

နက်နဲစွမ်းအင်သုံးစွဲမှု- ၁၀၀

ကျွမ်းကျင်မှုဖော်ပြချက်-

ကစားသမားသည် ရုပ်သေးရုပ် ၃ ရုပ်ကို ဖန်တီးနိုင်ပါတယ်။

အဆင့်၁ ရုပ်သေးရုပ်စနစ်သည် အဆင့်၁ နတ်ဆိုးသားရဲများနှင့် တူညီသော ရုပ်သေးရုပ်များကို ဆင့်ခေါ်နိုင်ပါသည်။

အဆင့်၂သည် အဆင့် ၂နတ်ဆိုးသားရဲ၏ ခွန်အားနှင့် တူညီပါလိမ့်မည်။

အဆင့်၃သည် အဆင့်၃နတ်ဆိုးသားရဲနှင့် တူညီပါလိမ့်မယ်…

နောက်ဆုံး အမြင့်ဆုံးအဆင့်တွင် ကစားသမားသည် တိုက်ပွဲဝင် လက်အောက်ခံ ၅ရုပ် ကို ဆင့်ခေါ်နိုင်ပြီး တစ်ခုစီတွင် အဆင့် (၁၀) နတ်ဆိုးသားရဲ၏ ခွန်အားရှိပါလိမ့်ည်။

ထပ်ဆောင်း-

အဆင့်၁ရုပ်သေးရုပ်စစ်သားတွင် အသက်မှတ် 1000 ရှိပြီး အဆင့်၂တွင် အသက်မှတ် ၂၀၀၀ ရှိပါလိမ့်မယ်…

သူတို့၏ အသက်မှတ် တစ်မှတ်တည်းသာ ကျန်နေစေကာမူ အချိန်အတိုင်းအတာ မရှိဘဲ ဆက်လက်တိုက်ခိုက်နိုင်ပါလိမ့်ည်။

⸻

“ဝါး”

“စိတ်ဝင်စားဖို့ ကောင်းတယ်”

လော့ထျန်၏ မျက်လုံးများက တစ်ချက်တောက်ပသွားပြီး —

“ရုပ်သေးရုပ်စနစ်က သိပ်မဆိုးဘူးပဲ။ ငါသာ စနစ်ကို အဆင့်မြှင့်တင်လိုက်ပြီး ရုပ်သေးရုပ်တစ်ချို့ကို ဖန်တီးလိုက်ပြီး ဝိညာဉ်တောင်တန်းရဲ့ အပြင်ဘက်မှာ ထားလိုက်ရင် အတွေ့အကြုံမှတ်တွေကို အလကား ထိုင်စားလို့ရပြီမဟုတ်လား”

“ဒါတော့ တော်တော်မိုက်သွားပြီ”

ဤအကြောင်းကို တွေးလိုက်သောအခါ လော့ထျန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

⸻

ဤရုပ်သေးရုပ်စစ်သားများက သူ့အတွက် နတ်ဆိုးများကို သတ်ပေးနေသောကြောင့် သူသည် သူ့မိန်းကလေးနှင့် အချိန်ကုန်နေရင်းနှင့်ပင် အဆင့်မြှင့်တင်နိုင်ပေလိမ့်မည်။

ဤစနစ်က အမိုက်စားဖြစ်လိမ့်မည်။

ထို့အပြင် သူသည် ပုံမှန်လူများ မသွားနိုင်သော နေရာများကို ထောက်လှမ်းရန် သို့မဟုတ် သွားရန်အတွက် ရုပ်သေးရုပ်များကို အသုံးပြုနိုင်သည်။

သူတို့အတွက် အသုံးပြုပုံများက အလွန်များပြားသည်။

⸻

သူသည်အဆင့်၄ နတ်ဆိုးသားရဲနှင့် တိုက်ခိုက်ရန် အချိန်တစ်လခွဲခန့်သာ လိုတော့သည်။

သူတစ်ယောက်တည်းအားနှင့် အဆင့်တူ ရောက်အောင် ကြိုးစားရသည်မှာ အလွန်ခက်ခဲသည့်ကိစ္စပင်ဖြစ်၏။

အန္တရာယ်များသည့် ဝိညာဉ်တောင်တန်းကြီးထဲတွင် အဆင့်မြှင့်တင်ရသောအခါ ပို၍ခက်ခဲပေလိမ့်မည်။

သို့သော် ယခုတွင် ရုပ်သေးရုပ်များကို ဖန်တီးနိုင်သောကြောင့် အခြေအနေက လုံးဝပြောင်းလဲသွားပြီဖြစ်သည်။

⸻

“ဟားဟားဟား”

လော့ထျန်သည် ရူးသွပ်စွာ ရယ်လိုက်သည်။

“ဒီအထောက်အကူပြုသိုင်းပညာက ရိုးရိုးလေးနဲ့ မိုက်နေတာပဲ”

ဖုန်းလေသည် သူ့၏ ခေါင်းကို ကုတ်လိုက်ပြီး —

“ဟေ့ သခင်လေး ဘာတွေဒီလောက်ပျော်နေတာလဲ”

“ကောင်းတဲ့အရာပဲ”

“တကယ်ကောင်းတဲ့အရာ ဟားဟားဟား”

လော့ထျန်က စိတ်အားထက်သန်စွာ ပြန်ဖြေနေသည်။

⸻

လော့ထျန်သည် အဆင့်၄ နတ်ဆိုးသားရဲကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှာနိုင်ဘဲ အခက်တွေ့ခဲ့ရသည်။

သို့သော် ယခုမူ သူသည် အနှောင့်အယှက် မဖြစ်တော့ပေ။

“လော့ကျန့်ရှန် မင်းက ဒီအဖေကို သေစေချင်တာလား။ မင်းသာစောင့်ကြည့်နေလိုက်။ ဒီအဖေက မင်းကို ကောင်းကောင်းလေး ပြပေးမယ်”

အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် မကြာမီတွင်…

လော့ထျန်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး —

“သွားကြစို့။ ငါတို့ ကျောက်စိမ်းတောင်မြို့၏ အကောင်းဆုံး နတ်ဘုရားသေရည် စားသောက်ဆိုင်မှာ သွားပြီး ပွဲကျင်းပကြမယ်”

“နတ်ဘုရားသေရည် စားသောက်ဆိုင်လား”

ဖုန်းလေ၏ သွားရည်များ ကျလာပြီး သူသည် လော့ထျန်၏ နောက်သို့ အပြေးလိုက်သွားကာ သူ့၏ မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်နေသည်။

နတ်ဘုရားသေရည် စားသောက်ဆိုင်၏ အစားအစာများကို တွေးလိုက်ရုံနှင့် သူသည် မသိစိတ်တွင် အရူးတစ်ယောက်ကဲ့သို့ ပြုံးနေလေသည်။

⸻

နတ်ဘုရားသေရည် စားသောက်ဆိုင်၏ ဇိမ်ခံ ကိုယ်ပိုင်အခန်းထဲတွင် လော့ယွဲ့၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်နေပြီး ကျူးမေးသည် သူ့၏ ရင်ခွင်ထဲတွင်ရှိသည်။

သူသည် ဝိုင်တစ်ခွက်ကို တစ်ကျိုက်တည်း မော့ သောက်လိုက်ပြီး —

“အစ်ကိုကြီး လော့လင်က အမဲလိုက်ပြိုင်ပွဲမှာ သေချာပေါက် ပထမ ရမှာပါ။

လော့ထျန်ဆိုတဲ့ အသုံးမကျတဲ့ကောင်ကတော့ ဝိညာဉ်တောင်တန်းကြီးထဲမှာပဲ သေရလိမ့်မယ်။

ဟားဟားဟား”

အထင်သေးကာ ပြောလိုက်သည်။

⸻

သူသည် တစ်နေကုန် နတ်ဘုရားသေရည် စားသောက်ဆိုင်တွင် ပျော်ရွှင်နေခဲ့ပြီး လော့မိသားစုထဲတွင် မည်သို့ဖြစ်နေသည်ကို မသိချေ။

ညစာ စားပွဲဝိုင်းတွင် ထိုင်နေသော တခြားသူများစွာလည်းရှိပြီး သူတို့အားလုံးသည် ကျူးမိသားစုမှ တပည့်များဖြစ်သည်။

သူတို့အားလုံး၏ မျက်နှာတွင် ရိုသေလေးစားသော အမူအရာများရှိသည်။

⸻

ကျူးမေးသည် လော့ယွဲ့၏ ရင်ခွင်ထဲတွင် ရယ်မောလိုက်ပြီး —

“အစ်ကိုကြီး လော့ယွဲ့ အဲ့ဒီ အသုံးမကျတဲ့ ကောင်က တကယ်သေမှာလား။

ကျွန်မ သူ့ကို လုံးဝ မတွေ့ချင်တော့ဘူး။

ကျွန်မ သူ့ကို တကယ်မုန်းတယ်။

လော့လင် ပထမရပြီးနောက် အဓိက တပည့်တစ်ယောက် ဖြစ်လာတော့မှာဆိုတော့ အစ်ကိုကြီးကရော ဘယ်အချိန် အဓိကတပည့် ဖြစ်လာမှာလဲ”

ပြောလိုက်သည်။

⸻

“စိတ်မပူပါနဲ့”

“ငါ့အဖေကတော့ အကြီးဆုံး ဦးလေးက ငါတို့ကို ပစ်ပယ်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။

ဒါကြောင့် ဟောဒီက ငါ့ရဲ့အချစ်လေး စိတ်မပူပါနဲ့။

ဟားဟားဟား”

လော့ယွဲ့က ကျူးမေး၏ ပါးကို ညှစ်လိုက်သည်။

⸻

သူမကို ငုံ့ကြည့်လိုက်သောအခါ သူမ၏ရင်ဘတ် မြင်လိုက်ရသည်။

သူသည် တံတွေးများကိုသာ မျိုချလိုက်သည်။

စားပွဲဝိုင်းတွင် အခြားသူများ မရှိခဲ့လျှင် သူသည်…

⸻

နောက်တစ်ကြိမ် တံတွေးမျိုချလိုက်ပြီးနောက် လော့ယွဲ့သည် ဘေးကို ကြည့်လိုက်ပြီး —

“ငါ့အကြီးဆုံး ဦးလေးက ငါ့အဖေကို ကတိပေးခဲ့တဲ့အတွက် အမဲလိုက်ပြိုင်ပွဲမှာ ငါပါဖို့တောင် မလိုဘူး။

ဒါတောင် အဓိက တပည့်တစ်ယောက် ဖြစ်လာနိုင်တယ်”

တိုးညင်းပြီး နက်နဲသောအသံဖြင့် ပြောလိုက်သည်။

⸻

ထိုအချိန်တွင်…

လော့ထျန်၊ ဖုန်းလေနှင့် လီရွှယ်အာတို့သည် ထိုကိုယ်ပိုင်အခန်း၏ ဘေးမှ ဖြတ်လျှောက်သွားကြသည်။

“ဝတုတ်လေ မင်း အဲ့ဒီ ချီးအိုးကို ဘယ်ကရလာတာလဲ။

အဲ့ဒါတွေက အရည်တွေချည်းပဲ အနံ့ကလည်း အရမ်းဆိုးတယ်။

တကယ် အရမ်းကို ပြောင်မြောက်တဲ့ လုပ်ရပ်ပဲ”

လော့ထျန်က မအောင့်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

⸻

“သေသင့်တဲ့ ခွေးကောင်တွေ ဘယ်သူက အပြင်မှာ ချီးအကြောင်း ပြောနေတာလဲ။

ဒီမှာ ငါ စားသောက်နေတာ မသိဘူးလား”

လော့ယွဲ့က အော်လိုက်သည်။

သူ၏ တပည့်အနည်းငယ်သည် ချက်ချင်းပင် ကိုယ်ပိုင်အခန်း၏ တံခါးကို ဖွင့်ရန် ရှေ့သို့ အပြေးသွားကြသည်။

⸻

လော့ယွဲ့တွင် အထက်စီးဆန်သော အမူအရာရှိပြီး —

“မိန်းကလေးကို ချန်ထားလိုက်။

ကျန်တဲ့ ကောင်နှစ်ကောင်ကို ပါးသုံးချက်စီ ရိုက်ပေးပြီး နတ်ဘုရားသေရည် စားသောက်ဆိုင်ကနေ ကန်ထုတ်လိုက်။

ဒီအဖေ့ရှေ့မှာ နောက်တစ်ခါ ဘယ်သူ ချီးအကြောင်း ထပ်ပြောရဲသလဲဆိုတာကို ကြည့်ရသေးတာပေါ့”

လော့ထျန်က လှည့်လိုက်ပြီး ကိုယ်ပိုင်အခန်းအတွင်းသို့ မျက်စိချလိုက်သောအခါ သူ့၏ နှုတ်ခမ်းများက ကွေးသွားပြီး —

“အို အို ငါတို့ သိတဲ့သူတွေပဲ”

⸻

¹ - ဗုဒ္ဓဘာသာမှ တရုတ်နတ်ဘုရားများ

² - ဂျပန်ရုပ်ရှင်မင်းသမီးများ

All Chapters